Tuesday, January 22, 2008

မြဝတီနယ်စပ်ကုန်သွယ်ရေးဒေသ

မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုပြုရာ စီးပွားရေးတံခါးဝ (သို့မဟုတ်) မြဝတီနယ်စပ်ကုန်သွယ်ရေးဒေသ

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု မြန်မာနိုင်ငံတွင် နယ်စပ်ကုန် သွယ်ရေးနှင့်ပတ်သက်၍ ပထမဆုံး ပေါ်ပေါက်လာသောဒေသမှာမူဆယ် ဒေသဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု အလားအလာကောင်းလာသည်နှင့် အမျှ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးဒေသ၊ မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော နယ်စပ်ကုန်သွယ်ရေးဒေသ၊ မွန် ပြည်နယ်၊ ဘုရားသုံးဆူရှိ နယ်စပ် ကုန်သွယ်ရေးဒေသနှင့် အခြားနယ် စပ်ကုန်သွယ်ရာနေရာများအသီးသီး ပေါ်ပေါက်လာခဲ့ပြိး အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှုများပြုလုပ် လာကြသည်ကိုတွေ့ရသည်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေး ဒေသများထဲမှ မြဝတီနယ်စပ်ကုန် သွယ်ရေးဒေသမှာမူ ဒုတိယမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှ တစ် ဆင့် အခြားအာဆီယံဒေသများဖြစ် သောကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်၊မလေးရှားနှင့် အခြားအာရှနိုင်ငံ များသို့တိုင်အောင် ကုန်စည်စီးဆင်း မှုများ ရှိနေကြောင်းသိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေး ဒေသမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ တွင် တည်ရှိပြီး လက်ရှိအခြေအနေ အရ မြဝတီနယ်စပ်ကုန်သွယ်ရေး ဒေသမှပို့ကုန်အဖြစ် ရေထွက်ကုန် ပစ္စည်း၊စက်မှုကုန်ချောပစ္စည်း၊ လယ် ယာ ထွက်ကုန်ပစ္စည်း၊ သစ်တော ထွက်ပစ္စည်း နှင့် အခြားကုန်ပစ္စည်း များတင်ပို့လျက်ရှိပြီး သွင်းကုန် အဖြစ်လူသုံးကုန်ပစ္စည်းများ၊ လုပ် ငန်းသုံးပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များ တင်သွင်းလျက်ရှိကြောင်း သိရ သည်။ ကုန်သွယ်မှု အခြေအနေနှင့် ပတ်သက်၍မြဝတီနယ်စပ်ကုန်သွယ် ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ``မြန်မာနိုင်ငံကနေ ပို့တဲ့ပစ္စည်းတွေ ဟာ ထိုင်းမှာဈေးကွက်တစ်ခုရှိသလို ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ပစ္စည်း တွေဟာလည်း မြန်မာနိုင်ငံမှာဈေး ကွက်ရှိတဲ့အတွက် ကုန်သွယ်မှုအခြေ အနေ ကောင်းမွန်ပါတယ်´´ဟု ဆိုခဲ့ သည်။ အားသာချက် ထို့ပြင် မြဝတီဒေသ၏ အဓိက အားသာချက်မှာမြန်မာနိုင်ငံရှိ နယ် စပ်ဒေသအားလုံးထဲတွင် စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်နှင့် ၂၈၆ မိုင်သာကွာဝေးသဖြင့်အနီးဆုံးနေရာ တစ်ခုဖြစ်သည်။ မော်တော်ယာဉ်ဖြင့် သွားလျှင် ၁ဝ နာရီ ခန့်သာကြာမြင့် နိုင်သဖြင့် ရန်ကုန်နှင့်နေ့ချင်းပေါက် ကုန်စည်ပို့ဆောင်နိုင်သောနေရာ တစ်ခုလည်းဖြစ်သည်။ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ် သည့် ထိုင်းနိုင်ငံနှင့်သာမက အခြား အာဆီယံဒေသများဖြစ်သည့် ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေး ရှားတို့အပြင် ဂျပန်၊ တရုတ်၊ အိန္ဒိယ နိုင်ငံများသို့လည်း ကုန်သွယ်မှုများ ပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ``မြဝတီဒေသဟာ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံသာမကဘဲ အခြားအာဆီ ယံဒေသတွေ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်နိုင်ငံတွေနဲ့ပါ ကုန်သွယ်မှုလုပ် နိုင်မယ့်နေရာတစ်ခုပါ။ ဘာကြောင့် လဲဆိုတော့ ဒီဒေသဟာ GMS က လုပ်တဲ့ အရှေ့အနောက်စီးပွားရေး စင်္ကြံပေါ်မှာတည်ရှိပြီးအာဆီယံနိုင်ငံ တွေနဲ့ တရုတ်၊ အိန္ဒိယတို့ကို တိုက် ရိုက်သွားလာနိုင်မယ့်အာရှအဝေးပြေး လမ်းမကြီးဖောက်လုပ်မယ့် စီမံကိန်း ရဲ့အနီးမှာရှိတဲ့အတွက်ပါ။ ဒီစီမံ ကိန်းကြီးပြီးရင် မြန်မာနိုင်ငံကပို့ကုန် တွေဟာ တရုတ်၊ အိန္ဒိယစတဲ့နိုင်ငံ တွေအထိ တိုက်ရိုက်တင်ပို့နိုင်တော့ မှာပါ။ နောက်ပြီးမြဝတီကပို့တဲ့ ကုန် ပစ္စည်းတွေဟာ ထိုင်းနိုင်ငံက တစ် ဆင့် ဗီယက်နမ်နိုင်ငံ Denang ဆိပ် ကမ်းကနေ အခြားနိုင်ငံတွေကို ကုန် သွယ်မှုတွေလုပ်နိုင်ပါတယ်။ ဒါ ကြောင့် ဒီနေရာဟာ နယ်စပ်ကုန် သွယ်ရေးအတွက် အရေးကြီးပြီး အ ချက်အချာကျတဲ့နေရာတစ်ခုဖြစ်လာ တာပေါ့´´ဟု ပြောကြားသွားခဲ့သည်။ အဓိကပို့ကုန်(ရေထွက်ကုန်) ၂ဝဝ၇-၂ဝဝ၈ဘဏ္ဍာရေးနှစ် အတွင်း မြဝတီနယ်စပ်ကုန်သွယ် ရေးဒေသမှ အဓိကပို့ကုန်ဖြစ်သော ရေထွက်ကုန်တင်ပို့မှုသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အထိ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၅၆သန်းရရှိခဲ့ကြောင်းသိရသည်။ ရေထွက်ကုန်ပစ္စည်းအဖြစ် ငါးအမျိုး မျိုးနှင့်ကဏန်းများ အဓိကတင်ပို့ ကြပြီး ရေခဲရိုက်(Frozen )နည်းဖြင့် တင်ပို့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တစ်ဆင့် အခြားအာဆီယံနိုင်ငံများ သို့ တင်ပို့ကြကြောင်း သိရသည်။ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် ထို့အပြင် နယ်စပ်ကုန်သွယ် ရေးစနစ် (Border Trade) မှ ပုံမှန်ကုန်သွယ်ရေး (NormalTrade) သို့ ပြောင်းလဲကုန်သွယ်နိုင်ရန် ရည် ရွယ်ချက်ဖြင့်မြဝတီဒေသ၌ နယ်စပ် ကုန်သွယ်ရေးဇုန်တစ်ခုကို ၂ဝဝ၆ခု နှစ်ကတည်းက စတင်တည်ဆောက် လျက်ရှိပြီး ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ လတွင် ပထမအဆင့်ဆိုင်ခန်းများ စတင်ဖွင့်လှစ်နိုင်တော့မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါနယ်စပ် ကုန်သွယ်ရေးဇုန်ကိုမြေဧရိယာ ၄၆၆ ဧက ပေါ်တွင်တည်ဆောက်ထား ခြင်းဖြစ်ပြီး အေးရှဝါးလ်၊ မက်စ် မြန်မာ၊ ဧဒင်၊ ရွှေဝါမြေ၊ အဲဗားဂရင်း ကုမ္ပဏီများမှတာဝန်ယူတည်ဆောက် လျက်ရှိကြောင်းသိရသည်။ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပို့ကုန် သွင်းကုန်စစ်ဆေးရေးစခန်းများ၊ ကုန်စည်ပြခန်းများ၊ ကုန်တိုက်များ၊ အအေးခန်းများ၊ အကောက်ခွန် ရှင်းလင်းရေးဌာန၊ လူနေပွဲရုံဆိုင်ခန်း များ၊ ဝန်ထမ်းအိမ်ရာ၊ တည်းခိုခန်း၊ ဟိုတယ်၊ ဈေးနှင့် လမ်းအပါအဝင် အခြားအဆောက်အအုံများ ပါဝင် မည် ဖြစ်ကြောင်းသိရသည်။ ဆိုင်ခန်းများမှာ ၁၃ ပေ×ပေ ၅ဝ၊ ပေ ၂ဝ×ပေ ၅ဝ၊ ၂၅ ပေ×ပေ ၅ဝ အကျယ်ရှိသော ဆိုင်ခန်းများဖြစ် ပြီး