Saturday, January 12, 2008

ထင်ရာစိုင်းနေတဲ့ အာဏာပိုင်တွေနဲ့ လယ်သမားတချို့ ထိပ်တိုက်တွေ့မှု

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ ဘိုးနီကျေးရွာက တောင်သူတွေကို မြို့နယ် အာဏာပိုင်အဆင့်ဆင့်က ဧက တိုးစိုက်ရမယ်လို့ ဆိုပြီး ကုန်းမြေတွေကို ခုတ်ထွင်ရှင်းလင်း လုပ်ခိုင်းခဲ့ပါတယ်။ အဲဒီနေရာဟာ ရန်ကုန်-မန္တလေး အဝေးပြေး မဟာဗျူဟာလမ်းမကြီးနဲ့လည်း ကပ်နေတဲ့ နေရာပါ။ ဒီနှစ်မှာတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေ အရှိန်ရနေတုန်းမှာပဲ အဲဒီမြေကွက်တွေကို အလိုရှိတဲ့ကုမ္မဏီတစ်ခုက တရားစွဲလို့ လယ်သမားတွေထဲက သုံးဦး တရားရင်ဆိုင်နေရပါတယ်။
အခြေအနေ အကျိုးအကြောင်းတွေကိုတော့ ကိုယ်တိုင်တရားစွဲခံနေရသူ လယ်သူမကြီးတစ်ဦးရဲ့ဇနီး ဝမ်းဆွဲဆရာမ ဒေါ်တင်တင်မာက အခုလို ပြောပြပါတယ်။
Ref : BBC December 2006

"ဒီမြေတွေကို အတင်းအဓမ္မလာခိုင်းတုန်းကလည်း သူတို့ကပဲ လာခိုင်းတာပါ။ မဖြစ်မနေ လုပ်ရမယ်၊ စည်းဝေးပဲတွေ လုပ်ပြီးတော့၊ တစ်ကြိမ်တည်းတောင် မဟုတ်ပါဘူးရှင့်၊ ဒီ မြို့နယ်အဖွဲ့အစည်းပေါင်းစုံ ကျမတို့ ဒီမြေကြီးတွေကို မဖြစ်မနေ လုပ်ရမယ်။ အရင်ဆုံး ကျမတို့ တင်လျှောက်လိုက်တဲ့အတွက် ခင်ဗျားတို့ တင်လျှောက်ထားတဲ့ လျှောက်လွှာတွေက ကျပြီ၊ မလုပ်လို့ရှိရင် ခင်ဗျားတို့ အရေးယူခံရမယ်၊ အတင်းအဓမ္မ ခိုင်းတယ်ရှင့်။ ကျမယောက်ျားကလည်း ဒီမြေကို အိုစာမင်းစာလေး ရအောင် ဆိုပြီး တောကြီးမျက်မည်းကို ခုတ်ထွင်ရှင်းလင်းပြီးတော့ အပင်ပမ်းအဆင်းရဲခံစွာနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ ကျမတို့က ဒီမြေတွေမှာ မိုးစပါး ဒီလိုစိုက်တာ မအောင်မြင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ရှေ့ရေးကို တွက်ပြီးတော့ နှစ်ရှည်ပင်စိုက်လို့ရရင်တော့ တို့ အိုစာမင်းစာရမယ် ဆိုပြီး ဒီမြေတွေကို လုပ်ကြတာပါ။ဒီနှစ်မိုးတွင်း ၂ဝဝ၇လည်းကျရော ဒီမြေကို တောင်ယာမိုးစပါးရော၊ ဆူးထိုးစပါးမှ ကျမတို့ ဘမဲစပါး ရှာဝယ်ပေးပြီး စိုက်ခိုင်းတာပဲ ကျမယောက်ကျားကို။ ကြက်ဆူပင်တွေလည်း စိုက်ခိုင်းပါတယ်။မနှစ်က ၂ဝဝ၆ကတည်းက ကျမတို့က ရော်ဘာပင်တွေကို ပျိုးထောင်ထားပြီးတော့ ဒီနှစ်မှာ ဒါတွေ စိုက်ပြီးချိန်ကျကာမှ ၂ဝဝ၇ ခုနှစ် ငါးလပိုင်း ကုန်ခါနီးကျကာမှ မြတ်မင်းကုမ္မဏီက ဘွားခနဲ ပေါ်လာပြီးတော့ ဒီမြေတွေဟာ သူတို့မြေ၊ သူတို့ကို တိုင်းမှုးက ချပေးထားတာ၊ ခင်ဗျားတို့ နောက်ဆုတ်ပါ ဆိုပြီးတော့ ကျမတို့ကို အတင်းအဓမ္မ တားတယ်။ နောက် မြို့နယ်အဖွဲ့အစည်း မယက ဥက္ကဌတို့ အတွင်းရေးမြှးတို့ကလည်း ခေါ်ပြီးတော့ ခင်ဗျားတို့ ဖယ်ပေးမလား မဖယ်ပေးဘူးလား၊ မဖယ်ပေးရင် ခင်ဗျားတို့ကို အပြစ်ပေးမယ်၊ အရေးယူမယ်၊ တရားစွဲမယ် ဆိုပြီး ကျမတို့ကို ကျမတို့ကို ဖယ်ခိုင်းပါတယ်။ကျမတို့ကလည်း ဒီမြေကို စိုက်ပြီးပျိုးပြီးချိန်မှ ဆိုတော့ ဖယ်ပေးဖို့ဆိုတာ ဘယ်လိုမှ ရင်မဆိုင်ရဲပါဘူး၊ ကျမတို့အတွက် ကုန်ကျစရိတ်တွေကလည်း သိန်း ၂ဝ၊ ၃ဝ လောက်တော့ကုန်နေပါပြီ၊ ရှိတာတွေလည်း ကုန်နေပါပြီ။သူတို့က လျော်ကြေးပေးမယ်လို့ရော မကမ်းလှမ်းဘူးလား။လျော်ကြေးကျတော့လည်း ကျမတစ်ယောက်တည်းတင် သိန်း ၃ဝ လောက်ကုန်တာတောင်မှ တောင်သူသုံးဦးကို ၁၅ သိန်း လောက်နဲ့ ရှေ့နေက ညှိတာပါ။ ဒါတောင်မှပဲ မြတ်မင်းကုမ္မဏီက ဒါရိုက်တာ မညှိပါဘူး၊ အဲဒီလူက ဒေါ်ကြိုင်ကြိုင်ရဲ့ တူ လို့ ပြောပါတယ်။ မြို့နယ်အဖွဲ့အစည်းပေါင်းစုံကလည်း သူတို့ကိုယ်တိုင် လာချပေးတာတောင်မှပဲ တရားရုံးမှာ သက်သေထွက်တော့ လာမချပါဘူး တဲ့၊ စည်းဝေးပဲလည်း မလုပ်ပါဘူး တဲ့။ ကျမတို့အနေနဲ့ တရွာလုံးလည်း သက်သေရှိတယ်၊ ဧည့်မှတ်တမ်းမှာလည်း သက်သေရှိပါတယ်။သူတို့ကတဲ့ အထက်က လူကြီးတွေရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ ကျမတို့ကို ဒီလိုလုပ်နေရတာပါ တဲ့၊ ခင်ဗျားတို့ တဲ့ အုတ်နံရံကို ခေါင်းနဲ့မဆောင့်ပါနဲ့ တဲ့၊ နောက်ဆုတ်ပေးလိုက်ပါ တဲ့။အဲဒါကို ဘယ်သူက ပြောတာလဲခင်ဗျ။အဲဒါ မြို့နယ် အတွင်းရေးမှုး ဦးအေးငွေရော၊ မြို့နယ်အဖွဲ့အစည်း အကုန်လုံးက ပြောတာပါ။ တရားသူကြီးကလည်း အကုန်လုံး ပြောပါတယ်။ သူတို့က တဲ့ တောင်သူတွေ မှန် မှန်း သိပါတယ် တဲ့။ တိုင်းမှုးရဲ့အမိန့်ကြောင့် မလွန်ဆန်နိုင်လို့ ဒီလိုမျိုး လုပ်ရတာပါ တဲ့၊ ကျမတို့ကို ထောင်ချမယ် တဲ့၊ ဒီနေ့ ၂ဝ ရက်နေ့မှာ အပြီး ထောင်ချရမယ်လို့ ကျမတို့ကို ပြောပါတယ်။ အဲဒါကြောင့် ကျမတို့ ရုန်းရုန်း ရုန်းရုန်းနဲ့ ပြေးလာရပါတယ်။ဆရာမတို့ကို မြေချပေးတုန်းကရော အဲဒီမှာ ကုမ္မဏီပိုင်တယ်တို့ ဘာတို့ မရှိခဲ့ဘူးလားခင်ဗျ။မရှိပါဘူးရှင့်၊ ရှိရင် ကျမတို့ကလည်း မလုပ်ပါဘူး၊ ဘာသတင်းမှ မကြားခဲ့ပါဘူး။ ကုမ္မဏီကရော ဒီမြေကွက်ကို သူတို့ တော်တော်လေး လိုချင်နေတာလဲခင်ဗျ။ ဒီမြေကွက်ဟာဆိုရင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမ စီမံကိန်းလမ်းမကြီးနဲ့ဆို ဘေးချင်းကပ် ဖြစ်နေပါတယ်။ အဲဒါကြောင့် သူတို့က အကွက်ကောင်းတယ်ဆိုပြီး ယူချင်တာလို့ ထင်တယ်။ ကျမတို့ကတော့ အဲသလောက်အထိ မတွေးမိပါဘူး၊ ကျမတို့က အိုစာမင်းစာအတွက်ပဲ လိုချင်တာပါ။တရားစွဲဆိုခံနေရတဲ့ ဒေါ်တင်တင်မာ ပြောခဲ့တာပါ။

ဒီလယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးစန်းမောင်ကလည်း အမှုစွဲဆိုချက်က သဘာဝမကျဘူး လို့ အခုလို ဆိုလာပါတယ်။ကုမ္မဏီက သူက ဒီလို၊ လယ်သမားတွေဆီမှာ ရှိတယ်ဆိုတာ သူသိတယ်။ သိပေမယ့် သူတို့က ဗဟို မြေလွတ် မြေရိုင်း ချပွဲတွေကို သူက လျှောက်တယ်။ လျှောက်တဲ့အခါကျတော့ တိုင်းမြေစာရင်းတို့ဘာတို့က ခုနတုန်းက လယ်သမားတွေကို အသိမပေးဘဲနဲ့ ဒီလယ် ကင်းလွတ်တယ်ဆိုပြီး တင်လိုက်တယ်၊ တင်တဲ့အခါကျတော့ ကျလာတဲ့အခါကျတော့ ကုမ္မဏီက ဆီးပြီးတော့၊ ဒီမှာက လယ်သမားတွေကို လုပ်နေကြပြီ။ လုပ်တဲ့အခါကျတော့ နှုတ်နဲ့ ဖယ်ခိုင်းတယ်။ ဖယ်ခိုင်းလို့ မရဘူး။ လယ်သမားတွေက သူတို့လုပ်နေတာ ဘယ်ဖယ်ပေးနိုင်မလဲ ပြသနာက။ အဲဒါနဲ့ တရားစွဲကြတယ်။ တကယ့်တကယ် စွဲမယ်ဆိုရင်တော့ တရားမကြောင်း စွဲရမှာပေါ့၊ ရာဇဝတ်ကြောင်း ဆိုတာ သူများလုပ်နေတဲ့မြေကို အတင်းဝင်ပြီးလုမှကိုး။ အခုက လယ်သမားတွေက လက်ရှိပဲ။ အဲဒါကို သူတို့ တရားစွဲတာ။လယ်သမား စုစုပေါင်း ဘယ်နှစ်ယောက်ပါလဲခင်ဗျ။အားလုံး ၁၃ ယောက်မှာ တရားစွဲတာ စုစုပေါင်း ၃ ယောက်ပဲ စွဲထားတယ်။ဘာဖြစ်လို့ အဲသလို သူတို့က ၃ယောက်ကို ခွဲပြီးစွဲတာလဲဗျ။သူတို့က leading figureတွေပေါ့၊ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဒီကောင်တွေက ခေါင်းမာတယ် ဆိုပြီးတော့။ သူက ဒါ ထိပ်ပိုင်းကို ဖြိုမယ်ပေါ့၊ ဖြိုပြီး ထောင်ကျသွားရင် သူတို့ ဒီမြေကြီးကို သိမ်းမယ် အလွယ်တကူ။ ကျနော်တို့ကို အရေးယူမယ် ဘာညာဆိုတော့၊

0 comments:

Template by : kendhin x-template.blogspot.com