အောင်ဇော် | ဇွန် ၆၊ ၂၀၀၈ -The Irrawwady
အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်၏ အကြီးအကဲ ရောဘတ်ဂိတ် (Robert Gate) က မြန်မာနိုင်ငံ၏ မုန်တိုင်း ကပ်ဘေးဒဏ်သင့် ပြည်သူများကို အမေရိကန်စစ်သင်္ဘောများက ၀င်ရောက်ကူညီပေးရန် ခွင့်မပြုခဲ့ခြင်းအပေါ် မြန်မာ စစ် အာဏာပိုင်များအနေဖြင့် နားပင်းနေသည်၊ မထုံတက်တေးနေသည်ဟု စွပ်စွဲခဲ့သည်။ ဤသို့ ဖော်ပြပြောဆိုခဲ့ချက်က မှား ယွင်းနေပါသည်။
မြန်မာနိုင်ငံကို သက်ဦးဆန်ပိုင်ဆန်ဆန် အုပ်ချုပ်နေသည့် စစ်ဘုရင်များသည် နားပင်းနေခြင်း၊ မထုံတက်တေးနေခြင်း မဟုတ်ပါ။ အမှန်တွင် နိုင်ငံရေး အတွင်းကြေဒဏ်သင့်ခံထားရသည့် ၎င်းဗိုလ်ချုပ်များက စိုးရိမ်ကြောက်ရွံ့နေကြခြင်းဖြစ်ပြီး၊ သူတို့ကိုယ်သူတို့ အရေးပါနေသည်၊ သူတို့သာ တိုင်းပြည်အာဏာကို စွန့်လွှတ်လိုက်ပါက နိုင်ငံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သည်ဟူသည့် ထင်တလုံး ဘ၀င်ဖြင့် နေထိုင်နေကြခြင်း ဖြစ်သည်။
အချို့သော လေ့လာသုံးသပ်သူများကလည်း အလားတူ ဖော်ပြခဲ့ကြပါသည်။ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို အမေ ရိကန် စစ်သင်္ဘောများက ကယ်ဆယ်ခွင့် ငြင်းပယ်ခံရသည့် ယခုကိစ္စသည် ကိုလိုနီအတိတ်နှင့်သော်လည်းကောင်း၊ လက်ရှိ ဗိုလ်ချုပ်များ ကိုင်စွဲထားသည့် နိုင်ငံခြားသား မုန်းတီးရေး အယူအဆများနှင့် လားလားမျှ ပတ်သက်ခြင်း မရှိပါ။
မြန်မာ စစ်ဗိုလ်ချုပ်များ စိုးရိမ်ကြောင့်ကြနေသည့်ကိစ္စမှာ အကယ်၍ အမေရိကန်စစ်သင်္ဘောများနှင့် နိုင်ငံခြားတပ်ဖွဲ့များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကပ်ဘေးသင့်ပြည်သူများကို ၀င်ရောက်ကယ်ဆယ်ရန် ၀င်ခွင့်ပြုလိုက်ပါက၊ လူထု များက သူတို့အားကိုးနှင့် အုံကြွဆန့်ကျင်လာကြပြီး စစ်အစိုးရကို ဖယ်ရှားလိုက်မည်ကို စိုးရိမ်နေခြင်းပင် ဖြစ်သည်။ ဤအကြောက် တရားကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် စစ်အုပ်စုက အမေရိကန်များကို ၀င်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။
အမေရိကန်တို့က လူသားချင်းစာနာမှုကိစ္စသက်သက်ဖြင့်သာ ၀င်ရောက်လာခြင်း ဆိုသည်ကို မြန်မာစစ်ဗိုလ်ချုပ်များက အမှန်တကယ် စိတ်ထဲတွင် ယုံကြည်ထားနိုင်ပါသည်။ သူတို့ မယုံကြည်သည်က သူတို့၏ လူထုများကိုယ်တိုင်ကိုပင် ဖြစ် သည်။ ၀င်ရောက်လာကြသည့် နိုင်ငံခြားတပ်ဖွဲ့များကို မြန်မာလူထုက အားကိုး၍ အုံကြွနိုင်ပြီး စစ်အစိုးရ၏ နောက်ဆုံးနေ့ များ ဖြစ်သွားနိုင်ပါသည်။
ဆိုကြပါစို့။ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်လာကြသည့် အမေရိကန် ကမ်းတက်တပ်ဖွဲ့များနှင့် ၀န်ထမ်းများကို စိတ်ပျက်အားငယ်နေကြသည့် ပြည်သူများက သောင်းသောင်းဖြဖြ လက်ကမ်းကြိုဆို၍ သူတို့မုန်းနေကြသည့် နေပြည် တော်ရှိ စစ်အစိုးရကို ဖြုတ်ချပေးရေး တိုက်တွန်းကြမည့် အနေအထားကို မြင်ယောင်ကြည့်နိုင်ပါသည်။ ကယ်ဆယ်ရေး တာဝန်ဖြင့် ၀င်လာကြမည့် တပ်များက ချက်ချင်းဆိုသလို အစိုးရပြောင်းလဲရေး ဆောင်ရွက်မည့် အင်အားစုများ ဖြစ်လာ နိုင်ပြီး၊ သန်းရွှေစစ်အစိုးရကို ဆန့်ကျင်ကြမည့် လူထုအုံကြွမှုကို ထောက်ခံပံ့ပိုးပေးမည့် အင်အားစုများ ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း စစ်အစိုးရအနေဖြင့် USS Exxes က ဦးဆောင်လာသည့် အမေရိကန်စစ်သင်္ဘောများကို ကြောက်ရွံ့နေရန် အကြောင်း မရှိပါ။ သူတို့ ပြန်ထွက်ခွာသွားကြပြီ ဖြစ်သည်။ အကူအညီ ကုန်ချိန် တန် ၁,၀၀၀ ကျော် တင်ဆောင်ထားသည့် ပြင်သစ်စစ်သင်္ဘော မစ် (စ်) ထရယ် (Mistral) လည်း မြန်မာ့ရေပိုင်နက်အနီးမှ ခွာ၍ သွားခဲ့ရပါသည်။ သူတို့က မုန်တိုင်း ဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ ကြရသည့် ပြည်သူများကို ကုန်ပစ္စည်းများ တိုက်ရိုက်ချပေးခွင့် မပြုခဲ့သည့် မြန်မာအစိုးရ၏ သဘောထားအပေါ် အံ့သြ တုန်လှုပ်မိကြောင်း ပြောဆိုခဲ့သေးသည်။
ယခုရှိနေသည့် အမေရိကန်ရေတပ်ရေယာဉ်များတွင် ကမ်းတက်ရေယာဉ် ၃ စီးပါဝင်ပြီး၊ ကုန်ပစ္စည်းကြီးများ တင်ချနိုင်သည့် ရဟတ်ယာဉ်ကြီး ၂၂ စီး ပါဝင်သည့် USS Essex စစ်သင်္ဘောကြီးလည်း ရှိနေပါသည်။ ထိုမျှမက အခြားကမ်းတက် ယာဉ် ငယ်များလည်း ရှိနေကြပါသည်။ အမေရိကန် စစ်ရဟတ်ယာဉ်များကိုလည်း မြန်မာ့လေပိုင်နက်အတွင်း ပျံသန်းခွင့်ကို ငြင်းပယ်ခဲ့သော်လည်း၊ ထိုင်းနိုင်ငံ အူတာပေါင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အကူအညီပစ္စည်းများ သယ်ပို့ပေးရန် စီ-၁၃၀ အမျိုးအစား ကုန်တင်လေယာဉ်အချို့ကို ခွင့်ပြုခဲ့ပါသည်။ ဤအနေအထားကပင် စစ်အစိုးရ၏ ခွဲခြားကျင့်သုံးနေသည့် မူဝါဒကို သိသာထင်ရှားစေပါသည်။
အရပ်သား အကူအညီပေးရေးဝန်ထမ်းများကိုသာ မုန်တိုင်းသင့်ဒေသများတွင် ခွင့်ပြုမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက ဆိုခဲ့ပါသည်။ သို့သော် ဤနှုတ်ကတိကိုပင် အပြည့်အ၀ လိုက်နာဖြည့်ဆီးပေးခြင်း မရှိသေးပါ။
စစ်အစိုးရ၏ ယခုအပြုအမူကို "ရာဇ၀တ်မှုသင့်စေသည့် လျစ်လျူရှုမှု" ဟု ရောဘတ်ဂိတ်က ဖော်ပြစွပ်စွဲခဲ့ပြီး၊ မြန်မာစစ် အစိုးရထံသို့ ၁၅ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့သည်ဟု ဆိုပါသည်။ USS Essex သင်္ဘောမှ ရဟတ်ယာဉ်များကို အကူ အညီပေး ရေးပစ္စည်းများ သယ်ချပို့ဆောင်ခွင့်ပြုရန် တောင်းခံခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ကမ်းလှမ်းမှုများအားလုံးကို စစ်အစိုးရက ပယ်ချခဲ့ပါသည်။ စစ်အစိုးရ ဆက်လက်ခေါင်းမာနေပါက ပြည်သူထောင်ပေါင်းများစွာ သေကြေကြရလိမ့်မည် ဟု ဂိတ်က ပြောခဲ့ပါသည်။
အမေရိကန် ကယ်ဆယ်ရေး စစ်အဖွဲ့ကို ၀င်ခွင့်ပြု၍ အမှန်တကယ် ကပ်ဘေးသင့်နေရသည့် ပြည်သူများကို ကယ်ဆယ်ခွင့် ပြုလိုက်သည်ထက်စာလျှင်၊ ယခုလို မထုံတက်တေးနေ၍ မုန်တိုင်းသင့် ရွာသား ထောင်ဂဏန်းအချို့ကို သေဆုံးစေလိုက် သည်ကမှ ဗိုလ်ချုပ်သန်းရွှေအတွက် ပို၍ လုံခြုံမှု ရှိပါသည်။
မြန်မာပြည်သူ သန်းပေါင်းများစွာက အမေရိကန်စစ်သင်္ဘောများ အလာကို စောင့်ကြိုနေကြသည်ကို ဗိုလ်ချုပ်သန်းရွှေ ကောင်းကောင်း သိထားပါသည်။ မြန်မာပြည်သူများက စစ်သင်္ဘောများ သယ်ဆောင်လာမည့် ရိက္ခာ အကူအညီများ သက်သက်မျှကိုသာ စောင့်မျှော်နေကြခြင်း မဟုတ်ပါ။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာစစ်အာဏာပိုင်များက စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်၌ Coral Sea အမည်ရ လေယာဉ်တင်သင်္ဘော အပါအ၀င် အမေရိကန် ရေတပ်စစ်သင်္ဘော ၅ စီးကို မြန်မာ့ရေပိုင်နက်အနီး ရောက်ရှိလာ ခဲ့သည် ဆိုပြီး၊ အမေရိကန် သံရုံးကို စောဒကတက် ကန့်ကွက်ခဲ့ပါသေးသည်။ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီ ၆ ရက် အလိုတွင် ဤသို့ ၀င်လာခဲ့ကြသည်ဟု ဆိုသည်။
ဤသို့ နိုင်ငံခြား စစ်သင်္ဘောများ တွေ့ရသည့် လက္ခဏာကို ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းအပါအ၀င် မြန်မာ စစ်ခေါင်းဆောင်များက အလွန်အမင်း စိုးရိမ်မှု ရှိကြပါသည်။ သို့သော်လည်း ၁၉၇၀ ခုနှစ်ကာလများက ဦးနေ၀င်းသည် အမေရိကန်ပြည်ထောင်စုထံမှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်သူပုန်များကို နှိမ်နင်းရေးအတွက် ရဟတ်ယာဉ် များအပါအ၀င် စစ်ရေးအကူအညီများကို ရရှိ ခံစားနိုင်ခဲ့ကြပါသေးသည်။
၎င်းအတိတ်ကာလများက မြန်မာနိုင်ငံအနေဖြင့် စစ်အရာရှိများကို အမေရိကန်ရှိ စစ်တက္ကသိုလ်ကျောင်းများသို့ ပို့ဆောင်၍ လေ့ကျင့် သင်ယူစေနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တရားဝင်မူဝါဒအရ ဆိုလျှင် ပဋိပက္ခဖြစ်နေသော အနေအထားမှလွဲ၍ ကျန်ကာလများတွင် အမေရိကန်များကို ကြိုဆိုသည့်သဘောထားရှိပြီး ယခုတိုင်လည်း ဤမူကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ပါသည်။
ဤမူအရ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလ၊ မငြိမ်မသက်ဖြစ်နေစဉ်တွင် အမေရိကန်သံရုံးရှိ ၎င်းတို့၏၀န်ထမ်းများကို ကယ်ဆယ်ထုတ်သွားနိုင်ရေး အတွက် စီ-၁၃၀ အမျိုးအစား ကုန်တင်ယာဉ်တစီး မြန်မာပြည်သို့ ဆင်းသက်ခွင့်ပြုရန် တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင်များက ငြင်းဆန်ခဲ့ကြဖူးပါသည်။
ထိုအချိန်က ကောလာဟလများလည်း ထွက်ပေါ်နေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အကူအညီပေး ရေးအတွက် အမေရိကန် စစ်သင်္ဘောများ လမ်းတွင် လာနေကြပြီဟု လူအများက ပြောဆိုနေခဲ့ကြပါသည်။ ဤကောလာ ဟလများကြောင့်ပင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းမှုအပြီးတွင် ထောင်နှင့်ချီသည့် မြန်မာပြည်သူ များ နယ်စပ်ဒေသနှင့် တောတွင်းသို့ ထွက်ခွါ၍ လက်နက်ကိုင်တိုက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤ ကောလာဟလများမှာ အမှန် မဖြစ်ခဲ့ဘဲ စိတ်ကူးယဉ်သက်သက်မျှသာ အဖြစ်ရှိခဲ့ပါသည်။ အမေရိကန် စစ်သင်္ဘောများ ကလည်း အမှန်တကယ် ရောက်ရှိမလာခဲ့ကြပါ။
ဤအဖြစ်မှ နှစ် ၂၀ ကြာသည့်ကာလတိုင် မြန်မာပြည်သူများက စစ်သင်္ဘောများကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။ ယခု တကြိမ်တွင်မူ လူသားချင်းစာနာသည့် အကူအညီများ ပေးပို့နိုင်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း ကြေကွဲဖွယ်ကိစ္စမှာ ယခုတကြိမ်တွင်လည်း ဤသင်္ဘောများ အမှန်တကယ် ရောက်မလာဘဲ စိတ်ကူးယဉ်သဖွယ်သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ ကျူးကျော်တိုက်ခိုက်ခဲ့ရာ၌ မြန်မာပြည်သူများ အကြား၌ အချင်း ချင်း တီးတိုး ရယ်စရာ ပြောခဲ့ကြသေးသည်။ " စိန်ပြီးလျှင် ရွှေလာလိမ့်မည်" ဟု ဆိုခဲ့ကြသည်။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူ (စိန်) ပြီးလျှင်တော့ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်း (ရွှေ) အလှည့်ကျလာမည်ဟု ရည်ညွှန်းပြော ဆိုကြခြင်း ဖြစ်သည်။
ယခုတကြိမ်တွင်လည်း ကောလာဟလအသစ်တခုက လူအများ ပါးစပ်ဖြားတွင် ရေပန်းစားနေပြန်ပြီ ဖြစ်သည်။
လူအများက စိတ်ပျက်အားလျှော့စွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ လေယာဉ်များမှ ကျဆင်းလာမည့် အကူအညီ ပစ္စည်းများ စောင့်မျှော်နေကြစဉ်တွင် အကြံပေးနက္ခတ်ဗေဒင်ဆရာတဦးက ဗိုလ်ချုပ်သန်းရွှေကို ပြောလာသည်ဟု ဆိုပါ သည်။ အကယ်၍ ယူနီဖောင်းဝတ် လူဖြူတဦးသာ မြန်မာ့မြေပေါ်သို့ ဆင်းသက်လာခဲ့ပါက စစ်အစိုးရ ချက်ချင်းပြိုကွဲရခြိမ့် မည်ဟု ဆိုပါသည်။ ဤအကြောင်းကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက အမေရိကန်ရေတပ်များ အကူအညီပေးလာမည့် ကိစ္စ ကို ငြင်းဆန်နေခြင်း ဖြစ်ပါသည်။ သူနှင့်အတူ ဗေဒင်နက္ခတ်အယူသည်းလှသည့် ၎င်း၏ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း ထောက်ခံ တိုက်တွန်းပေးနေပုံ ရပါသည်။
ကမ်းတက်ရေယာဉ်များနှင့် ရဟတ်ယာဉ်များမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆင်းသက်လာမည့် အမေရိကန်စစ်သားများ ကို "သူတို့လွတ်မြောက်ရေးအတွက် ကယ်ဆယ်ပေးကြမည့် တပ်ဖွဲ့များ" ဟု အထင်မှားနိုင်ကြပါသည်။ ဤအချိန်တွင် ဧရာ ၀တီမြစ်ဝကျွန်းပေါ်ဒေသ၏ ပြင်ပနေရာများတွင်ပါ လူထုအုံကြွမှုများ မီးမွှေးပေးလိုက်သလို ထတောက်လာကြမည်မှာ သံသယရှိစရာ မလိုပါ။ မုန်တိုင်းဒဏ်သင့်၍ ရှင်ကျန်ရစ်ရသူများက အကူအညီများ တောင်းဆိုကြမည့်အပြင်၊ ယခုအခါ ယာယီဒုက္ခသည်စခန်းများမှ နှင်ထုတ်ခံနေကြရသည့် ဒုက္ခသည်များကလည်း အကူအညီတောင်းကြမည်မှာ မလွဲပါ။ မြန်မာ တပ်ဖွဲ့များနှင့် နိုင်ငံခြားတပ်ဖွဲ့များအကြား လက်နက်ကိုင် ငြိစွန်းရမှုများလည်း ရှိလာနိုင်ပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသည်ပင် စစ်မြေတလင်း ဖြစ်သွားနိုင်ပါသေးသည်။
သို့သော်လည်း ဤစစ်ပွဲများ ဖြစ်လာပါက ဧရာဝတီမြစ်ဝကျွန်းပေါ်မျှနှင့်ပင် တန့်နေလိမ့်မည် မဟုတ်ပါ။ နေပြည်တော်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် စစ်အစိုးရကို ဆန့်ကျင်မည့် နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုလည်း ဖြစ်သွားနိုင်ပါသေးသည်။
အမေရိကန်စစ်သားများကို ဗိုလ်ချုပ်သန်းရွှေ၏ ခံတပ် နေပြည်တော်ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရကို ဖယ်ရှားပေးရန် တောင်းဆိုမှုများလည်း ဖြစ်လာနိုင်ပါသည်။ လေ့လာသူများနှင့် အတိုက်အခံများက ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချရန် နာရီဝက်မျှပင် မကြာနိုင်ဟု ဆိုကြပါသည်။ ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ လက်ဝေခံ လူ ၂၀ ကျော်ခန့် အုပ်စု ကိုသာ ဖယ်ရှားလိုက်ရန် လိုအပ်ပါသည်။
မြန်မာစစ်တပ်ကပါ ဤသို့သော သမိုင်းဝင်အခွင့်အရေးမျိုးကို ပူးပေါင်းလက်တွဲ ဆင်နွှဲကြလိမ့်မည်ဟု လူအများက ယုံကြည် ထားကြပါသည်။
ဤအဖြစ်က ယခုတကြိမ်တွင်လည်း စိတ်ကူးယဉ်အိပ်မက်အဖြစ်မျှသာ ကျန်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေကို တရား ဥပဒေရှေ့မှောက် ပို့နိုင်ရန် အခွင့်အရေးမှ တကြိမ်လွှဲရှောင်နိုင်ခဲ့ပြန်ပြီ ဖြစ်ပြီး၊ ပြည်သူပြည်သား ထောင်ပေါင်းများစွာ၏ အသက်ကို စတေး၍ သူ၏ လွတ်ရာလွတ်ကြောင်း လမ်းရှာဖွေနိုင်ခဲ့ပြန်ပြီ ဖြစ်သည်။ စစ်သင်္ဘောများကလည်း ဒုက္ခသည် များကို ကယ်ဆယ်ရေးအကူအညီများ မပေးနိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရပါသည်။
ဤစစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ခွင့်မပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုက ကနဦးကပင် သိရှိ ထား၊ ကြိုတွက်ထားသည်လည်း ဖြစ်နိုင်ပါသည်။ သူတို့၏ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများကို ချပေးရမည့်အစား လူမုန်းများလှသည့် စစ်အစိုးရကို ဖယ်ရှားရခြင်းမျိုးနှင့်လည်း နောက်ဆုံး ကြုံကြိုက်ရကောင်း ကြုံရနိုင်ပါသည်။ ယခုသူတို့ ကြုံကြိုက်ရသည့် တာဝန်သည်လည်း မပြီးဆုံးသေးသည့် တာဝန်မျိုး ဖြစ်နိုင်ပါသည်။ သူတို့အတွက် မခက်ခဲလှသည့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအရှုပ်ကို ရှင်းရန်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သေချာသည်မှာ ဤတာဝန်က နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် ကျန်ခဲ့သည့် အပျက်အစီးများကို ရှင်းလင်းရသည်လောက် ခက်ခဲပင်ပန်းလှမည် မဟုတ်ခြင်းပင်။
