|
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Vistors Stats
Monday, August 18, 2008
นิสัยคน จากตัวเลขวันเกิดโดย จอห์น โรเบิร์ต พาวเวอร์
Labels: Dhamma - Beliefs
Friday, November 9, 2007
The Life of Buddha(Cartoon Version)
This movie trailer is about the life of Siddhartha Gautama or "Buddha". Though created in Cartoon version, the producers(Thai Media Standard Co., Ltd.) try to keep the contents of the movie not to deviated much from actual facts with less adds on for the entertainment.
Though movie about the life of Siddhartha is created in cartoon, and human actors, I think this is the first effort of quality cartoon done Thais. All animations are done by Thai technicians. The movie will be shown in Theater on December 5, 2007 in celebration with The King Bhumibol Adulyadej 80th Birthday. You can study more about this movie here.
Labels: Dhamma - Beliefs, ปรัชญา - ธรรมะ
Saturday, August 4, 2007
Six Sense - Can animals predict death?
In July 2007, a fascinating story emerged in the New England Journal of Medicine about a cat that could "predict" the deaths of patients in a nursing home several hours before they died.
Oscar, a cat adopted by the staff of the Steere House Nursing and Rehabilitation Center in Providence, R.I., has at least 25 successful predictions, in which patients died hours after the cat sat down by their beds. After the nursing home's staff caught on to Oscar's ability, they began alerting families whenever the cat took up his post next to a patient. Most families tolerate or even welcome his presence, though Oscar becomes upset if forced out of the room of a dying patient, meowing outside the door.
Image courtesy Anna Humphreys/stock.xchng
Cats are normally associated with being aloof and independent.
Do they have a sixth sense regarding imminent death?
How does Oscar do it? Is it a "sixth sense," a unique scent he smells or something else? Animal experts have put forth a variety of explanations, though most agree that it likely has to do with a specific smell produced by dying patients. That is, people who are dying emit certain chemicals that aren't detectable by other humans but that may pique Oscar's heightened sense of smell. An expert on felines said that cats can sense sickness in their human and animal friends [Source: BBC News]. Jacqueline Pritchard, a British animal expert, told BBC News that she was certain that Oscar was sensing vital organs shutting down [Source: BBC News].
Full Story : http://science.howstuffworks.com/pet-sixth-sense.htm
Read More......
Labels: Dhamma - Beliefs
Thursday, July 26, 2007
คุณลักษณะของผีไว้เป็น Standard Night Time Ghost หรือ SNG
ที่ต่างประเทศมีกลุ่มที่ศึกษาเกี่ยวกับเรื่องของ “ผี” หรือ Ghost (ผมว่าเขาคงจะว่างจัด) โดยได้สรุปคุณลักษณะของผีไว้เป็น Standard Night Time Ghost หรือ SNG ไว้ดังนี้
ที่ต่างประเทศมีกลุ่มที่ศึกษาเกี่ยวกับเรื่องของ “ผี” หรือ Ghost (ผมว่าเขาคงจะว่างจัด) โดยได้สรุปคุณลักษณะของผีไว้เป็น Standard Night Time Ghost หรือ SNG ไว้ดังนี้
1. ชอบปรากฏตัวในเวลากลางคืน โดยในแต่ละครั้งจะใช้เวลา 2 วินาที ถึง 10 นาที การมาแต่ละครั้งต้องใช้พลังงาน
2. มักปรากฏตัวในที่มืด ส่วนสาเหตุที่คนเห็นได้ ก็เพราะผีมีแสงในตัวเอง เปล่งแสงประมาณ 1-20 วัตต์
3. มีรูปร่างสีขาว มักนุ่งห่มด้วยผ้าห่อศพ หรือถ้าเป็นชุดคนก็จะเป็นสีขาว โดยจะแสดงเป็นภาพจางๆ
4. 99% มักหันหน้าเข้าหาผู้ที่พบเจอ
5. 90% เป็นผีคน ที่เหลือเป็นลิง หมา หรือสัตว์อื่นๆ
6. ผู้ที่มีโอกาสเจอผีแบบประชิดตัว มักจะพบว่าอากาศรอบๆ จะเย็นลง
7. ผีมักแสดงแค่ตัว หรือ เสียง หรือกลิ่น โอกาสที่จะแสดงพร้อมกันหมดมีน้อยมาก เพราะต้องใช้พลังงานสูงมาก
Labels: Dhamma - Beliefs, ขำขัน
Monday, July 9, 2007
ဂမ္ဗီရ - ရေမျောတုံး
၁၃၆ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်နေ့(၃ဝ.၃.၁၉၉၉)က စာရေးသူသည် အမှတ်(၁၂)၊ စံကားဝါလမ်းရှိ တိပိဋက နိကာယကျောင်း တော်ဆီသို့ ရောက်သွားသည်။
အကြောင်းမှာ နိကာယသာသနာတော် ထွန်းကားရေးအသင်း ၏ ယခုနှစ် စာအောင်ဘွဲ့ရ တိ/နိ-က သံဃာတော်များကို ပင့်လျှောက် စာပို့ရန်ဖြစ်၏။ ဤသည်မှာ ကျွန်တော်တို့ နိကာယသာသနာတော်ထွန်း ကားရေး အသင်းကြီး၏ နှစ်စဉ် ဆောင်ရွက်နေကြအလုပ် ဖြစ်၏။
အနုနာယက ဆရာတော် ဦးဓမ္မပိယ ကျိန်းနေသည်ထင် သဖြင့် ထိုစဉ်က ပိဋကတ် နှစ်ပုံကွဲအောင်(ယခု တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ ရမ္မာဝတိဆရာတော်) ဘဒ္ဒန္တဣန္ဒပါလကို ဖူးမြော်ရန် သူ့အခန်း သို့ သွားသည်။ ဦးဣန္ဒပါလ၏ အခန်းထဲတွင် သက်တော်ဝါတော်ကြီး ဆရာတော်တစ်ပါးကို တွေ့ရလေသည်။ အာဂန္တု ဘုန်းကြီးမှန်း သိသာ သည်။
ဦးဣန္ဒလထက် သက်တော်ဝါတော်ကြီး ဖြစ်သော အာဂန္တု ဆရာတော်ကြီးကို အရင် ဦးချကန်တော့ရသည်။
'' အရှင်ဘုရား၊ ဘယ်ကပါလဲ ဘုရား '' ဟု မေးလျှောက်ရာ-
'' ဦးဣန္ဒတို့ အရပ်ကပါ ''
ဟု အမိန့်ရှိသည်။
'' ဒါဆို မန်ကျည်းကျွန်းကပေါ့ ဘုရား ''
'' မဟုတ်ပါဘူး ဒကာကြီး၊ ဘုန်းကြီးက စကုကျွန်းကပါ ''
'' ဘုရား ...''
ဆရာတော်ဆီမှ စကုကျွန်း ဟူသော စကားကို ကြားလိုက်ရ သည်နှင့် ကျွန်တော်၏ စိတ်ထဲမှာ ချက်ချင်း စကုကျွန်းနှင့် ပက်သက်၍ ငယ်စဉ်က အံ့သြဖွယ်ရာ အံ့သြဖွယ်သရဲ ကြားမီခဲ့ရသည်ကို ချက်ချင်း သတိရသွားသည်။
'' အရှင်ဘုရောစားးကို ဖူးခွင့်ရတာ တပည့်တော်အတွက် အလွန် ကြုံတောင့်ကြုံခဲ အကြောင်းထူးတစ်ခုပါ ဘုရား ''
'' ဘယ်လို ကြုံတောင့်ကြုံခဲလဲ ဒကာကြီး ''
ဆရာတော်က မီမီကို အံ့သြသလို စိုက်ကြည့်နေသည်။
'' တပည့်တော်တို့ ငယ်စဉ်တုန်းက အရှင်ဘုရောစားးတို့ စကုကျွန်းမှာ အလွန် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြားခဲ့ရဖူးပါ တယ် ဘုရား၊ အဲဒါ တကယ်ပဲလားဆိုတာ သိချင်လို့ လျှောက်ခွင့်ပြုပါ ဘုရား ''
မီမီက ဤမျှ လျှောက်တင်ရုံနှင့် ဆရာတော်ကလည်း ဘာဆို တာ ချက်ချင်း သိသည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော အနှစ်(၄ဝ)ကျော်ခန့်က ရခိုင်ပြည်နယ် တောင်ပိုင်းတစ်ခုလုံး ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော အဖြစ်အပျက် ဖြစ်၍ ဆရာတော်က -
'' အဲဒီတုန်းက ဘုန်းကြီး ဆယ့်ခုနှစ်သား ကိုရင်ဝတ်နဲ့ပေါ့'' ဟု အမိန့်ရှိသည်။
ဦးဣန္ဒပါလ ကလည်း -
'' ဘုန်းကြီး ဒီဒကာက စာရေးဆရာ၊ ဘုန်းကြီးတို့ ငယ်ငယ် တုန်းက အဲဒီ စကုကျွန်းအကြောင်းကို စုံစုံလင်လင်သာ ပြောပြလိုက်ပါ ''
ဟု လျှောက်ထားခဲ့ပြီး စာရေးသူအား အချိုရည်တစ်ဘူး ချပေးထားကာ အပြင်သို့ ကိစ္စရှိ၍ ကြွသွားခဲ့လေသည်။
'' အဲဒီ အကြောင်းက နောက်ဆုံး ဘယ်လိုဖြစ်သွားပါသလဲ ဘုရား ''
'' အိမ်း -ဒကာကြီးက စာရေးဆရာဆိုတော့ စုံစုံစေ့စေ့ ပြောပြပါမယ် ''
ဟု အမိန့်ရှိကာ အောက်ပါ အဖြစ်အပျက်ကို အစအဆုံး မိန့်ကြားပြောပြပါသည်။
ဂ ဂ ဂ
ရခိုင်ပြည်နယ်၊ ရောစးမ်းဗြဲမြို့နယ်ထဲတွင် စကုကျွန်း၊ မန်းကျည်း ကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း၊ ပန်းတင်ကျွန်း၊ ဗောင်းကျွန်း စသဖြင့် ကျွန်း ပေါင်း အမြောက်အများ ရှိသည်။ ထိုကျွန်းများအားလုံးမှာ ရေပတ်လည် ဝိုင်းထားသော ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းများ ဖြစ်သည်။ ကျွန်းတိုင်းလိုလိုတွင် သုံးရွာ၊ နှစ်ရွာ၊ တစ်ရွာ စသဖြင့် လူနေရွာများ ရှိကြသည်။
တစ်နေ့တွင် စကုကျွန်းရှိ ဝံလက်မော်ရွာ ဘုန်းကြီးကျောင်မှ ကျောင်းထိုင်ဆရာတော် ကုဋီ(ရေအိမ်) တက်လို၍ ကျောင်းအောက်သို့ ဆင်လာသည်။ ကုဋီနှင့် ကျောင်းမှာ ခြေလှမ်းနှစ်ဆယ်၊ သုံးဆယ်ခန့်သာ ဝေး၏။
ကုဋီတက်ပြီး ပြန်အထွက်တွင် ထွက်၍ မရတော့။ကုဋီတံခါး ကို အပြင်က တစ်စုံတစ်ယောက် တွန်းပိတ်ထားသည်။ အကြိမ်ကြိမ် တွန်း ဖွင့်သည်။ ခါတိုင်းနေ့တွေလို တွန်းဖွင့်၍ ဘယ်လိုမှ မရ ဖြစ်နေသည်။
ထိုအခါ ဆရာတော်က အတွင်းမှ တံခါးရွက်ကို ထုပြီး ကျောင်းသားများကို အော်ခေါ်ရသည်။ ဘုန်းကြီး အော်ခေါ်နေသံ ကြား သဖြင့် ကျောင်းသားများ ပြေးလာကြာရာ ကုဋီနားရောက်လာကြသည်။ ကျောင်းသားများ ကုဋီအနားသို့ အရောက်မှာ တံခါးက အလိုလို ပွင့်သွားသည်။
'' ဟ- ဘယ်လိုဖြစ်တာလဲ၊ ဒီတံခါးက အပြင်က မင်းတုန်း ကန့်လန့်လည်း မရှိဘဲနဲ့။ ငါဆွဲဖွင့်နေတာ အတော်ကြာသွားပြီ။ ဖွင့်လို့ကို မရဘူး။ အပြင်က တစ်ယောက်ယောက် တွန်းထားသလို ရှိတာနဲ့ မင်းတို့ ကို အော်ခေါ်ရတာ ''
'' တပည့်တော်တို့လည်း မလျှောက်တက်ပါ ဘုရား၊ စောစော က ကုဋီနားမှာလည်း ဘယ်သူမှ မရှိပါလား ဘုရား ''
ကျောင်းသားများက ဆရာတော်ကို အမှန်အတိုင်း လျှောက် ကြသည်။
'' အေးဟ၊ အဆန်းပါလား ''
ဆရာတော်က ဤမျှသာ အံ့သြသလို ညည်းတွားပြီး ကျောင်း ပေါ်တက်လာသည်။
ဆရာတော် ကျောင်းပေါ်ရောက်သည်နှင့် ဘုံဆင့်(ဇေတဝန်) ပေါ်က ဘုန်းကြီးခြေရင်းသို့ ခဲတစ်လုံး ကျလာသည်။
ဆရာတော်က ကျောင်းဘုံဆင့် ဇေတဝန်ပေါ် မော့ကြည့်သည် ဘာမှ ထူးထူးခြားခြား မမြင်ရ။ ဆရာတော် မော့ကြည့်နေစဉ်မှာပင် ဘုံဆင့်ပေါ်က ခဲတစ်လုံး နောက်ထပ် ကျလာပြန်သည်။ ထိုကျလာသော ခဲတစ်လုံးက ငုံးဥလောက် ရှိသည်။ ဆရာတော် ကိုယ်ပေါ်ကိုတော့ မထိ။
'' ဟ ဘယ်လိုဖြစ်တာလဲ၊ ဒီနေ့ အဆန်းချည်းပါလား။ ဇေတဝန်ပေါ်က ခဲတွေချည်း ကျနေပါလား ''
ဆရာတော် စိတ်ထဲ သံသယ တစ်စုံတစ်ရာ ဖြစ်လာသဖြင့် အကျယ်ကြီး အော်ပြောလိုက်မီသည်။
ဆရာတော်၏ အော်ပြောလိုက်သံကို ကြားသဖြင့် ကျောင်း သားများ ကျောင်းပေါ် ပြေးတက်လာကြသည်။
'' ဒီမှာ ဒီမှာ၊ တွေ့ကြလားဟေ့။ ကြမ်းပြင်ပေါ်မှာ ခဲလုံးတွေ မောင်တို့။ အပေါ်ဘုံဆင့် ဇေတဝန်ပေါ်က ကျကျလာတာဟ။ ဘုံဆင့်ပေါ် ဘယ်သူရှိပါလိမ့် ''
ကျောင်းကြမ်းပြင်ပေါ်က ခဲလုံးတွေကို တစ်ယောက်တစ်လုံး၊ နှစ်လုံးစီ ငုံ့ကောက်လိုက်ကြပြီး ကျောင်းသားများမှာလည်း တအံ့တသြ နှင့် ဘုံဆင့်ပေါ် မော့ကြည့်ကြသည်။
ဘုံဆင့်ပေါ်မှာ ဘာမှ မမြင်ရ။ ကျောင်းသားအားလုံး ကျောင်း ပေါ်ရောက်လာကြချိန်မှာတော့ နောက်ထပ် ခဲလုံးတွေ မကျလာတော့။ ထို့ ကြောင့် ဆရာတော် အမိန့်ရှိသည်ကိုပင် ကျောင်းသားများက မယုံသလို သံသယ ဖြစ်သွားကြသည်။
ဒီလိုနှင့် ညနေစောင်းတွင် ဆရာတော်က အပေါ့အပါးသွား ရန် ကုဋီ သွားဝင်ပြန်ရာ ပြန်အထွက်တွင် အပြင်ရှိ တစ်စုံတစ်ဦးက တွန်း ပိတ်ထားပြန်ရာ ဖွင့်မရောစးဖြစ်ပြီး ကျောင်းသားများကို လှမ်း၍ အော်ခေါ် ကြရပြန်သည်။
ကျောင်းသားများ ကျောင်းပေါ်က ပြေးဆင်းလာကြမှ ကုဋီ တံခါးက အလိုလို ပွင့်သွားပြန်သည်။
ကုဋီတံခါး အပြင်ဘက်တွင် သစ်သားဂျက်၊ ကန့်လန့်၊ မင်းတုပ်ဆို၍လည်း ဘာမှ မရှိသဖြင့် ဆရာတော်က -
'' ဟ ဘယ်လိုဖြစ်တာလဲ၊ ဒီနေ့ အထူးအဆန်းတွေချည်းပါ လား မောင်တို့ ''
ဟု မိန့်ကြားကာ ကျောင်းပေါ် ပြန်တက်လာပြန်သည်။
ဆရာတော် ကျောင်းပေါ်သို့ ပြန်ရောက်သည်နှင့် ကျောင်းဘုံ ဆင့်ပေါ်က ခဲလုံးတွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာပြန်သည်။ ဤတစ် ခါမှာတော့ ဇေတဝန်ပေါ်က ကျလာသော ခဲလုံးများအား ကျောင်းသား များကပါ ရိုးတိုးရိပ်တိပ် မြင်လိုက်ကြရသည်။ မကြောက်သော ကျောင်း သားကြီး သုံးလေးယောက်က မြည်တွန်၍ ကျောင်းဘုံဆင့် အပေါ် တွယ် တက်ကြည့်ကြသည်။ ဘုံဆင့်ပေါ်မှာ ထူးထူးခြားခြား ဘာမှ မတွေ့ရ။ ထို့ ကြောင့် အောက်သို့ ပြန်ဆင်းလာကြသည်။ နောက်ထပ်တော့ ခဲမကျတော့။
ဒီလိုနှင့် ဤနေ့ညနေ လေးနာရီကျော်မှ ဘုန်းကြီးက ကျောင်း သားများ ထမင်းစား စောစောလွှတ်လိုက်သည်။ အဖြစ်အပျက်ကို ရွာလူ ကြီးများအား ပြောပြ၍ ညနေ ရွာလူကြီး သုံးလေးယောက် ကျောင်းသို့ လာကြရန်လည်း ကျောင်းသားများနှင့် မှာလိုက်သည်။
ဆရာတော် မှာလိုက်သည့်အတိုင်း လူကြီးသုံးယောက်နှင့် ကျောင်းသားကြီးများ ကျောင်းသို့ ရောက်လာကြသည်။
ဆရာတော်က နေ့လယ်က ကြုံတွေ့ရသော အဖြစ်အပျက်ကို ရွာလူကြီးများအား ပြောပြသည်။ ထိုအခါ ရွာလူကြီး သုံးယောက်မှာ ရွာကို မပြန်ကြတော့ဘဲ ကျောင်း၌ပင် ညအိပ်စောင့်ကြသည်။ ဆရာတော် လည်း ကုဋီကို တစ်ပါးတည်း မသွားရဲတော့ဘဲ အလေးအပေါ့ သွားရာ၌ ပင် ရွာလူကြီး သုံးယောက်ကို အစောင့်ခေါ်၍ သွားရ၏။ နေ့လယ်ကလို တံခါးကို အပြင်က တွန်းပိတ်ထားတာလည်း မရှိတော့။
တစ်ညလုံးလည်း ဘာသံမှ မကြားရတော့ဘဲ ကောင်းစွာ အိပ်နိုင်ကြ၏။ သို့သော် မိုးလင်းသောအခါ ကျောင်းထပ်ခိုးပေါ်ရှိ ဘုရောစားး ဆောင်က စလင်းဖြူ(စကျင်ကျောက်) ဘုရားနှစ်ဆူသည် ကျောင်းလှေ ကားထိပ်နားရှိ ဘုန်းကြီး သောက်ရေအိုးစင်ပေါ် ရောက်နေ၏။
ပို၍ ထူးဆန်းသည်မှာ လင်ပန်းကြီး နှစ်ချပ်ကို ဘုရားတစ်ဆူ ၏ ရှေ့၌ ယပ်ကဲ့သို့ ထောင်ထားသည်ကို အံ့သြဖွယ်ရာ တွေ့ကြရပြန် သည်။ ကျောင်းစလင်း (စကျင်ကျောက်) ကျောက်ဆင်တု ရုပ်ပွားတော် နှစ်ဆူမှာ သေးသေးမဟုတ်။ အားကောင်းမောင်းသန် လူကြီးနှစ်ယောက် ပင် မပင့်၊ မနိုင်နိုင်သော ဆင်းတုတော်နှစ်ပါး ဖြစ်သည်။ ထိုဆင်းတုတော် နှစ်ဆူကို အဘယ်သူက ဘုရားကျောင်းဆောင်ပေါ်က ပင့်လာပြီး ဘုန်းကြီး ရေအိုးစင်ပေါ် လာထားသည်မှာ တွေးမရ ဖြစ်ကြရသည်။
နောက်တော့ ထိုဆင်းတုတော် နှစ်ဆူကို လူကြီးသုံးယောက် က မ,ပင့်ကာ မူလ ဘုရားကျောင်းဆောင်ပေါ် ပြန်ပင့်ပို့ ထားလိုက်ကြ သည်။ ဘုရားနှစ်ဆူရှေ့တွင် ယပ်လုပ်ထောင်ထားသော လင်ပန်းကြီး နှစ်ချပ်ကိုလည်း မူလအတိုင်း ပန်းကန်စင် ကြောင်အိမ်ထဲ ပြန်ထည့်ထား လိုက်ကြသည်။
လူကြီး သုံးလေးယောက်မှာ ရွာကိုမပြန်နိုင်ကြသေးဘဲ ကျောင်း၌ အရုဏ်ဆွမ်းစားပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။
စကုကျွန်းရှိ သူတို့ ဝံလက်မော်ရွာမှာ အိမ်ခြေ ငါးဆယ်ကျော် ရှိသည်။ အရုဏ်ဆွမ်း၊ နေ့ဆွမ်းကို ခွဲတမ်းနှင့် အလှည့်ကျ သုံးအိမ်တစ် ရက်၊ နှစ်အိမ်တစ်ရက် ဆွမ်းပို့ရသော အစဉ်အလာ ဂါမပညတ် ရှိသည်။ အထွတ်အမြတ်ဖြစ်သော ခြံထွက်သီးနှံနှင့် အခါအားလျော်စွာ လုပ်လေ့ ရှိကြသော မုန့်ဖက်ထုပ်၊ မုန့်ကြာစေ့၊ မုန့်ဆီကြော် စသည်များကိုလည်း သဒ္ဓါတရားပေါက်သလို ကျောင်းသို့ သွားလှူလေ့ ရှိကြသည်။
သို့နှင့် ဒကာမ တစ်ယောက်သည် ဘုန်းကြီး နေ့ဆွမ်း မဘုဉ်းပေးမီ သူ၏ခြံထွက်ဖြစ်သော ငှက်ပျောသီး လက်ရင်းတစ်ဖီးကို ဘုန်းကြီးလှူရန် ကျောင်းသို့လာသည်။ ကျောင်းဝင်းထဲသို့ ဝင်လိုက် သည်နှင့် -
'' အမလေး လုပ်ကြပါဦး၊ ဘယ့်နှယ် ဘယ့်နှယ် ကျုပ် ဘုန်းကြီးလှူမလို့ လာတာ ကျုပ်ငှက်ပျောဖီးကြီး မိုးပေါ် ပျံတက်သွား ပါပကောလား ''
ဟု အထိတ်တလန့် အော်လိုက်သည်။
ထိုအမျိုးသမီးကြီး အော်လိုက်သော အထိတ်တလန့် အော်သံ ကြောင့် ကျောင်းပေါ်က ပြေးဆင်းလာကြသည်။ သို့သော် သူတို့က ဘာမှ ထူးထူးထွေထွေ မမြင်လိုက်ကြရ။
သူတို့ မြင်နေကြသည်မှာ ခေါင်းပေါ်တွင် လင်ပန်းငယ်တစ်ခု ကို ကိုင်ပြီး ကျောင်းခေါင်းမိုးပေါ် လှမ်းကြည့်ကာ မျက်စိပျက် မျက်နှာ ပျက် ဖြစ်နေသော အသက်ငါးဆယ်အရွယ် အမျိုးသမီး တစ်ယောက်သာ။
ထိုအမျိုးသမီကြီးကို လူကြီးတွေက ဝိုင်းမေးကြသည်။
'' ခင်ဗျား ဘာမြင်လို့လဲ၊ ဘယ်လို ဖြစ်လို့လဲ ''
'' ဘယ်လိုဖြစ်လဲ ဆိုတာတော့ ကျုပ်လည်း မပြောတက်တော့ ဘူး တော်တို့ရယ်၊ ကျုပ် ဘုန်းကြီးလှူဖို့ ကျုပ်ခြံထွက် ငှက်ပျောသီးကြီး တစ်ဖီး ဒီလင်ပန်းထဲမှာထည့်ပြီး ခေါင်ရွက်ယူလာတာ ကျောင်းဝင်းထဲ လည်းဝင်လိုက်ရော ကျုပ်ငှက်ပျောသီးဖီး မိုးပေါ်ပျံတက်သွားတာပဲ မြင် လိုက်ရတယ် ''
'' ဟင် ဘယ်ဘက်ကို ပျံတက်သွားလဲ ''
'' ကျောင်းဇေတဝန်ပေါ် ပျံတက်သွားတာပါပဲ။ ထူးဆန်းလိုက် တာ။ ဘယ်လို အဖြစ်မျိုးပါလိမ့်၊ ဆရာတော်ရဲ့ သီလ သမာဓိ ကြောင့် များလား ''
ထိုမိန်မကသာ ဆရာတော်ရဲ့ သီလ သမာဓိကြောင့်လားဟု ဆိုသော်လည်း မနေ့ ညနေကပင် အဖြစ်ထူးအဖြစ်ဆန်းကို သိထားကြ သော ရွာလူကြီးများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိုးရိမ့် သောက ဖြစ်ပြီး ကျောင်းပေါ်ကိုသာ တက်လာကြသည်။
ကျောင်းပေါ်သို့ ရောက်သည်နှင့် ဆရာတော်ကို ထိုကိစ္စ လျှောက်ထားကြရာ ဆရောစားတော်လည်း မည်သို့မျှ မမိန့်ကြားနိုင်ဘဲ ငေးငေး ငိုင်ငိုင်သာ ဖြစ်သွားလေသည်။
ငှက်ပျောသီး လာလှူသော ထိုမိန်မက ရွာပြန်ပြီး ထိုအကြောင်းကို ပြောလေရာ ရွာရှိ ယောက်ကျား၊ မိန်မ၊ ကလေးများပါ မကျန် ကျောင်းသို့ ပြေးရောက်လာကြပြီး မေးကြ၊ မြန်းကြ၊ ထင်ရာမြင်ရာ ပြောကြနှင့် ကျောင်းပေါ်တွင် လူပြည့်သွားသည်။
ဆယ့်တစ်နာရီခန့်တွင် ဘုန်းကြီး ဆွမ်းဘုဉ်ပေးနေစဉ် ဘုံဆင့်ပေါ်က ငှက်ပျောသီးခွံများ ကျလာတော့သည်။ လူတွေမှာ ပို၍ အထိတ်တလန့် အံ့သြမဆုံး ဖြစ်ကုန်ကြသည်။ ကျောင်းပေါ်မှာလည်း လူတွေ စည်းကားသထက် စည်းကားလာသည်။ ယောက်ကျား၊ မိန်မ၊ ကလေးသူငယ်များနှင့် ပြည့်လျှံနေတော့သည်။
ဘုန်းကြီးမှာလည်း မကြုံစဖူး ထူးခြားလှသော အဖြစ်ကြောင့် ဆက်၍ ဆွမ်းပင် ဘုဉ်းမပေနိုင်တော့။ ထို့ကြောင့် ဆရာတော်က ဆွမ်းပွဲ လာသိမ်းကြရန် ကျောင်းသားများကို မိန့်ကြားလိုက်သည်။ ဆရာတော် မိန့်ကြားသည့်အတိုင်း ကျောင်းသားများကလည်း ဆွမ်းဟင်းပွဲကို သိမ်း လိုက်ကြသည်။
ငယ်သေး၍ ဆွမ်းပွဲမသိမ်းရသော ရှစ်နှစ် ကိုးနှစ်အရွယ် ကျောင်းသားငယ်များက ကျောင်းတိုင်ကိုမှီပြီး ခါတိုင်လိုပင် ထိုင်နေကြရာ ကျောင်းတိုင်တစ်လုံးစီကို တစ်ယောက်စီမှီပြီး ထိုင်နေကြသော ကျောင်း သားငယ် နှစ်ယောက်ရင်ခွင်ထဲ ငှက်ပျောသီး တစ်ယောက်တစ်လုံးစီ ဘုံဆင့်ပေါ်က ကျလာသည်။ ထိုငှက်ပျောသီး နှစ်လုံးမှာ မနက်တုန်းက ဒကာမကြီး တစ်ယောက် ဘုန်းကြီးလှူရန်လာစဉ်က ကျောင်းဝင်ထဲ ရောက်သည်နှင့် မိုးပေါ်ပျံတက်သွားသော ငှက်ပျောသီးများပင်။
ကျောင်းသားငယ်နှစ်ယောက်က အထိတ်တလန့်နှင့် ဘုံဆင့် အပေါ်သို့ မော့ကြည့်ပြီး -
'' ဟာ ဟို ဟိုမှာ၊ ဘုံဆင့်ပေါ်မှာ လူတွေ လူတွေ ''
ဟု ကြောက်ရွံ့တကြား လက်0x150ှိုးထိုးပြီး အော်ဟစ် ထခုန် လိုက်ကြသည်။
'' ဘယ်မှာလဲ ဘယ်မှာလဲ ''
ဆရာတော်နှင့် လူကြီးတွေက ဘုံဆင့်ပေါ် မော့ကြည့်၍ မေးကြရာ -
'' ဟိုမှာ ဟိုမှာ ဘုံဆင့်ပေါ်က ခြေထောက်တွဲလောင်ချပြီး ငှက်ပျောသီး စားနေကြတယ်။ မိန်းမလည်း တစ်ယောက်ပါတယ် ''
ဟု ကျောင်းသားငယ်နှစ်ယောက်က မတ်တပ်ရပ် လက်0x150ှိုး ထိုးပြပြီး အော်ပြောနေကြသည်။ သို့သော် ထိုကျောင်းသားငယ်နှစ်ယောက် လက်0x150ှိုးထိုးပြနေသော လူတွေနှင့် မိန်းမတစ်ယောက်ကို မည်သူမျှ မမြင်ရ။
ထိုကျောင်းသားငယ်နှစ်ယောက်တို့ အော်ပြောလိုက်သံကြောင့် ကြောက်တက်သော မိန်းမများနှင့် ကလေးသူငယ်များ ကျောင်းပေါ်က ဆင်းပြေးကြသည်။ လူကြီးတွေနှင့် ကျောင်းထိုင်ဆရာတော်မှာမူ ဘုံဆင့် ပေါ်ကိုသာ မော့ကြည့်ကြလျက်။
ရင်ခွင်ထဲ ငှက်ပျောသီးကျလာသော ကျောင်းသားငယ်နှစ် ယောက်ကလွဲပြီး မည်သူမျှ ဘုံဆင့်ပေါ်က လူတွေကို မမြင်ကြရရာ ဘုန်းကြီးနှင့် လူကြီးတွေမှာလည်း မည်းသို့မည်ပုံ ယူဆရတော့မှန်း မသိ တော့ဘဲ ဘုံဆင့်ပေါ်မှာ လူတွေ မြင်နေရသည်ဆိုသော ကျောင်းသားငယ် နှစ်ယောက်ကိုသာ အကြိမ်ကြိမ်အခါခါ မေးလိုက်၊ ကျောင်းဘုံဆင့်ပေါ် မော့ကြည့်လိုက်နှင့် လူတွေမှာ ကယောင်ချောက်ချား ဖြစ်ကုန်ကြသည်။ သူ့တို့ကမူ ဘာမှ မမြင်ကြရ။
ထိုအခါ ကျောင်းသားငယ်နှစ်ယောက်ကိုသာ မေးနေ ကြရသည်။
'' ဘုံဆင့်ပေါ်မှာ မင်းတို့မြင်နေတဲ့ လူတွေက ဘယ်သူတွေလဲ'''
'' လူတွေက အများကြီးပဲ ''
'' ဘယ်နှစ်ယောက်လဲ ရေကြည့်စမ်းကွာ ''
လူကြီးတစ်ယောက်က ရေကြည့်ဆိုသဖြင့် ကျောင်သားငယ် နှစ်ယောက်က ဘုံဆင့်ပေါ်ကို မော့ကြည့်၍ လက်0x150ှိုးထိုးကာ တစ်၊ နှစ်၊ သုံး၊ လေး ရေကြည့်ကြသည်။
'' ယောက်ကျားဆယ့်နှစ်ယောက်နဲ့ မိန်းမတစ်ယောက် ''
ဟု ကျောင်းသားငယ်နှစ်ယောက်က ပြန်ပြောပြသည်။
'' ဟိုမှာ ဟိုမှာ ကျွန်တော်တို့ကို ရယ်ပြနေကြတယ် ''
ဟုလည်း ရေတွက်ပြီးသည်နှင့် ကျောင်းသားနှစ်ယောက်က လူကြီးတွေကို ပြောပြကြပြန်သည်။
'' ဘယ်လိုလူတွေလဲ မင်းတို့ကို ရယ်ပြတာ။ ငါတို့လို လူတွေ လား ''
'' မဟုတ်ဘူးဗျ၊ အားလုံး ဘောင်ဘီဝတ်ထားကြတယ် ''
ဘုံဆင်ပေါ်က လူများက မြင်ရသည်ဆိုသော ကျောင်းသား ငယ်နှစ်ယောက်ထဲမှ အကြီးဖြစ်သူက သူပြောသည်ကို ဘုန်းကြီးနှင့် လူကြီးတွေက မယုံမှာစိုး၍ အငယ်ကျောင်းသားလေးကိုပါ မေးပြော ပြောသည်။
'' အားလုံး ဘောင်ဘီ ဝတ်ထားကြတယ်ကွနော်၊ ဟုတ်တယ် မဟုတ်လား ''
'' ဟုတ်တယ်၊ အားလုံး ဘောင်ဘီးနဲ့ချည်း ''
အငယ်ကျောင်းသားကလည်း ဘုံဆင့်ပေါ် မော့ကြည့်နေရင်း က ဖြေ၏။
'' မင်းတို့ မြင်ရတာက ဘယ်လိုလူတွေလဲ၊ ခေါင်းကြီး ကိုယ် သေးတွေလား ''
ဘုန်းကြီးက သူဘာမှ မမြင်ရသဖြင့် သူ့ကျောင်းသားငယ် နှစ်ယောက်ကို မေးရပြန်သည်။
'' မဟုတ်ပါဘုရောစားး၊ ဘောင်ဘီဝတ်ထားကြတာကလွဲရင် အားလုံး တပည့်တော်တို့လို လူတွေချည်းပါဘုရား ''
ကျောင်းသားငယ်လေး စကားကို ကြားလိုက်ရသောအခါ ဘုန်းတော်ကြီးမှာ ခေါင်းငုံ့သွားပြီး သက်ပြင်းသာ ချနေမီသည်။
ထိုအချိန်ကစပြီး ထိုနာနာဘဝများသည် ကျောင်းဝင်းထဲတွင် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကြတော့သည်။
ဘုရားဆောင်က ကျောက်ဆင်းတု ရုပ်ပွားတော်များကို ယူချပြီး ဘုန်းကြီးသောက်ရေအိုးစင်တွင် သွားထားကြသလို ငါးပိဿကျော် ကြေးစည်ကြီးကိုလည်း ခြေတံရှည်ကျောင်းအောက် မြေပြင်ပေါ်သို့ ပစ်ချထားကြသည်။ ကျောင်းကြီး၏ ပျဉ်ချပ်ကြီးအချို့မှာ ဘယ်လိုခွာပြီး ဘယ်လို ပစ်ချလိုက်ကြသည် မသိ။ မိုးလင်းသည်နှင့် ကျောင်းအောက် မြေပြင်ပေါ် ရောက်နေသည်။
ထို့နောက်မှာ ဘုန်းကြီးလှူရန်လာသော ဖက်ထုပ်မုန့်များကို လည်း အလှူရှင် ကျောင်းဝင်ထဲ ဝင်သည်နှင့် ထိုနာနာဘဝများသည် ကျောင်းဘုံဆင့်ပေါ် ယူသွားကြပြီး မုန့်ဖက်ထုပ်ခွံတွေကိုသာ ကျောင်း ကြမ်းခင်းပေါ်သို့ ပစ်ချကြသည်။
သူတို့ချစ်သော ကျောင်းသားလေးနှစ်ယောက်ကိုမူ ဘုံဆင့် ပေါ်က ဖက်ထုပ်မုန့် တစ်ယောက်တစ်ထုပ်စီ သူတို့ရင်ခွင်ပေါ်သို့ ပစ်ချ ပေးတက်ကြသည်။ ဤသည်ကို လာစောင့်အိပ်နေသော လူကြီးတွေက ''တို့ကိုလည်း ပေးကြပါဦး'' ဟု ဘုံဆင့်ပေါ် ခေါင်းမော့ကြည့်၍ ပြောကြ သောအခါ အထုပ်တစ်ထုပ်ကျလာ၏။ ဖွင့်ကြည့်ကြသောအခါ မစင်(ချေး) ထုပ် ဖြစ်နေ၏။ ထိုအခါ လူကြီးတွေက သူတို့အတွက်လည်း ပေးပါဦးဟု မပြောရဲကြတော့။
ဤမျှနှင့် မရောစးပ်သေး၊ ဘုန်းတော်ကြီးအား လာစောင့်အိပ်နေ ကြသော ရွာလူကြီးများ၏ ဆေးတံ၊ ဆေးဘူးများကိုလည်း လက်က ချသည်နှင့် ယူသွားပြီး ဘုံဆင့်ပေါ်က ပြန်ပစ်ချကြသည်။ ဘုန်းကြီး အနားသို့ ဝိုင်းထိုင်နေကြလျှင် လူနှင့် ဘုန်းကြီးကြားထဲသို့ ခဲလုံးတွေကို ပစ်ချကြသည်။
ထိုအခါ လူကြီးတွေက -
'' ကျောင်းပေါ်လာနေပြီး ဘုန်းကြီးရဟန်းကို မနှောင့်ယှက် ကောင်းဘူး၊ ငရဲကြီးတက်တယ် '' ဟူသော စကားမဆုံးမီပင် လျောက်တန်း၊ ထုပ်တန်း၊ ပျဉ်ပြား များတွင် ဘုရား၊ တရား၊ သံဃာဟု စာတွေ ပေါ်လာသည်။ ဘုရား၊ တရား၊ သံဃာကို သူတို့လည်း သိသည်ဟု အသိပေးသလား ထင်ရသည်။
ထိုနာနာဘာဝများကို ကျောင်းသားငယ်နှစ်ယောက်က လွဲပြီး တခြားမည်သူ တစ်ဦးတစ်ယောက်မှ မမြင်ကြရ။ ထို့ကြောင့် ထိုကျောင်း သားငယ်နှစ်ယောက်ကိုသာ တစ်ခုခု ဖြစ်လာတိုင်း ဘုန်းကြီးနှင့် လူကြီး တွေက အကျိုးအကြောင်း မေးကြရသည်။
ထိုကျောင်းသားငယ်နှစ်ယောက်က ပြောပြသည်မှာ ထိုနာနာ ဘာဝများထဲက မိန်းမသူသည် သူတို့နှစ်ယောက်ကိုချစ်၍ မုန့်တွေ၊ ငှက်ပျောသီးတွေ ပစ်ချပေးသည်ဟု ဆိုသည်။ ပြီးတော့ တစ်နေ့ နေ့လယ် တွင် ထိုနာနာဘာဝများသည် ဘုန်းကြီးကျောင်းပေါ်သို့ စီးတန်းဆင်း သွားကြပြီး ကျောင်းနားရှိ လက်ပံပင်ပေါ်သို့ လက်ပံပင်ကိုင်းတွေပေါ်မှာ လင်းဆွဲများကဲ့သို့ ဦးစောင်ပြောင်းပြန် တွဲဆွဲနေကြသည်ကိုလည်း မြင်နေ ရသည်ဟု ကျောင်းသားငယ်နှစ်ယောက်က ပြောပြကြသည်။ သူတို့သည် ကလေးနှစ်ယောက်ကို လုပ်ပြကြသည့် သဘောပင်။
သည်လိုနှင့် သုံးလေးရက် ကြာသောအခါ ပိုဆိုးလာသည်။ ဘုန်းကြီးနှင့် ရွာလူကြီးများ ကျောင်းပေါ်တွင် စုထိုင်လိုက်ကြသည်နှင့် ဘုံဆင့်ပေါ်က ခဲနှင့် ဝိုင်းပေါက်ကြသည်။ လူကို မထိသော်လည်း လူကြား ဘုန်းကြီးကြား ထိလုထိခင် ခဲတွေချည်း ကျလာရာ ဘုန်းကြီးနှင့် ရွာလူကြီးတွေမှာ ကျောင်းပေါ် မတက်ရဲလောက်အောင် ဖြစ်လာကြသည် အထိ ဖြစ်လာသည်။
တစ်ခု ထူးခြားသည်မှာ ညနေလေးနာရီကျော်လောက် အချိန် ဆိုလျှင် ခဲတွေ လုံးဝ မကျပြန်တော့။ နေ့လယ်ဘက်က ပစ်ချထားသော ကျောင်းကြမ်းပြင်ပေါ်က ခဲလုံးတွေလည်း အလိုလို အကုန်ပျောက်ကုန်ကြ သည်။ လူတို့၏ အထင်မှာ လူတို့သည် ကျောင်းနားရှိ လက်ပံပင်ပေါ် သွားအိပ်ကြ၍ ခဲတွေကို ပစ်မချတော့ဟု ထင်ကြသည်။
ဒီလိုနှင့် စကုကျွန်း ဝံလက်မော်ရွာ ဘုန်းကြီးကျောင်းမှ ဤပြဿနာကို ရွာသူရွာသားတွေက ပုဏ္ဏကတိုက်ထားသည်။ အစိမ်း တိုက်သည်ဟု ယူဆကြကာ ဗေဒင်မေး၊ နတ်မေး၊ မှော်ဆရာပင့်နှင့် အလုပ်ရှုပ်၍ အခကြေးငွေတွေသာ ကုန်သွားကြ၏။ ဘာမှ အကြောင်း မထူး။ တစ်ပတ်နှစ်ပတ်သာ အချိန်ကြာလာသည်။ နာနာဘာဝများက ကျောင်းပေါ်တွင် သောင်းကျန်းမြဲ သောင်းကျန်းနေကြတုန်း။
သည်လိုနှင့် တစ်နေ့တွင် စကုကျွန်းကို ဆက်ကြေးကောက် ရန် ရောက်လာကြသော ထိုစဉ်က အလံဖြူ ကွန်မြူနစ်များက သတင်း ကြားသည်နှင့် ကျောင်းသို့လိုက်လာကြရာ မည်သို့မည်ပုံ ဖြစ်ခဲ့ရသည်ကို တော့ မပြောခဲ့ကြ။ ကျောင်းဝင်းစည်းနားကို အရောက်မှာ ကျောင်ဝင်းထဲ မဝင်ကြတော့ဘဲ ချက်ချင်း ပြန်ပြေးသွားကြသည်။
နောက်မှ သတင်းကြားရသည်မှာ သူတို့ ကျောင်းတပ်စည်း နားကို ရောက်လာကြသည်နှင့် ကျောင်းဘုံဆင့်ပေါ်က သေနတ်နှင့် လှမ်းအပစ်ခံရသည်။ ကျည်ဆံတွေက ရောစဲးဘော်ဖြူများကို ထိလုထိခင် နားရွက်နား၊ ခေါင်းနားက တဝီဝီ ဖြတ်ပျံသွားကြသည်ဟု ပြန်၍ ပြောပြကြသည်။
ဒီလိုနှင့် ဆရာရှာကြ၊ မေးမြန်းကြ၊ စုံစမ်းကြရာ ထိုစဉ်က စကုကျွန်း ပိန္နဲချောင်း ထုံးတောင်နားကျောင်း၌ သီတင်းသုံးနေသော ဆရာတော် ဦးဇောတိကကို အကျိုးအကြောင်း သွားလျှောက်၍ ဒကာများ က ပင့်လာကြသည်။ ဆရာတော် ဦးဇောတိက ကြွလာ၍ ပရိတ်တော်ရွတ်၊ မေတ္တာပို့၊ အစီအမံတွေ လုပ်လိုက်ရာ ခဲမကျတောဘဲ တိတ်ဆိတ်ငြိမ် သက်သွားသည်။
သို့သော် တစ်ပတ်ကျော်သည်နှင့် ထိုနာနာဘာဝများက ပြန်၍ ယခင်ကအတိုင်း သောင်းကျန်းလာကြပြန်သည်။ ကျောင်းဝင်း အတွင်းရှိ ပိန္နဲပင်မှ ပိန္နဲသီးတစ်လုံး မှည့်သဖြင့် ဘုန်းကြီးကို ကပ်မည်ဟု ခွဲလိုက်ကြရာ အထဲမှာ အသားဆို၍ လုံးဝ မရှိတော့ဘဲ အစေ့ချည်း ဖြစ် နေသည်ကို အံ့သြဖွယ် တွေ့ကြရပြန်သည်။
ကျောင်းပေါ်ရှိ ဘုရောစားးကျောင်းဆောင်က ကျောက်ဆင်းတု ရုပ်ပွားတော်များကိုလည်း မလျောက်ပတ်သော ဟိုနေရာချထား၊ သည်နေ ရာချထား၊ လှေကားနား ရောက်လိုရောက်၊ မီးဖိုဆောင်တွင် ရောက်လို ရောက်နှင့် လုပ်လာကြပြန်သည်။
ထိုအခါ ပိန္နဲချောင်း ထုံးတောင်ဆရာတော် ဦးဇောတိက ကို ပြေးသွား၍ ပင့်ကြရပြန်သည်။ ဆရာတော် ကြွလာ၍ ပထမတစ်ခေါက် နည်းတူ ပရိတ်ရွတ်၊ မေတ္တာပို့ အရောစးံအတား လုပ်ပေးသွားပြန်သည်။ တစ်ပတ်ကျော်ကျော် ငြိမ်သက်ပျောက်သွားပြန်သည်။ သို့သော် မကြာပါ ချေ။ ဆယ်ရက် ကိုးရက် အကြာမှာ ပြန်၍ ယခင်အတိုင်း သောင်းကျန်း လာကြပြန်သည်။ ထိုအခါတွင် ဆရာတော် ဦးဇောတိကဆီပြေးပြီး အကျိုး အကြောင်း လျှောက်ထားကာ သွားပင့်ရပြန်သည်။
ဤတစ်ခါ ဆရောစားတော်လည်း ကြွလိုက်မလာတော့ -
'' တော်ပြီ ဒကာတို့၊ ဘုန်းကြီးလည်း မစွမ်းဆောင်နိုင်ပါ တော့ဘူး '' ဟုသာ မိန့်ကြားလိုက်လေသည်။
ထို့နောက်တွင် ဝံလက်မော်ရွာကျောင်းသတင်းကို ကြား၍ အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုကြသော လူကြီးများထဲက တစ်ဦးက ဤအဖြစ်အပျက်မျိုး ငယ်စဉ်က သူတို့ကြားဖူးသည်။ ဤဆရာ တော် ဤကျောင်းတွင် မနေသင့်တော့။ ရေခြားမြေခြား တစ်နေရာမှာ ယတြာယာယီ တစ်ပတ်လောက် ပြောင်းရွေ့ထားလိုက်လျှင် အလိုလိုပင် ပျောက်သွားလိမ့်မည်ဟု အကြံပေးသည်။
ထို့ကြောင့် ဝံလက်မော်ကျောင်းနှင့် ချောင်လေးတစ်ချောင်း ခြားသော ကုန်းကမူလေးတစ်နေရာတွင် ယာယီသီတင်းသုံးနေနိုင်ရန် ဝါးကျောင်းလေး တစ်ဆောင်ကို ဒကာများက နေ့ချင်းပြီး ဝိုင်းဆောက် ကြသည်။ ဓနီမိုး၊ ဓနီကာ ကျောင်းလေး ဆောက်လုပ်ပြီးသည်နှင့် မူလ ကျောင်းကြီးက ဆရာတော်ကို သွားပင့်ကြသည်။ ဆရာတော်ကလည်း မယူမဖြစ် အသုံးအဆောင်ပစ္စည်း အနည်းငယ်ကိုယူကာ ညနေလေးနာရီ လောက် ယာယီဝါးကျောင်းလေးသို့ ကြွလာသည်။
ဆရာတော် ဝါးကျောင်းနားကို ရောက်သည်နှင့် အကာထရံ နှင့် အမိုးဓနီပျစ်များကို မီးထလောင်တော့သည်။ ဆရာတော်နှင့် ဒကာတွေ မှာ အံ့သြမဆုံး ဖြစ်သွားကြပြီး မီးလောင်နေသော ဝါးကျောင်းလေးကို ငေးကြည့်ကာ ဆရာတော်က -
'' ကဲ ဒကာတို့၊ ဘုန်းကြီး အကုသိုလ်ကံက ကြီးမားလွန် တယ်နဲ့ တူပါရဲ့။ အဲဒီတော့ မထူးဘူး။ ဘုန်းကြီးကို သေအောင် နှိပ်စက် ချင်ကြလည်း နှိပ်စက်ကြပစေတော့။ ဘုန်းကြီး ဝဋ်ရှိရောစးင်လည်း ဝဋ်မကုန် မချင်းသာ ခံပါရစေတော့။ ကျုပ်ကျောင်းကြီးကိုသာ ပြန်ပို့ကြတော့ ''
ဟု ဆရာတော်က အမိန့်ရှိသဖြင့် မူလ နာနာဘာဝများ ကြီးစိုးနေကြရာ ကျောင်းကြီးသို့သာ ပြန်ပင့်လာကြရသည်။ သို့သော် ကျောင်းပေါ်ကိုတော့ မတက်ရဲကြတော့ဘဲ ခြေတံရောစှးည်ကျောင်းအောက်၌ သာ ယာယီ ကွပ်ပျစ်ထိုး၍ ဆရာတော်ကို ထားကြရသည်။ ရွာလူကြီး သုံးလေးယောက်က ဆရာတော်အနားတွင် နေ့ရောညပါ စောင့်ရေောစှးာက်ပြီး မည်သို့မည်ပုံ ဆောင်ရွက်ကြလျှင် ကောင်းမည်နည်းဟု တိုင်ပင်နေ ကြရသည်။
အချိန်ကာလမှာ နှစ်လ၊ သုံးလ ကြာသွားပြီဖြစ်ရာ ဆရာ တော်မှာလည်း စိတ်ဆင်းရဲပြီး မကျိန်းနိုင်၊ ဆွမ်းလည်း များစွာ မဘုဉ်း ပေးနိုင်ကာ ရောဂါစိတ္တဇရနေသလို ဖြစ်လာသည်။
ဆရာတော်၏ ဇာတိရွာမှာ ကလိန်တောင်ကျွန်း ကျွဲချရွာက ဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးသားချင်းများက မီမီရွာသို့ ပြန်ကြွနေရန်နှင့် ဘုန်းကြီး၏ နှမငယ်များကလည်း ဘုန်းကြီးငယ်ငယ်က ကြိုက်တက်သော မျှင်(စိမ်းစားငါးပိလုပ်သော ပုစွန်အသေးကလေး) များကို လှော်၍ အိုး သစ်တစ်လုံးနှင့် သန့်သန့်ရှင်းရှင်းထည့်ကာ အစ်ကိုဘုန်းကြီး ဘုဉ်းပေး နိုင်ရန် ဘုန်းကြီးသွားပင့်သူတွေနှင့် လှူလိုက်သည်။
ကလိန်တောင်ကျွန်း ကျွဲချရွာမှ မနက် ဝေလီဝေလင်းကပင် စကုကျွန်း ဝံမော်ရွာသို့ ဘုန်းကြီးပင့်ရန် လှေနှင့် လာကြသောသူများမှာ ရေဆန်၊ လေဆန်ဖြစ်ပြီး ဝံလက်မော်ကျောင်းကို နေမွန်းစောင်းမှ ရောက် လာကြရာ ဘုန်းကြီးနှမငယ် သူ့အစ်ကို ဘုဉ်းပေးရန် လှူလိုက်သော မျှင်အိုးမှာ နေမွန်းလွဲသွားပြီ။ ဘုန်းကြီးလည်း ဆွမ်းဘုဉ်းပေးပြီး ပြီးမို့ ထိုနေ့က မကပ်လိုက်ကြရပေ။
ထို့နောက် နောကတစ်နေ့မနက် အရုဏ်ဆွမ်း ဘုဉ်းပေးသော အခါ ကပ်ရန် ဘုန်းကြီးနှင့် ဒကာများ မပြတ်ရှိနေရာ ကျောင်းအောက်ရှိ ယက်မအောက်တွင် ပိုးပုရွက် မဝင်နိုင်အောင် လုံလုံခြုံခြုံပိတ်၍ ဆွဲထား ကြသည်။
နောက်တစ်နေ့ အရုဏ်ဆွမ်းဘုဉ်းပေးခါနီး ဘုန်းကြီးကို ကပ် ရန် သူ့နှမငယ်လှူလိုက်သော မျှင်အိုးကို ဖွင့်လိုက်ရာ မျှင်ပုစွန်ကောင်း လေးဆို၍ တစ်ကောင်တစ်မြီးမျှ မရှိတော့ဘဲ အိုးချည်းသက်သက် ကျန် နေသည်ကို အံ့သြစရာ တွေ့ကြရသည်။
ထို့ကြောင့်လည်း ဤကျောင်းမှာ တစ်မီနစ်၊ တစ်နာရီပင် မနေသင့်တော့ကြောင်း ဘုန်းကြီးကို ဝိုင်းလျှောက်ကြရာ မီမီရွာသို့ ခုချက် ချင်းပင် ထလိုက်ကြွပါရန် ဘုန်းကြီးကို ဝိုင်းလျှောက်ကြသည်။
ထိုအခါ ဘုန်းကြီးက -
'' ဒကာတို့ဟာ ဘုန်းကြီးရဲ့ ဝဋ်ကြီးပုံကို ခုတော့ ကိုယ်တိုင် မြင်တွေ့ကြရပြီ မဟုတ်လား။ ဘုရားရှင် လက်ထက်တော်အခါက ဇမ္ဗုက ရဟန်းလိုများ ဘုန်းကြီးလည်း ဝဋ်ပါလာလားမှ မသိတာ။ ဝဋ်ဆိုတာ ဘုရားရှင်တောင်မှ ရှောင်လွှဲဖို့ အစွမ်းသာပါဘူး။ ဒီတော့ ဝဋ်ရှိသမျှ ဘုန်းကြီး ဒီမှာပဲ ဒီဝဋ်ကို ဘုန်းကြီးနဲ့အတူ လိုက်ပါမလာရင် တစ်ပူက နှစ်ပူဖြစ်ပြီး ကျွဲချကျောင်းဆရာတော်ကိုပါ ဘုန်းကြီးရဲ့ ပယောဂကြောင့် ဆွမ်းအတူ ဘုဉ်းပေးရတာ၊ ရေသောက်ရတာက အစ မသတီစရာဖြစ်လာ ရင် ဘုန်းကြီး အပြစ်ကြီးနေပါမယ့်။ ဒီတော့ ဒကာတို့ ကိုယ့်ရွာကိုယ်ပြန် ကြပါ။ ဘုန်းကြီးကတော့ ဝဋ်မကုန်မချင်း ဒီကျောင်းမှာပဲ ဒါမှမဟုတ် မသေမချင်း ဒီကျောင်းမှာပဲ ဝဋ်ကြွေးကို ကျေအောင်ဆက်ခံလိုက်ပါ့မယ်။ ဒကာတို့သာ ပြန်ကြပါတော့ ''
ဟု မိန့်ကြားသည်။
ဆွေမျိုးများက ဘုန်းကြီးကို အကြိမ်ကြိမ် ငိုယိုပင့်လျှောက် ကြသော်လည်း ဘုန်းကြီးက လက်မခံ။ သာမန် ဆွမ်းဟင်းဆိုလျှင် ဘာမှ အဖြစ်ဘဲ ဘုဉ်းပေးရသော်လည်း ဘုန်းကြီးကို ရည်းစူး၍ သစ်သီးဝလံက အစ အထွက်အမြတ်အနေအထားနှင့် သီးသန့်လှူဖွယ်မှန်သမျှကို ဘုန်းကြီး မဘုဉ်းပေးရအောင် နာနာဘာဝများက လာလုပ်နေကြခြင်မှာ ဝဋ်ပါဟု၍ ယုံကြည်ထားပြီး မီမီရွာသို့ ဘယ်လိုမှ ဘုန်းကြီးကို လျှောက် မရသောအခါ ဆွေမျိုးဒကာများမှာလည်း လက်လျှော့ကာ ကျွဲချရွာသို့ ပြန်သွားကြသည်။
ဝံလက်မော်ရွာ ဒကာ၊ ဒကာမ များမှာ ဤပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းကြရတော့မှန်း မသိကြတော့ဘဲ ခေါင်းမီးတောက် နေကြသည်။ ဆရာတော်အား အရပ်တစ်ပါးတွင် ယာယီယတြာ သွားနေ ရန် လျှောက်ထား၍ မရသလို သူတို့ရွာကျောင်း နာမည်ပျက်၍ ဘယ်ဘုန်း ကြီးကမှ သူတို့၏ ရွာကျောင်း၌ ကျောင်းမထိုင်လိုကြလျှင် ဗုဒ္ဓဘာသာ များအနေနှင့် ဒုရေး သုရေးတွေကိုပါတွေးကာ ရွာသူရွာသားတွေမှာ ပူပင် သောက ရောက်နေကြသည်။
သူတို့ကျွန်းမှာ ပင်လယ်ထဲက ကျွန်းဖြစ်သဖြင့် သဘာဝ အနေအထားကလည်း အာဂန္တုများပျော်သော အရပ်မဟုတ်လေရာ လော လောဆယ် သူတို့ကျောင်းတွင် ဖြစ်ပျက်နေသော ကိစ္စနှင့် ပက်သက်၍ ဗေဒင်မေး၊ နတ်မေး၊ မှော်ဆရာပင့် လုပ်ကြရောစးင်း တစ်လလောက် ကြား သွာပြန်သည်။
ဒီလိုနှင့် ဆရာကောင်း၊သမားကောင်းတွေကို လိုက်ရှာကြရောစးင်း နောက်ဆုံးမှာ ပန်းတင်ကျွန်း ငမုန်းတိုင်းဆရာတော်ဆီ ရေောစားက်သွား ကြလေသည်။
(ထိုဆရာတော်မှာ စကုကျွန်း ပိန္နဲချောင်း မင်္ဂလာသူရိယ ကျောင်းဆရာတော်နှင့် စာရေးသူတို့တွေ့ကြသော ၁၃၆ဝ ပြည့်နှစ် (၃၁.၃.၉၉) ကမူ ထိုဆရာတော်သည် သူ့ဇာတိဌာနီဖြစ်သော ကျွန်းစဉ်တွင် သက်တော် ကိုးဆယ်ကျော် အရွယ်ဖြင့် ရှိနေသေးသည်ဟု မင်္ဂလာသူရိယ ကျောင်းဆရာတော် ဦးပညာဗလက ပြောပြသည်။ )
ဝံလက်မော်ရွာက ဒကာများက ငမုန်းတိုင်ဆရာတော်ဆီ ရေောစားက်သွားကြပြီး အကျိုးအကြောင်း ပြောပြသောအခါ ဆရာတော်သည် ခဏမျှသာ မျက်လုံးမှတ်နေပြီး ဆရာတော်က -
'' ဒကာတို့ ကျောင်းအနောက်မြောက်ထောင့်မှာ ရေမျောကမ်း တင် သစ်တစ်လုံးကို ကျောင်းတပ်စည်းရိုးလုပ်ပြီး စိုက်ထားကြတဲ့ တိုင် တစ်လုံးရှိတယ်လို့ ဘုန်းကြီးထင်တယ်။ အဲဒီတိုင်မှာ သင်္ဘောပျက်ပြီး နာနာဘာဝ ဖြစ်နေကြတဲ့ ပေတတွေ ကပ်နေကြတယ်။ အဲဒီ တိုင်ကို ကျောင်းတပ်စည်းရိုး လုပ်ထားတော့ ကျောင်းဝင်းတစ်ခုလုံး သူတို့ပိုင်သ လို ဖြစ်သွားတော့ သူတို့အပိုင်မှာ သူတို့သဘော လုပ်နေကြတာ။ အဲဒီ တိုင်ကို ရအောင်ရောစှးာပြီး သူတို့နေရာ ပင်လယ်ထဲ ပြန်မျှောပစ်လိုက်ကြပါ။ ကောင်းသွားပါလိမ့်မယ် ''
ဟု ငမုန်းတိုင်ဆရာတော်က မိန့်ကြားလိုက်သည်။
သူတို့ဆီ၌ ကျောင်းခြံစည်းရိုးတပ်မှာ လူကြီးပေါင်းလုံးခန့်၊ ပေါင်လုံးထက်ကြီးသော အရွယ်အစား သစ်လုံးများကို တစ်လုံးနှင့်တစ်လုံး ပူကပ်စွာ စိုက်ထူ၍ ကျောင်းဝင်တစ်ပတ်လည်းလုံး သစ်တပ်အကာအရံ လုပ်ကြသော အစဉ်အလာ အလေ့အထ ရှိသည်။
ထိုသို့ ကျောင်းတပ်ကာရံရောစားတွင်လည်း တစ်အိမ် သို့မဟုတ် အိမ်ထောင်သည် တစ်ဦးတစ်ယောက်လျှင် တစ်လံ၊ နှစ်လံ စသဖြင့် ကာရံ ထားကြရသည်။ ခွဲတမ်းနှင့် မီမီတို့ ကာရံထားရသော ကျောင်းတပ်တိုင် ဆွေးမြည့်ပျက်စီးသွားလျှင်လည်း ထိုမူလ တပ်တိုင် ကာရံ စိုက်ထူသည် သာ ပြန်၍ မီမီတာဘက်ရှိ တပ်တိုင်များကို ပြုပြင် ဖာထေးရသော ဂါမပညတ် စည်းကမ်း ရှိသည်။
ထို့ကြောင့် ငမုန်တိုင်းဆရာတော်က ထိုသို့ အမိန့်ရှိလိုက်ရာ ကျောင်းတပ် အနောက်မြောက်ထောင့်တွင် မည်သူတာဝန်ကျသည်၊ မည် သူမည်သည့် အပိုင်းကို ကာရံရသည်ကို ရွာလူကြီး၊ ဆယ်အိမ်ကောင်း တွေက အတပ်သိကြသည်။
ထိုအခါ တာဝန်ကျသူအား မေးမြန်း၍ ထိုရေမျောကမ်းတင် တိုင်အား လိုက်ရှာကြရန် ထိုတိုင်ပိုင် ပင်လယ်ထဲမျောနေခဲ့စဉ်က ခရု၊ ပေါင်း၊ ပလုပ်၊ ကျောင်းများ ဖက်တွယ်ကပ်နေခဲ့သော အရာကို ထိုတိုင်မှာ ထင်ထင်ရောစှးားရှား တွေ့ကြသည်။ ကုန်းပေါ်ခုတ်လှဲ၍ စိုက်ထူထားသော ကျောက်တပ်တိုင်နှင့် ထိုတိုင်မှာ သိသိသာသာ ကွားခြားနေ၏။
ထိုတိုင်ကို ကျောက်တပ်အကာအရံအဖြစ် စိုက်ခဲ့သော ရွာသားကလည်း ပင်လယ်ကမ်းခြေ တစ်နေμ သဲသောင်တွင် ထိုတိုင် ပိုင်ကို အလွယ်တကူ တွေ့ရသဖြင့် ကောက်ထမ်းလာပြီး သူ့တပ်စည်း ကျောက်ခြံက ဆွေးမြည်းနေသော တိုင်တစ်လုံးနှင့် အစားထိုး စိုက်ထူမီ ကြောင်း ဝန်ခံပြောဆိုသည်။
ထို့ကြောင့် ထိုသူ ထိုတိုင်စိုက်ထားခဲ့သောရက်ကို တွက် ကြည့်ရာ ထိုတိုင်ကို ကျောင်းတပ်အဖြစ် စိုက်ထူထားခဲ့ပြီး နောက်တစ်နေ့ နေ့လယ်မှာပင် ဘုန်းကြီး ကုဋီသွားဝင်ရာ တံခါးကို အပြင်ဘက်က တွန်း ပိတ်ထားသည်တို့မှာ တိုက်ဆိုင်နေသည်။
ထို့ကြောင့် ငမုန်တိုင်းဆရာတော် အမိန့်ရှိလိုက်သလို ထိုတိုင် ကို နုတ်ပြီး မူလရရှိခဲ့သောနေရာ ပင်လယ်ထဲ ပြန်မျှောပစ်လိုက်ကြရာ ဆူညံစွာ အော်ဟစ်ထွက်သွားကြသည်ကို သွားမျှော့သူများ ကြားလိုက်ရ သည်ဟု ဆို၏။
ထိုနေ့ ထိုရက်ကပင် ယခုထိ စကုကျွန်း ဝံလက်မော်ရွာ ကျောင်းတွင် ဘာပြဿနာမှ မပေါ်လာတော့ပေ။
ဤအကြောင်းကို ယခု အသက်(၆ဝ)နှစ်ရှိပြီးဖြစ်သော (ယခင် ပြဿနာဖြစ်စဉ်က (၁၇)နှစ်သား သာမဏေဖြစ်သော) စကုကျွန်း ပိန္နဲချောင်း မင်္ဂလာသူရိယကျောင်း ဆရာတော် ဦးပညာဗလ ကိုယ်တိုင် စာရေးသူအား ပြောပြခဲ့လေသည်။
ဝေယံလင်းခေါင်
Labels: Dhamma - Beliefs, ဓမ္မ - ဂမ္ဗီရ
ဂမ္ဗီရ - ငါးလူလိမ်
သုံးရက် လအကွေးကလေး၏ ဖျော့တော့သော အလင်းရောင် ကလေးသည် ပင်လယ်ပြင်၏ လတာပြင်ပေါ်တွင် ဝိုးတဝါးအလင်းဖြင့် ကျရောက် နေပါသည်။
ညဥ့်ဆယ်တစ်နာရီအချိန် ဖြစ်၍ ကုလားထိပ်ရွာကလေးမှ ရွာသူ ရွာသားများ အိပ်မောကျနေပေသည်။ ဖိုးမောင်တို့ တဲကလေးမှာမူ ပင်လယ် လတာပြင်အစပ်၌ ရှိပြီး ငါးဖမ်းလှေများ ဆိုက်ကပ်ရာကမ်းခြေနှင့် အနီးဆုံးတဲ ဖြစ်ပါသည်။
ဤတဲကလေးမှာ ယခုမှ ဤနေရာ၌ ရှိသည်မဟုတ်။ ဖိုးမောင်တို့ အဖိုးဦးစံမြ လက်ထက်ကတည်းက ဤနေရာ၌ ရှိခဲ့ပါသည်။ ဤနေရာသည် ဒီရေအတက်အကျ ရှိသဖြင့် အချို့သူများက ရွာထဲသို့ ပြောင်းရွှေ့သွားသည့် အတွက် ဖိုးမောင်တို့ တဲတစ်လုံးသာ ကျန်ရှိခဲ့ပါသည်။
ဖိုးမောင်တို့ မိသားစုမှာလည်း ပင်လယ်ပြင်ကို အမှီပြု၍ စားသောက်ရသည့် လုပ်ငန်းဖြစ်သော ငါးဖောင်ချသည့် အလုပ်ဖြင့် အသက် မွေးဝမ်းကြောင်း ပြုခဲ့ကြပါသည်။ အချို့သူများသည် ပင်လယ်ပြင်ကြီး၌ ရှိသော ငါးများကို ဖမ်းယူကာ ပင်လယ်ပြင်ကြီးနှင့် အနီးဆုံးဖြစ်သည့် ဖိုးမောင်၏တဲတွင် ထား၍ အရောင်းအဝယ်ပြုလုပ် ခဲ့ကြပါသည်။ အချို့မှာမူ ငါးဖောင်မှရရှိသော ငါးများကို ဖိုးမောင်တို့တဲနားတွင် ထားရင်း အရောင်း အဝယ် ဖြစ်ခဲ့ကြပါသည်။ နေ့ခင်းဘက်တွင် ဤနေရာမှာ လူစည်ကား သော်လည်း ညဘက်တွင် တဲတစ်လုံးသာ ရှိသည့်အတွက် အထီးကျန်ဆန် လွန်းလှပါသည်။
ဖိုးမောင်တို့ မိသားစုသည် ညရှစ်နာရီတွင် အိပ်ရာဝင်ခဲ့သဖြင့် ညဆယ်တစ်နာရီခန့်တွင် တစ်ရေးနိုးလာခဲ့သည်။ ဖိုးမောင်သည် တပို့တပါး သွားရင်း ပြတင်းပေါက်မှ လတာပြင်သို့ အမှတ်မထင် လှမ်းကြည့်မီပါသည်။
ဝိုးတဝါး အလင်းရောင်အောက်တွင် အရောစိးပ်မည်းသဏ္ဌန်တစ်ခု လှုပ်ရှားနေသည်ကို လှမ်းမြင်လိုက်ရပါသည်။
'' ဟိုက် ဟိုမည်းမည်းသဏ္ဌန်ဟာ လူလား၊ တိရစ္ဆာန်လား အသိဘူး စောင့်ကြည့်ဦးမှပဲ ''
ဖိုးမောင်လည်း မသဲကွဲသည့် အလင်းရောင်အောက်မှ အမျိုး အမည်မသိသော အရိပ်မည်းကြီးကို စောင့်ကြည့်နေခဲ့မီပါသည်။ ထိုမည်းမည်း သဏ္ဌန်သည် တဖြည်းဖြည်း ဖိုးမောင်တို့ တဲဆီသို့ လျှောက်လာသည်ကို တွေ့ လိုက်ရပါသည်။
ဖိုးမောင်သည် ဤသို့သောအချိန်မျိုးတွင် တရွေ့ရွေ့လာနေသူကို သေချာစွာ ကြည့်လိုက်သောအခါ အဘိုးအိုးတစ်ယောက်သဏ္ဌန်မှန်း သိလိုက် ရပါသည်။
'' အဘိုးကြီးဟာ ဒီလောက် ညဥ့်နက်ကြီးမှာ ဘယ်သွားမလို့ ပါလိမ့် ''
ထိုသို့ စဉ်းစားပြီး လှမ်းကြည့်နေစဉ် အဘိုးကြီးမှာ ဖိုးမောင်တို့ တဲရှေ့သို့ တန်းတန်းမတ်မတ်ကြီး ရောက်လာပါတော့သည်။
'' အိမ်ရှင်တို့ အိမ်ရှင်တို့ ''
ထိုသို့ ခေါ် သံကြားလိုက်သဖြင့်
'' ဗျို့ ဘယ်သူတုံး ''
'' ဒါ ကိုစံမြတဲ မဟုတ်လား ''
'' ဟုတ်ပါ့ ဟုတ်ပါ့ ''
ထိုသို့ အဘိုး၏ အမည်ကို ခေါ်၍ ဝင်လာသည့်အတွက် ဖိုးမောင် လည်း အိမ်ရှေ့တံခါးကို ဖွင့်ပေးလိုက်ပါသည်။
'' အဘိုးက ဘယ်သူ့ဆီကို လာတာလဲ ''
'' ကိုမြစံဆီကို လာတာ။ ကိုမြစံ ရှိတယ် မဟုတ်လား ''
ဦးမြစံ မရှိတော့ဘူး။ ဆုံးသွားတာ အနှစ်နှစ်ဆယ် ကျော်ပြီ ''
'ဟေ ကိုမြစံ မရှိတော့ဘူးလား၊ အဘိုးက သူ့သူငယ်ချင်းပါ ''
'' အဘိုး လာပါ၊ အထဲဝင်ပါ ''
ထိုသို့ဖြင့် ဖိုးမောင်လည်း ၄င်း၏အဘိုးဖြစ်သူ ဦးမြစံ၏ သူငယ်ချင်း ဆိုသည့်အတွက် နေရာထိုင်ခင်းများ ပေးပါသည်။ ထိုအဘိုး၏ အနီးတွင် ငါး0x150ှီနံ့များ လှိုင်နေသဖြင့် ၄င်းသည်လည်း တံငါတစ်ယောက်ပင် ဖြစ်မည်ဟု မှတ်ယူလိုက်မီပါသည်။
ထို့နောက် လူစိမ်းအဘိုးအား လက်ဖက်ရည်ကြမ်းအိုးဖြင့် ဧည့်ခံ ရင်း လာရင်းကိစ္စကို မေးခဲ့ပါသည်။
'' အဘိုးက ကျွန်တော့် အဘိုးရဲ့ သူငယ်ချင်းဆိုတော့ ဘယ်သူ များပါလိမ့်၊ အဘိုးရဲ့နာမည်ကလေး တစ်ဆိတ်ပြောပါဦး ''
'' သြော် အဘိုးနာမည်လား ဦးဝေလ ပါ ''
'' အဘိုးက ဘယ်မှာနေတာတုံး ''
'' အဘိုး နေတာက ဟိုးအဝေးကြီးက ရွာတန်းရှည်မှာ နေပါတယ်''
'' အဘိုးရှိတုန်းက ဦးဝေလဆိုတဲ့ သူငယ်ချင်းအကြောင်း တစ်ခါမှ မပြောဖူးဘူး ''
'' စကားမစပ်လို့ နေပါလိမ့်မယ်၊ အဘိုးအသက်ကို ကယ်ခဲ့ ဖူးတယ် ''
'' ဒါနဲ့ အဘိုး ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ ရောက်လာတာလဲ ''
'' လာတုန်းကတော့ စောပါတယ်၊ အဘိုးလည်း သိပ်ပြီး နေမကောင်းတော့ နားနားပြီး လာရတဲ့အတွက် မိုးချုပ်သွားတယ် လူလေးရယ်''
'' သြော် သြော် ဒါထက် အဘိုးဒီကိုလာတာ အကြောင်းကိစ္စ ရှိပါသလား ''
'' လာရင်းကိစ္စကတော့ အနှစ်နှစ် အလလက ကွဲကွာနေတဲ့ သူငယ်ချင်း ကိုမြစံကို သတိရတာရယ်၊ ဟိုးတစ်ခါတုန်းက သူ့ဆီက ယူထားတဲ့ အကြွေးကလေးဆပ်စရာ ရှိလို့ လာခဲ့
တာပါ၊ မရှိတော့ဘူးဆိုတော့လည်း ဆပ်စရာမလိုတော့ဘူးပေါ့''
'' ဒါကတော့ အဘိုးသဘောပါ ''
'' ဒါနဲ့ ငါ့မြေးရယ်၊ အဖိုးလည်း အလွန်ဝေးတဲ့ နေμ လမ်း လျှောက်လာရတဲ့အတွက် ထမင်းဆာလိုက်တာ၊ ထမင်းရှိရင် အဘိုးကို ကျွေး ပါလား ငါ့မြေးရယ် ''
ဖိုးမောင်လည်း နံနက်တွင် ထမင်းကြမ်း စားရန်အတွက် ချက် ထားသည့် ထမင်းနှင့်ဟင်းများ ရှိသဖြင့် ငါးဟင်းနှင့် ငါးပိရည်၊ တို့စရောစားများကို ချပေးကာ ထမင်းကျွေးလိုက်ပါသည်။
ထိုအဘိုးအိုးသည် ငါးဟင်းခွက်ကို မြင်သောအခါ အလန့် တကြားဖြစ်ကာ
'' ငါးဟင်းနဲ့ မစားဘူး၊ အခြားစားစရာ တစ်ခုခုနဲ့ ကျွေးပါ ''
ထို့ကြောင့် ငါးဟင်းအစား အသင့်ပြုတ်ပြီးသားရှိသည့် ကြက်ဥ ကို အခွံနွှာကာ ထည့်ကျွေးလိုက်ပါသည်။ ထိုအဘိုးသည် ကြက်ဥပြုတ်နှင့် ထမင်းကို နယ်ကာ ပလုပ်ပလောင်း စားနေပါသည်။
'' အဘိုး စားလို့ကောင်းရဲ့လား ''
'' အိမ်း ကောင်းသကွယ်၊ ဒါနဲ့ ကိုစံမြ ဆုံးသွားတာ စောလိုက် တာကွယ်၊ တကယ့် သဘောကောင်းတဲ့လူပဲ ''
'' ဟုတ်ပါတယ် အဘိုးရယ်၊ အဘိုး ဦးစံမြတို့ သဘောကောင်း တာ မပြောနဲ့ လူတောင် မဟုတ်ဘူး၊ ငါးကတောင် သူ့ကို ညာသွားသတဲ့ ''
'' ဘယ်လို ဘယ်လို ငါးကတောင် သူ့ကို ဘယ်လိုညာသွား ပါလိမ့် ''
'' အဖြစ်ကတော့ ဒီလိုပါ အဘိုးရယ် ''
ကိုမြစံနှင့် မယ်လှတို့သည် ပင်လယ်ကမ်းခြေရှိ ကုလားကျွန်း ထိပ်ရွာတွင် နေထိုင်ကာ ရေလုပ်သား အဖြစ် အသက်မွေးဝမ်းကြောင်း ခဲ့ပါသည်။ တစ်နေ့သောအခါ၌ ပင်လယ်ပြင်တွင် ပိုက်ချစဉ် ငါးပုစွန်များနှင့် အတူ ထူဆန်းသော ငါးတစ်ကောင်ကို ဖမ်းမီပါသည်။
ထိုငါး၏ဦးခေါင်မှာ လုံးရှည်သော သဏ္ဌန်ရှိပြီး အခြား ငါးများနှင့် မတူသောငါး ဖြစ်ပါသည်။ သို့သော် ညနေစောင်းအချိန်ဖြစ်၍ ပုစွန်များကိုသာ ရွေးပြီး ရောင်းချခဲ့ပါသည်။ ထိုငါးမှာ အမျိုးအမည် မသိသော ငါးပေါက်တစ်ကောင်ဖြစ်၍ ဝယ်မည့်သူကလည်း မရှိသောကြောင့် အိုးထဲတွင် ထည့်လိုက်ပါသည်။
ထို့နေညတွင် ငါးပိုက်ချ၍ ပင်ပန်းသည်ကတစ်ကြောင်း၊ ပုစွန် များကို ရောင်းချသဖြင့် အလုပ်များကာ မောမောပန်းပန်းဖြင့် အိပ်ပျော်သွား ခဲ့ပါသည်။
ထိုညတွင် အိပ်မက်တစ်ခု မက်ခဲ့ပါသည်။ အိပ်မက်ထဲ၌ ၄င်းဖမ်း မီသော ခေါင်းလုံးရှည်ငါးမှ-
'' အမောင် လူသား အမောင် လူသား ''
ထို့သို့ခေဖြင့် ကိုမြစံက အနားသို့သွားသောအခါ '' အမောင်လူသား၊ ကျွန်ုပ်ဟာ ငါးကြီးအမျိုးအစား ဖြစ်ပါတယ်၊ ကျွန်ုပ်တို့ ငါးကြီးမျိုးတွေဟာ ပင်လယ်သမုဒ္ဒရာရဲ့ အနက်ဆုံး အပိုင်းမှာ နေပါတယ်၊ အကြောင်းတစ်ခုရှိလို့ ရေတိမ့်ပိုင်းကို တက်လာခဲ့တာ အမောင် လူသားတို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ''
'' ဒီတော့ ကျုပ်က ဘာလုပ်ပေးရမလဲ ''
ကျွန်ုပ်ကို ပြန်လွှတ်ပေးပါ၊ အမောင်လူသားရဲ့ ကျေးဇူးကို မမေ့ပါဘူး၊ တစ်နေ့မှာ အသပြာများစွာ ပြန်ဆပ်ပါ့မယ် ''
'' အေးလေ ၊ အသင်က ပြန်လွှတ်ပေးပါ ဆိုတော့ ပြန်လွှတ်ပေး ပါ့မယ် ''
ကျေးဇူးပါပဲ၊ ကျွန်ုပ် အသင့်ဆီကို ဆက်ဆက် လာခဲ့ပါမယ် ''
'' ကောင်းပါပြီး ''
ထိုသို့ အိပ်မက်မက်သည့်အတွက် မယ်လှအား နိုးကာ ပြောလိုက် ပါသည်၏။
'' ဟဲ့ မယ်လှ၊ ထစမ်း ထစမ်း ''
'' ဘာတုံးတော့ ''
'' ငါ အိပ်မက်မက်လို့ ''
'' အိပ်မက်မက်တာများ ဆန်းသလားတော် အိပ်ချင်ရတဲ့ အထဲ ''
'' အိပ်ချင်တာတွေ ဘာတွေ လုပ်မနေနဲ့။ မနေ့ညနေက ငါတို့ဖမ်း မီတဲ့ ငါးက ပြောတယ်၊ သူ့ကို လွတ်ပေးပါတဲ့။ အသပြာတွေ ပေးမယ်တဲ့ ''
'' ရှင်စိတ်စွဲလို့ မက်တာ နေမှာပေါ့၊ ငါးက ဘယ်က အသပြာရှိ ရမှာလဲ ''
'' အေးလေ ငါ စိတ်စွဲလို့ ဖြစ်မှာပါ ''
'' ဒါပေမယ် ဒီငါးကို ဘယ်သူမှလည်း မဝယ်ဘူး။ အသက်ရှင်နေ သေးရင် ပြန်လွတ်လိုက်ပါ။ ငါးကလည်း သိပ်လည်းမကြီးပါဘူး ၊ ငါးပေါက် တစ်ကောင်ပဲ။ ဒါပေမယ် ဒီငါးဟာ ငါးကြီးမျိုး ဖြစ်မယ်ထင်တယ် ''
'' အေး ငါလည်း ဒီလိုပဲထင်တယ်။ အိပ်မက်ထဲမှာလည်း ဒီငါးက ငါးကြီးမျိုးလို့ ပြောတာပဲ ''
'' ဒါဖြင့် ငါတို့ သွားကြည့်ရအောင် ''
ထိုသို့ဖြင့် ငါးပေါက်အား သွားကြည့်ရာ အိုးထဲတွင် ကူးခတ်နေ သည်ကို တွေ့လိုက်ရပါသည်။
'' ငါးပေါက်က ရှင်နေသေးတယ် မယ်လှရေ ''
'' ဟုတ်ပါ့တော် ရှင်နေသေးရင် လွတ်လိုက်ရအောင် ''
'' အေးလေ၊ မိုးလင်ရင် လွတ်တာပေါ့ ''
ထိုသို့ဖြင့် မိုးလင်းအောင် စောင့်ပြီး ရောင်နီလာသည်နှင့် တစ် ပြိုင်နက် ပင်လယ်ကမ်းခြေသို့ သွားကာ
'' ငါးပေါက်ရေ၊ ငါ့နာမည် ကိုမြစံ၊ ငါ့မိန်းမ မယ်လှတို့က မင်း ကို လွတ်လိုက်ပြီ။ မင်းကတိအတိုင်း အသပြာတွေ လာပေးနော် ''
ထိုသို့ ပြောဆိုပြီး ပင်လယ်ကမ်းခြေမှ ခါးလယ်လောက်အထိ ရေထဲဆင်းသွားကာ ထိုငါးပေါက်အား ရေထဲသို့လွတ်လိုက် ပါသည်။ ငါးပေါက်သည် ပင်လယ်ဖက်သို့ ကူးသွားစဉ်-
'' ငါးပေါက်ရေ မင်းပြန်လာမယ့် ရက်ကို ငါစောင့်နေမယ်နော် ''
ထိုသို့ အော်ပြောလိုက်သည်။
ငါးပေါက်သည် ပင်လယ်ဘက်သို့ ကူးသွားစဉ် သုံးကြိမ်သုံးခါမျှ ဦးခေါင်ကိုဖော်လိုက်ငုပ်လိုက် ပြုလုပ်ပြီးနောက် ရေထဲသို့ငုပ်လျှိုးပျောက်ကွယ် သွားပါသည်။
ထိုသို့ဖြင့် နှစ်ရှည်လများ ကြာသောအခါ သားသမီးများ ရရှိလာ ခဲ့ပါသည်။ ကိုမြစံသည် ပင်လယ်ပြင်ကို မျှော်ကြည့်ရောစးင်း
'' ငါးပေါက်ရေ မင်းကတော့ ငါ့ကိုညာသွားပြီ။ အသာပြာ မပါရင်လည်း နေပါစေ။ တစ်ခါလောက်တော့ ပြန်လာခဲ့ပါ ငါးပေါက်ရယ် ''
ထိုသို့ ပြောဆိုတက်ပါသည်။
ဤတွင် မယ်လှမှာ
'' ရှင်ကသာ ငါးပေါက်ကို တမ်းတနေတာ၊ ငါးပေါက်ကတော့ တော့်ကိုလိမ်သွားပြီ။အခုထိတစ်ခါမှ ပြန်မလာဘူး၊ အသာပြာဆိုတာကတော့
ပိုပြီးတောင် ဝေးသေး''
''မယ်လှရယ် ပြောမယ့်သာ ပြောရတယ်၊ ငါးပေါက်က အခုဆို ရင် အကြီးကြီးဖြစ်နေရော့မယ်၊ ငါးအကြီးကြီးသာ ပင်လယ်ကမ်းစပ်ကို ရောက်လာရင် ငါးကြီးကိုဖမ်းပြီ သတ်စားကြမှာ။ အဲဒါကြောင့် မလာတာ နေမှာ ''
'' ငါးပေါက်ကို လွတ်ပေးလိုက်ရတာကိုက ကုသိုလ်ရလှပါပြီ။ အိပ်မက်ဆိုတာကတော့ မက်ချင်တာ မက်မှာပဲ ''
'' အိပ်မက်တော့ အိပ်မက်ပဲ၊ အခြားအိပ်မက်တွေနဲ့ မတူဘူး။ တကယ်ပြောနေသလို ထင်ထင်ရှားရှား မက်တာ အိပ်မက်လို့တောင် မထင် ရဘူး ''
သည်လိုနှင့်ပင် ကိုမြစံ၏သား ဖိုးထူး အိမ်ထောင်ကျခဲ့ပါပြီ။ ညနေခင်း မိသားစု စုံသောအခါ ကိုမြစံ ရိုးသားကြောင်းကို ပြောလျှင် ငါးပေါက်အကြောင်း ပါလာတက်ပါသည်။
'' ကိုမြစံတို့ ရိုးပုံကတော့ မပြောချင်ဘူး။ တံငါလုပ်နေပြီး အိပ်မက်ထဲမှာ ငါးက အသာပြာ ပေးမယ်၊ ပြန်လွတ်ပါလို့ ပြောလို့ ပြန်လွတ် ပေးသတဲ့။ အခုထိ ဘာအသာပြာမှ မရဘူး။ ငါးကတောင် လိမ်သွားတာ ''
'' အဲဒီလိုလည်း မဟုတ်ပါဘူး။ အသာပြာ မျှော်လင့်လို့လည်း မဟုတ်ပါဘူး။ စိတ်ထဲကို လွတ်ချင်တဲ့စိတ် ဖြစ်လာလို့ပါ ''
ထိုသို့ ပြောရင်းဆိုရင်း ကိုစံမြတစ်ယောက် ကွန်လွန်အနိစ္စ ရောက်ခဲ့ပါပြီ။ ၄င်းကွယ်လွန်ပြီ အကြာမီတွင် ဖိုးထူး၏ မိန်းမ မသိန်းမြင့်တွင် ကိုယ်ဝန်ရှိခဲ့သည်။ ထိုကိုယ်ဝန်ဆောင်ခါနီးတွင် ကွယ်လွန်သွားသည့် ကိုမြစံ မှာ ၄င်းတို့ထံသို့ရောက်လာပြီး ၄င်းတို့နှင့် တစ်သက်လုံး အတူနေပါမည်ဟု အိပ်မက်မက်ခဲ့ပါသည်။
မသိန်းမြင့် မွေးဖွားလာသောအခါ ထိုကလေးမှာ ကိုမြစံနှင့် တစ်ရုပ်တည်း ဖြစ်နေသည့်အတွက် အဘိုး ဦးမြစံ ဝင်စားတာဟူ၍ ပြောစမှတ် တွင်ခဲ့ပါသည်။
ယခုအခါတွင် ဦးမြစံ၊ မယ်လှသည်လည်းကောင်း၊ ဖိုးထူးနှင့် မသိန်းမြင့်သည်လည်း ကွယ်လွန်သွားကြပြီ ဖြစ်၍ ဖိုးမောင်တို့ လင်မယား နှင့် ကလေးနှစ်ယောက်သာ ကျန်ခဲ့ပါသည်။ ၄င်းတို့မိသားစုမှာလည်း အဘိုး အဘွား လက်ထက်ကတည်းက လက်ငုပ်လက်ရင်းဖြစ်သော ရေလုပ်သား ဂါးသမားဘဝဖြင့် ဆက်လက် လုပ်ကိုင်ရင်း ထိုတဲကလေးတွင် ယခုထက်တိုင် နေထိုင်ခဲ့ပါသည်။
ထိုအကြောင်းအရာ စုံလင်စွာကို ဧည့်သည့် အဘိုးအိုးအား ဖိုးမောင်က ပြောပြပါသည်။ ထိုအခါ အဘိုးအိုမှာ-
''တစ်ခါတစ်လေမှာ အိပ်မက်ဆိုတာကလည်း အဆန်းသားပဲ။ အဘိုးတို့ရဲ့ ဘိုးဘွားများက ပြောဖူးတယ်။ လူသားတွေကို နတ်ကောင်းတွေက တစ်စုံတစ်ခု ပြောချင်ရင် အိပ်မက်ထဲမှာ ပြောကြတယ်လို့ ဆိုတယ်။ ဒါကြောင့် အကုသိုလ်မဖြစ်အောင် ငါးပေါက်ကို လွတ်ခိုင်းတာ နေမှာ။ စေတနာဟာ တစ်နေ့မှာအကျိုးပေးတယ်။ ဒီဘဝ မဟုတ်ရင်တောင် နောင်ဘဝ မှာ အကျိုးခံစား ရမှာပဲ။ ''
'' ဟုတ်ပါတယ် အဘိုးရယ်၊ အဘိုး ဦးမြစံဟာ ဝမ်းစာအရသာ ငါးလုပ်ငန်း လုပ်ပေမယ့် ငါးပေါက်အပေါ်မှာ စေတနာနဲ့ လွှတ်လိုက်တာပါ''
'' စေတနာမှန်ရင် ကံကောင်းမှာပါ။ ဒါပေမယ့် ငါ့မြေးကို တစ်ခု သတိပေးရဦးမယ်။ ဘယ်အရာမဆို မသိရင် မေးပါ။ သေချာစွာ စစ်ဆေးပါ ''
ထိုသို့ နှစ်ဦးသား စကားထိုင်ပြောရင်း ညဥ့်သန်းခေါင်ကျော် အချိန်သို့ ရောက်လာခဲ့ပါသည်။ ဖိုးမောင်သည် အဘိုးအို ပြောသည့် စကားမှာ မည့်သည့်အဓိပ္ပါယ်ဖြင့် ပြောမှန်း မသိချေ။
'' အဘိုး ညဥ့်နက်ပြီ အိပ်တော့နော် ''
ဖိုးမောင်သည် အိပ်ရာခင်းပေးပြီ အဘိုးကြီးအား အိပ်ခိုင်းလိုက် သည်။ ဤတွင် အဘိုးကြီးမှာ-
'' ငါမြေးရယ် အဘိုးရင်ထဲမှာ တစ်မျိုးကြီးပဲ။ အရမ်း အန်ချင်တာပဲ ''
'' အဘိုး ခုနက ထမင်းစားတာ များသွားလို့လားမှ မသိတာ။ ကျွန်တော် နှပ်ပေးမယ်လေ ''
ဖိုးမောင်လည်း ပြောပြောဆိုဆို အဘိုး၏ ကျောကုန်းကို နှပ်ပေး သည်။ ဤသို့ နှပ်ပေးရာ အဘိုး၏ ကျောကုန်းမှာ အလွန်ပင် ပျော့စီစီဖြစ်နေ သည်။ ဖိုးမောင်၏ စိတ်ထဲတွင် အသက် အလွန်ကြီးရင့်သဖြင့် အသားများ ရူံ့တွကာ ပျော့စီစီ ဖြစ်နေသည်ဟု ထင်မီပါသည်။
ထိုသို့ ကျောကုန်းကို နှပ်ပေးသည့်အတွက် အဘိုးမှာ စောစောက စားထားသော အစာများ အန်ထွက်သွားပါသည်။
'' ဝေါ့ ဝေါ့ .... ''
ဖိုးမောင်တို့ တဲတွင် အန်ဖတ်များ ပြန့်ကြဲနေပါသည်။ အဘိုးအို မှာ အန်လိုက်သဖြင့် အတော် မောပန်းသွားပြီး -
'' အားနာလိုက်တာ ငါ့မြေးရယ်၊ ငါ့မြေးကို ဒုက္ခပေးသလို ဖြစ်နေပြီ ''
ရပါတယ် အဘိုးရယ်၊ နေမကောင်း ဖြစ်တာပဲ ဘယ်တက်နိုင်ပါ့ မလဲ ''
ပြောပြောဆိုဆို အဘိုးကြီးအား နှပ်ပေးသဖြင့် မကြာမီ အဘိုးအို ကြီး အိပ်ပျော်သွားပါတော့သည်။ အဘိုးကြီး အန်ထားသည့် အန်ဖတ်များကို ရေဖြင့် လောင်းချလိုက်ရာ ကြမ်းပေါက်ထဲမှ အောက်သို့ကျသွားပါသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ပြီးနောက် ၄င်းလည်း အလွန်အိပ်ချင်သည့်အတွက် တစ်ခဏချင်း အိပ်ပျော်ခြင်းသို့ ရောက်ရှိခဲ့ပါသည်။
နံနက်လင်းသော် အိပ်ရာမှနိုးလာခဲ့ပါသည်။ ဧည့်သည့် အဘိုးအို ကို သတိရ၍ ကြည့်လိုက်သောအခါ ဧည့်သည့်အဘိုးအိုကို မတွေ့ရတော့ပေ။ ထိုအဘိုးကြီးသည် ဤနေရာတစ်ဝိုက်တွင် လမ်းလျှောက်သွားသည့် အထင်နှင့် ၄င်း၏ မိန်းမဖြစ်သူ မနှင်းအေးကို မေးလိုက်ပါသည်။
'' မနှင်းရေ ညကလာတဲ့ ဧည့်သည့်အဘိုးကြီး ဘယ်သွား နေသတုံး ''
'' မသိဘူးလေ၊ မနက်မိုးလင်းလို့ အဘိုးကြီး အိပ်ရာ သွားကြည့် တော့ အဘိုးကြီး မရှိတော့ဘူး။ ဘယ်အချိန်က ထသွားလဲ မသိဘူး ''
'' အဲဒီအဘိုးက ညက အတော်နေမကောင်း ဖြစ်နေတာ ဘယ်များသွားလဲ မသိပါဘူး ''
'' ဟုတ်ပါ့တော်၊ ဘယ်ကလာလို့ ဘယ်သွားမှန်း မသိ၊ ဘယ်ပြန် သွားလို့ ပြန်လည်းမသိ ''
'' အေးလေ၊ အဘိုးကြီး ဘယ်အချိန်ကများ ထသွားပါလိမ့် ''
ထိုသို့ နှစ်ဦးသားပြောကာ လတာပြင်တစ်လျှောက် ဟိုဟိုဒီဒီ ကြည့်ပြီး ပြန်လာစဉ် တဲအောက်တွင် အလွန်ကြီးမားသော အပုံကြီးတစ်ပုံကို တွေ့လိုက်ရပါသည်။ မနှင်းအေးမှ -
'' ကိုဖိုးမောင်၊ တဲအောက်မှာ ဘာအပုံကြီးလဲ မသိဘူး ''
'' အေးဟ၊ ဘာကြီးလဲ မသိဘူး။ နေဦး တုတ်နဲ့ ထိုးကြည့်ဦးမှ ''
ဖိုးမောင်မှာ တုတ်ဖြင့် ထိုးကော်ကြည့်ရာ 0x150ှီစို့စို့ ပျော့အိအိကြီး ဖြစ်နေပါသည်။ ထိုအရာဝတ္ထုမျိုးကို တစ်ခါဖူးမျှ မမြင်ဘူးပေ။ ထိုအရာ ဝတ္ထုများမှာ မည့်သည့်အရာ ဖြစ်မည်နည်းဟု စေ့စေ့တွေးသော်လည်း ရေးရေး မျှ မပေါ်ပေ။
ထိုသို့ တွေးရင်း ညက ရောက်လာသည့် ဧည့်သည်အဘိုးအို၏ စကားကို အမှတ်ရမီပါသည်။
'' စေတနာ မှန်ရင် ကံကောင်းမှာပါ။ ဒါပေမယ့် ငါ့မြေးကို တစ်ခု သတိပေးရဦးမယ်။ ဘယ်အရာမဆို မသိရင် မေးပါ။ သေချာစွာ စစ်ဆေးပါ''
ထိုစကားကို သတိရသွားသည့်အတွက် ဖိုးမောင်သည် ၄င်းအပုံ ကြီးထဲမှ ပျော့အိအိ အနည်းငယ်ကို ဖဲ့ယူပြီး ရွာထဲရှိ ရှေ့မီနောက်မီ အဘိုး ဦးဘမောင်ဆီသို့ သွားရောက်ကာ မေးမြန်းခဲ့ပါသည်။
'' အဘိုး ဦးဘမောင်၊ ဒါ ဘာတွေလဲ၊ အဘိုး သိပါသလား ''
'' မှန်းစမ်း ''
အဘိုး ဦးဘမောင်သည် ဖိုးမောင်ဆီမှ အရာဝတ္ထုကို လှမ်းယူ ပြီး သေသေချာချာ ကြည့်ကာ နမ်းရှူးအကြည့် -
'' ဟ ဖိုးမောင်ရ၊ မင်း ဒီပစ္စည်းကို ဘယ်ကရသလဲ ''
'' ဘာဖြစ်လို့လဲ အဘိုး ''
'' ဒါဟာ အင်မတန် တန်ဖိုးကြီးမားတဲ့ ငါးကြီးအန်ဖတ်ပဲ ''
'' ငါးကြီးအန်ဖတ် ဟုတ်လား ''
'' ဟုတ်သပေါ့ကွယ် တစ်ပိဿကို သိန်းချီပြီး တန်တယ်။ ပြော စမ်းပြောစမ်း ဘယ်ကရသလဲလို့ ''
ဖိုးမောင်မှာ ညက အဖြစ်အပျက် အလုံးစုံကို ပြောပြရာ အဘိုး ဘမောင်မှာ -
'' မင်းရဲ့ တဲအောက်မှာ အလွန်တန်ဖိုးရှိတဲ့ ငါးကြီးအန်ဖတ်တွေ ရောက်နေပြီ။ အဲဒါကို သူများမတွေ့မီ အရင်သွားသိမ်းချေ။ ပြီးရင် မြို့တက် ပြီးရောင်း ''
'' ဟုတ်ကဲ့၊ အဘိုး ဦးဘမောင် ကျေးဇူးပဲ အဘိုး ''
ထိုသို့ ပြောဆိုကာ ဖိုးမောင်တစ်ယောက် တဲဆီသို့ တစ်ချိုးတည်း ပြေးသွားခဲ့ပါသည်။
ထို့နောက် တဲအောက်ရှိ ငါးကြီးအန်ဖတ်များကို သိမ်းကျုံးယူကာ တဲအတွင်းသို့ ပို့ပြီး သိမ်းထားလိုက်ပါသည်။ ငါးကြီးအန်ဖတ်မှာ လူသားများ အတွက် အားဆေးများတွင် အလွန် အသုံးဝင်သည့် အတွက် လွန်စွာ အဖိုး တန်ပါသည်။
ထို့နောက် ရန်ကုန်သို့ တက်လာပြီး ပရဆေးဆိုင်ကြီးသို့ သွား ရောက် ရေောစားင်းချရာ သိန်းပေါင်းများစွာ ရရှိခဲ့ပါသည်။
ထိုသို့ ရရှိခဲ့သဖြင့် ဖိုးမောင်တစ်ယောက် နေ့ချင်းညချင်း သူဌေး ကြီး ဖြစ်သွားပါတော့သည်။ ဖိုးမောင်မှာ နဂိုကပင် စိတ်ရင်းကောင်းသူဖြစ်၍ ဤငွေများဖြင့် ရွာလုံးကျွတ် ထမင်းရည်ချောင်းစီးမျှ အလှူကြီးအတန်ကြီး ပေးခဲ့ပါသည်။
ငါးကြီးအန်ဖတ်ကို အကြောင်းပြု၍ ချမ်းသာသွားသည့် အဖြစ်မှာ လူတစ်သောင်းတွင် တစ်ယောက်မျှ ဖြစ်နိုင်ခဲသည့် ဆန်းကြယ်သော ဖြစ်ရပ် တစ်ခု ဖြစ်ပါသည်။ ဖိုးမောင်နှင့် ပက်သက်၍ ရွာသူရွာသားများ အမျိုးမျိုး ဝေဖန်ပြောဆို နေကြပါသည်။
'' ဖိုးမောင်ဟာ ဧည့်သည်အဖိုးကြီးကို ကောင်းကောင်းမွန်မွန် ပြု စုလို့ နတ်ကောင်းစောင့်မတာ ဖြစ်တယ် ''
'' ဒါမှမဟုတ်ရင် အဘိုး ဦးစံမြဟာ ငါးပေါက်ကို ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ် မဟုတ်လား။ ဒါကြောင့် ဒီငါးဟာ ကြီးလာပြီး သူ့ကတိ အတိုင်း ဖိုးမောင်ကို လာရှာပြီး အသာပြာလာပေးတာ နေမှာ ''
'' ဒါဆို အဘိုးစံမြ လွှတ်လိုက်တဲ့ ငါးဟာ အဘိုးအို ဟန်ဆောင် လာတာများလား မသိဘူး။ ''
'' ဧည့်သည်အဘိုးကြီး ရောက်ခိုက်မှာ ငါးကြီးက လတာပြင်မှာ လာအန်ပြီး ရေတက်လာတော့ တဲအောက်ရောက်လာတာ နေမှာ ''
ကုလားကျွန်းထိပ် ရွာသူရွာသားများလည်း ကိုယ်အတွေးနှင့်ကိုယ် တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာကို ပြောဆိုနေကြပါသည်။
အမှန်မှာတော့ ပင်လယ်ပြင်၏ ထူးဆန်းသော ဖြစ်ရပ်များကို ကျွန်မတို့လည်း နှိုက်နှိုက်ချွတ်ချွတ် မသိနိုင်သည်မှာ အမှန်ပင်။
တောတောင်များ၌လည်း ဖြစ်ရပ်ဆန်းမျိုးစုံ ရှိ၏။ လူသားနှင့် တောတောင်များမှာ မြင်တွေ့ရသဖြင့် နီးစပ်သည်ဟု ဆိုနိုင်ပါသည်။ ရေပြင် ကျယ်ကြီးထဲမှ အဖြစ်သနစ်များက လူသားတို့ မတွေ့မြင်နိုင်ပေ။ ရေထဲတွင် လည်း လူသားများ ကြာရှည်မနေနိုင်သဖြင့် ရေလွှာပြင်မှ ဖြစ်ရောစးပ်ဆန်းများကို တွေ့ကြုံရန် မနီးစပ်ချေ။
သို့သော် ဖိုးမောင်နှင့် ငါးကြီးအန်ဖတ်တို့ ဖြစ်စဉ်မှာ လွန်ခဲ့သော နှစ်ပေါင်း (၃ဝ) ကျော်မှ အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
ဧည့်သည်အဘိုးကြီးနှင့် ငါးပေါက်တို့ ဖြစ်ရပ်အား -
ကုလားထိပ်ရွာရှိ ရွာသူရွာသားများက -
အဖြစ် ယနေ့တိုင် မရိုးနိုင်အောင် ပြောဆိုနေကြပါတော့ သတည်း။
Labels: Dhamma - Beliefs, ဓမ္မ - ဂမ္ဗီရ
ဂမ္ဗီရ - ရေငန်ပိုင်
ခွင့်ယူထားသောရက်ဖြစ်၍ အတွေ့အကြုံရရန်သာဟန်တို့ ငါးဖမ်း လှေဖြင့် ကျွန်တော် လိုက်ပါခဲ့သည်။ ငါးသလောက်ဖမ်းသော လှေဖြစ်သည်။ သိမ်ဇရပ်ကျေးရွာမှ စစ်တောင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး စစ်တောင်းမြစ်ဝရှိ ရန်ကုန်ပေါက်ရွာ မီးပြတိုက်ဘက်အထိ ငါးသလောက်ပိုက် ချကြသည်။ သာဟန်တို့လှေသည် လှေသမားသုံးဦး(ဧည်သည် ကျွန်တော်ပါ ဆို လူငါးဦး) ပါသောလှေဖြစ်၍ အတော်ကြီးသည်။ စားအိုးစားခွက် အပြည့်အစုံ ဆေးဝါးအပြည့်အစုံ ပါသည်။ ပိုက်ဓားပြများရန်ကို ဟန့်တားခုခံ ရန် ငှက်ကြီးတောင်ဓားလည်း ကိုယ်စီပါသည်။ စစ်တောင်းမြစ်တွင် ငါးသလောက်တက်ပုံက ထူးဆန်းသည် ရေထရက်ကိုလိုက်၍ စစ်တောင်းမြို့ ဟောင်းကိုလိုက်၍ ငါးရချိန်၊မုပ္ပလင်၊စွပ္ပနူး၊ကော့ထင်တို့၌ အချိန်ကာလကွဲပြား သည်။ ဥပမာ စစ်တောင်းမြို့ဟောင်းနှင့် သိမ်ဇရပ်ကျေးရွာတို့တွင် မရမ်းသီး ကင်းချိန်၌ ငါးသလောက်အတက်ဆုံး ဖြစ်သည်။ ငါးသလောက်အများဆုံး ဖမ်းမိချိန်မှာ စစ်တောင်းမြို့ဟောင်းရှိ ကျိုက္ကလွန်ပွန်းစေတီဘုရားပွဲ ကျင်းပသည့် တပို့တွဲလတွင် ဖြစ်သည်။ ငါးသလောက်များ ဘုရားဖူးချိန်ဟု ဒေသခံတို့က ပြောစမှတ်ပြုကြသည်။ ငါးသလောက်လောကတွင် စစ်တောင်း ငါးသလောက်သည် နာမည်ကြီးသည်။ မယားဆံတောက်၊ငါး ငါးသလောက် ဟု ဆိုရိုးပြုကြသည်။ စစ်တောင်းငါးသလောက်သည် ရန်ကုန်ငါးသလောက် လို အနံ့မပြင်း၊အဆီမများ၊ကင်စား၍ ကောင်းသည်။ ပေါင်းစား၍ ကောင်း သည်။ တပေါင်လတွင်တက်သော ဇတ်နီဟု ခေါ်သော ငါးသလောက်မှာမူ ရန်ကုန်ငါးသလောက်လို အဆီများသည်။ အနံ့ကတော့ မပြင်း၊စား၍ အရသာ ရှိသည်။ စစ်တောင်းငါးသလောက်ပေါင်းသည် ကျော်ကြားသော ဟင်းမည်တ မျိုး ဖြစ်သည်။
သာဟန်က ငါးဖမ်းသက် ဝါရင့်သလို စစ်တောင်းမြစ် ဗဟုသုတ စုံသည်။ စကားပြောကောင်းသည်။ ကျွန်တော်က သာဟန်တို့ ငါးဖမ်းလှေတွင် လိုက်ရင်း သိလိုသမျှကိုမေး၍ မှတ်သားရသည်။
''ပြောစမ်းပါဦး သာဟန်၊စစ်တောင်းမြစ်နဲ့ပက်သက်ပြီး မင်းတို့ရေ လုပ်သားတွေ ယုံကြည်မှုကို''
သာဟန်က ရေနွေးကြမ်းတခွက်ကို ငှဲ့သောက်ရင်း ပြောသည်။
''တို့စစ်တောင်းမြစ်မှာက ပိုင်ရာဆိုင်ရာတွေ တော်တော်များတယ် ကွ''
''ပြောစမ်းပါဦး သာဟန်''
စစ်တောင်းမြစ်မှာ တံတားခြောက်ကုန်း ရှိတယ်။ အဲဒီမှာ စစ် တောင်းမြစ် အနောက်ဘက်ကမ်းက သုံးကုန်းက မင်းသိတဲ့အတိုင်းပဲ ရေထဲမှာ မရှိတော့ဘူး။ သောင်းထွန်းနေပြီး။ သုံးကုန်းကတော့ ရေထဲမှာပေါ့။ အဲဒီမှာ တံတားအရှေ့ဘက်တိုင်တွေကို စောင့်ရှောက်တဲ့ပုဂ္ဂိုလ်နဲ့ အနောက်ဘက်တံ တားတိုင်တွေကို ရှောက်တဲ့ ပုဂ္ဂိုလ်ချင်း မတူဘူး။ တံတားအနောက် ဘက်ကမ်းမှာ ဘဲဥနဲ့ တင်မြှောက်ပသရတယ်။ တံတားအရှေ့ဘက်ခြမ်းက တံ တားတိုင်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကိုတော့ အရက်နဲ့ တင်မြှောက်ပသ ရတယ်။ အနောက်ဘက်ကမ်းက တံတားတိုင်ကို စောင့်ရှောက်တဲ့ပုဂ္ဂိုလ်က ကုလားလို့ ပြောကြတယ်။ စစ်တောင်းတံတားကြီးဆောက်စဉ်က ကျသေပြီး အစောင့်ဖြစ်နေတာလို့ ပြောတယ်။ စစ်တောင်းတံတား အရှေ့ဘက်တံတားတိုင် ကနေ စစ်တောင်းမြို့ဟောင်း အောက်ဘက်အထိ စောင့်ရှောက်တဲ့ပုဂ္ဂိုလ်က တော့ မြင့်စိုးတဲ့ကွ၊သူက စစ်တောင်းတံတားအောက်မှာ ပိုက်ကွန်ငြိတာကို ဆင်းဖော်ပြီး ရေနစ်သေတာ။ စစ်တောင်းမြစ်ဝဘက်မှာ ရှောက်တဲ့ ပုဂ္ဂိုလ်က စောရန်နိုင်တဲ့။ သူက လက်ဝှေ့သမား၊လှေမှောက်ပြီး သေတာ။ စော ရန်နိုင်ကို ငါးသလောက်မီးကင်ပြီး အရက်နဲ့ ပသရတယ်။ ငါးအရနည်းလို့ ငါးသလောက်မီးကင်ပြီး စောရန်နိုင်ကို ပသလိုက်ရင် ငါးကတော့ဖွေးခနဲ့။ ဖွေးခနဲ့ပဲမောင်။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့အချုပ်က ဦးထွန်လွင်တဲ့။ ဦးထွန်လွင်က ခရွဲလက်ပံသားလို့ ဆိုတယ်။ ဦးထွန်လွင်လူဘဝမှာ ရေနစ်သေတော့ လှေတွေ နဲ့ စစ်တောင်းမြစ်ထဲမှာ ပိုက်ဝိုင်းပြီးအလောင်ကို ရှာတယ်။
အဲဒီအချိန်မှာ ဦးထွန်လွင်အလောင်ဟာ စစ်တောင်းမြစ်လယ်မှာ ဘွားခနဲ့မတ်တပ်ကြီး ပေါ်လာတယ်။ နောက်တော့ ရေထဲပြန်မြုပ်သွားတယ်။ အလောင်ကိုဆယ်လို့ မရဘူး။ အဲဒီအချိန်ကတည်းက ဦးထွန်လွင်ကို တို့ရေ လုပ်သားတွေ ပူဇော်ပသကြတာ၊နတ်ပင့်သည်တွေရဲ့ ပြောစကားအရဆိုရင် စစ်တောင်းမြစ်မှာ ရေငန်ပိုင်ဦးရှင်ကြီးပြီးရင် ပါဝါအရှိဆုံးပဲ။ မင်တို့ အဘိုးဆို ပြီး ပသတဲ့ပုဂ္ဂိုလ်က ဦးထွန်လွင်ကိုပဲလား၊မအူပင်ဘက်မှာတော့ အဘိုးနတ် ဟာ မွန်ဘုရင် သုရှင်တကာရွတ်ပိလို့ခေါ်တယ် တို့စစ်တောင်းမြစ်က အဘိုးက တော့ ဦးရှင်ကြီးနဲ့ သူလက်ထောက် ဦးထွန်လွင်ပဲ။
' အဘိုးကို မင်းတို့ဘယ်လိုပသကြသလဲ'
' အရက်နဲ့ပဲ ပသတယ်၊အရောစးက်တစ်ခွက်တင်ပြီး အဘိုးခင်ဗျာ၊ အဘိုးမလိုအပ်တဲ့ ငါးအိုနာကျိုးကန်းလေးများ သားတိုကိုပေးသနာပါလို့ ပြော ရတယ် '
' ဟ...ဟ၊ဘာဖြစ်လို့ အိုနာကျိုးကန်းတောင်ရတာလဲ၊ တောင်း မယ့်တောင်းရင် ဝေလငါးလိုအကောင်ကြီးတွေတောင်းပေါ့၊ '
' ဖွဖွ အဘိုးခင်ဗျာ၊အမိုက်မဲကို ခွင့်လွတ်ပါ။ ဟေ့ကောင်မဟုတ် မဟတ်တွေ မပြောနဲ့ '
သာဟန်က အဘိုးကိုတောင်းပန်စကားပြောရင်း ကျွန်တော်ကို လှမ်းဟန့်သည်။ ကျွန်တော်လည်း မျက်လုံးပြူးသွားသည်။
' ဘာဖြစ်လို့လဲ သာဟန်၊ '
' မင်းပြောသလို ပြောလို့ ငါသူငယ်ချင်း စိုးမောင်တို့လှေ အကြီး အကျယ်ပြသနာ တက်ခဲ့ဘူးတယ် '
' ပြောပါအုံးသာဟန်၊ '
' စိုးမောင်တို့လှေ ငါးဖမ်းထွက်တော့ လှေထဲမှာမင်းလိုပဲ လေ့လာချင်လို့ လိုက်လာတဲ့၊ စစ်တောင်းစက္ကူစက်က အရာရှိငယ်တယောက် လိုက်လာတယ်၊ သူက ခေတ်ပညာတက်ဆိုတော့ ရေလုပ်တွေယုံကြည်စွဲလမ်း မှုတွေကို လက်မခံဘူးပေါ့ကွာ၊ စိုးမောင်က အဘိုးကိုအရက်တင်မြောက်ပြီး အဘိုးခင်ဗျာ အဘိုးမလိုအပ် အိုးနာကျိုးကမ်းများ သားတို့အတွက်ပေးသနား ပါလို့ တောင်းတော့၊ အဲဒီ အရာရှိပေါက်စကလည်း အရက်တစ်ခွက်နဲ့ အဘိုး ကိုပသပြီး အဘိုးခင်ဗျာ၊ သားကိုတော့ အိုးနာကျိုးကန်းငါး မပေးပါနဲ့၊ သုံး တန်လောက်လေးတဲ့ ငါးကြီးကြီးတကောင်လောက် ပေးပါလို့ တောင်သတဲ့။ အချိန်က ညရှစ်နာရီလောက်ရှိပြီ၊ အဲဒီအချိန်မှာ ငါးကြီးတကောင် ပေါ်လာ တာ အတောင်နှစ်ဆယ်လောက်ရှိသတဲ့၊ မျက်လုံးတွေက ထမင်းစားပန်းကန်း ပြားလောက် ရှိတယ်။ အရောင်ကလည်း နီနီရဲပြီးတောက်ပနေတယ်လို့ ဆိုတယ်။ စိုးမောင်တို့လည်း လန့် ဖြန့် ပြီး ၊ '' အဘိုးခင်ဗျာ အမိုက်အမဲတွေ ကို ဗွေမယူပါနဲ့ လို့ တောင်းပန်ပြီး လှေကို လှော်ပြေးလာရတယ်။ ငါးဆို တစ်ကောင်မှ မရခဲ့ဘူး။ အဲဒီ အရာရောစှးိလည်း ဘယ်တော့မှ ငါးဖမ်းမလိုက်ရဲတော့ ဘူး။
အမှန်ဝန်ခံရလျှင် ကျွန်တော်သည် သာဟန်ပြောစကားကြားလိုက် ၌ အလွန်ထိတ်လန့်သွားမိသည်။ ညကလည်း ကိုးနာရီကျော်ပြီး နေရာကျောက်ကလပ်ရွာ တည်တည်လောက်မှာ၊ ကျောက်ကလပ်ရွာတွင်စံပယ် သည့် ဖောင်တော်ဦးရုပ်ပွားတော်ကို မှန်းဆ၍ ရှစ်ခိုးသည်။ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းသည်။ နမောတေဂါထာကို ထပ်သလဲလဲရွတ်ပွား သည်၊ သာဟန်တို့လှေက ငါးသလောက်သုံးပိသာလောက်ပဲ ရသေးသဖြင့်၊ ဘယ်လိုမဆို ကော့သေးလောက်အထိ စုန်ဆင်းဦးမည်ထင်သည်။ ငါးအရ လိုက်လျှင် မိုးလင်းသွားနိုင်သည်။ သာဟန်ပြောခဲ့သော အတောင်နှစ်ဆယ် လောက်ငါးကြီးက စိတ်ကိုခြောက်လှန့်နေသည်။ စိတ်ပြေလက်ပျောက်အဖြစ် နမောတေဂါထာကို ရွတ်ဆိုရင်း မြစ်0x150ှာပိုင်းရှိ စစ်တောင်းတံတားကြီးဘက်သို့ ငေးမောကြည့်လိုက်သည်။ မှောင်ပျပျတွင် စစ်တောင်းမြစ်ရေအတွင်း တွေရ သော မြင်ကွင်းကြောင့် ကျွန်တော့ရင်ထဲ ဒိန်းခနဲ့ မြည်းသည်။ ပါးစပ်မှလည်း လန့်ဖျပ်အော်မိသည်။
'' သာ သာဟန်၊ တို့လှေနောက်ကို ငါးကြီးတစ်ကောင်လိုက်လာ တယ်၊ ''
'' ဟင် ဘယ်မှာလဲ ဘယ်မှာလဲ ''
သာဟန်နှင့်ကျန်လူများပါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်၊ ဓား ဆွဲသူဆွဲ ဖြစ်ကုန်သည်။ သာဟန်ကပြောသည်
'' လှညွန် လှေကို ထိန်းထားပေးစမ်း၊ ငါ့ကိုလက်နှိပ်ဓားမီး ''
သာဟန်က ငါးတောင့်ထိုးလက်နှပ်ဓာတ်မီးကိုယူပြီး လှေနောက်မှ လိုက်လာသောငါးကြီးကို ထိုးကြည့်သည်။
'' ကပ်လာရင်တော့ မထူဘူး လှ0x150ွန်မှိန်းနဲ့ပစ်ထိုးကွာ ''
လှ0x150ွန်က အောင်တင့်ကို လှေထိန်းခိုင်းသည်။ သူက မှိန်းကို အသင့်ကိုင်သည်။ စိုရင်က ငှက်ကြီးတောင်ဓားကို ကိုင်ထားသည်။ ကျွန်တော် ကတော့ ဘာလုပ်ရမှန်းကိုမသိ။ သာဟန်တို့ လှုပ်ရှားပုံကို ရင်တထိပ်ထိပ်ဖြင့် ကြည့်နေရသည်။ သာဟန်က လက်နှပ်ဓာတ်မီးကိုဆက်တိုက် ထိုးထားသည်။
'' လာပုံက ငြမ်နေတယ် လှ0x150ွန်၊ ငါးမဖြစ်နိုင်ဘူး၊ရေစီးအတိုင် မျောလာတာ ''
'' ဘာဖြစ်မလဲ သေသေချာချာ ကြည့်ပါဦး ''
'' ငါးကြီးမဟုတ်တာတော့ သေချာတယ်၊ အောင်တင့် လှေလည် ကွာ၊ အဲဒီ မျောလာတဲ့ပစ္စည်းနေရာကိုလှော် ''
အောင်တင့်က လှေကိုလည့်ပြီးလှော်သည်၊ သာဟန်က ဓာတ်မီး ထိုးထားဆဲ၊ လှ0x150ွန်က မှိန်းကိုအသင့်ကိုင်ထားသည်။ ကျွန်တော်ကတော့ သူ တို့လှုပ်ရှားပုံကို မျက်တောင်မခတ် ကြည့်နေသည်။ ရင်ထဲမှာတော့တဒိန်းဒိန်း သာဟန် အသံထွက်လာသည်။
'' ဟ... ကော်တာပဲ၊ သစ်တုံးကြီးကွ၊ လှ0x150ွန် မှိန်းကိုကြိုးချည်း ပြီး သစ်လုံးမှာ မှိန်းခိုင်အောင်ထိုး ''
လှ0x150ွန်ကမှိန်းရိုးတွင် ကြိုးချည်သည်။ ထို့နောက် သစ်လုံးနောက် ဖြားကို မှိန်းဖြင့် အားကုန်ဆောင်ထိုးသည်။ အောင်တင့်ကလှေကို ပြန်လှည့်ပြီး သစ်တုံးနောက်လှေကို မျှောလိုက်သွားသည်။ လှ0x150ွန်က ပြောသည်။
'' ရေထဲဆင်းပြီး သစ်လုံးမှာ ကြိုးချည်မလား ''
'' မလုပ်နဲ့လှ0x150ွန် မှိန်းချက်ခိုင်ရင်ပြီးတာပဲ၊ ညဆိုတော့ သစ်လုံး မှာ မြွေရှိမရှိ မသိနိုင်ဘူး၊ ရေမြောသစ်မှာ မြွေပါတက်တယ်။ ''
သာဟန်က အမြော်အမြင်ကြီးစွာပြောသည်။ ကျွန်တော်ရင်လည်း
ငြိမ်အေးသွားသည်။
'' ကဲ အောင်တင့် လှေပြန်လှည့်ကွာ၊ သစ်လုံးဆွဲပြီးပြန်မယ်၊ သည်ညငါးဖမ်းဖို့ မလိုတော့ဘူး။ ကျွန်တုံးဆိုရင်တော့ သစ်တောဌာနကိုအပ် ပြီး ပိုက်ဆံတောင်းမယ်။ တခြားသစ်သားဆိုရင်တော့ တို့အတွက်ပေါ့ ''
လှေကိုပြန်လှည့်ပြီး သစ်တုံးကိုဆွဲလာခဲ့သည်၊သိမ်ဇရပ်ဆိပ်ကမ်း ရောက်တော့ ညဆယ်နာရောစီးခွဲကျော်ပြီး မနက်မိုးလင်း၍ကြည့်တော့ သုံးတန်ခန့် လေးသည့် သစ်ကတိုး တုံးကြီး ဖြစ်နေသည်။အရိုင်တုံးရောင်းဈေးပင်နှစ်သိန်း ခွဲလောက်ရသည်။ သာဟန်ကပြောသည် အဘိုးကစိတ်ချရတယ်၊ ငါမပေးနိုင် ရင်တော့ သစ်တုံးတော့ပေးသေးတယ် ။
ညောင်ခါးရှည် မှိုင်းဝေ
Labels: Dhamma - Beliefs, ဓမ္မ - ဂမ္ဗီရ
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar