Friday, January 4, 2008

ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ၂ဝဝ၇ခုနှစ် မြန်မာ့ရွှေဈေးကွက်

ကမ္ဘာ့ ရွှေဈေးနှုန်းမှာ ၁၉၈ဝ ပြည့်နှစ် တွင်စံချိန်တင် မြင့်တက်ခဲ့ ပြီးနောက် ၂၇ နှစ်တာကာလ အတွင်း ၂ဝဝ၇ ခု နှစ်တွင် ဒုတိယအကြိမ် အမြင့်ဆုံးဈေးသို့ ပြန်လည် ရောက်ရှိလာသည်။ ၁၉၈ဝပြည့်နှစ်ကကမ္ဘာ့ရွှေဈေး နှုန်းမှာ သမိုင်းတစ်လျှောက် စံချိန် တင်မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၈၅ဝ အထိရှိခဲ့ ကာ ယခု ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ အတွင်းတစ်အောင်စလျှင် ၈၄၁ ဒေါ် လအထိ ပြန်လည်မြင့်တက်လာခဲ့ ကြောင်း သိရသည်။
မြန်မာ့ရွှေဈေးနှုန်းမှာလည်း ၂ဝဝ၇ခုနှစ်အတွင်းဈေးနှုန်းမာခဲ့သော် လည်းဝယ်လိုအားကျ ဆင်းသွားမှုမရှိဘဲ ဆက်လက်လည်ပတ်လျက် ရှိသည်ဟု ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိ ရသည်။ မြန်မာ့ရွှေဈေးနှုန်း အပြေါင်းအလဲသည် ကမ္ဘာ့ရွှေဈေးနှုန်း အပြေါင်း အလဲ၊ ပြည်တွင်းရွှေထွက်ရှိမှု နှင့်ဈေးကွက်အတွင်း ရွှေဝင်ရောက်မှုတို့အပေါ်တွင်သာ လုံးဝတည်မှီ နေခြင်းမဟုတ်ဘဲအခြားကာလ တိုဈေးကွက်များနှင့်လည်း ဆက်စပ်မှုရှိသည်ဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။


`မြန်မာ့ရွှေဈေး နှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်းအပြေါင်းအလဲ၊ ပြည်တွင်းရွှေထွက်ရှိမှုနဲ့ ဈေးကွက်အတွင်း ရွှေဝင်ရောက် မှုစတာတွေနဲ့ပဲ ပတ်သက်တာမဟုတ်ပါဘူး။ တခြားကာလတို ဈေးကွက်တွေရဲ့အခြေအနေနဲ့ လည်း ဆိုင်တယ်။ ဈေးကွက်တွေ မကောင်းတဲ့အခါ လက်ထဲမှာငွေမထားချင်တဲ့သူက အလွယ်တကူပြန်ပြီး ဖလှယ်လို့ရတဲ့ရွှေကို ပိုဝယ်လာတတ်ကြတယ်။ အဲဒီလိုဝယ်လိုအား ပေါ်မူတည်ပြီးဈေးပြောင်းလဲ တတ်တာပါ´´ဟု ရွှေဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်တစ်ဦးကရှင်းပြခဲ့သည်။ မြန်မာ့ရွှေဈေးကွက်အ တွင်းယခုကဲ့သို့ဈေးနှုန်း ပြောင်းလဲမြင့်တက်သော်လည်း ဝယ်လိုအားကျဆင်းသွားခြင်းမရှိသည့်အပေါ် ရွှေဈေးကွက်လေ့လာသူတစ်ဦးကလည်း `ဒါက အခြားဈေးကွက်တွေဖြစ်တဲ့ကား၊ ပဲ အဲဒီလိုဈေး ကွက်တွေမှာထင်သလောက် အကျိုးမရှိတဲ့အခါ လုပ်ငန်းရှင်က လက်ထဲငွေသိပ်မထားချင်ဘူး။ ရွှေ ဝယ်ထားတယ်၊ နောက်ရွှေ့ပြောင်းလို့မရတဲ့ အိမ်ခြံမြေတို့ဘက်လှည့်တာပေါ့။ ဒါကကာလတိုဈေး ကွက်ရဲ့ထုံးစံပဲ။ အခုအခြားဈေးကွက်တွေက ငြိမ်နေတော့ လူတွေကရွှေပိုဝယ်တယ်။ ဝယ်တာများရင် ဈေးပြောင်းလဲမှာပေါ့´´ ဟု ရှင်းပြခဲ့သည်။ ရွှေဈေးနှုန်းပုံမှန်မဟုတ်ဘဲ ပြေါင်းလဲလာပါကလည်း ထိန်းညှိပေးမည့်အစီအစဉ်အပေါ် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက အသင်းနှစ် ပတ်လည်အစည်းအဝေးတွင် ``ပုံမှန်မဟုတ်ဘဲ ဈေးနှုန်းမာလာမယ်ဆိုရင်ဈေးနှုန်း ကျဆင်းဖို့အ တွက် ရွှေထုတ်ရောင်းပေးတဲ့လုပ်ဆောင်မှုတွေလည်း လုပ်ခဲ့တယ်။ နောက်လည်းဈေးနှုန်းတည် ငြိမ် ဖို့ကို ဆက်လက်လုပ်ဆောင် သွားဖို့ရှိပါတယ်´´ဟုပြေါကြားသွားသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂ဝဝ၇ ခုနှစ်အတွင်း အနိမ့်ဆုံး ၆ဝ၈ ဒေါ်လာမှ အမြင့်ဆုံး၈၄၁ဒေါ်လာထိရှိခဲ့ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးနှုန်းမှာ ၂ဝဝ၇ ခုနှစ်အတွင်း အနိမ့်ဆုံးကျပ် ၄၂၅ဝဝဝ မှအမြင့်ဆုံးကျပ် ၅၅ဝ,ဝဝ အထိရှိခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့ရွှေဈေးနှုန်းအပြေါင်းအလဲအချို့(ကျပ်)
ခုနှစ် အနိမ့်ဆုံးဈေး အမြင့်ဆုံးဈေး
၂ဝဝ၄ ၁၉ဝဝဝဝ ၂၁၅ဝဝဝ
၂ဝဝ၅ ၂၁၅ဝဝဝ ၃၁၅ဝဝဝ
၂ဝဝ၆ ၃၁၅ဝဝဝ ၄၂၅ဝဝဝ
၂ဝဝ၇ ၄၂၅ဝဝဝ ၅၅ဝဝဝဝ ဝန်းကျင်

ကမ္ဘာ့ရွှေဈေးနှုန်းအပြေါင်းအလဲအချို့
(အမေရိကန်ဒေါ်လာ)
ခုနှစ် အနိမ့်ဆုံးဈေး အမြင့်ဆုံးဈေး
၂ဝဝဝ ၂၆၄ ၃၁၆
၂ဝဝ၁ ၂၆၂ ၂၉၃
၂ဝဝ၂ ၂၇၇ ၃၄၉
၂ဝဝ၃ ၃၁၉ ၄၁၇
၂ဝဝ၄ ၃၇၇ ၄၅၄
၂ဝဝ၅ ၄၁၁ ၅၁၈
၂ဝဝ၆ ၅၂၄ ၆၇၈
၂ဝဝ၇ ၆ဝ၈ ၈၄၁

0 comments:

Template by : kendhin x-template.blogspot.com