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Vistors Stats
Saturday, June 7, 2008
အမေရိကန် စစ်သင်္ဘောများ ဘာကြောင့် ၀င်ခွင့်မပြုတာလဲ
Labels: နိုင်ငံရေး
Thursday, May 8, 2008
ဆုပ်လည်း စူး စားလည်းရူး
မုန်တိုင်းဒဏ်သင့် ပြည်သူများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် စစ်အစိုးရမှ လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု သွေးနားထင် ရောက်နေပုံရသည်။ အမေရိကန်၊ ဥရောပနိုင်ငံများနှင့် အခြားသော နိုင်ငံများမှ အကူအညီ ထောက်ပံ့မှုများကို အပူတပြင်း လိုအပ်နေသော်လည်း ထိရောက်သည့် အကူအညီများပေးရန် လိုအပ်သည့် စူးစမ်းလေ့လာမှုများ ပြုလုပ်မည့် ရှေ့ပြေးအဖွဲ့များ၏ ပြည်ဝင်ခွင့်ဗီဇာများကို လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း မရှိဘဲ နှောင့်နှေးလျက် ရှိခြင်းကြောင့် နိုင်ငံတကာမှ အားမလို အားမရဖြစ်ကာ စစ်အစိုးရကို ဖိအားပေးနေကြသည်။ မုန်တိုင်းဒဏ်သင့်ရာ ဒေသများရှိ လမ်းများ၊ တံတားများ စသည်တို့ ပျက်စီးယိုယွင်းခြင်းကြောင့်
လမ်းပန်းဆက်သွယ်မှု ခက်ခဲကာ အကူအညီများ အချိန်မီ ထိထိရောက်ရောက် မပေးနိုင်ဘဲ ရှိနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ထောက်ပံ့ကူညီမှုများ ပေးပို့နိုင်ရန် အတွက် စွမ်းရည်ပြည့်ဝသည့် ရဟတ်ယာဉ်များ အမြောက်အမြား လိုအပ်သည်။ မြန်မာစစ်အစိုးရတွင် လုံလောက်သည့် ရဟတ်ယာဉ် အလုံအလောက် မရှိပေ။ အမေရိကန် သမ္မတ ဂျော့ဘုရှ်က မြန်မာစစ်ဗိုလ်ချုပ်များအား ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ကူညီခွင့် ပြုပါဟု ကမ်းလှမ်း လာခဲ့သည်။ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မရိန်းတပ်သားများ တင်ဆောင်လာသည့် အမေရိကန် စစ်သင်္ဘောများကလည်း ထိုင်ဝမ်နှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လေ့ကျင့်မှု ဆောင်ရွက်နေရာမှ ထိုင်းနိုင်ငံသို့ ရောက်ရှိကာ အသင့်စောင့်ဆိုင်း နေပြီဖြစ်သည်။ အမေရိကန်က ၀င်ရောက် သိမ်းမည်ကို စိုးသဖြင့် အစိုးရိမ်လွန်ကြောက်ရွံ့ကာ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သော စစ်ဗိုလ်ချုပ်များအနေဖြင့် ယခုကဲ့သို့ အမေရိကန်မှ အကူအညီ ပေးရန် ကမ်းလှမ်းလာသည့် အခါ ဆုပ်လည်းစူး စားလည်းရူး အခြေအနေတွင် ရောက်ရှိနေသည်။
မြန်မာစစ်အစိုးရ အားထားသည့် တရုတ်နိုင်ငံအနေနှင့် အကူအညီ ဒေါ်လာတစ်သန်းနှင့် ၅ သန်းတန်ဖိုးရှိ ပစ္စည်းများ လှူဒါန်းမည်ဟု ကြေညာခဲ့သော်လည်း ၄င်းမှာ အဝေးရောက်ကူညီမှုသက်သက်သာ ဖြစ်ပြီး အမေရိကန်ကဲ့သို့ ထိရောက်သည့် လက်ကမ်းကူညီမှုများ ပြုလုပ်ကမ်းလှမ်းရန် ပျက်ကွက်ခဲ့သည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ တရုတ်နိုင်ငံကသာ အမေရိကန်ကဲ့သို့ ကမ်းလှမ်းလာမည် ဆိုပါက စစ်ဗိုလ်ချုပ်များ အနေနှင့် ၀မ်းမြောက်ဝမ်းသာ လက်ခံမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ သို့သော်
လက်ရှိ အခြေအနေက စစ်အစိုးရအတွက် အခက်တွေ့စေသည်။ အမေရိကန်၏ အကူအညီပေးရန် ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပါက မုန်တိုင်းဒဏ်ခံဒေသမှု ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ပေးရာတွင် ဆုံးရှုံးနစ်နာမှု အလွန် ကြီးမားမည်မှာ အသေအချာဖြစ်သည်။ စစ်အစိုးရ အနေဖြင့် တရားသေ စွဲကိုင်လာသော အမေရိကန် ဆန့်ကျင်ရေး မူဝါဒအရ ပြည်သူများ၏ မျက်လုံးတွင် အမေရိကန်ကို ကယ်တင်ရှင်များအဖြစ် မြင်သွားမည်ကို မလိုလား။ အမေရိကန်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်လေ့ရှိသည့် နိုင်ငံတစ်ခု၊ လက်ဝါးကြီးအုပ် စိုးမိုးလိုသည့် ခေတ်သစ်နယ်ချဲ့နိုင်ငံတစ်ခု ဟုသာ
မြင်စေလိုသည်။ ထို့အပြင် အမေရိကန်၏ အကူအညီကို လက်ခံကာ မြန်မာပြည်တွင်းသို့ ၀င်ရောက် ကူညီခွင့် ပေးလိုက်ပါက နဂိုကတည်းက စစ်အစိုးရကို ရွံရှာမုန်းတီးကာ အမေရိကန်တပ်များကို မျှော်လင့်တောင့်တနေကြသည့် မြန်မာပြည်သူများအတွက် အားကိုးရာဖြစ်လာလိမ့်မည်ကို စိုးရိမ်စိတ်လွန်ကဲ နေကြသည်။ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကူညီရန် ရောက်လာမည့် အမေရိကန် အကူအညီများ အားကိုးဖြင့် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားလာပြီး အဆုံးတွင် အာဏာကို လက်လွှတ်ရမည်ကို တွေးမိကြပေမည်။ ထို့ကြောင့် အာဏာ တည်မြဲရေးကိုသာ အစဉ်တစိုက် အရေးပေးခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် မြန်မာပြည်သူများ ထောင်ပေါင်းများစွာ သေကြေပျက်စီးပြီး သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြသည့် အရေးထက် ၄င်းတို့ အာဏာလက်မလွှတ်ရရေး အတွက် အကြံအိုက်နေကြသည်။ သေချာသည်ကတော့ မြန်မာ စစ်အစိုးရ အနေဖြင့် လက်ရှိအခြေအနေတွင် ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်နေခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်း ပြည်ပရှိ အခြားသော နိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာ အာရုံစိုက်မှုများ ရရှိနေသော ယခုလို အချိန်အခါတွင် စစ်အစိုးရအခက် မြန်မာပြည်သူအချက်ဟု သဘောထားကာ လိုအပ်လျှင် လိုအပ်သလို နိုင်ငံရေး ရေချိန် မြှင့်တင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း တိုက်တွန်း လိုက်ရပါသည်။
ညီညီ(သံလွင်)
Labels: နိုင်ငံရေး
Friday, April 18, 2008
တိုင်းပြည်က ဆင်းရဲ စစ်အစိုးရကတော့ အိတ်ဖောင်း
REF : MSMA
မြန်မာ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် ပြင်ပကမ္ဘာမှ သက်ရောက်လာသည့် ဖိအားများကြောင့် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဆက်လက်၍ယိုယွင်းကျဆင်းနေလိမ့်မည်ဟု ကျွမ်းကျင်သူပညာရှင်များက ခန့်မှန်း တွက် ချက်နေ ကြသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ်စာရင်းများကတော့ ဆက်လက်၍ ကြွယ်ဝနေကြဦးမည်သာ ဖြစ်သည်။
ကမ္ဘာ့လောင်စာဆီနှုန်း မြင့်တက်လာမှု၊ စီးပွားရေးအရ လွဲမှားသော စီမံခန့်ခွဲမှုနှင့် ယမန်နှစ်က ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းပြီးနောက် ဖြစ်လာသည့် ရိုက်ခတ်သက်ရောက်မှုများ စသဖြင့် စုပေါင်းသက်ရောက်လာသည့် အကျိုးဆက်များကြောင့် တောက်လျှောက် ဆိုးရွားစွာ ဖိနှိပ်ခံနေရသော မြန်မာပြည်သူလူထုအတွက် ယခုနှစ်တွင် ပိုမို ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်ရဖွယ် ရှိနေပါသည်။
