EXCERPT FROM http://myhome16.blogspot.com
ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -
၁။ ဒီဟာကတော့ စိုက်ပျိုးရေးအကြောင်း ပြောထားပြီး အခြေခံကျတဲ့ တစ်ခုဆိုတော့ မပြောတော့ဘူး။
၂။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး - အင်း အဲ့ဒီဈေးကွက်စီးပွားရေး ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ Capitalism ကို ပြောတာ။ အဲ့ဒါက Government က စီးပွားရေးကြီးကို လက်ဝါးကြီးအုပ်ပြီး မထိမ်းချုပ်မှ ဖြစ်လာမှာ။ တစ်နည်းပြောရင် အစိုးရမှာ မတရားတာတွေ့ရင် ဖြေရှင်းဖို့ အာဏာဘဲရှိရမယ်။ ဗိုလ်ကျား သစ်နတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် လို့ မရဘူးလေ။ အခုတော့ ကိုယ်ကြိုက်တာလဲ ကိုယ်လုပ်တယ်။ ပေးချင်သလိုပေး။ ယူချင်သလိုယူ။ ဥပဒေမရှိ။ (ဂျောင်း)
၃။ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ် ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး - ဒါကလည်း ကျွန်တော့် အရင် ပိုစ့်မှာ ပြောထားတဲ့အတိုင်း ပညာရေး တံတိုင်း ကြီးတစ်ခု လုံး ရစရာ မရှိအောင် ချိုးနှိမ်ခံရပြီးမှ ပြည်တွင်းက ဘာများရှိဦးမှာလဲ။ ပြည်ပကရော ၀င်ဖို့ ခွင့်မပေးဘူး။ လက်ဝါးကြီး အုပ်ချင်တာကို။ ၀င်ရင်ဖြဲပလိုက်မှာ။ ၀င်ခွင့်ရတဲ့သူတွေ ကလည်း သူတို့ကို လာဘ်ထိုးတား လို့လေ။
၎။ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တို့၏လက်ဝယ်တွင် ရှိရေး - ကဲ ဒါကတော့ ခုနကမှ ပြောနေတုန်း။ အားလုံး သူတို့ပိုင် တာချည်း ဖြစ်နေမှတော့ နိုင်ငံတော်လည်းမပိုင် တိုင်းရင်းသား ပြည်သူတွေနဲ့လည်း မဆိုင်ဘဲ။ ပြောင်းပြင်ရေးသင့်တယ်။ စီးပွားရေးတစ်ရပ်လုံးကို အုပ်စိုးနိုင်မှုစွမ်းအားသည် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၄င်းတို့၏ အပေါင်း အပါများ ၏ လက်ဝယ်တွင်ရှိရေး။ အဲ့လိုပြောင်းမှ တော်ကာကျမှာ။
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Vistors Stats
Wednesday, April 23, 2008
ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -
Labels: ပြည်မြန်မာ, အတွေးအမြင်
Friday, November 9, 2007
အချိန်လေးတော့ပေးလိုက်ပါ
အချိန်ယူလုပ်ဖို့ အကြောင်းအရာ (၁၂) မျိုး
(ဆရာမခင်စောတင့်ရဲ့ "အချိန်လေးတော့ပေးလိုက်ပါ" စာအုပ်ထဲကပါ။ YAMC Forum က Noell တင်ထားတဲ့ Post ကိုတစ်ဆင့် ကူးယူထားတာပါ။)
- အလုပ်လုပ်ဖို့ အချိန်ယူပါ။ အောင်မြင်နိုင်ဖို့ ထိုက်တန်တဲ့တန်ဖိုး ဖြစ်တယ်။
- တွေးဖို့ အချိန်ယူပါ။ စွမ်းအားဖြည့်ဖို့ ဇာစ်မြစ်ဖြစ်တယ်။
- ကစားဖို့ အချိန်ယူပါ။ လူငယ်ဘဝရဲ့ သော့ချက်ဖြစ်တယ်။
- စာဖတ်ဖို့ အချိန်ယူပါ။ အသိပညာအတွက် အုတ်မြစ်ဖြစ်တယ်။
