Showing posts with label စိုက်ပျိုးရေး. Show all posts
Showing posts with label စိုက်ပျိုးရေး. Show all posts

Monday, September 8, 2008

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျောက်တွင် ပင်လယ်ရေမှော်များသဘာဝအလျောက်များစွာပေါက် ရောက်နေ

ရခိုင်ပြည်နယ်ကမ်းရိုးတန်း တစ်လျောက်တွင် ပင်လယ်ရေမှော် များသဘာဝအလျောက်များစွာပေါက် ရောက်လျက်ရှိနေကြောင်းနှင့်ဒေသ တွင်းနိုင်ငံအချို့၌ ပင်လယ်ရေမှော် ကို စိုက်ပျိုးမွေးမြူ၍ ကုန်ချောထုတ် လုပ်ကာ ကမ္ဘာ့ဈေးကွက်သို့ထိုး ဖောက်ပြီး နိုင်ငံခြားဝင်ငွေများရှာဖွေ လျက်ရှိကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် ပင်လယ်ရေမှော်များကိုအသုံးပြုလုပ် ကိုင်သည့် ကျောက်ကျောစက်ရုံတစ် ခုကို ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့် နှစ်ဝန်းကျင်က သံတွဲမြို့ပြင်ကျေး ရွာ၌တည်ဆောက်ထုတ်လုပ်ခဲ့ ကြောင်းနှင့်ယင်းအချိန်က ကုန်ကြမ်း ကို ကန့်သတ်ဈေးဖြင့်ပေးဝယ်ခဲ့၍ ရှာဖွေသူနည်းပါးခဲ့ကြောင်း သိရ သည်။ ကမ်းရိုးတန်းဒေသခံများမှာ ပင်လယ်ရေမှော်ကို တစ်ပိုင်တစ်နိုင် သာ ထုတ်လုပ်ရောင်းချနေကြပြီး ကုန်ကြမ်းရရှိမှုအနေ အထားကိုလေ့ လာကာ ဒေသတွင် ကျောက်ကျော စက်ရုံတည်ထောင်နိုင်ပါက ဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်း များလည်း ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း လေ့လာသူများကသုံးသပ် ကြပါသည်။

ရခိုင်ပြည်နယ်တွင် ကျောက် ကျောများကို ရမ်းဗြဲကျွန်း၊ မာန် အောင်ကျွန်း၊ ဖြူကျွန်း၊ စတုကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း၊ အုန်းတစ်ပင် ကျွန်းများတစ်လျောက် အမြောက် အမြားရရှိနိုင်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ပင်လယ် ကမ်းရိုးတန်းဒေသများတွင် ပေါက် ရောက်ဖြစ်ထွန်းနေသည့် ပင်လယ် ရေမှော်မျိုးစိတ်ပေါင်း ၃၀၀ ခန့်ရှိ ကြောင်းသိရပြီး ဂျပန်နိုင်ငံသည် ရေ မှော်ကျောက်ပွင့်များကို စိုက်ပျိုး ထုတ်လုပ်၍ ကုန်ချောပြုပြင်ထုတ် လုပ်ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်း တွင် ပင်လယ်ရေမှော်မွေးမြူမှုများ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်တောင် ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များ ၌လည်း လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ကာ မွေးမြူရန်ကြိုးစားသင့် ကြောင်း သိရသည်။

Weekly Eleven သားရွှေဦး (ကစ္ဆပ)

Read More......