“အစိုးရရဲ့ ဘဏ္ဍာငွေနှင့် ဆက်နွယ်နေတဲ့ ကိစ္စအားလုံး ၂၀၀၈ ခုနှစ်မှာ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ဖွယ် အကြောင်း မမြင်ရဘူး၊ အမှန်က ပိုဆိုးလာဖို့ပဲ ရှိနေတယ်”ဟု မြန်မာစီးပွားရေး စောင့်ကြည့်အကဲ ဖြတ်မှု (Burma Economic Watch) အစီရင်ခံစာကို ရေးသားထုတ်ဝေသူ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား တက္ကသိုလ် (Macquarie University) မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင် တာနယ် (Sean Turnell) က ပြောပါသည်။
“နိုင်ငံခြား ခရီးသွားဧည့်သည် နည်းပါးခြင်း၊ အခွန်ဝင်ငွေ ကျဆင်းနေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့နေကြခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေပေါ်လွယ်မှုနှင့် ကြွေးမြီပြဿနာ စတဲ့ အချက်အလက် အားလုံးက စိတ်ပျက်ဖွယ်ရာ နှစ်တနှစ်ကို ဦးတည်နေတယ်ဆိုတာ ဖော်ပြနေတယ်၊ အန္တရာယ် အနံ့အသက်တွေ ရောပြွမ်းပြီး ထိုင်းမှိုင်းနေတဲ့ ကမ္ဘာ့စီးပွားရေး အကြောင်းကိုတော့ ထားလိုက်တော့၊ ထည့်သွင်းတွက်ချက်ဖို့တောင် မလိုလှဘူး” ဟု ရှောင် တာနယ်က ဆိုပါသည်။
“မနှစ်တုန်းက စစ်အစိုးရက သွေးရူးသွေးတမ်း စီးပွားရေး လုပ်ဆောင်ချက်တွေ လုပ်ခဲ့ရတယ်ဆိုရင် ဒီနှစ် အတွက်ကော ဘာဖြစ်လို့ ထပ်လုပ်ဖို့ မလိုရမှာလဲ”ဟု သူက စောဒကတက် မေးခွန်းထုတ်ခဲ့သေးသည်။
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် စီးပွားရေး အကဲဖြတ် စုံစမ်းရေးဌာန (Economist Intelligence Unit) နှစ်ဖွဲ့ မှ ထုတ်ဝေသော မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အလားအလာ ခန့်မှန်းတွက်ချက်မှု အစီရင်ခံစာများတွင်လည်း အလားတူ စိတ်ပျက်ဖွယ် ခန့်မှန်းချက်များကို ဖော်ပြခဲ့ကြသည်။
IMF က ခန့်မှန်းဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ် နှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းသည် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်လည်း လျော့ကျသွားနိုင်သည့် အခြေအနေ မရှိဘဲ ပို၍ပင် ဆိုးသွားနိုင်သည်ဟု ဆိုသည်။
မြန်မာအစိုးရသည် လာမည့်လများတွင် ကုန်ကျစရိတ် ထိန်းသိမ်းရန်အတွက် လောင်စာသုံးစွဲမှုကို ပိုမို၍ ချွေတာ ကန့်သတ် သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သည်ဟုလည်း ရှောင် တာနယ်က ခန့်မှန်းထားသည်။
“နောက်တကြိမ် ဆီဈေးနှုန်း ထပ်မြှင့်ဖို့ဆိုတာ (စစ်အစိုးရအတွက်) ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ ဖြစ်ပွားနိုင်ပါတယ်၊ ဒါဆိုရင် လောင်စာဆီ ပေးတဲ့ ခွဲတမ်းကို လျှော့ချရင် မဖြစ်နိုင်ဘူးလား၊ အဲဒီလို လုပ်မယ်ဆိုရင်လည်း အသုံးစရိတ်ကို ပမာဏအရ အလားတူပဲ ချွေတာနိုင်ပါတယ်”ဟု သူက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။
မြန်မာနိုင်ငံအတွင်းရှိ လောင်စာဆီဈေးနှုန်းကပင် တိုင်းပြည်စီးပွားရေး အခြေအနေ အန္တရာယ်ရှိနေခြင်းကို အထင်းသား ဖေါ်ပြနေသည်။ ဓာတ်ဆီ ၁ ဂါလန် (၃. ၇၈၅ လီတာ) ကို အစိုးရ ဓာတ်ဆီဆိုင်တွင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဖြင့် ရောင်းနေ ကြပြီး မှောင်ခိုဈေးကွက်တွင် ၄ ဒေါ်လာခန့် ပေးနေရသည်။ သို့သော် မြန်မာနိုင်ငံသားအများစုသည် တနေ့လျှင် ၁ ဒေါ်လာ အောက်တွင်သာ ၀င်ငွေရှိကြပါသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ရောင်းချရန် သဘာဝ ဓာတ်ငွေ့အများအပြား ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ လောင်စာဆီ လိုအပ်ချက် အတွက် ပြည်ပမှသွင်းကုန်ကိုသာ လုံးဝ မှီခိုအားထားနေကြရပါသည်။
သို့သော်လည်း လွဲချက်တခုမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ကပင် ဗိုလ်ချုပ်များကို ကြွယ်ဝစွာ ရပ်တည်နေနိုင်ရန် ကူညီ ထောက်ပံ့နေပြန်ပါသည်။ အဓိကအားဖြင့် ထိုင်းနိုင်ငံကဲ့သို့ ဓာတ်ငွေ့ဝယ်ယူသော တိုင်းပြည်များက စစ်အစိုးရ အိပ်တွင်းသို့ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၂ ထောင်ခန့် ထည့်ပေးနေသည်ဟု IMF က ဆိုပါသည်။
အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာသည့်အချိန်၊ တခြား အကျိုးသက်ရောက်မှုများဖြစ်သည့် နိုင်ငံခြားခရီးသည် ကျဆင်းလာပြီး နိုင်ငံခြား ထောက်ပံ့မှုနှင့် ကုန်သွယ်မှုများ အားနည်းချိနဲ့လာသည့်တိုင် စစ်အစိုးရက ဤဓာတ်ငွေ့ရောင်းချရာမှရသည့် ၀င်ငွေများကြောင့် ဆက်လက်ရပ်တည်၍ ခေါင်းမာမာ နေနိုင်သေးသည်။
“စစ်အစိုးရသည် တိုင်းပြည်၏ ဒုက္ခဆင်းရဲ ပြဿနာများအတွက် မည်သို့မျှ တာဝန်မယူလိုခြင်းမှာသိသာလှသည်။ ပြစ်ဒဏ် ခတ်ပိတ်ဆို့သော နိုင်ငံများကို ယိုးစွပ်ပြီး တပါးသူကိုသာ အပြစ်ပုံချနေသည်”ဟု စင်ကာပူ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် (Singapore Institute of International Affairs – SIIA) ၏ အစီရင်ခံစာ တခုတွင် ဖေါ်ပြခဲ့သည်။
“ဆော်ဒီအာရေဗျနိုင်ငံမှ ၂၅ နှစ်စာ အတိုးလွတ်ချေးငွေ ရရှိဦးမည် ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရသည် စီးပွားရေးအရ အသက်ရှုပေါက် ရနိုင်ဖွယ် ရှိနေသေးသည်”ဟု SIIA က အစီရင်ခံစာတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။
ဆော်ဒီနိုင်ငံမှ ချေးငွေ ပမာဏနှင့် ၎င်း၏ ရည်ရွယ်ချက်ကို မသိရသေးသော်လည်း လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဖြစ်နိုင်သည်ဟု SIIA က ခန့်မှန်းထားသည်။
ယင်းချေးငွေသည် ယမန်နှစ်က မြန်မာ စစ်အစိုးရအရာရှိများ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်မှု ခရီးစဉ်တခု နောက်ပိုင်း ဖြစ်လာခြင်း ဖြစ်သည်။ ဆောာ်ဒီများအတွက် ဈေးချိုသော မြန်မာအလုပ်သမားများ ပို့ပေးမည်ဟူသည့် ကမ်း လှမ်းချက်ဖြင့်လည်း ဤချေးငွေရရှိမှု ဆက်နွယ်မှု ရှိကောင်း ရှိနေနိုင်ပါသည်။
ယခုနှစ်တွင်လည်း စစ်အစိုးရ၏ အိပ်ကပ်ထဲသို့ တရုတ်၊ အိန္ဒိယကဲ့သို့သော အိမ်နီးချင်း နိုင်ငံများမှ ငွေများဝင်ရောက် လာရန် ရှိနေပါသေးသည်။
အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များဖြစ်သော အရှေ့မြောက်ပြည်နယ်များအနေနှင့် ပင်လယ်ကုန်သွယ်ရေးလမ်း ကြောင်း တခုအဖြစ် အသုံးပြုနိုင်ရန် စစ်တွေနှင့် ကုလားတန်မြစ် အနောက်ဘက်ဆိပ်ကမ်းများ ပြန်လည်ပြင်ဆင် ရေး အတွက် အိန္ဒိယအစိုးရမှ ဒေါ်လာသန်း ၁၀၀ အကုန်ကျခံမည့်စီမံကိန်းအား ခွင့်ပြုခဲ့သောကြောင့် နယူးဒေလီက ဗိုလ်ချုပ် များ အိပ်ထဲသို့ ဒေါ်လာ ၁၀ သန်း ထည့်ပေးပါလိမ့်ဦးမည်။
မြန်မာပြည်ကို ဖြတ်၍ စစ်တွေကမ်းရိုးတန်းမှ စွမ်းအင်ကို အာသာငမ်းငမ်း လိုအပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့နှင့် လောင်စာဆီများ သယ်ယူပို့ဆောင်ပေးမည့် ပိုက်လိုင်းများတည်ဆောက်ရေးအတွက် တရုတ်နိုင်ငံက ကြိုတင် ငွေ ထုတ်ပေးလိမ့်ဦးမည် ဖြစ်သည်။
“ဒီလို လုပ်ဆောင်ချက်များသည် ရေတိုကာလ သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်၊ လက်တဆုပ်စာ လူတစု အတွက် တော့ အကျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေး၊ ဒါနဲ့ ဆက်နွယ်နေတဲ့ လူမှုရေး ပြဿနာတွေ ဖြေရှင်းဖို့ အတွက်တော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု၏ သံရုံးမှ အရှေ့ တောင်အာရှ စီးပွားရေးလေ့လာသုံးသပ်သူတဦးက ပြောပါသည်။
မြန်မာနိုင်ငံ၏ ရေတိုအလားအလာများက မှုန်ဝါးထိုင်းမှိုင်းနေပါသည်။ အကြောင်းမှာ ဗိုလ်ချုပ်ကြီးများ၏ မူဝါဒများသည် “လူအများ၏ လူနေမှု အဆင့်အတန်း၊ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုများ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းမှုကို ဖြစ်ပေါ် နေစေသည်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ဖေါ်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံက စစ်အစိုးရဟာ အပြုသဘော တိုးတက်လုပ်ဆောင်မှု အားလုံးကို ငြင်းဆန်လျှက်ရှိနေတယ်၊ သူ့ ပြည်သူ တွေက တောင်းဆိုတာရော၊ နိုင်ငံတကာအသိုင်းအ၀န်းက ပြောတာရော ဘယ်လိုမှ အပြုသဘော တုန့်ပြန်လုပ်ဆောင်တာ မရှိဘူး”ဟု မကြာသေးမီက အရှေ့အာရှခရီးစဉ်အတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီရယ် (Scot Marciel) က ပြောဆိုခဲ့သည်။
“ကျနော်တို့က လူ့အခွင့်အရေးတို့ ဒီမိုကရေစီအရေးတို့ကိုသာ အများဆုံး ပြောလေ့ပြောထရှိပါတယ်၊ ဒါတွေက ကျနော် တို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ၊ ဒါပေမယ့် အခုကိစ္စက အဲဒီ အတိုင်းအတာကို ကျော်လွန်သွားပါပြီ၊ စီးပွားရေးက အောက်ဆုံးကို ထိုးကျနေတယ်၊ ပညာရေးစနစ်ကလည်း တစစ ပျက်စီးယိုယွင်းလာနေတယ်၊ တတိုင်းပြည် လုံးမှာ ပြဿနာတွေ ဖြစ်နေတာပါ” ဟု သူက ဆက်၍ ပြောခဲ့သည်။
နိုင်ငံရေးအရ ဖိနှိပ်မှုနှင့် ထိုင်းမှိုင်းကျဆင်းနေသည့် စီးပွားရေးကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပတွင် အလုပ် အကိုင်ရှာဖွေစေရန် တွန်းအားသဖွယ် ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေ ထောက်ပံ့ပေးမှု ချို့တဲ့ခြင်းကြောင့် ထိခိုက်နစ်နာဖွယ် ဖြစ်နေရသည်။ ၂၀၀၅ ခုနှစ်တွင် ကလေးငယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းသာ အလယ်တန်းကျောင်းများတွင် စာသင်ကြား နိုင်ခဲ့ကြသည်။ စစ်အစိုးရက ၎င်း၏ ဘဏ္ဍာငွေထဲမှ ၀. ၁ ရာခိုင်နှုန်းကိုသာ လူထုကျန်းမာရေးအတွက် အသုံးပြုနေပြီး မြန်မာနိုင်ငံသားအများစုသည် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် မရှိကြပေ။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီး ၂ နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံသည် ဗိုလ်ချုပ်များအား ပြုပြင်ပြောင်းလဲမှု များလုပ်ဆောင်ရန် သိမ်းသွင်းဖြောင့်ဖြလိုသော ဆန္ဒမရှိကြဘဲ၊ လျင်လျင်မြန်မြန် ကြီးထွားနေသော ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်အတွက်သာ သြဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြသည် ဟု အကဲခတ်လေ့လာသူများက ဆိုသည်။
“မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ပေါကြွယ်ဝမှု နှင့် မဟာဗျူဟာအရ အချက်အချာကျမှု (တည်နေရာ) အပေါ် ထိုသို့ တိုးတက်နေသော စီးပွားရေးနိုင်ငံကြီးများက စိတ်မထိန်းသိမ်းနိုင်လောက်အောင် အာသာငမ်းငမ်းတက် လိုချင်နေကြ ခြင်း ဖြစ်သည်” ဟု ဟာဝိုင်အီ အခြေစိုက် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစိဖိတ်ဌာနချုပ်က မကြာသေးမီက ထုတ်ပြန် သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြခဲ့သည်။
အလားတူပင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သည် ဥရောပသမဂ္ဂ၏ လမ်းညွှန်မူများကို အတုယူကာ ဖွဲ့စည်း လုပ်ဆောင်လိုပါသည်ဟု ပြောဆိုနေခဲ့သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်များ ချမှတ်အကောင်အထည်ဖေါ်ရန်အတွက်ကိုမူ ကြံစည်အားထုတ်မှု လုံးဝ မရှိပေ။
စစ်အစိုးရ၏ ဖိနှိပ်သော မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချနေသော်လည်း အာဆီယံအဖွဲ့သည် ၎င်း၏ အစီအစဉ် အသစ်ဖြစ်သော “အာဆီယံတခွင် ချောမွေ့စွာ ခရီးသွားလည်ပတ်ရေး အစီအစဉ်” (Visit Asean Pass) တွင် မြန်မာနိုင်ငံနှင့် မြန်မာ့လေကြောင်းလိုင်းကို ထည့်သွင်းထားပြီး ဖြစ်သည်။ ထိုအစီအစဉ်သစ်၏ ရည်ရွယ်ချက်မှာ “ဒေသ အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့ရေး၊ နိုင်ငံခြားခရီးသွားများအား ဈေးနှုန်းသက်သာစွာဖြင့် တနေရာမှ တနေရာသို့ သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်ရေး"ဟူ၍ပင် ဖြစ်သည်။
ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းမှုများအပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အဆင်မပြေ ဖြစ်နေချိန်တွင် ထိုကဲ့သို့သော လုပ်ဆောင်ချက်သည်လည်း လွဲချော်နေပြန်တော့သည်။ သို့သော်ငြားလည်း ထိုနည်းလမ်းသည်သာလျှင် အာဆီယံအဖွဲ့က မြန်မာနိုင်ငံအား ၎င်းတို့၏ “အားလုံးပါဝင်ရေး” မူဝါဒအောက်တွင် မြန်မာနိုင်ငံ၏ အသံကို ပါဝင်ခွင့်ပေးနိုင်သော နည်းလမ်း တခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
Labels: စီးပွား၊ကုန်သွယ်, နိုင်ငံရေး
Tuesday, January 15, 2008
Political Stability in 2008
Political Stability in 2008 by The Economist via Bangkok Pundit by Bangkok Pundit on 1/9/08
အီကော်နော်မစ် ရဲ့ ၂၀၀၈ ခုနှစ် ရင်းနှင်းမြုပ်နှံသူများ အတွက် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံများရဲ့ စွန့်စားရမှုအတန်းအစား (Risks on Political Unstability) စာတမ်းတစ်ခုပါ။ အီကော်နော်မစ် ဟာ လက်ရှိ ကမ္ဘာစီးပွားရေးနယ်ပယ်မှာ သြဇာရှိတဲ့ စီးပွားရေး စာစောင်တစ်ခုပါ။ ဒါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ အစီုးရကောင်း၊မကောင်း ဆိုတာကို တိုက်ရိုက်အဓိပ္ပယ် မသက်ရောက်ဘူး ဆိုတာ သတိပြုစေလိုပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိအုပ်ချုပ်ရေးအဖွဲ့ဟာ အညံ့ဖျင်းဆုံးထဲမှာ(အများသဘောတူမယ် ထင်ပါတယ်။) ရှိပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုအရ ဆိုရင် (အုပ်စုအားပြိုင်မှု မပြီးဆုံးသေး တဲ့) ထိုင်း ထက်သာနေတာကို တွေ့နိုင်ပါတယ်။
COMMENT: So why did we have the coup again? Will Surayud claim credit for this "success"? The problem for the new government is given the very high level of risk, how much will this deter investors? Will consumers regain confidence?
btw, notice how few countries are in the same tier as Thailand. Depressing really?
Labels: စီးပွား၊ကုန်သွယ်, နိုင်ငံရေး
Friday, December 21, 2007
မတည်မညိမ် ထိုင်းနိုင်ငံရေး၊ မြန်မာပြည်လို တစ်ခါ အရုပ်ဆိုး အုန်းမလား
