Tuesday, January 15, 2008

မြိတ်မြို့မှာ ဖုန်းတလုံး (၅၄)သိန်း (ပေးစာ)

မဇ္ဈိမသတင်းဌာန
Tuesday, 15 January 2008 15:33 - မြန်မာစံတော်ချိန်

ကျမတို့ တနင်္သာရီတိုင်း မြိတ်မြို့က လက်စားမှုအကြောင်းပါ။ ကျမတို့ မြိတ်မြို့မှာ ဖုန်းလိုင်းတလိုင်းအတွက် တိုင်းဆက်သွယ်ရေး မန်နေဂျာ ဦးဆန်းထွန်းကို ကျပ်ငွေ (၅၄) သိန်း ပေးရင် (၃) ရက်အတွင်း ဖုန်းလိုင်း ကျပါတယ်။ အစိုးရက ဖုန်းတလုံးအတွက် ကျပ် (၁ဝ) သိန်း သတ်မှတ်ထားပေမယ့် ပုံမှန်လမ်းကြောင်းက ဖုန်းလျှောက်ရင် ဘယ်တော့မှ မကျတတ်လို့ ဦးဆန်းထွန်းကို လာဘ်ထိုးနေကြတာ ဖြစ်ပါတယ်။

သာမန်အရပ်သားတွေ တောင်မကပါ။ ဌာနဆိုင်ရာ အချင်းချင်းတောင် ဖုန်းတလုံး တပ်ချင်ရင်တောင် သိန်း (၂ဝ) လောက် သူကိုပေးရတယ်လို့ ကြားရပါတယ်။ ကုမ္ပဏီတွေလည်း ဖုန်းလိုလို့ တယကရုံးမှာ သွားလျှောက်ရင် ဘယ်တော့မှ မရပါဘူး။ ဦးဆန်းထွန်းဆီမှာ ငွေပေးမှ ဖုန်းလိုင်း ရပါတယ်။ လာဘ်စားတဲ့ နေရာမှတော့ နာမည်ကြီးပါတယ်။ အခုဆိုရင် မြိတ်မြို့ထဲမှာ သုံးထပ်တိုက် တလုံးတောင် ဝယ်ပြီးနေပြီလို့ သိရပါတယ်။ မြိတ်မြို့တွင်းမှာ (၄၁) နဲ့ စတဲ့ ဖုန်းအလုံးပေါင်း (၁ဝဝဝ) လောက်ရှိနေတော့ အခုဆိုရင် (၄၂) နဲ့စတဲ့ နံပါတ်တွေကို ဦးဆန်းထွန်းရဲ့ အစီအစဉ်နဲ့ပဲ ချပေးနေပါတယ်။

အစိုးရဝန်ထမ်းတဦး

မြိတ်မြို့

0 comments:

Template by : kendhin x-template.blogspot.com