Saturday, January 12, 2008

ရာဘာအကြောင်းသိကောင်းစရာနှင့် ပြည်ပတင်ပို့မှုအလားအလာ။

ရာဘာပင်ကို တောင်အမေရိကတိုက် အမေဇုန်ဒေသတွင် စတင်စိုက်ပျိုးခဲ့ပြီး ၁၉ ရာစုမှစ၍ အာဖရိကနှင့် အာရှဒေသများသို့ ပျံ့နှံ့လာခဲ့ပါသည်။ ရာဘာသည် ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်ပြီး အီကွေတာ တစ်ဖက်တစ်ချက် လတ္တီကျွတ် ၁၀ ဒီကရီအတွင်းဖြစ်ထွန်းသည်။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးစိုက်ပျိုး ပြီး မြန်မာနိုင်ငံတွင် ၁၈၇၆ ခုနှစ်မှစတင်စိုက်ပျိုးကာ တစ်နှစ်ထက်တစ်နှစ် ဧကတိုးချဲ့ စိုက်ပျိုးလျက်ရှိသည်။ ရာဘာတွင် ရာဘာတုနှင့်သဘာဝရာဘာဟူ၍ နှစ်မျိုးရှိပြီး ရာဘာ တုကို ရေနံမှထုတ်လုပ် ပါသည်။ သဘာဝရာဘာမှာ ဆန့်နိုင်ဆွဲနိုင်အားကောင်းခြင်း၊ အမာခံနိုင်ခြင်း၊ အသားသေ သတ္တိကောင်းခြင်း၊ ကြံ့ခိုင်ခြင်းကြောင့် ကား၊ လေယာဉ်၊တာယာ များတွင် မသုံးမဖြစ်အသုံးပြုကြသည်။

ရာဘာအပင်သက်တမ်းမှာ နှစ် ၃၀ ရှိပြီး၊ အပင်ကို သစ်အဖြစ် ပရိဘောဂများပြုလုပ်ရာတွင် အသုံးပြုပြီး ရာဘာရွက်ကို အလှပန်းများပြုလုပ်ရာတွင် အသုံးပြုနိုင်သဖြင့် တစ်ပင် လုံးနီးပါး အသုံးဝင်ပါသည်။ စိုက်ပြီး ၇ နှစ်အကြာတွင် အစေးစတင် ထွက်ရှိပြီး ၁၀ နှစ်အရွယ်တွင် အစေးထွက်နှုန်းကောင်းလာပါသည်။ တစ်ဧကလျှင် ရာဘာပင် ၂၀၀ မှ ၂၄၀ အထိရှိပြီး အထွက်နှုန်းမှာ တစ်ဧကပေါင် ၅၀၀ ထွက်ရှိပါသည်။ အထွက်နှုန်းကောင်းပါက အချို့နိုင်ငံများတွင် ပေါင် ၁၀၀၀ အထိ ထွက်ရှိကြောင်း တွေ့ရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ အဓိကနိုင်ငံခြား ၀င်ငွေရရှိသော သီးနှံ ၄ မျိုးတွင် ရာဘာနှစ်ရှည်သီးနှံတွင်ပါဝင်သည်။မြန်မာနိုင်ငံတွင် ရာဘာစိုက်ဧက ၇ သိန်းကျော်ရှိပြီး တန်ချိန် ၇ သောင်း ကျော်ထွက်ရှိသည်။ တန် ၁ သောင်းခွဲကျော်မှာ ပြည်တွင်းသုံးစွဲ၍ ပြည်ပသို့ တန်ချိန် ၆ သောင်းနီးပါး တင်ပို့နိုင်ပါသည်။ ယခင်နှစ်က တန်ချိန် ၅ သောင်းနီးပါး၊ တန်ဖိုး ကန်ဒေါ် လာ ၇၆ သန်းကျော် တင်ပို့နိုင်ခဲ့ပါသည်။ ယခုနှစ်သြဂုတ်လအထိ ရာဘာတန်ချိန် ၂၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၄၅ သန်းခန့်ရရှိပြီးဖြစ်ကြောင်း၊ ကမ္ဘာတွင် ရာဘာ အများဆုံး ၀ယ်ယူသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရာဘာဝယ်ယူအားမှာ နှစ်စဉ် ၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း၊ ရာဘာအရည်အသွေးအလိုက် အဆင့် ၅ ဆင့် သတ်မှတ်ထားပြီး၊ ရာဘာစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအားလုံး နီးပါးတွင်အသင်းအဖွဲ့များရှိကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ရှိကြောင်း၊ နိုင်ငံပေါင်း ၁၆ နိုင်ငံပါဝင်သည့် IRRBD ရာဘာအသင်းဖွဲ့စည်းထားပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံသည် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ရာဘာတိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း၊ အိန္ဒိယနိုင်ငံတွင် ရာဘာအပင်အို များလာပြီး အထွက်နှုန်းကျဆင်းနေ၍ အစိုးရက ချေးငွေထုတ်ချေး၍ စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် တရားဝင်သစ်လုပ်ငန်းများပြုလုပ်ရန် ခက်ခဲသောကြောင့် ပရိဘောဂပြုလုပ် သူများသည် ရာဘာသစ်များဝယ်ယူသုံးစွဲလာကြသဖြင့်လည်းကောင်း၊ သဘာ ၀ဘေးအန္တရာယ်များကြောင့် လည်းကောင်း၊ ရာဘာထုတ်လုပ်မှု မကျဆင်းစေရန် နိုင်ငံ၏အဓိကသီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ ရာဘာထုတ်လုပ်ရာတွင်လည်း အရည် အသွေးမြင့်မြင့်မားမား ထုတ်လုပ်နိုင်ရေးကို အဓိကထားမှသာ ပြည်ပတင်ပို့ရောင်းချရာတွင် မျက်နှာပန်းလှနိုင်မည်ဖြစ်ကြောင်း ရာဘာအကြောင်းသိကောင်းစရာများကို တင်ပြလိုက်ရပါသည်။
Ref : Ministry of Commerce, MM