စစ်တပ်ကအာဏာသိမ်းပြီး၊ ၁ နှစ်အကြာနောက် စစ်ဗိုလ်ချုပ်ကြီးများက ဂတိပေးထားတဲ့အတိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံမှာ ၂၀၀၇ ဒီဇင်ဘာ ၂၃ မှာ ရွေးကောက်ပွဲ ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ “ဒီအထိတော“့ လမ်းကြောင်းမှန်မှန်နဲ့ ဒီမိုကရေစီ စနစ်ကို တဖန် ပြန်ချဉ်းကပ် နေပါပြီ။
သို့သော်လည်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ "Poll" ရလဒ်အထိ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရဲ့ လူများနဲ့ အသစ်ဖွဲ့စည်းထားတဲ့ ပြည်သူ့အင်အားပါတီ က မဲအများစုကို ရမယ့်အနေအထားမှာရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ် က တပ်ဆင်လူတွေ တကယ်တမ်းအစီုးရဖွဲ့နိုင်မယ့် အနေအထားရောက်လာခဲ့ရင် အသာတကြည်လက်ခံနိုင်ပါ့မလား။ မြန်မာပြည်လိုမျိုး အာဏာလွဲမပေးပဲ ပေကပ်ပြီး ရူးကြောင်ကြောင် လုပ်အုန်းမှာလား။ မြင်ဆရာ၊ကြားဆရာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများဆီက ပညာတွေ ရထားတဲ့ ထိုင်းစစ်တပ်က ဘယ်လို ထိုင်းနိုင်ငံရေး နဲ့ ထိုင်းပြည်သူတွေရဲ့ ဘဝကို လမ်းကြောင်းပြောင်းအုန်းမှာလား။ စောင့်ကြည့်ကြပါစို့။
ကိုးကား။
ဘန်ကောက်ကဝိ
အမေရိကားအသံ
Labels: နိုင်ငံရေး
Thursday, December 6, 2007
ကိုလိုနီခေတ် သခင်အောင်ဆန်း၏ လွပ်လပ်ရေးလုပ်ငန်းစဉ် အမြင်
သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာလအတန်ကြာကပင် ဖြစ်ပါသည်။ ကလေးဘဝက တိုက်ခိုက်တော်လှန်ရန် စိတ်ကူးယဉ်အိပ်မက်ခဲ့သော်လည်း လွတ်လပ်ရေးကို အခြေခံဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေးနည်းဖြင့် ရယူနိုင်မည့် အလားအလာကို အစဉ်တစိုက် ပယ်ထားခဲ့သူမဟုတ်ပါ။ အများသိ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်လာပြီးနောက်ပိုင်း၌ ရန်ကုန်တကက္ကသိုလ် အဂ္ဂလိပ်စာပါမောက်ခအား ပေးပို့သော စာတစောင်တွင် သူသည် 'ငြိမ်းချမ်းသော တော်လှန်ရေးသမား' သာဖြစ်သည်ဟု ရေးသားခဲ့ကြောင်းကြားသိရပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း အရေးအခင်းများ၏ဒီရေလှိုင်းသည် သူ့အား သဘောထားပြောင်းလဲစေခဲ့သည်။ ၁၉၄ဝ ခုနှစ်က သူ၏ တွေးခေါ်ပုံကို အောက်ပါအတိုင်း
ရှင်းပြထားပါသည်။
Ref : အောင်ဆန်းစုကြည် - အကြောက်တရားမှကင်းလွတ်ရေး မှ
ကျနော်တဦးချင်းအနေနှင့်ကား ကျနော်တို့၏ အရေးတော်ပုံအတွက် ကမ္ဘာ့ဝါဒဖြန့်မှုနှင့် ကမ္ဘာ့အကူအညီလိုသည်မှာ မှန်သော်လည်း အဓိကလုပ်ငန်းမှာ ပြည်တွင်းတွင်သာရှိသည်။ အဓိကလုပ်ငန်းမှာ အမျိုးသားရေးတိုက်ပွဲအတွက် ပြည်သူလူထုကို စည်းရုံးရန်ဖြစ်သည်ဟု ယူဆခဲ့သည်။ ကျနော့်မှာလည်း အကြမ်းဖျဉ်းအစီအစဉ်တခုရှိခဲ့သည်။ ၎င်းအစီအစဉ်မှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တပြည်လုံးတွင်ဆန့်ကျင်ရန်၊ ဤလှုပ်ရှားမှုကို ကမ္ဘာ့အခြေအနေ ဗမာ့အခြေအနေနှင့်အညီ တစတစတိုးချဲ့ရန်၊ မြို့နေအလုပ်သမား တောနေအလုပ်သမားတို့၏ ဒေသအလိုက်သပိတ်များမှစ၍ အထွေထွေသပိတ်များ၊ အခွန်အခပေးရေးသပိတ်များအထိ တိုးချဲ့ဆင်နွဲရန်၊ တက်ကြွလာသော ဝါဒဖြန့်ချိမှုများဖြစ်သည့် လူထုဆန္ဒပြပွဲများ ချီတက်ပွဲများမှစ၍ ပြည်သူတို့၏ အာဏာဖီဆန်ရေးတိုက်ပွဲအထိ ဆက်လက်ဆင်နွဲရန်၊ စီးပွားရေးအရတွင်လည်း ဗြိတိသျှကုန်ပစ္စည်းများကို သပိတ်မှောက်ရာမှစ၍ လူထုနှင့်ချီ၍ အခွန်မပေးရေးတိုက်ပွဲအထိ ဆင်နွဲရန်၊ စစ်ဖက်အုပ်ချုပ်ရေးဖက်နှင့် ပုလိပ်ဖက်ကင်းစခန်းများ ဆက်သွယ်ရေးလမ်းကြောင်းများကို ပြောက်ကျားနည်းနှင့်ဝင်ရောက်တိုက်ခိုက်၍ ဗမာပြည်အတွင်း ဗြိတိသျှအုပ်ချုပ်မှုစနစ်ကို လုံးဝသွက်ချာပါဒလိုက်သည်အထိ တိုက်ပွဲဆင်နွဲရန်၊ ထိုအခါ ကမ္ဘာဖြစ်ပေါ်တိုးတက်မှုနှင့် တပြိုင်နက် နောက်ဆုံးပိတ် အာဏာသိမ်းပွဲကို ဆင်နွဲရန်၊ အစီအစဉ်ပင်ဖြစ်သည်။ ဗြိတိသျှအစိုးရ၏ လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် ဗြိတိသျှလူမျိုးမဟုတ်သော တပ်များသည် ကျနော်တို့ဖက်သို့ ကူးပြောင်းလာကြလိမ့်မည်ဟုလည်း ကျနော်တွက်ခဲ့သည်။ ဤအစီအစဉ်တွင် ဂျပန်များ ဝင်ရောက်တိုက်ခိုက်မှုကိုလည်း မှန်းဆခဲ့သည်။ သို့သော် ဤနေရာတွင် ကျနော်မှာ ရှင်းလင်းသောအမြင် မရှိခဲ့ပေ။ ထိုအခါက ကျနော်တို့ထဲမှ မည်သူမျှ ရှင်းရှင်းလင်းလင်းမရှိခဲ့။ သို့သော် ယခုဖြစ်ပျက်ပြီးသွားသည့်အခါတွင်ကား လူအချို့အနေနှင့် ကျန်လူများထက်ပို၍ သိမြင်ခဲ့ဟန် ဟန်ဆောင်ကောင်းဆောင်ကြမည်။
Labels: နိုင်ငံရေး
Monday, October 1, 2007
ASTVထိုင်းမီဒီယာသူဌေးကြီး၏ မြန်မာအမြင်
သူ့အလိုအရ မြန်မာလွတ်လပ်သွားရင် အနောက်တိုင်းနဲ့ ပိုရင်းနှီးသွားမယ်လို့ တရုတ်က ယုံကြည်ထားတဲ့ အချက်ဟာ မြန်မာတွေကို ကံဆိုးစေတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဟာ သူရဲ့ပြည်တွင်းမှာ လွတ်လပ်ခွင့်တောင်းလာမှာကို အရမ်းစိုးရိမ်ပါတယ်။ ပြီးတော့ မြန်မာနဲ့ ထိစပ်နေတဲ့ တရုတ်ရဲ့ ယူနန်နယ်မှာ ကေ-အမ်-တီ ဆိုတဲ့ တရုတ်ဖြူအနွယ်တွေ လိုလားသူတွေ အများရှိကြွင်းကျန်နေသေးတယ်လို့ တရုတ်က ယုံကြည်ပါသတဲ့။ ဒီလူတွေဟာ မြန်မာကတဆင့် အနောက်တိုင်းနဲ့ အဆက်သွယ်ရသွားမှာ၊ အဲဒီကတဆင့် တရုတ်ပြည်အတွင်းပိုင်းကို ၀င်လာမှာ အရမ်းစိုးတယ်လို့ သုံးသပ်ပါတယ်။ လောလောဆယ် မြန်မာပြည် အခြေနေဟာ အင်းအားကြီး တရုတ်-အမေရိကန်-အိန္ဒိယနဲ့ ဆူပါ ပါဝါပြန်ဖြစ်ချင်တဲ့ ရုရှား တို့ရဲ့ ကစားကွင်း ဖြစ်မှန်းမသိ ဖြစ်လာနေပြီလို့ သုံးသပ်ပါတယ်။
ပြီးတော့ ထိုင်းတွေကလည်း သနားတယ်သနားတယ်နဲ့ မြန်မာပြည်က ရသမျှယူဖို့နဲ့ မြန်မာပြည်ကို ရသမျှရောင်းဖို့သာ အဓိကထားနေတယ်၊ မြန်မာအရေးကို စိတ်ပါလက်ပါ ကူညီမှုမရှိဘူး မြန်မာတွေ ဒီလို ဖြစ်နေတာကို ကြိတ်ပြီးကျေနပ်နေ၊ မြန်မာ တိုးတက်ပြီး ဗီယက်နမ်လို ဒေသတွင်း ပြိုင်ဘက်တစ်ခု ထပ်တိုးလာမှာ စိုးရိမ်နေကြတယ်လို့ ဝေဖန်ထားပါတယ်။
ဘယ်လိုဘဲ ပါးစပ်ကပြောနေပေမဲ့ တကယ်ထိရောက်တဲ့ နည်းတွေ မသုံးနိုင်၊ မသုံးကြသေးသမျှ မြန်မာတွေ ဆက်ပြီး ဒုက္ခဖြစ်နေဦးမှာပဲလို့ ဆိုပါတယ်။
ပြီးတော့ မြန်မာစစ်အာဏာရှင်တွေဟာ အတော်ကိုအတ္တ္တကြီးပြီး တုံးလွန်းပါတယ်တဲ့၊ စီးပွားရေးကို တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်လုပ်ဖို့ အခွင့်အရေးတွေ အများကြီးရှိရက်နဲ့ မလုပ်ခဲ့ကြပါဘူးတဲ့၊ မိမိတို့အတွက်သာ အသည်းအသန် လုပ်နေကြသတဲ့၊ အကယ်လို့ လုပ်ပေးနိုင်မယ်ဆိုရင် သူတို့အာဏာကို အကြာကြီးအတိုက်အခံ နဲနဲနဲ့ ကိုင်တွယ်ထားလို့ရပါတယ် လို့ သုံးသပ်သွားပါတယ်။
[ထိုင်းမှာ As TV ဆိုတဲ့အခငွေကြေးနဲ့ ထုတ်လွင့်နေတဲ့ ရုပ်မြင်သံကြားဌာန တစ်ခုရှိပါတယ်။ နိုင်ငံရေးဝေဖန်မှုတွေ လုပ်တဲ့သတင်းဌာနပါ။ ပိုင်ရှင်က ထိုင်းမီဒီယာသူဌေးကြီး ဆွန်ထိဆိုတဲ့ အင်္ဂလန် အက်ကျူကိတ် တစ်ယောက်ပါ။ ဒီသတင်းဌာနဟာ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ကျသွားရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။]
Labels: နိုင်ငံရေး
What the protest really means!
Ref from ဆုံဆည်းရာ by soneseeyar
ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ ကျောင်းသားနဲ့ တပ်မတော်သားအကြား သံဃာနှင့် တပ်မတော်သားအကြား ဖြစ်ပေါ်နေတာ မဟုတ်ကြောင်း၊ မြန်မာပြည်လူ့အဖွဲ့အစည်းတရပ်လုံးနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတစုတို့အကြား ထိပ်တိုက်ရင်ဆိုင် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲဖြစ်ကြောင်း။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေအနေနဲ့ ဘယ်ဘက်ကနေ ရပ်တည်မလဲဆိုတာကို အဆုံးအဖြတ်ပေးရတော့မယ့် အချိန်ကို ရောက်နေပြီဖြစ်ကြောင်း
Labels: နိုင်ငံရေး
Thursday, September 27, 2007
ကော့သောင်းအပါအ၀င် နယ်မြို့များတွင်သံဃာတော်များ ကံဆောင်ပွဲများပြုလုပ်
Ref : NEJ / ၂၄ စက်တင်ဘာ ၂၀၀၇ - Khitpyaing Journal - www.khitpyaing.org
တနင်္သာရီတိုင်း ကော့သောင်းမြို့၌ သံဃာအပါး (၁၀၀) ၀န်းကျင်ခန့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး လမ်းလျှောက် ပရိတ်ရွတ်ကြသည်။
ပိတောက်ရွှေဝါရပ်ကွက်ရှိ မြို့လယ်ကျောင်းမှ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး သံဃာအပါး (၃၀) ကျော်ခန့် ယနေ့ မွန်းလွဲ (၁) နာရီခန့်မှစတင်ကာ အဏ္ဏ၀ါရပ်ကွက်ရှိ ကမ်းနားလမ်းအတိုင်း မြို့ပတ်ပြီးလမ်းလျှောက် ပရိတ်ရွတ်ကြခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။
၎င်းက "ရှေ့ဆုံးက သံဃာတပါး သာသနာအလံကိုင်ပြီး၊ နောက်က တပါးက သပိတ်ကိုမှောက်
ကိုင်ပြီး လိုက်နေတယ်။ နောက်က သံဃာတွေက နှစ်ပါးတတန်းစီစီပြီး လျှောက်နေကြတယ်" ဟု ပြောသည်။
မေတ္တာသုတ်ရွတ်လမ်းလျှောက်ရာတွင် ပါဝင်သည့် မြို့လယ်ကျောင်းတိုက်မှ သံဃာတော်တပါးက "ဆန္ဒပြတာရယ်လို့တော့မဟုတ်ပါဘူး။ အခြားမြို့တွေပြသလိုပဲ ဦးဇင်းတို့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြည်သူတွေအတွက် ပရိတ်ရွတ် မြို့ပတ်လမ်းလျှောက်ကြတာပါ" ဟု မိန့်ကြားသည်။
လမ်းလျှောက်မေတ္တာသုတ်ရွတ်ဖတ်ပွဲကို (၃) ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နောက်နေ့ထပ်မံပြုလုပ်မည့် အစီအစဉ်များကို ဘုန်းကြီးများ အစည်းအဝေးလုပ်ပြီး တိုင်ပင်နေကြသည်ဟု အဆိုပါသံဃာတော်က မိန့်ကြားသည်။
သံဃာတော်များသည် ရွှေဟင်္သာ၊ လင်းမိုင်ခြံ၊ အေးရိပ်ငြိမ်ရပ်ကွက်တို့မှတဆင့် ရွှေပြည်သာဘက်ရှိ ဘုန်ကြီးကျောင်းများသည့် ရပ်ကွက်များသို့ လမ်းလျှောက်ကြွချီကြပြီး ပြည်သူများပါဝင်ခြင်းမရှိဘဲ ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်ဟု သိရသည်။
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြရာတွင် ကော့သောင်းအာဏာပိုင်များက တားဆီးနှောင့် ယှက်ခြင်းမရှိသော်လည်း ရဲနှင့် ရဲအထူးသတင်းတပ်ဖွဲ့တို့က ဆိုင်ကယ် (၅) စီးခန့်ဖြင့်လိုက်ပြီး ဓာတ်ပုံရိုက်ယူကြောင်း သိရသည်။
သံဃာတော်များသည် ညနေ (၃) နာရီခန့်၌ ပြည်တော်အေးဘုရားပေါ်တွင် မေတ္တာသုတ်ရွတ်
ဖတ်ကာ လူစုခွဲလိုက်ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့၌ သံဃာအပါး (၅၀၀) ကျော်၊ ပဲခူးတိုင်း ပဲခူးမြို့၌ အပါး
(၄၀၀) ကျော်၊ သာယာဝတီခရိုင် ဇီးကုန်းမြို့၌ အပါး (၁၀၀) ကျော်၊ နတ္တလင်းမြို့၌ အပါး
(၉၀) ခန့်တို့က ပတ္တနိက္ကုဇ္ဇနကံဆောင်သည့်အနေဖြင့် ယနေ့တွင် မြို့တွင်း စီတန်းလှည့်လည် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြသည်ဟု မြို့ခံများက ပြောသည်။
Labels: ဒေသသတင်း, နိုင်ငံရေး
Tuesday, July 10, 2007
အရှေ့တောင်အာရှမှာ ရွေးကောက်ပွဲကျင်းပပေးရင် ဒီမိုကရေစီ ရမှာလား
Posted May 19th, 2007 by naynyonyo in Phatpa.com
အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် ဆင်မြူရယ်ဟန်တင်တန် အမည်တပ်ခဲ့သည့် သမိုင်း၏ “ဒီမိုကရေစီ ကျင့်သုံးမှု တတိယလှိုင်း” ကြီးကိုတစ်ချိန်က အရှေ့တောင်အာရှသည် စီးခဲ့ကြသည်။ ၁၉၈၆ ခုနှစ် အဆိုပါလှိုင်းအမြင့်ဆုံး ထိပ်နားအရောက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ့အာဏာ တော်လှန်မှုကြောင့် မာကိုစ်အစိုးရပြေးခဲ့ရသည်။ ၁၉၉၂ တွင် ဆန္ဒပြကန့်ကွက်မှုကြောင့် ထိုင်းစစ်တပ်အာဏာစွန့်ခဲ့ရသည်။ ၁၉၉၈တွင် အင်ဒိုနီးရှားအာဏာရှင် ဆူဟာတိုပြိုလဲသွား သည်။
ယခုနှစ်တွင်ဤဒေသ၌ ရွေးကောက်ပွဲများ ကြွတ်ကြွတ်ဆူနေသည်။ မေ ၁၄ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ကွန်ဂရက်လွှတ်တော်နှင့် ဒေသဆိုင်ရာရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ၎င်းမတိုင်မီ ငါးရက်လောက်က တီမောလက်စ်တီ မဲဆန္ဒရှင်များက တစ်ချိန်က အင်ဒိုနီးရှားတို့် သိမ်းပိုက်ထားမှုကို တွန်းလှန်ခဲ့သူ ဂျိုဆေရာမိုင်ဟိုကာ အား သမ္မတအဖြစ် ရွေးချယ်ခဲ့ကြသည်။
မေလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသားများသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပလိမ့်မည်။ တီမောလက်စ်တီတွင်လည်း ယခုနှစ်ကုန်ပိုင်းလောက်တွင် ပါလီမန်သစ်တစ်ရပ် ရွေးကောက်တင်မြှောက်မည်။ ထို့အတူ ပါဖူဝါနယူးဂီနီ၊ မလေးရှားနိုင်ငံတို့တွင်လည်း ရွေးကောက်ပွဲများ ကျင်းပမည်။ ဒီမိုကရေစီ ထိန်းသိမ်းရန်အတွက် ထိုင်းမှာလည်း ရွေးကောက်ပွဲရက်သတ်မှတ်ထားသည်။ အထင်ကြီးလောက်စရာ ဖြစ်သည်။ သို့သော်လည်း ဤသို့ရွေးကောက်ပွဲများ ကျင်းပပေးခြင်းသည် ဤဒေသ၏ လူဦးရေသန်း ၅၀၀ အတွက် စစ်မှန်သောနိုင်ငံရေး လွတ်လပ်မှု သို့မဟုတ် ၎င်းတို့ရရှိသည့် လွတ်လပ်မှုသည် ယတိပြတ်ပြောင်းလဲသွားခြင်း မရှိဟု ဆိုလိုခြင်းမဟုတ်ချေ။
Labels: အတွေးအမြင်, နိုင်ငံရေး
Wednesday, June 27, 2007
မြန်မာ့လွတ်လပ်ရေးနှင့်မစ္စတာအက်တလီအမြင်
ဒုတိယကမ္ဘာစစ်ပြီးကာလ မှာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ဗြိတိသျှဝန် ကြီးချုပ်ကလီမင့်အက်တလီ (Cle m ent Rich ard Attlee, 1883-1967) ရဲ့ကိုယ်တိုင်ရေးအတညုပဍ္ဎတ္တိစာအုပ် တစ်အုပ် မိတ်ဆွေတစ်ယောက်ဆီ ကလက်ဆောင်ရတယ်။ စာအုပ် ကနည်းနည်းတောင် ပိုးကိုက်နေ ပြီ။ စာအုပ်ခေါင်းစဉ်က "As It Happened" တဲ့။Odhams Press Limited London ကထုတ်ဝေ တယ်။ ထုတ်ဝေနှစ် ရှာမတွေ့ဘူး။
အက်တလီဟာ မြန်မာနိုင်ငံ နဲ့ပတ်သက်ခဲ့တဲ့ ဗြိတိသျှနိုင်ငံရေး ခေါင်းဆောင် လေဘာပါတီရဲ့ဝန် ကြီးချုပ်ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်း ဘိလပ်သွားပြီး လွတ် လပ်ရေးဆွေးနွေးခဲ့တဲ့ ခရီးစဉ်မှတ် တမ်းမှာ အက်တလီနဲ့ ဗိုလ်ချုပ် အောင်ဆန်း ရင်းရင်းနှီးနှီး ယှဉ်တွဲ လျက်ဓာတ်ပုံတွေငယ်ငယ်ကတည်း က တွေ့မြင်နေခဲ့ရလို့ သူ့ရုပ်ပုံကို မျက်စိယဉ်နေတယ်။ ""အောင်ဆန်း -အက်တလီစာချုပ်"" ဆိုတာကို လည်း နားယဉ်နေခဲ့တယ်။ သူ့အတညုပဍ္ဎတ္တိ ဖတ်ကြည့် တော့လည်း အက်တလီဟာ တ ကယ့်လူကြီးလူကောင်း၊ ယဉ် ကျေးတဲ့ နိုင်ငံရေးသမားကြီး တစ် ယောက်ဆိုတာ သိရတယ်။ ၁၉၃၅ မှာ သူလေဘာပါတီခေါင်းဆောင် ဖြစ်လာတယ်။ ၁၉၄၂မှာ ချာချီရဲ့ 0x150ွန့်ပေါင်းအစိုးရမှာ ဒုတိယ ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ ၁၉၄၅ရွေး ကောက်ပွဲကျတော့ သူ ဦးဆောင် တဲ့ လေဘာပါတီဟာ မဲအပြတ် အသတ်နိုင်ခဲ့လို့ အက်တလီ ဝန် ကြီးချုပ်ဖြစ်လာတယ်။ သူ့လက် ထက်မှာ ဒုတိယကမ္ဘာစစ်ပြီးချိန် လွတ်လပ်ရေးတောင်းဆိုလာကြတဲ့ ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေး ပေးဖို့ နိုင်ငံခြားရေးမူဝါဒချမှတ် ခဲ့ပြီး နိုင်ငံအတော်များများကို လွတ်လပ်ရေးပေးခဲ့တယ်။ အဲဒီ အထဲ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ တာဖြစ်တယ်။ နု-အက်တလီ စာ ချုပ် ချုပ်ဆိုတာသမိုင်းဝင်နာမည် တစ်ခုပဲ�မဟုတ်ပါလား။ အက်တလီ ကိုယ်တိုင်ရေး အတညုပဍ္ဎတ္တိမှာမြန်မာနိုင်ငံအကြောင်း သူ ဘယ်လိုအမြင်နဲ့ ရေးခဲ့သလဲ လို့ ဖတ်ကြည့်တယ်။ အခန်း(၁၁) ""ဓနသဟာယဆက်ဆံရေး""ဆိုတဲ့ အခန်းမှာ နှစ်မျက်နှာ၊ သုံးမျက်နှာ လောက် ထည့်ရေးထားတာတွေ့ရ တယ်။ အက်တလီက အိန္ဒိယကို လွတ်လပ်ရေးပေးပြီးရင်ဓနသဟာယ အဖွဲ့ထဲမှာ ဆက်လက် ပါဝင်နေ စေဖို့ ကြိုးစားခဲ့တဲ့အကြောင်း ရေး တယ်။ အိန္ဒိယက သမ္မတနိုင်ငံ တည်ထောင်ချင်တယ်။ ဓနသဟာ ယအဖွဲ့ဝင်နိုင်ငံတွေက �နိုင်ငံ ဥသျှောင်အဖြစ် ဗြိတိသျှရွှေနန်း သခင်ကိုသတ်မှတ်ရတယ်။ နောက် ဆုံးတော့ အိန္ဒိယက သမ္မတနိုင်ငံ ဖြစ်သော်လည်း�ဓနသဟာယ ဥသျှောင်အဖြစ် ဗြိတိသျှထီးနန်း ကို အသိအမှတ်ပြုဖို့ လက်ခံတဲ့ အတွက် လွတ်လပ်ရေးယူပြီးချိန် မှာ ဓနသဟာယအဖွဲ့ဝင်အဖြစ် ဆက်နေခဲ့တယ်။ မြန်မာနိုင်ငံကိုလည်း လွတ် လပ်ရေးရပြီးချိန်မှာ ဓနသဟာယ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိ ဖို့ အက်တလီတို့က ကြိုးစားခဲ့တဲ့ အကြောင်း စာမျက်နှာ ၂၁၈-၂၁၉ မှာ အောက်ပါအတိုင်းဖော်ပြခဲ့ တာ မှတ်သားစရာ ကောင်းပါ တယ်။ ""မြန်မာနိုင်ငံ င်္ပြံနာက အိန္ဒိယနှင့်မတူ ကွဲပြားခြားနား သည်။ ကဋ္ဋန်ုပ်သည် ဆိုင်မွန်ကော် မရှင်နှင့် မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့ဖူးသည်။ မြန်မာနိုင်ငံကို အိန္ဒိယထဲက ခွဲခြမ်းပေးခဲ့သည်မှာ ကဋ္ဋန်ုပ်တို့ ကော်မရှင်၏ ထောက်ခံ တင်ပြချက်အရဖြစ်သည်။ စစ်ကြီး မတိုင်မီ မြန်မာတို့သည် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွေ့ အကြုံရခဲ့ကြ ပြီးဖြစ်သည်။ သို့သော် အနောက် တိုင်းပညာရေးရှိသူ မြန်မာများ အလွန်နည်းပါးပြီး အုပ်ချုပ်ရေး ပိုင်းတွင်လည်း များများစားစား မရှိခဲ့ချေ။ မြန်မာနိုင်ငံတွင် အိန္ဒိယမှာ ကဲ့သို့ ဟင်ဒူ-မူဆလင်လူမျိုး အရေးင်္ပြံနာမျိုးမရှိသော်လည်း ခေတ်နောက်ကျလွန်းခြင်းနှင့် လူ မျိုးစုင်္ပြံနာအချို့ကား ရှိနေခဲ့ သည်။ မြန်မာနိုင်ငံသည် ဂျပန်တို့ ၏ကျြးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ကာလရှည်ကြာ ခက်ခက် ခဲခဲ ပြန်လည်တွန်းလှန်ပြီးမှအောင် မြင်မှုရရှိခဲ့သည်။ မြန်မာအချို့ သည် ဂျပန်က လွတ်လပ်ရေး တကယ်ပေးလိမ့်မည်ဟုယုံကြည်၍ ဂျပန်နှင့်ပူးပေါင်းခဲ့ပြီး ဒေါက်တာ ဘမော် ရုပ်သေးအစိုးရကိုထောက် ခံခဲ့ကြသည်။ သို့သော်သူတို့သည် မကြာမီအမြင်မှန်ရခဲ့ကြပြီး အောင် ဆန်း၏ ဦးဆောင်မှုအောက်ရှိ လူငယ်များကတော်လှန်ရေးဆင်နွှဲ ကြသည်။ ဗြိတိသျှတပ်များနှင့် သူတို့အဆက်အသွယ်ရခဲ့ကြသည်။ လော့ဒ်မောင့်ဘက်တန်၏ အမြော် အမြင်ကြီးမားသောမူဝါဒ၏ ကျေး ဇူးဖြင့် သူတို့ပူးပေါင်းဆောင်ရွက် ကြပြီး ကျြးကျော်သူများအား မောင်းထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ပြန်ရပြီး နောက် အိန္ဒိယရှိ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်�လက်အောက်ခံ(မြန်မာ) ပြည်ပြေးအစိုးရကို ပြန်လည် အသက်သွင်းခဲ့ကြ၏။ ဆာဒေါ်မန် စမစ်ထံ၌ နိုင်ငံရေးသမား လက် ဟောင်းကြီး အချို့ရှိနေသည်။ စစ် ကြီးမတိုင်မီက မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသော တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို အချိန် မတိုင်မီ ပြန်လည်ဖော်ထုတ်ခဲ့ခြင်း မှာ ကဋ္ဋန်ုပ်တို့၏ အမှားဖြစ်သည်။ နိုင်ငံရေး လက်ဟောင်းကြီး များသည် မြန်မာနိုင်ငံ၌ ကြီးထွား လာနေသော အမျိုးသားရေးလှုပ် ရှားမှုကြီးနှင့် ကင်းကွာနေကြချိန် တွင် တော်လှန်ရေးသမား လူငယ် များက စိတ်မရှည်နိုင်တော့ချေ။ နောက်ဆုံးတွင် ကဋ္ဋန်ုပ်သည် မြန်မာများက ကောင်းစွာနှစ်သက် လက်ခံသော၊�မြန်မာနိုင်ငံအကြောင်း လည်း ကောင်းကောင်းသိသူ ဆာ ဟူးဘတ်ရန့်စ်ကိုဘုရင်ခံခန့်လိုက် သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ်များပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့လာပြီးမြန်မာ့နောင်ရေး ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက် သည်။ သူတို့နှင့်ကဋ္ဋန်ုပ်တို့ အချိန် ကြာမြင့်စွာဆွေး နွေးဖလှယ်ခဲ့ကြ သည်။ သူတို့ထဲက အချို့သည် စစ်ကြီးမတိုင်မီကခရစ်ပ်စ်(Chipps)နှင့် သိကဋ္ဋမ်းခဲ့ကြပြီးဖြစ်၍ များစွာ အဆင်ပြေခဲ့သည်။ သို့သော်ကဋ္ဋန်ုပ် တို့က မြန်မာပြည်သူများ၏ ရွေး ချယ်မှုကိုလက်ခံရန်အသင့်ရှိသည် ဟုပြောဆိုခြင်းကို ပထမတွင် သူတို့မယုံကြည်နိုင်ကြဘဲသံသယ ရှိနေခဲ့ကြသည်။ ဖြစ်ချင်တော့ သူတို့သည် လုံးဝလွတ်လပ်ရေးရယူပြီးသမ္မတ နိုင်ငံထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိကဋ္ဋံထား ခဲ့ကြလေပြီ။ သူတို့သည် ကွန်မြ နစ်ပါတီကိုလည်း ရင်ဆိုင်နေကြ ရ၏။ ဆွေးနွေးပွဲများ ဆက်ပြုလုပ် နေရင်း သူတို့ထဲက အချို့(အထူး သဖြင့်သူတို့၏ခေါင်းဆောင်ခေါင်း မာသူတစ်ဦးဖြစ်သောအောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက် နေသင့်သည်ဟု သဘောပေါက်စ ပြုလာသည်။ သမ္မတနိုင်ငံ ထူ ထောင်သော်လည်း အိန္ဒိယကဲ့သို့ ပင် ဓနသဟာယထဲတွင်ဆက် နေနိုင်သည့် လမ်းကြောင်းကို သဘော ကျကြသည်။ ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် အလွန်ငယ်ရွယ်ပြီး အတွေ့ အကြုံနုနယ်သူများဖြစ်ကြ၏။ လူနည်းစုပါတီတစ်ခု၏ ကိုယ်စား လှယ်ဖြစ်သူ ဦးစောကမူ သူတို့နှင့် မတူချေ။ သူ့ကို စစ်ကြီးမတိုင်မီက ကဋ္ဋန်ုပ်တွေ့ခဲ့ဖူးသည်။ စစ်ကြီးအ တွင်း သူအင်္ဂလန်သို့လာရောက် သည်။ သို့သော် ဦးစောသည် ဂျာမန်များနှင့်လစ္စဘွန်းတွင်အဆက် အသွယ်လုပ်ရန်ကြိုးစားခဲ့ကြောင်း ပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ပြုံးပြုံး လေးနှင့်ဆိုးမည့်သူဟု ကဋ္ဋန်ုပ် ထင် မြင်ယူဆခဲ့သည်။ ကဋ္ဋန်ုပ်နှင့်ဇနီးက အောင်ဆန်း တို့တစ်ဖွဲ့လုံးကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ရာ ကဋ္ဋန်ုပ်၏ဇနီး သည် လူသတ်သမားဖြစ်မည့်သူနှင့်သူ၏ သားကောင်ဖြစ်မည့် သူများအား ဧည့်ခံကေဋ္ဋးမွေးနေ ခြင်းပါတကား ဟု စိုးစဉ်းမျှတွေးမိမည် မဟုတ် ချေ။ သူတို့ မြန်မာပြည် ပြန်သွား ကြပြီး များမကြာမီအောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများ သည် ဦးစော၏ သတ်ဖြတ်ခြင်း ခံကြရသည်။ ဘုရင်ခံ၏ လက် မြန်ခြေမြန်အရေးယူမှုကြောင့် ဦးစော၏အကြံ မအောင်မြင်ခဲ့ချေ။ သခင်နုသည်ဝန်ကြီးချုပ်ဖြစ်လာပြီး ဦးစောသည်တရားဥပဒေရှေ့မှောက် သို့ ရောက်သွားခဲ့၏။ သို့သော် မြန်မာနိုင်ငံထိုးနှက်ခံခဲ့ရသည်မှာ ကား ပြင်းထန်လှသည်။ သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြ သည်။ ကဋ္ဋန်ုပ်တို့၏ အခြေခံမူများ နှင့်အညီ ကဋ္ဋန်ုပ်တို့အနေဖြင့် သူတို့ ၏တောင်းဆိုချက်ကို ခွင့်ပြုရန်မှ တစ်ပါး အခြားမရှိချေ။ ထိုအချိန်ကစ၍ မြန်မာ အစိုး ရသည် ကွန်မြနြစ်များနှင့် အခြား အဖွဲ့များ၏ သူပုန်ထမှုများနှင့် ရင်ဆိုင်ခဲ့ကြရပါတော့သည်။ � � � မစ္စတာ အက်တလီရဲ့ မြန်မာ နိုင်ငံအပေါ်ထင်မြင်ချက်ကိုဖတ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းအလှည့် အပြောင်း သဘာဝလေးတွေကို သင်ခန်းစာယူတဲ့စိတ်၊ သံဝေဂ ယူတဲ့စိတ်နဲ့ စဉ်းစားနေမိ ပါ ကြောင်း . . . ။
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar