Friday, January 4, 2008

စလောင်းရုပ်မြင်သုံးစွဲခွင့် လိုင်စင်ခ အဆ ၁ဝဝ ကျော် ဈေးမြှင့်

စလောင်းရုပ်မြင်သုံးစွဲခွင့် လိုင်စင်ခ အဆ ၁ဝဝ ကျော် ဈေးမြှင့်ပြီး ၂ဝဝ၈ နှစ်သစ်ကို မြန်မာပြည်က ကြိုဆို
ယခင်နှစ်များက စလောင်းတပ်ဆင်ခွင့် လိုင်စင်ကြေး ၆ ထောင် ကျပ် ပေးဆောင်နေကြရာမှ ယခုနှစ် စလောင်းရုပ်မြင် သုံးစွဲတပ်ဆင်ခွင့် လိုင်စင်ကြေးကို အဆပေါင်း ၁၆၆ ဆ တိုးမြှင့်လိုက်သည်။ အစိုးရ စာတိုက်များတွင် လိုင်စင်ကြေး သက်တမ်းတိုးသူများက မြန်မာ ကျပ်ငွေ ၁ဝ သိန်း ( အမေရိကန် ဒေါ်လာ ၇၈၁.ဝဝ) ပေးဆောင်ရန် နှင့် လိုင်စင်အသစ် လျှောက်လိုပါက လိုင်စင်ကြေး သိန်း ၂ဝ ပေးဆောင်ရမည် ဟု စစ်အာဏာပိုင်များက ထုတ်ပြန်လိုက်သည် ဆိုပါသည်။
Ref - မိုးမခ အထောက်တော် ဝဝ၃ - ဇန်နဝါရီ ၁၊ ၂ဝဝ၈

၂ဝဝ၇ စက်တင်ဘာ သံဃာသပိတ် အရေးတော်ပုံကို စစ်အစိုးရက ရက်စက် ကြမ်းတမ်းစွာ ဖမ်းဆီး၊ သတ်ဖြတ် နှိမ်နှင်းခဲ့သည်ကို ကမ္ဘာ့ သတင်း နှင့် အင်တာနက် မျက်နှာများက အချိန်နှင့် တပြေးညီ ထုတ်လွှင့် နိုင်ခဲ့ခြင်း၊ စစ်အစိုးရ၏ မတရားဖိနှိပ်အုပ်ချုပ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖော်ထုတ်တင်ဆက်သည်ကိုလည်း သတင်းမှောင်ချ ခံထားရသော မြန်မာပြည်တွင်းရှိ ပြည်သူတရပ်လုံးက အမှန်အတိုင်း၊ ထင်ရှားစွာ သိရှိ နိုးကြားသွားခြင်း တို့ကြောင့် စစ်အစိုးရသည် အင်တာနက်လိုင်းများ၊ တယ်လီဖုံးလိုင်းများကို ထိမ်းချုပ်သည့် အဆင့်အပြင် ပြည်ပသတင်းလိုင်းများ ပြည်သူများဆီသို့ မရောက်ရှိနိုင်ရေးကိုပါ တားမြစ် ပိတ်ပင်လာရန် ကြိုးစားလာသည့် သက်သေ ဖြစ်သည်ဟု ပြည်တွင်းက သတင်းပို့လာပါသည်။

0 comments:

Template by : kendhin x-template.blogspot.com