ပို့ကုန်သွင်းကုန်စစ်ဆေးရေး စခန်းကို မြေဧရိယာ ၂၃ ဧကပေါ် တွင် တည်ဆောက်ထားကာ ယာဉ် ရပ်နားစခန်းကိုလည်း မြေဧရိယာ ၂၃ ဧကပေါ်တွင်တည်ဆောက်ထား ကြောင်းသိရသည်။ ယာဉ်ရပ်နား စခန်း၊ သွင်းကုန်ပို့ကုန်စစ်ဆေးရေး စခန်းအပါအဝင်၊ အခြားအဓိကအ ဆောက်အအုံများကို အေးရှဝါးလ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ခြင်းဖြစ်ပြီး လူနေဆိုင်ခန်းများနှင့် ပွဲရုံများကိုမူ အခြားကုမ္ပဏီ လေးခုမှ တာဝန်ယူတည်ဆောက်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါဇုန်ကြီးကို ကျပ်သန်း ပေါင်း ၁၅ဝဝဝ ကျော်အကုန်အကျ ခံကာ အဆင့်သုံးဆင့်ဖြင့် တည် ဆောက်လျက်ရှိပြီး ပထမအဆင့် စီမံကိန်းကို ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် အပြီးသတ်တည်ဆောက် သွားမည်ဖြစ်ကာ ပထမအဆင့်စီမံ ကိန်းပြီးစီးလျှင် ယခင်နယ်စပ်ကုန် သွယ်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် နေရာများကို မြဝတီကုန်သွယ်ရေး ဇုန်အတွင်းသို့ ပြောင်းရွှေ့လုပ်ကိုင် သွားမည်ဖြစ်ကြောင်းသိရသည်။ မြဝတီဒေသသည် ယခင်က တရားမဝင်မှောင်ခိုလုပ်ငန်းများ ပေါ များရာနေရာတစ်ခုဖြစ်ပြီး ယခုအခါ တွင် နယ်မြေခံတပ်များ နယ်စပ်ကုန် သွယ်ရေးအဖွဲ့များနှင့် အခြားသက် ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မှောင်ခိုလုပ်ငန်းများကို လျော့နည်း ပပျောက်စေရန် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ ထို့အပြင် ယခင် က တရားဝင်လိုင်စင်ဖြင့် တင်သွင်း ခွင့်မရှိသည့်ပစ္စည်းများဖြစ်သော ချည်ထည်၊ သစ်သီး စသည့် ပစ္စည်း များကိုလည်း တရားဝင်လိုင်စင်များ ထုတ်ပေးနေပြီဖြစ်သဖြင့် ယခင်က ထက်စာလျှင် မှောင်ခိုတင်သွင်းသူ များလျော့နည်းလာပြီဖြစ်သည်။ ဆက်လက်ဖော်ပြပါမည် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးလုပ်ငန်း၌ပါဝင်သည့် အဆောက်အအုံများနှင့်မြေဧရိယာ ပို့ကုန်စစ်ဆေးရေးစခန်း ၁၁.၅ ဧက သွင်းကုန်စစ်ဆေးရေးစခန်း ၁၁.၅ ဧက ယာဉ်ရပ်နားစခန်း ၂၃.ဝ ဧက ကုန်စည်ပြခန်း ၅.၈ ဧက ကုန်တိုက်များ ၄.ဝ ဧက စားသောက်ဆိုင်နှင့်တည်းခိုခန်း ၉.ဝ ဧက လူနေပွဲရုံဆိုင်ခန်းများ ၂၄.ဝ၇ ဧက ပွဲရုံများ ၁ဝ.၂၅ ဧက Custom Ware House ၃.၃ ဧက ဝန်ထမ်းအိမ်ရာ ၃.၄ ဧက ဈေး ၃.ဝ ဧက လမ်း ၈၁.၁၇ ဧက ဟိုတယ် ၃.၈ ဧက Fruit Whole Sale ၁.၄၃ ဧက Utility ၄.ဝ ဧက အအေးခန်း ၄.ဝ ဧက မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၌ တာဝန်ယူတည်ဆောက်မည့်ကုမ္ပဏီများ၏လုပ်ငန်းများ Asia World ကုမ္ပဏီ - ပို့ကုန်သွင်းကုန်စစ်ဆေးရေးစခန်း - ယာဉ်ရပ်နားစခန်း - အခြားအဓိကအဆောက်အဦများ Max Myanmar ကုမ္ပဏီ - ပေ၂ဝ×ပေ၅ဝ ငါးခန်းတွဲအဆောက်အဦ ၈ လုံး ရွှေဝါမြေ ကုမ္ပဏီ - ၂၅ပေ×ပေ၅ဝ လေးခန်းတွဲအဆောက်အဦ ၈ လုံး ဧဒင် ကုမ္ပဏီ - ၁၃ပေ×ပေ၅ဝ ဆယ်ခန်းတွဲအဆောက်အဦ ၆ လုံး - ပေ၂ဝ×ပေ၅ဝ ခြောက်ခန်းတွဲအဆောက်အဦ ၄ လုံး Ever Green ကုမ္ပဏီ - ပေ၂ဝ×ပေ၅ဝ ငါးခန်းတွဲအဆောက်အဦ ၅ လုံး မြေရှင်းမြေညှိခြင်းလုပ်ငန်းများ

0 comments:

Template by : kendhin x-template.blogspot.com