- ယုံကြည်ကိုးကွယ်ရန် အချိန်ယူပါ။ ကြည်ညိုလေးစားခြင်းရဲ့ လမ်းမကြီးဖြစ်တယ်။ ပြီးတော့ သင့်အမြင်ကို ဖုံးကွယ်ထားတဲ့ အမှုန်အမွှားတွေကို ဆေးကြောပစ်တာလည်း ဖြစ်တယ်။
- မိတ်ဆွေတွေကို ကူညီဖို့နဲ့ သူတို့နဲ့ ချစ်ကြည်ပျော်မွေ့ဖို့ အချိန်ယူပါ။ စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် လမ်းစဖြစ်တယ်။
- ချစ်ခြင်းမေတ္တာပေးဝေဖို့ အချိန်ယူပါ။ ဘဝရဲ့ မင်္ဂလာတစ်ပါးဖြစ်တယ်။
- စိတ်ကူးယဉ် အိမ်မက်,မက်ဖို့ အချိန်ယူပါ။ စိတ်ကို ကြယ်တွေဆီအထိရောက်အောင် ပို့ပေးမှာဖြစ်တယ်။
- ရယ်မောဖို့ အချိန်ယူပါ။ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေမယ့် တေးသီဆိုမှုတစ်မျိုးဖြစ်တယ်။
- အလှအပကို ခံစားဖို့ အချိန်ယူပါ။ သဘာဝတရားထဲမှာ နေရာအနှံ့ တွေ့နိုင်ပါတယ်။
- ကျန်းမာရေးအတွက် အချိန်ယူပါ။ ဘဝအတွက် စစ်မှန်တဲ့ ကြွယ်ဝမှုရဲ့ ရတနာသိုက် ဖြစ်တယ်။
- စီမံကိန်းချဖို့ အချိန်ယူပါ။ အထက်ပါ အချက် (၁၁)ချက်ကို အချိန်ယူပြုလုပ်ရန် အချိန်ကို ခွဲဝေပေးနိုင်စွမ်းရှိတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။
Labels: အတွေးအမြင်
Saturday, July 28, 2007
Martyrs' Day - Fading Memories
Ref Photo : kthwe.blogspot.com
Once remembered in young that "Arzarni Nay" was filled with plenty of celebrations, talks, people celebrations with sorrow and a strong sound of "OatAaw" from factories to remind people to pause for a while on the time our leaders was assassinated.
Nowadays, all of these things become faded, that it come to my mind that it was just a dream.
A day before 19 July, I called one of friends in Yangon Office from Thailand. She said that "lucky you called me today, if you call tomorrow I will miss(I know only office number). I asked with suprise "Why, tomorrow is Thursday, you take a leave?" She said "No, tomorrow is "Arzarni Nay". I only just can exclaimed "Ohhh, right, I totally forget".
Even worse, the next day I went to Myanmar side Kawthaung, to meet with one partner. We sat at Tea Shop for the chit chat. He said "I tried to call Yangon(Office) for many times this morning, it rings, but nobody pick up. May be because of bad weather, line is not good". We, the rest 2, smiled and said "Hey you, today is "ARZARNI NAY".
The talks just stop and quiet for a while, only some thoughts passing in the minds of 3 of us. I wondered what my 2 colleages are thinking, but with some feeling, I had never asked them.
Labels: History - Politics, အတွေးအမြင်
Tuesday, July 10, 2007
အာရှစီးပွားရေး အကြပ်အတည်း ၁၀နှစ်ပြည့် အခြေအနေ
Posted July 2nd, 2007 by mirrorboy in Phatpa.com
တရုတ်ပြည်သည် ကမ္ဘာတွင် အလျင်မြန်ဆုံးနှင့် ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနိုင်ငံကြီး ဖြစ်လာနေသည်။ ကျယ်ပြန့်လှသော တရုတ်ပြည်ကြီးတွင် နှစ်စဉ်အလုပ်အကိုင်ပေါင်း ၂၅ သန်း ဖန်တီးရန်လည်း လိုအပ်လာသည်။
တရုတ်ပြည်၏ ကုန်ကြမ်းပစ္စည်းလိုအပ်နေမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း အချိန်ပြည့်တက်နေသည်။ အမေရိကန်နှင့် ကုန်သွယ်ရေး တစ်ဖက်စောင်းနင်း ဖြစ်မှုကြောင့် ဒေါ်လာတန်ဖိုး အနိမ့်ဆုံးစံချိန်ထိ ကျသွားရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးတဟုန်ထိုး ဖွံ့ဖြိုးလာမှုသည် စီးပွားရေးကောင်းမွန်မှု အကြွင်းမဲ့တစ်ရပ်မဟုတ်သလို စီးပွားရေးအရ ချွတ်ချော်တိမ်းပါးမှု ဖြစ်လာပါက မည်သို့ဆိုးဆိုးဝါးဝါး ဖြစ်ပျက်လာနိုင်ကြောင်းကိုလည်း စိုးရိမ်နေကြသည်။
အကယ်၍ အရှေ့အာရှ အကျပ်အတည်းမျိုး နောက်ထပ်ဖြစ်ပေါ်လာပါက မည်သို့ဖြစ်လာနိုင်သနည်းကို စိုးရိမ်နေကြသည်။
ယခင်က အာရှစီးပွားရေး အကျပ်အတည်းကို အခြေခံ၍ အမေရိကန် အိတ်စရတ်ဘဏ်စီးပွားရေး ပညာရှင်များက လေ့လာချက်တစ်ရပ် တင်ပြထားသည်။
ပြီးခဲ့သော အာရှအကျပ်အတည်း ပြဿနာမှာ အစိုးရ၏ ငွေကြေးအကျပ်အတည်း ပြဿနာထက် ပုဂ္ဂလိက အခန်းကဏ္ဍပိုင်းမှ စီးပွားရေး ဖွံ့ဖြိုးမှု ကျိုးပေါက်သည့် ပြဿနာကြောင့် ပိုပြီးဖြစ်ရကြောင်း၊ သို့သော်လည်း ကုမ္မဏီများနှင့် ဘဏ်များမှာ နောက်နှစ်များတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ အာမခံငွေချေးယူမှုများ အထူးသဖြင့် ကာလတိုနိုင်ငံခြား ငွေချေးယူမှုများကို လျော့ချခဲ့ရကြောင်း စီးပွားရေးပညာရှင်များဖြစ်သော ဂျွန်ကယ်ဗာလီနှင့် ကေဗင်ဂရိုက်စ်တို့က ဝေဖန်တင်ပြခဲ့ကြသည်။
လွန်ခဲ့သော ၁၀နှစ် ၁၉၉၇ ဇူလိုင်လ၂ ရက်နေ့က ထိုင်းဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေများ ပြတ်လပ်သွားခဲ့ရချိန်တွင် ထိုင်းဘတ်ငွေကို မဖြစ်မနေ တန်ဖိုးချခဲ့ရသည်။
၎င်းအချိန်သည် ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းတွင် အဆိုးဝါးဆုံးသော ဘဏ္ဍာရေး အကျပ်အတည်းနှင့် စီးပွားရေး ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကျပ်အတည်းကြောင့် ထိုင်း ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့တွင် စီးပွားရေးအကျပ်အတည်းများ ပေါ်ခဲ့ရသည်။
အလားတူ ပြဿနာ တောင်အမေရိကနှင့် ရုရှားတို့တွင်လည်း ကြုံတွေ့ခဲ့ရပြီး စီးပွားရေဂယက်ကြောင့် ရေနံဈေးနှုန်း တဟုန်ထိုးကျဆင်းက ၁၉၉၈ တွင် ရေနံတစ်စည် ၈ ဒေါ်လာနှုန်ထိ ရောက်သွားခဲ့သည်။