Read More......

Thursday, January 10, 2008

"မြန်မာ့ရွှေဖြူ ရာဘာ "

မြန်မာ့ရာဘာ။

မြန်မာနိုင်ငံသည် ၁၈၇၆ ခုနှစ်တွင် ရာဘာမျိုးစေ့များ စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် ၁၉၀၅ ခုနှစ်၌ စီးပွားဖြစ်ရာဘာခြံများစိုက်ပျိုးခဲ့ပါသည်။ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ ရာဘာစိုက်ပျိုးတိုးတက်လာခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ဧက ၀ ဒဿမ ၇ သန်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် စိုက်ဧက ၀ ဒဿမ ၉ သန်းတိုးတက် လာကာ ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရာဘာစိုက်ပျိုးရန် စီမံကိန်းလျာထားချက်မှာ ဧက ၁ ဒဿမ ၅ သန်း ဖြစ်ကြောင်းသိရသည်။
ရာဘာစိုက်ပျိုးမည့်မြေမှာ မြေသားထု ၃ ပေ၊ ၄ ပေအနည်းဆုံးရှိသော ရေစီးရေလာကောင်းမွန်သည့် မြေအမျိုးအစားများတွင် စိုက်ပျိုးရန်သင့်တော်သဖြင့် မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်းပျက်များ၊ အပသစ်တော မြေများ၊ ပလပ်မြေများတွင်စိုက်ပျိုးနိုင်ပါသည်။ မိုးရေချိန်လက်မ ၆၀ နှင့် ၂၀၀ ကျော်ရွာသွန်းသော ဒေသများ၊ ကုန်းမြင့်ဒေသ များတွင် အမြင့်ပေ ၃၀၀၀ အောက်ဒေသများ၌ စိုက်ပျိုးရန်သင့်တော်ပါသည်။ ရာသီဥတုပူပြင်း ခြောက်သွေ့ပြီး မိုးရေချိန်လက်မ ၆၀ အောက်ရရှိသော မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း (မြောက်ပိုင်းမပါ) တို့မှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် ရာဘာပင်များစိုက်ပျိုးနိုင်ပါသည်။
မျိုးအလိုက်ရာဘာစိုက်ပျိုးခြင်းအတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်များမှာ ပထမနှစ်တွင် အစေ့စိုက်ပျိုး ပင်သည် ကျပ်နှစ်သိန်းခွဲခန့်၊ အဖူးကူးပျိုးပင်သည် ကျပ် သုံးသိန်းခွဲခန့်၊ 2000 Series ပျိုးပင်သည် ကျပ် ၄သိန်းခွဲခန့်ကုန်ကျပြီး အစေးမထုတ်ယူမီ ၆ နှစ်အတွက် တစ်ဧကခန့်မှန်းစိုက်ပျိုး ကုန်ကျစရိတ် များမှာ အစေ့စိုက်ပျိုးပင် သည်ကျပ်ရှစ်သိန်း၊ အဖူးကူးပျိုးပင်သည် ကျပ်ကိုးသိန်း၊ 2000 Series ပျိုးပင်သည် ကျပ်ဆယ်သိန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။
မျိုးအလိုက် ရာဘာစိုက်ပျိုးခြင်းအတွက် အထွက်ပေါင်နှင့်ခန့်မှန်းဝင်ငွေများမှာ အစေ့စိုက်ပင်သည် ပထမနှစ်တွင် အထွက်ပေါင် ၂၅၀ မှ ၃၀၀ အတွက်ဝင်ငွေမှာ ၃ သိန်း၊ ဒုတိယနှစ်တွင် အထွက်ပေါင် ၃၀၀ မှ ၄၀၀ အတွက် ၀င်ငွေ ၄ သိန်း၊ တတိယနှစ်တွင် အထွက်ပေါင် ၅၀၀ မှ ၅၅၀ အတွက်ဝင်ငွေ ၅ ဒဿမ ၅ သိန်း ဖြစ်၍ ၃ နှစ်အတွင်းဝင်ငွေမှာ ၁၂ ဒဿမ ၅ သိန်းရရှိနိုင်သဖြင့် အစေးထုတ်ကာလ ၃ နှစ်၌ စိုက်ပျိုးမှုကုန်ကျစရိတ်အရင်းကြေပါသည်။ ရာဘာပင်တစ်ပင်၏ အစေးထုတ်ယူနိုင်သည့် ကာလသည် နှစ်ပေါင်း ၃၀ ဖြစ်၍ အရင်းကြေပြီးကျန်နှစ်ပေါင်း ၂၇ နှစ်ဝင်ငွေမှာ အမြတ်များဖြစ်ပါသည်။ အလားတူ အဖူးကူးပင်သည် ပထမနှစ်အထွက်ပေါင် ၄၀၀၊ ဒုတိယနှစ်အထွက်ပေါင် ၅၀၀ မှ ၆၀၀ ၊ တတိယနှစ်အထွက်ပေါင် ၆၀၀ မှ ၇၀၀ ထွက်ရှိပါသည်။ 2000 Series ပျိုးပင်သည် ပထမနှစ်အထွက်ပေါင် ၇၀၀၊ ဒုတိယနှစ်အထွက်ပေါင် ၈၀၀ မှ ၉၀၀ ၊ တတိယနှစ် အထွက်ပေါင် ၉၀၀ မှ ၁၂၀၀ ထိထွက်ရှိကြောင်းသိရပါသည်။
ရာဘာစေးများကို မှိုင်းခံပြား ( Ribbed Smoke Sheets )များပြုလုပ်၍ အဆင့် ၅ ဆင့် (RSS 1, 2, 3, 4,5 )ခွဲခြားပြီး ၁၁၀ ပေါင်သောအထုပ်များထုပ်ပိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချရပါသည်။ ယခု RSS 5တစ်တန်လျှင် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၂၂၁၀ နှုန်းခန့်ရရှိပြီး မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေများ ရှာဖွေလျှက်ရှိပါသည်။
မြန်မာနိုင်ငံသည် အထွက်ကောင်း၊ မျိုးကောင်းမျိးသန့်ရာဘာမျိုးများကို မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းစိုက်ပျိုးပါသည်။ ဤကဲ့သို့ နိုင်ငံခြားမှ တင်သွင်းလာသောမျိုးများကို ယှဉ်ပြိုင်စမ်းသပ်စိုက်ကွက်များဖြင့် စိုက်ပျိုးပြီးသုတေသနကိန်းဂဏန်းများအရ ရာဘာရောဂါကင်းရှင်း၍ အထွက်နှုန်းကောင်း သည့် မျိုးများကို မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ ရွေးချယ်သတ်မှတ်ပေးပြီး စိုက်ပျိုးဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

Ref: Ministry of Commerce - MM

Read More......

Wednesday, December 26, 2007

ရက်တိုအတွင်း ဝင်ငွေပြန်လည်ရရှိမည့် ပင်လယ်ရေမှော် မွေးမြူရေးလုပ်ငန်း


ပြည်ပပို့ကုန်အမယ်သစ် ဖြစ် သော ပင်လယ်ရေမှော် (seaweed) မွေးမြူရေးလုပ်ငန်းကို တိုးချဲ့ရန် တာဝန်ရှိသူများမှကြိုးပမ်းလျက် ရှိပြီး မွေးမြူရန်အတွက်လိုအပ်သောနည်း ပညာများ ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်းသိရသည်။
ရက်တို အတွင်းဝင်ငွေပြန်လည် ရရှိမည့် ပင်လယ်ရေမှော် မွေးမြူရေးလုပ်ငန်းမှာ ကျွန်းပေါ်နေဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖြစ် ပြီး ဈေးကွက်လိုအပ်ချက်များမှာ လည်းနှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။ တနင်္သာရီကမ်းရိုးတန်းတောင် ပိုင်းဒေသရှိ ကျွန်းစုများမှာ ပင် လယ်ရေမှော် မွေးမြလြုပ်ကိုင်နိုင် ရန်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီလျက်ရှိကြောင်း သိရသည်။ မြိတ်ကျွန်းစုရေပြင်မှာ အကြည်နှုန်း ကောင်းပြီး ဆားငန်နှုန်းအမှတ် 25 ppt အထက်(သို့မဟုတ်) 30 ppt (part per thousand) နှင့် အပူချိန် 28ံC ထက်မနည်းသောရေပြင်ဖြစ် ပြီး လှိုင်းလေဒဏ်အကာအကွယ်ရှိ သော အရည်အသွေးများနှင့် ပြည့်စုံ ကြောင်းသိရသည်။
မလေးရှားနိုင်ငံ၌လည်း sea-weed ဈေးကွက်ကောင်းပြီး မွေးမြူ သူများပြားလျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိ ကမ္ဘာ့ဈေးကွက်၌ ဖိလစ် ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဇန် ဇီဘာနိုင်ငံများမှ စီးပွားဖြစ်ထုတ် လုပ်လျက်ရှိကြောင်း သိရသည်။ ပင်လယ်ရေမှော်များမှာ မွေးမြူသည့် ရက်ပေါင်း ၉ဝ ကာလအတွင်း အပင်ကြီးထွားနှုန်းမှာ ၁ဝ ဆဖြစ် ကြောင်းသိရသည်။
ပင်လယ်ရေမှော် များမှ carrageenan (ကော်ကဲ့သို့ သော gel ပစ္စည်း) မျိုးရရှိကာ စားသောက်ကုန်များ၊ အလှကုန်များ နှင့်ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရာ တွင် အသုံးပြုကြသည်။ carra-geenan ကိုအမေရိကန်၊ ဩစတြေး လျ၊ ကနေဒါ၊ ဂျပန်၊ ဒိန်းမတ်၊ ပြင် သစ်၊ အင်္ဂလန်၊ နော်ဝေ၊ စပိန်စသော နိုင်ငံများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ နိုင်ငံတကာ ဈေးကွက် တွင်အခြောက်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅ဝဝ ကျော် ရရှိ လျက်ရှိပြီး seaweed powder တစ် တန်လျှင်အမေရိကန်ဒေါ်လာ ၃ဝဝဝ ဈေးရှိကြောင်း သိရသည်။ seaweed မွေးမြူရေးလုပ်ငန်း သည်ပျိုးပင်များ ပြည့်စုံပါက မွေးမြူ ချိန်ရက် ၄ဝ နှင့် အခြောက်လှမ်းချိန် သုံးရက်၊ စုစုပေါင်း ၄၃ ရက်အတွင်း ဝင်ငွေပြန်လည်ရရှိနိုင်ပြီး seaweed တစ်ကီလိုဂရမ်၏ထုတ်လုပ်မှုကုန်ကျ စရိတ်မှာ ကျပ် ၄ဝ ဖြစ်ကြောင်းသိရ သည်။
Ref : ဇော်မိုးဦး (မြိတ်) -Weekly Eleven Journal

Read More......

Saturday, December 8, 2007

ဆီအုန်းဧကတစ်သိန်းခွဲ မလေးရှားကုမ္ပဏီလာစိုက်မည်

မလေးရှားအခြေစိုက် နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သော Astral Asia Bhd သည် မြန်မာနိုင်ငံတွင် ဆီအုန်း၆ဝ၆ဝဝဟက်တာ(၁၄၉၇၄၆ ဧက)လာရောက်စိုက်ပျိုးရန် အစီ အစဉ်များပြုလုပ်နေသည်ဟု ယင်း ကုမ္ပဏီ၏ ဒုတိယအကြီးအကဲ Datuk Lim Kang Poh က ပြောကြား ကြောင်း စတားအွန်လိုင်းသတင်းစာ က ဖော်ပြခဲ့သည်။
မှီငြမ်း - Weekly Eleven Journal 5 Dec 2007

Astral အနေဖြင့် Myanmar Combiz Services ကုမ္ပဏီ၊ Green Future ကုမ္ပဏီတို့နှင့် ဖက်စပ်လုပ် ကိုင်သွားရန်သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကာ Astral မှ ရှယ်ယာ ၈၅ ရာခိုင်နှုန်းထည့်ဝင်၍ ကျန်ကုမ္ပဏီ နှစ်ခုမှ ၇.၅ရာခိုင်နှုန်းစီထည့်ဝင်သွား မည်ဟုသိရသည်။ လာမည့်နှစ်လယ် ပိုင်းခန့်တွင် စတင်အကောင်အထည် ဖော်မည့်ယင်းစီမံကိန်းနှင့်ပတ်သက်၍ ``လာမယ့် ၁၅ နှစ်ကနေ နှစ် ၂ဝ အတွင်း ဒီဆီအုန်းစိုက်ခင်းမှာ အမေ ရိကန်ဒေါ်လာ သန်း ၂ဝဝ လောက် ရင်းနှီးမြှုပ်နှံသွားမှာပါ။ စိုက်ခင်း တည်ရှိမယ့်နေရာက ထိုင်းနိုင်ငံ ဖူး ခက်နဲ့နီးနေတော့နောက်ပိုင်းကျရင် အိမ်ခြံမြေဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အခွင့်အလမ်းတွေကိုရှာဖွေသွား မှာပါ´´ဟု Lim က ပြောခဲ့သည်။ မြန်မာနိုင်ငံသည် စားအုန်းဆီ တင်သွင်းနေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခြင်းကြောင့် ဆီအုန်းစိုက်ခင်း စိုက်ပျိုးရန် မြန်မာနိုင်ငံကိုရွေးချယ် ဖြစ်ခဲ့ကြောင်း သိရသည်။ မြေအနေ အထားနှင့်လုပ်ခအနေအထားတို့မှာ လည်း မလေးရှားနှင့်နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပိုမိုသင့်လျော် စေသည့်အကြောင်းရင်းများဖြစ်ကြောင်း ၎င်းကဆိုသည်။ မလေးရှားနိုင်ငံတွင် စားအုန်းဆီအကြမ်း (crude palm oil) တစ်တန်ထွက်ရှိရန် မလေးရှား ရင်းဂစ် ၈ဝဝ မှ ၁ဝဝဝ ကြားကုန် ကျပြီး မြန်မာနိုင်ငံတွင် ယင်းပမာဏ ထက်လျော့နည်းကုန်ကျမည်ဖြစ် ကြောင်း သိရသည်။ Astral အနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ခင်းများမှ တစ်ဟက်တာလျှင် ဆီအုန်းတန် ၂ဝ မှ ၂၄ တန်အထိ နှစ်စဉ်ထွက်ရှိရန် မျှော်မှန်းထားပြီး ယင်းပမာဏ၏ ၁၈ ရာနှုန်းမှ ၂ဝ ရာနှုန်းအထိဆီထုတ်လုပ်ရရှိရန် မျှော် လင့်ထားကြောင်းသိရသည်။ ဆီ အုန်းဟက်တာတစ်သောင်း စိုက်ပြီး ပါက စားအုန်းဆီစက်ရုံစတင်တည် ဆောက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိ ဆီအုန်းစိုက်ခင်းများအတွက် စက်ရုံ သုံးရုံအထိ တည်ဆောက်ဖွယ် ရှိကြောင်း ထပ်မံသိရသည်။

Read More......

Friday, August 10, 2007

တရုတ်ရာဘာဝယ်ယူသူများသည်ထိုင်းနိုင်ငံမှဝယ်ယူဖွယ်ရ

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ တာယာများပြုလုပ်ရန် အဆင့်မီရာဘာများနှစ်ခြိုက်စွာ ၀ယ်ယူ နေသော်လည်း ဈေးနှုန်းသိသာစွာကျဆင်းနေသော ထိုင်းနိုင်ငံမှဝယ်ယူရန် စိုင်းပြင်းနေကြသည်။
Source: dailytimes.com.pk ->www.commerce.gov.mm ရီရီဝင်း

ထိုင်းနိုင်ငံမှRSS-3 ရာဘာအမျိုးအစားဈေးနှုန်းမှာ လွန်ခဲ့သော နှစ်ပတ်အတွင်း ၇ ရာခိုင်နှုန်းဝန်းကျင်သို့ ကျဆင်းသွားပြီး ဇူလိုင်လကုန်တွင် တစ်တန်လျှင် US$ 2020ရှိခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ SIR-20 ရာဘာ အမျိုးအစား တစ်တန်လျှင်US$ 1960- US$ 1980 color:black'>ဈေးနှုန်းဖြင့် ၀ယ်ယူရရှိနေသော်လည်း တရုတ်ရာ ဘာဝယ်ယူသူများသည် ထိုင်းနိုင်ငံမှဝယ်ယူရန် စိတ်ဝင်စားနေကြကြောင်း၊ ၃-၈-၀၇ နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှ SIR-20ရာဘာ အမျိုးအစား များမှာစက်တင်ဘာသင်္ဘောတင် ကာလအတွက် တစ်တန်လျှင် US$ 1939ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းမှ Riauပြည်နယ်မြို့တော် Pekanbaru မှ ရာဘာရောင်းဝယ်သူ တစ်ဦးကပြောကြားသည်မှာ တရုတ်တို့သည် အင်ဒိုနီးရှားမှ ရာဘာကို ၀ယ်ယူနေသော်လည်း ဈေးနှုန်းကိုနှိုင်းယှဉ် လာကြကြောင်း၊ ထိုင်းနိုင်ငံတွင်ဈေး နှုန်းကျလာသည်က တစ်ကြောင်း၊ သင်္ဘောတင်ခပိုသက်သာသောကြောင့် တစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ၀ယ်ယူလိုနေကြကြောင်း သိရှိရပါသည်။ ဘန်ကောက်နှင့်ရှန်ဟိုင်း (သို့) ကွမ်ဒို (Qindo) ဆိပ်ကမ်းထိ သင်္ဘောခမှာ ကွန်တိန်နာ တစ်လုံးလျှင် US$ 400 ရှိပြီး ဆူမတ်တြားကျွန်း၊ ဘာလာဝမ် (သို့) Pelenbarig ဆိပ်ကမ်းမှ ကွန်တိန်နာ တစ်လုံးလျှင် US$ -650ရှိကြောင်း၊ ထိုင်းနိုင်ငံမှ STR - 20 ရာဘာအမျိုး အစားကို ဇူလိုင်လနောက်ဆုံးပတ်က တစ်တန်လျှင် US$ -1970 (FOB) ဖြင့်တရုတ်သို့ရောင်းချခဲ့ကြောင်း ထိုင်းနိုင်ငံရာ ဘာရောင်းချသူများသည် ရေရှည်ထိန်းသိမ်းမထားချင်သည့်အတွက် ယခုဈေးနှုန်းဖြင့်ပင် ရောင်းချဖွယ် ရှိကြောင်း၊ အချို့မှာ တစ်တန်လျှင် US$ ၂၀၀၀ ဈေးသတ်မှတ်ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းမှ ရောင်းသူတစ်ဦးက ပြောကြားပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၇ ခုနှစ်တွင် သဘာဝရာဘာ တန်ချိန် ၁ ဒဿမ ၇၅ သန်း တင်သွင်းမည် မျှော်လင့် ကြောင်း၊ ၂၀၀၆ ခုနှစ်က တင်သွင်းခဲ့မှုမှာ တန်ချိန် ၁ ဒဿမ ၆၁ သန်းသာရှိခဲ့ကြောင်း တရုတ်ရာဘာစက်မှု လုပ်ငန်းအသင်းဥက္ကဋ္ဌက ပြောကြားကြောင်း သိရှိရပါသည်။

Read More......
Template by : kendhin x-template.blogspot.com