ယနေ့အချိန် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကြီးထွားလာမှုများသည် ပို့ကုန်နှင့် ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ GDP တိုးနှုန်းသည် ၁၉၈၇-၉၅ တွင် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အိမ်ယာမြေများ ဈေးကွက်နှင့် စတော့ဈေးကွက်များလည်း ခိုင်မာခဲ့သည်။
သို့သော်လည်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ဖွံ့ဖြိုးမှု ၁၉၉၆-၉၇ နှေးကွေးလာချိန်တွင် ပုဂ္ဂလိကအခန်းကဏ္ဍတွင် ငွေစာရင်းရှင်းတမ်း၌ အားနည်းချက်ကြောင့် ရင်းနှီးမြုပ်နှံသူများ စိတ်ထားရုတ်တရက် ပြောင်းလဲခဲ့သည်။
ထို့ကြောင့် ငွေလုံးငွေရင်းထွက်မှုနှင့် ငွေတန်ဖိုးချရမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား၏ အကြီးမားဆုံးသော ဆမ်ဆောင်းနှင့် ဟွန်ဒိုင်းကော်ပိုရေးရှင်းကြီးများလည်း ၎င်းအကျပ်အတည်း ကြုံခဲ့ရသည်။
IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ကြီးက ကြားဝင်ဖြေရှင်းခဲ့သည်ဟု ဆိုသော်လည်း ပြဿနာမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ ယခုအချိန်တွင်လည်း တောင်ကိုရီးယား ကော်ပိုရေးရှင်းကြီးများ အနေနှင့်စီးပွားရေး တိုးမှုနှုန်းမှာ ၁၉၉၀ ခုနှစ်အောက်တွင်ရှိသည်။
Labels: စီးပွား၊ကုန်သွယ်, အတွေးအမြင်
အရှေ့တောင်အာရှမှာ ရွေးကောက်ပွဲကျင်းပပေးရင် ဒီမိုကရေစီ ရမှာလား
Posted May 19th, 2007 by naynyonyo in Phatpa.com
အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် ဆင်မြူရယ်ဟန်တင်တန် အမည်တပ်ခဲ့သည့် သမိုင်း၏ “ဒီမိုကရေစီ ကျင့်သုံးမှု တတိယလှိုင်း” ကြီးကိုတစ်ချိန်က အရှေ့တောင်အာရှသည် စီးခဲ့ကြသည်။ ၁၉၈၆ ခုနှစ် အဆိုပါလှိုင်းအမြင့်ဆုံး ထိပ်နားအရောက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ့အာဏာ တော်လှန်မှုကြောင့် မာကိုစ်အစိုးရပြေးခဲ့ရသည်။ ၁၉၉၂ တွင် ဆန္ဒပြကန့်ကွက်မှုကြောင့် ထိုင်းစစ်တပ်အာဏာစွန့်ခဲ့ရသည်။ ၁၉၉၈တွင် အင်ဒိုနီးရှားအာဏာရှင် ဆူဟာတိုပြိုလဲသွား သည်။
ယခုနှစ်တွင်ဤဒေသ၌ ရွေးကောက်ပွဲများ ကြွတ်ကြွတ်ဆူနေသည်။ မေ ၁၄ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ကွန်ဂရက်လွှတ်တော်နှင့် ဒေသဆိုင်ရာရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ၎င်းမတိုင်မီ ငါးရက်လောက်က တီမောလက်စ်တီ မဲဆန္ဒရှင်များက တစ်ချိန်က အင်ဒိုနီးရှားတို့် သိမ်းပိုက်ထားမှုကို တွန်းလှန်ခဲ့သူ ဂျိုဆေရာမိုင်ဟိုကာ အား သမ္မတအဖြစ် ရွေးချယ်ခဲ့ကြသည်။
မေလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသားများသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပလိမ့်မည်။ တီမောလက်စ်တီတွင်လည်း ယခုနှစ်ကုန်ပိုင်းလောက်တွင် ပါလီမန်သစ်တစ်ရပ် ရွေးကောက်တင်မြှောက်မည်။ ထို့အတူ ပါဖူဝါနယူးဂီနီ၊ မလေးရှားနိုင်ငံတို့တွင်လည်း ရွေးကောက်ပွဲများ ကျင်းပမည်။ ဒီမိုကရေစီ ထိန်းသိမ်းရန်အတွက် ထိုင်းမှာလည်း ရွေးကောက်ပွဲရက်သတ်မှတ်ထားသည်။ အထင်ကြီးလောက်စရာ ဖြစ်သည်။ သို့သော်လည်း ဤသို့ရွေးကောက်ပွဲများ ကျင်းပပေးခြင်းသည် ဤဒေသ၏ လူဦးရေသန်း ၅၀၀ အတွက် စစ်မှန်သောနိုင်ငံရေး လွတ်လပ်မှု သို့မဟုတ် ၎င်းတို့ရရှိသည့် လွတ်လပ်မှုသည် ယတိပြတ်ပြောင်းလဲသွားခြင်း မရှိဟု ဆိုလိုခြင်းမဟုတ်ချေ။
Labels: အတွေးအမြင်, နိုင်ငံရေး
Tuesday, June 26, 2007
ဦးနှောက် မုန်တိုင်း ဆင်ခြင်း
အိုင်ဒီယာခေတ်
အိုင်ဒီယာ ခေတ်ကြီးကို မဟာ အိုင်ဒီယာ ကွက်လပ်ကြီး တခုနှင့် စတင် လိုက်သည်ဟု ဆိုလျှင် ထူးဆန်း သလို ဖြစ်နေ မည်လား မဆို နိုင်ပါ။ ယုံချင်ယုံ၊ မယုံချင်နေ။ ဤအတိုင်း အမှန်ပင် ဖြစ်ခဲ့ ပါသည်။
၁၉၆ဝ အလွန် နှစ်များ လောက်က ဖြစ်သည်။ ပြင်သစ် နိုင်ငံ၊ ပါရီ မြို့တော် ဆိုဘွန်း တက်ကသိုလ် ရင်ပြင်တွင် လက်ရေး ကြမ်းကြမ်းဖြင့် ရေးထားသော ပိုစတာ တခု ပေါ်လာသည်။ ‘အိုင်ဒီယာသို့ ပါဝါ အပ်လော့’ (All Power to Idea) ဟု ဆိုသည်။ ဤေ0x143ကးကြော်သံဖြင့် ထိုစဉ်က အပြိုင် ဖြစ်နေသော မဟာ အိုင်ဒီယာကြီး နှစ်ခုကို မှတ်ကျောက် တင်လိုက်ရာ အဖြေ တခု ထွက်လာသည်။ ‘မည်သည့် မဟာ အိုင်ဒီယာမှ ပြီးပြည်စုံသော အမှန်တရား မဟုတ်’ ဆိုသော ကောက်ချက် ဖြစ်ပါသည်။ သို့ဖြင့် မဟာ အိုင်ဒီယာ ကွက်လပ်ကြီး တခု ပေါ်လာ သလို အိုင်ဒီယာ သစ်များ အတွက် တံခါး ကျယ်ကျယ် ဖွင့်လိုက် သလိုလည်း ရှိတော့သည်။ ဤသည်ပင် အိုင်ဒီယာ ခေတ်တခု မီး႟ွႃး သန့်စင် လိုက်သည့် အဖွင့် ပြကွက် ဖြစ်ပါသည်။
ဤသို့ ပြည်ဖုံး ကားကြီး ဖွင့်လိုက် သည်နှင့် တပြိုင်နက် ႟ုတ်တရက် အဖြေပေးဖို့ မလွယ်သည့် မေးခွန်း များလည်း လျှံကျ လာသည်။ အိုင်ဒီယာ၏ မူလ အစသည် ဘာလဲ။ အိုင်ဒီယာ ကောင်းတွေ ဘယ်က လာသလဲ။ ပိုကောင်းတဲ့ အိုင်ဒီယာ တွေရဖို့ ဘယ်လို ဖန်တီး ကြမလဲ။ နှစ်ပေါင်း ၃ဝ ကျော် လာသည့်တိုင် တိတိပပ အဖြေ မပေး နိုင်သေးသည့် ပုစ္စာများ ဖြစ်ပါသည်။
ဦးနှောက် မီးပွိုင့်
‘အိုင်ဒီယာသည် ဦးနှောက်၏ ထွက်ကုန်’ ဟု အကြမ်း အားဖြင့် ယူဆ နိုင်သည် ဖြစ်ရာ ပထမဆုံး အဖြေ ရှာကြ သူများ ထဲတွင် ‘ဦးနှောက်နှင့် အာ႟ုံကြော ပါရဂူများ’ (Neurologists) များပါ ဝင်လာ ပါသည်။ ကာလီ ဖိုးနီးယား တက်ကသိုလ်မှ ပါမောက္ခ ‘ဗွီအက်(စ်)ရမ် အချန်ဒရန်’ ၏ အလိုအရ အိုင်ဒီယာ ဖန်တီးရေးသည် Synesthesia ဆိုသော အခြင်းအရာနှင့် ဆက်စပ် နေသည်ဟု ဆိုပါသည်။ လူတွင် ရှိသော အာ႟ုံခံ ကိရိယာ များကို အပြောင်းအလဲ လုပ်ကြည့်ခြင်းဟု နားလည် ရပါသည်။ ဥပမာ - ရနံ့နှင့် ဆိုင်သော လှုံ့ဆော်မှု တခုကို ဂန္ဓာ႟ုံနှင့် မချည်း ကပ်ဘဲ ႟ူပါ႟ုံနှင့် ခံစား ကြည့်ခြင်းမျိုး ဖြစ်သည်။ ပန်းတပွင့် မွှေး မမွှေးကို နမ်းမကြည့်ဘဲ အရောင်အသွေးကို ကြည့်ပြီး အကဲ ဖြတ်သည့် သဘော ဖြစ်ပါ လိမ့်မည်။ ဤ အတွေ့အကြုံ မျိုးကို ပန်းချီ ဆရာများ၊ ဂီတ ဆရာ များနှင့် ကဗျာ ဆရာ များက သာမန်လူထက် ၆ ဆမှ ၇ ဆထိ ပိုစွမ်း သည်ဟု ဆိုသည်။
ဤ တွေ့ရှိချက် မှစ၍ အိုင်ဒီယာ၏ မွေး သမိခင်ဟု ဆိုနိုင်သော ‘တီထွင် ဖန်တီးမှု’ (Creativity) ကို ဤသို့ အဓိပဍ္ဎာယ် ဖွင့်လိုက်သည်။ ‘အဆက်အစပ် မရှိဟု ယူဆ ရသော အရာ များကို ဆက်စပ် ပေးလိုက်ခြင်း သည်ပင် တီထွင် ဖန်တီးမှု ဖြစ်၏’ (Linking Seemingly Unreleated Things) ဟု ဆိုပါသည်။ ဤ နေရာတွင် ‘တွေ့ရှိချက်’ ကို အခြေခံသော သိပဍ္ဎံ သမား များထက် ‘စိတ်ကူး’ ကို အာ႟ုံ 0x150ွတ်တတ်သော အနုပညာ သမားကို ပို အမှတ် ပေးထားသည်။ ထက်သန်သော စိတ်ကူးက ‘ဦးနှောက် အကန့်များ’ (Brain’s lobs) ကို လမ်းဖောက် ဆက်သွယ် ပေးနိုင် သည်ဟု ဟောပါသည်။ အဆိုပါ ဦးနှောက် အကန့်များ အကြားမှ ‘မီးပွိုင့်’ များက အချက်အလက်ကို ‘အနီ’ ပြပြီး စိတ်ကူးကို ‘အစိမ်း’ ပြသည်ဟု ဆိုသည်။ အချက်အလက် များက ကန့်သတ် စဉ်းစား တတ်ပြီး စိတ်ကူးက စီးမျော တတ်သည့် သဘောဝ ရှိသည်ဟု ဆိုလို ချင်ဟန် ရှိပါသည်။
သို့ဖြင့် အိုင်ဒီယာ ထုတ်လုပ်ရေး အတွက် ပထမ လိုအပ်ချက်ကို ရရှိ လိုက်သည်။ ‘စိတ်ကူးကို လွှတ်ထားလိုက်’ (Free The Fancy) ဟူ၏။
အလွတ်ဇာတ်တိုက်ခြင်း
အိုင်ဒီယာ ရှာပုံတော်၏ ဤအဆင့်တွင် ပါဝင် လာသူမှာ ႟ူပဗေဒ ပညာရှင် (Physicist) တဦး ဖြစ်သော ‘ပါသာမီထရာ’ ဆိုသူ ဖြစ်သည်။ ႟ူပဗေဒ သမား ဆိုသော်လည်း မီထရာမှာ ႟ုပ် အစွဲကြီးသူ မဟုတ်ပါ။ အကြမ်းထည် ႟ုပ်များက တိကျ သော်လည်း ရေရှည် မခံသည့် အမှန် ကိုသာ ပေးစွမ်းသည်။ ဖမ်းဆုပ်ဖို့ ခက်နိုင် သော်ငြား ရေရှည် အသုံးတည့် နိုင်မည့် ‘စီးမျော အမှန်’ (Floating Truth) အတွက် ဆိုလျှင် ႟ုပ်နု ႟ုပ်ကြည်များ ကိုသာ အားကိုး ရလိမ့်မည်ဟု ဆိုသည်။ သူပြောသော ႟ုပ်နု ႟ုပ်ကြည်မှာ ‘ဦးနှောက် လှိုင်းများ’ (Brain Waves) ဖြစ်ပါသည်။
ဆက်လက်ပြီး ဦးနှောက် လှိုင်းများ၏ သဘာဝကို အဓိပဍ္ဎာယ် ဖွင့်ပြန်ရာ ႟ူပဗေဒ ဆရာ၏ ႟ုပ် မဆန်သော ကဗျာ အတွေးများကို ရရှိ လိုက်သည်။ ဦးနှောက် လှိုင်းများကို အမိန့်ပေး စေခိုင်း၍ မရပါ။ သူတို့က ဖိစီးမှုကို မုန်းသည်။ လွတ်လပ် ပေါ့ပါးသော စိတ်နှင့်မှ သွက်သွက်လက်လက် ကစား ချင်တတ်သည်။ ထို့ထက် တိကျမှု နှင့်လည်း သဟဇာတ မဖြစ်ဟု ဆိုပါ သေးသည်။ တိကျမှုက လှိုင်း အလျားကို တုံးတိတိ ဖြတ်ပစ်သည်။ စိတ်ရှိ လက်ရှိ ကွန့်မြးခွင့် မရ။ မရေရာမှု ကသာ လှိုင်း အလျားကို ဆန့်ထုတ် နိုင်သည်။ လှိုင်းအလျား ရှည်လေ၊ စိတ်ကူးခွင် ကျယ်လေ၊ အိုင်ဒီယာ ထွက်လေဟု ဆိုပါသည်။ 'ကဋ္ဋန်တော် ဦးနှောက်တွေ ဝန်ပိသလို ဖြစ်လာရင် ကဋ္ဋန်တော်တော့ ႟ုပ်ရှင် တကား ကြည့်ပစ် လိုက်တယ်။ ဒါမဟုတ် သီချင်း တပုဒ် အော်ဆို လိုက်တယ်။ ဒါမှမဟုတ် ကဗျာ တပုဒ် ကောက်ဖတ်တယ်။ ဘာရယ် မဟုတ်ပါဘူး။ အဖိခံ ထားရတဲ့ ဦးနှောက်ကို ‘ဆွ’ လိုက်တာပါ။' မီထရာ၏ အလိုအရ အကောင်းဆုံး ဦးနှောက် ဆွနည်းမှာ အယူအဆ မတူသူ များနှင့် စကားစမြည် ပြောခြင်းဟု ဆိုသည်။ 'ကိုယ့်ဖာသာ သေချာ နေ႟ုံနဲ့ ဘာလုပ် မလဲဗျာ။ ပျင်းစရာကြီးပါ။ ငြင်းဖော် ငြင်းဖက်ကို ရန်သူ လိုတော့ မမြင်လိုက်နဲ့။ သူငယ်ချင်းလို သဘောထား၊ မေတ္ဈာနဲ့ ဆက်ဆံ ပေါ့ဗျာ …' ပြောရင်းမှ သူက ဥပမာ တခု ပေးပါသည်။ Jam Session ဟု ဆိုသည်။ ‘ဂျပ်(စ်) ဂီတ သမားများ အလွတ် ဇာတ်တိုက် ကြသလို’ ဟု အဓိပဍ္ဎါယ် ရသည်။ ဂျပ် (စ်) ဂီတ ဖြစ်၍ လွတ်လပ်သည်။ အလွတ် ဇာတ်တိုက်ခြင်း ဖြစ်၍ မှားမှာ ကြောက်စရာ မလို …။ ရည်႟ွယ်ချက်က ပိုလှသော သံစဉ်ရှာရေး …။
သို့ဖြင့် ဒုတိယ လိုအပ်ချက်ကို ရလိုက်သည်။ ‘မေတ္ဈာဖြင့် ဒိုင်ယာလော့ပါ’ (Dialogue with love) ဟူ၏။
လက်ခုပ်သံ မလို
အိုင်ဒီယာဖြင့် လက်တွေ့ အလုပ် လုပ်နေ ကြရသော ‘ဘိဇနက် သမားများ’ Business Men လည်း စကားဝိုင်းထဲ ဝင်လာရာ ပွဲမှာ ပိုစည် လာတော့သည်။ Honeywell International Inc မှ ဥက်ကဋ္ဌဟောင်း ဖြစ်သူ ‘လောရင့်ဘော့စီဒီ’က အိုင်ဒီယာကောင်း ဖန်တီးရေး အတွက် လိုအပ်ချက် တခုကို ဤသို့ ဖြည့်စွက် ပြောသည်။ သူ ဖြည့်စွက် လိုက်သည်က ‘ထော်လော်ကန့်လန့် တွေးတတ်ခြင်း’ (Rebel Thinking) ဟု ဆိုသည်။ 'ကျုပ်တို့ ဘိဇနက် လောကက ထော်လော်ကန့်လန့် တွေးတတ်တဲ့ လူမျိုးကို မကြိုက်ဘူးဗျ။ အဲဒါ မှားတယ်။ မရေရာမှုနဲ့ နပမ်း လုံးနေ ရတဲ့ ခုလို ကာလ မျိုးမှာ ထော်လော်ကန့်လန့် တွေးပါမှ တန်ရာ ကျမယ်'။
သူက တဟုန်ထိုး အောင်မြင်မှု ရလာသည့် သုတေသန အဖွဲ့လေး တခု အကြောင်းကို သာဓက တင်ပြသည်။ ‘မိုးသောက်ကြယ်’ (Morning Star) ဆိုသော ရင်းနှီး မြၟုပ်နှံ့မှု ဆိုင်ရာ သုတေသန အဖွဲ့လေး ဖြစ်ပါသည်။ ဤ အဖွဲ့လေးကို ၁၉၈၄ ခုနှစ်က ချီကာဂို မြို့ရှိ တိုက်ခန်း ကျဉ်းလေး ထဲမှ စတင် ခဲ့သည်။ အဖွဲ့ဝင် ဆို၍ စတင် ထူထောင်သူ ‘ဂျိုးဇက် မန်ဆူတို’ အပါအဝင် နှစ်ယောက် သုံးယောက် မျှသာ ရှိသည်။ ယခုတော့ ဝန်ထမ်း အင်အား ၈ဝဝ မျှ ပါဝင်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လှုပ်ရှား နေသည့် ‘သုခမိန် အဖွဲ့ကြီး’ (Think Tank) ဖြစ်နေ ပါပြီ။ ဤ အဖွဲ့ကြီး၏ ဝန်ထမ်း သစ်များ ခေါ်သည့် ကြော်ငြာမှာ သူများနှင့် မတူ။ တမူ ထူးသည်။ ‘အဖြောင့် စဉ်းစားသူများ လျှောက်ထားရန် မလို၊ ကွေ့ကွေ့ကောက်ကောက် စဉ်းစား တတ်သူ များသာ အလို ရှိသည်’ ဟူ၏။ (No Linear Thinkers, Just Non-Linear Thinkers) ဟု ကြော်ငြာသည်။
အဆိုပါ အဖွဲ့၏ ဥက်ကဋ္ဌ ဖြစ်သူ ဂျိုးဇက် မန်ဆူတို၏ စကား တွင်လည်း စဉ်းစားဖွယ်ရာများ ပါလိမ့်မည် ထင်သည်။ သူက စီအီးအို အစည်းအဝေး များနှင့် ပတ်သက်သော သူ့အမြင်ကို ဤသို့ ပြောပါသည်။ 'အစည်းအဝေး တွေမှာ ကဋ္ဋန်တော် အကြောက်ဆုံးက လက်ခုပ်သံ ပဲဗျ။ ကဋ္ဋန်တော်လည်း မိန့်ခွန်းေ0x144ခပြီးရော လက်ခုပ်တွေ တဖြောင်းဖြောင်း တီးပြီ ဆိုရင် သွားပြီ။ ဒီ လက်ခုပ် သံက ကဋ္ဋန်တော်တို့ အဖွဲ့ နိဂုံး ချုပ်တော့မယ့် မရဏ မောင်းသံပဲ။ ကဋ္ဋန်တော် မျှော်လင့်တာက ကဋ္ဋန်တော် မိန့်ခွန်းကို ကန့်ကွက် ႟ှုံချမယ့် ဝေဖန်သံ လေဗျာ။ ဒါမျိုး တုန့်ပြန်မှ ကဋ္ဋန်တော် လိုချင်တဲ့ စုပေါင်း အိုင်ဒီယာကို ရမှာပေါ့။ လက်ခုပ် တီးဖို့ အတွက်တော့ ကဋ္ဋန်တော် သူတို့ကို လခ ပေးမထား နိုင်ဘူး' ဟူ သတတ်။
သို့ဖြင့် အိုင်ဒီယာ ဖန်တီးရေး အတွက် နောက်ထပ် ဖြည့်စွက်ချက် တခု ရလာ ခဲ့ပါသည်။ ‘ဖောက်ထွက် စဉ်းစား’ (Break through Thinking) ဟူ၍ ဖြစ်ပါ၏။
လိပ်ပြာနှင့် ပိတုန်း
ဘိဇနက် လောကကို ကျော်၍ ရေပန်း စားလာသော ဝေါဟာရ တခု ရှိပါသည်။ Brainstorming ဟူ၍ ဖြစ်သည်။ အစည်းအဝေး တက်ရောက် သူများ ထံမှ အိုင်ဒီယာ သစ်များ ထွက်လာရန် ဖန်တီးသည့် နည်းလမ်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက် အိုင်ဒီယာ သစ်များ ထွက်လာရန် ဖန်တီးသည့် နည်းလမ်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက် အိုင်ဒီယာ များကို ထိပ်တိုက် တွေ့စေခြင်းဟု နားလည် ရသည်။ ဦးနှောက် မုန်တိုင်း ဆင်ခြင်းဟု တိုက်႟ိုက် ပြန်ဆို နိုင်ပါလိမ့်မည်။ ‘မုန်တိုင်းဆင်’ ဆို၍ စကားလုံးက ကြမ်းသယောက်ယောင် ရှိချင် ရှိမည်။ စင်စစ် မကြမ်းပါ။ တကယ့် အနုပညာ စစ်စစ် ဖြစ်ပါသည်။ ပေါင်မုန့်ကို ဓားထက်ထက်ဖြင့် လှီးသည့်တိုင် အားလုံး ခွဲဝေ စားဖို့ ဖြစ်သည်။ အစဉ်အလာကို ဖောက်ထွက် စဉ်းစား သည့်တိုင် ပိုကောင်းသော အစဉ်အလာသစ် တခု ဖန်တီးဖို့ ဖြစ်သည်။ တဦးနှင့် တဦး အရေခွံ ခွာကြ သည့်တိုင် မေတ္တာ မပျက် ဆက်ဆံရေး ဖြစ်သည်။ ဤသို့ ဆန့်ကျင် ဘက်များ ပြည့်လျှမ်း နေသည် ဖြစ်၍ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်း ‘မိုဟာမက် အလီ’ ၏ စကား တခွန်းကို အမှတ်ရ စရာ ဖြစ်လာသည်။ ‘အလီ’ က သူ၏ ဗျဟြာကို ‘လိပ်ပြာလေး လိုဝဲ၊ ပိတုန်းလေးလို တုပ်’ ဟု ဖွင့်သည်။
ဦးနှောက် မုန်တိုင်း ဆင်ခြင်း ကလည်း လိပ်ပြာလေးလို ဝဲပါသည်။ ပိတုန်းလေး လိုလည်း တုပ်တတ် ပါသည်။ တခုပဲ ကွာသည်။ ‘အလီ’ ၏ ရည်႟ွယ်ချက်က ပြိုင်ဘက်ကို နောက်ကောက် ချဖို့ ဦးနှောက် မုန်တိုင်း ဆင်ရာတွင် ပြိုင်ဘက် မရှိပါ။ လုပ်ဖော် ကိုင်ဖက်သာ ရှိပါသည်။ သို့ဖြင့် ပိတုန်းလေးလို တုပ်ရ မည်မှာ မိမိ၏ လုပ်ဖော် ကိုက်ဖက်ကို မဟုတ်။ အိုင်ဒီယာ ဟောင်းကို နောက်ကောက် ချဖို့သာ ဖြစ်ပါသည်။
ကျော်ဝင်းရဲ့ 'ဦးနှောက် မုန်တိုင်း ဆင်ခြင်း' The Art of Brainstorming by Robert Barker စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
Ref: (၇) ရက်၊ သတင်းဂျာနယ်။ ၇၊ နိုဝင်ဘာ၊ ၂ဝဝ၂။
Labels: Ideas - Opinions, အတွေးအမြင်
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar