Saturday, January 5, 2008

၂ဝဝ၇ ခုနှစ်အတွင်း အထင်ရှား ဆုံးသိပ္ပံနယ်ပယ်မှ ရှာဖွေတွေ့ရှိမှုများ

TECHNOLOGY
၁။ Apple iPhone (မိုဘိုင်းလ်ဖုန်း) - iPhone ပေါ်ပေါက်လာခြင်းသည် မိုဘိုင်းလ်ဖုန်း လောကကို တစ်ခေတ်ဆန်းစေခဲ့သည်။ ဖုန်းကိုင်ဆောင်သည့် အနေအထားပေါ်မူတည်၍ ဖန်သား ပြင်ပေါ်ရှိ ပုံရိပ်ယောင်ခလုတ်များ အလိုက်သင့်ပြောင်းလဲသွားနိုင်မှု၊ 2 Mega Pixel ရှိ ကင်မ ရာ၊ ကြိုးမဲ့အင်တာနက် ချိတ်ဆက်သုံးစွဲနိုင်မှုနှင့် E-mail အသုံးပြုနိုင်မှု စသည့် နည်းပညာခေတ် လိုအပ်ချက်အားလုံးကို စက်ကိရိယာတစ်ခုတည်းတွင် ထည့်သွင်းထားနိုင်မှုကြောင့် ယခုနှစ် အတွင်း အထင်ရှားဆုံးနည်းပညာမြင့်ပစ္စည်းဖြစ်ခဲ့သည်။
၂။ Nikon Coolpix S51c (ကင်မရာ) - 8 Mega Pixel ရှိ Nikon ကင်မရာသည် သေးငယ်ပေါ့ပါးသလို၊ ရိုက် ကူးထားသော ပုံများ ကင်မရာအတွင်းရှိ Memory Card အတွင်းမဆံ့မည်ကို ပူစရာမလိုဘဲ ကြိုးမဲ့စနစ်ဖြင့် အင်တာ နက်ချိတ်ဆက်ကာ ဝက်ဘ်ဆိုက်၊ ဘလော့ဂ် (သို့မဟုတ်) အီးမေးလ်တစ်ခုအတွင်းသို့ ပေးပို့သိမ်းဆည်းထားနိုင်သည်။
၃။ Netger SPH200W Wi-Fi Skype Phone (အင်တာနက် ဖုန်း) - Skype ဖုန်းကို ယခင်က အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာဖြင့်သာ ပြောနိုင်ရာမှ ယခုအခါ အင်တာနက်ဖုန်းနှင့် မိုဘိုင်းလ်ဖုန်းစနစ် နှစ်မျိုးသုံးနိုင်သော Skype ဖြင့် ကမ္ဘာတစ်ဝန်း မိုဘိုင်းလ်ဖုန်းခေါ်ဆိုနှုန်းထက် ချိုသာစွာဖြင့်ပြောဆိုနိုင်မည်ဖြစ် သည်။ သို့ရာတွင် Wi-Fi စနစ်ကို Skype ဖုန်းအချင်းချင်းတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး သာမန်မိုဘိုင်းလ်ဖုန်းသို့ခေါ်ဆိုပါက ပုံမှန် ဖုန်းခေါ်ဆိုခအတိုင်း ကျသင့်မည်ဖြစ်သည်။
[ဆေးပညာနယ်ပယ်မှ ရောဂါဘယထိန်းချုပ်နိုင်မှုနှင့် တီထွင်မှုများ၊ နည်းပညာနယ်ပယ်မှ နည်းပညာမြင့်ပစ္စည်းများအနက်မှ ထင်ရှားသည်များကို ရွေးချယ်ဖော်ပြအပ် ပါသည်။ နည်းပညာမြင့်ပစ္စည်းများထဲမှ မိုဘိုင်းလ်ဖုန်း၊ ကင်မရာ၊ ကွန်ပျူတာ၊ သီချင်းဖွင့်စက်၊ ကလေးကစားစရာစသည်တို့တွင် အမျိုးအစားတစ်ခုချင်းအလိုက် ထင်ရှားမှု၊ ဈေးနှုန်းနှင့် သုံးစွဲရအဆင် ပြေမှုအပေါ်မူတည်၍ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ထားခြင်းဖြစ်သည်။]

၎။ Palm Centro - တစ်ကိုယ်ရည်သုံး အချက်အလက်သိုမှီး စက်ငယ် Personal Data Assistant (PDA) များထဲတွင် အင် တာနက်၊ အီးမေးလ်၊ text massage ပေးပို့နိုင်ခြင်း၊ ဂူးဂဲလ် မြေပုံကြည့်ရှုနိုင်ခြင်း၊ ကင်မရာပါရှိခြင်းတို့ကြောင့်အကောင်း ဆုံး စာရင်းဝင်ခဲ့သည်။
၅။ Sony Handycam HDR-CX7 (ဗီဒီယိုကင်မရာ) - အပျော်တမ်းရုပ်သံကင်မရာများထဲ တွင် ဆိုနီ၏ CX7 မှာ သယ်ဆောင်ရပေါ့ပါးခြင်း၊ သိုမှီးနိုင်စွမ်းမြင့်မားခြင်း၊ တုန်ခါမှုရှိနေစဉ်တွင်ပင် ပုံရိပ်များကိုတည်ငြိမ်အောင် အလို အလျောက်ထိန်းပေးနိုင်ခြင်း စသည်တို့ကြောင့်ထင်ရှားသည်။
၆။ Samsung P2 (ဖျော်ဖြေရေးစက်) - ဒီဗီဒီ၊ ဗီစီဒီ၊ အမ်ပီသရီး၊ ဓာတ်ပုံစသည့် ဖိုင်မျိုးစုံ ကြည့်ရှု၍ ရနိုင်သည့် ဖျော်ဖြေရေးစက်ငယ်သည် မျက်နှာပြင် ထိတွေ့ခလုတ်ရှင် (touch screen) ပါဝင်သောကြောင့် ခလုတ်အတွက်နေရာ ကျယ်ပြန့်စွာပေးရန် မလိုတော့ပေ။ အင်တာ နက်နှင့်ချိတ်ဆက်၍ သီချင်းများ download လုပ်၍လည်းရနိုင်သည်။
၇။ Toshiba Portégé R500-S5004 (ခရီးဆောင်ကွန်ပျူတာ) - ပါးလွှာ၍ပေါ့ပါးသော တိုရှီဘာခရီးဆောင် ကွန်ပျူတာ (Laptop)တွင်ဒီဗီဒီကူးယူခြင်း၊ ကြိုးမဲ့စနစ်သုံးနိုင်ခြင်းနှင့် အခြါးနည်းပညာမြင့် Laptop များကဲ့သို့ အဆင့်မြင့်လုပ်ဆောင်ချက် များစွာပါဝင်သလို ပြုတ်ကျ လျှင်လည်း တေ့ဆက်ချိတ်ဆက်တည်ဆောက်ထားခြင်းကြောင့် မကွဲနိုင်ဘဲ အလေးချိန်မှာ နှစ်ပေါင် သာသာမျှလေးသည်။
၈။ Fly Tech Dragonfly (ကစားစရာ) - အဝေးထိန်းခလုတ်ငယ်ဖြင့် ထိန်းချုပ်ဆော့ကစား ရသော ပုစဉ်းကောင်ပုံ စက်ရုပ်ငယ်သည် ကလေးများအတွက် နှစ်သက်စရာအကောင်းဆုံး နည်းပ ညာမြင့်ပစ္စည်းတစ်မျိုးဖြစ်သည်။
၉။ Iomega eGo Portable Hard Drive (ကွန်ပျူတာဆက်စပ်ပစ္စည်း) - ၁၆ဝ ဂီဂါဘိုက်ရှိ သယ်ဆောင်၍ရသော Hard Drive တွင် ဒစ်ဂျစ်တယ်ဓာတ်ပုံ ၆၄ဝဝဝဝ၊ ဂီတ နာရီ ၂၉ဝဝ (သို့မဟုတ်) ဗီဒီယို နာရီ ၂၄ဝ စာထည့်သွင်း သိုမှီးထားနိုင်သော eGo သည် မတော်တဆထိခိုက်မိလျှင်ပင် အတွင်းရှိသိုမှီထားသည်များ မပျက်စီးနိုင်ပေ။
၁ဝ။ Belkin N1 Vision Wi-Fi Router (ကွန်ရက်ဆင့်ပွားသုံးစက်) - လက်ရှိသုံးစွဲနေ သော G မျိုးဆက် Router များထက် အချက်အလက်သယ်ဆောင်ပေးမှုမြန်ဆန်သော N မျိုး ဆက် Router သည် ၎င်းမှဆင့်ပွားချိတ်ဆက်ထားသော ကွန်ပျူတာများတွင် အင်တာနက်သုံး၍ ဘာလုပ်နေသည်ဆိုသည်ကိုပါ ဆာဗာမှတစ်ဆင့် စစ်ဆေးနိုင်သည်။ သုံးစွဲနေဆဲ G မျိုးဆက် Adapter များနှင့်လည်း ချိတ်ဆက်သုံးစွဲနိုင်သည်။

HEALTH NEWS OF THE YEAR
ဆေးပညာနှင့် ကျန်းမာရေးနယ်ပယ်တွင်ထင်ရှားခဲ့သော ဆေးထုတ်လုပ်မှု၊ ကုသမှုနှင့် သတင်း ဖြစ်စဉ်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။
၁။ အရေပြားကလာပ်စည်း (skin cell) မှ ပင်မကလာပ်စည်း (stem cell) ထုတ်ယူနိုင်ခြင်း - ပင်မကလာပ်စည်း stem cell မှတစ်ဆင့် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမဆို ဖန်တီးနိုင်သည့်နည်းကို တွေ့ရှိခဲ့ရသော်လည်း ယင်းပင်မကလာပ်စည်းထုတ်ယူနိုင်ရန် သန္ဓေသားကို ဦးစွာဖန်တီးရမည်။ ပင်မကလာပ်စည်းထုတ်ယူလိုက်သောအခါ သန္ဓေသားသေဆုံးခြင်းကြောင့် လူ့ကျင့်ဝတ်အရသာမက ဥပဒေကြောင်းအရပါ ကမ္ဘာကလက်မခံခဲ့ပေ။ နိုဝင်ဘာလ အတွင်း ကမူ အရေပြားကလာပ်စည်း skin cell သန္ဓေသားပင်မကလာပ်စည်းကဲ့သို့ဖြစ်လာစေရန် ပြုပြင် နိုင်သည့်နည်းကို တွေ့ရှိခဲ့သောကြောင့် အနာဂတ်တွင် ကျင့်ဝတ်ပိုင်းနှင့် ဥပဒေပိုင်းအရမငြိစွန်းဘဲ ခန္ဓာကိုယ်အစိတ်အပိုင်း ဖန်တီးခြင်းပြုလုပ်နိုင်တော့မည်ဖြစ်ပြီး ယခုနှစ် ဆေးပညာသိပ္ပံနယ်ပယ်တွင် အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်။
၂။ အဆိပ်ဖြစ်စေနိုင်သော ဓာတ်သတ္တိပါရှိသော အရုပ်များပြန်သိမ်းခြင်း - Mattel အရုပ်ကုမ္ပဏီ က ကမ္ဘာတစ်ဝန်းတွင် ရောင်းချပြီးသောအရုပ် ၁၈ သန်းကျော်ကို အဆိပ်ဖြစ်စေနိုင်သော ဓာတ်ရှိသည့် သံလိုက်များပါသွားခဲ့ခြင်းကြောင့် ပြန်သိမ်းခဲ့ရသည်။
၃။ ပထမဆုံးလူတွင်ဖြစ်သော ကြက်ငှက်တုပ်ကွေးကုသဆေး - ယခုနှစ်တွင် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(FDA)က ပထမဆုံး လူတွင်ဖြစ်ပွားသော ကြက်ငှက်တုပ်ကွေး ကုသဆေးတစ်မျိုးကို အတည်ပြုပေးခဲ့သည်။ လူသားတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေးရောဂါပိုးမှ ဖန်တီးထားသောဆေးကို ဝယ်ယူ၍ရမည်မဟုတ်ဘဲ အရေးပေါ်အခြေအနေများတွင်သုံးစွဲရန် အမေရိကန်အစိုးရက ရည်ရွယ်ထားသည်။
၎။ တရားဝင်အသိအမှတ်ပြုကိုယ်အလေးချိန်ကျဆေး Alli - FDA က ပထမဆုံးအတည်ပြုထား သော ကိုယ်အလေးချိန်ကျဆေး Alli(အလိုင်း)သည် အစားအစာအတွင်းရှိ အဆီများကို ချေဖျက် ပေးနိုင်ပြီး ခန္ဓာကိုယ်၏အဆီစုပ်ယူမှုကို ၃ဝ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ ဘေးထွက်ဆိုး ကျိုးအချို့ဖြစ်သော ဝမ်းလျှောခြင်း၊ လေတက်ခြင်း၊ ကြွက်တက်ခြင်းနှင့် အဆီပြန် ခြင်းတို့မဖြစ်စေရန် ကိုယ်အလေးချိန်လျှော့လိုသူများသည် အစားအသောက်ပုံစံပြင်ဆင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နှင့် အတူ တွဲသောက်သင့်ကြောင်း ထုတ်လုပ်သည့် GlaxoSmith-Kline က ဆိုသည်။
၅။ ဆေးဒဏ်ခံတီဘီပျံ့နှံ့လာခြင်း - တီဘီကုသဆေးများဖြင့် ကုသ၍မပျောက်ကင်းသော တီဘီရော ဂါမျိုးသစ်များ ပျံ့နှံ့လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီး ဆေးပြင်းဒဏ်ခံ တီဘီရောဂါ (XDR TB) ဖြစ်ပွား သည့်နိုင်ငံမှာ ၄၁ နိုင်ငံအထိရှိသွားပြီဖြစ်သည်။
၆။ ယုန်၊ မျောက်ပုံတူမျိုးပွားမှုများ အောင်မြင်ခြင်း - တရုတ်နိုင်ငံတွင် ယုန်ပုံတူမျိုးပွားမှုအောင် မြင်ခဲ့သလို အမေရိကန်တွင်လည်း မျောက်ပုံတူမျိုးပွားမှုအောင်မြင်ခဲ့သည်။
၇။ မည်သည့်သွေးအမျိုးအစားကိုမဆို အိုသွေးသို့ပြောင်းလဲနိုင်ခြင်း - ဘက်တီးရီးယားများဖြင့် ထုတ်လုပ်ထားသော အင်ဇိုင်းတစ်မျိုးက မည်သည့်သွေးအမျိုးအစားကိုမဆို အိုသွေးသို့ပြောင်းလဲနိုင် ကြောင်း ဒိန်းမတ်မှပါမောက္ခတစ်ဦးက ဧပြီလတွင်တွေ့ရှိခဲ့သည်။

SCIENCE NEWS OF THE YEAR
၂ဝဝ၇ ခုနှစ်အတွင်း သိပ္ပံပညာဆိုင်ရာတွေ့ရှိမှုများ၊ တီထွင်မှုများအနက်မှ ထင်ရှားသော ဖြစ် ရပ်အချို့ကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။
၁။ ကမ္ဘာ့ အသက်အကြီးဆုံး တိရစ္ဆာန်တွေ့ရှိမှု - အောက်တိုဘာလတွင် ဝေးလ်ပြည်နယ်ရှိဘန်ဂေါ တက္ကသိုလ်မှ ပညာရှင်များသည် အိုက်စလန်ကျွန်းမြောက်ပိုင်းကမ်းရိုးတန်းရှိ သမုဒ္ဒရာကြမ်းပြင်တွင် ရှင်သန်နေဆဲသတ္ဈဝါများထဲတွင် အသက်အကြီးဆုံးဟု ယူဆရသော အသက် ၄ဝ၅ နှစ်ရှိ ဂုံး (ခုံး) တစ်ကောင်ကို တွေ့ရှိခဲ့ရသည်။
၂။ ကြာသပတေးဂြိုဟ်အရွယ်အစားရှိ ဂြိုဟ်သစ်သုံးလုံးတွေ့ရှိ - နေစကြဝဠာပြင်ပတွင် ကြာသပတေးဂြိုဟ် အရွယ်အစားနီးပါးရှိသော ဂြိုဟ်သစ်သုံးလုံး တွေ့ရှိခဲ့ရပြီးသုံးလုံးစလုံးသည် ၎င်းတို့၏ နေများနှင့် နီးကပ်နေသောကြောင့် အပူချိန် ၂ဝဝဝ ဒီဂရီစင်တီဂရိတ်ထိရှိပြီး နေထိုင်၍ မရနိုင်ပေ။
၃။ ငှက်ဒိုင်နိုဆောကြီးများ၏ အရိုးစုတွေ့ရှိ - ဇွန်လအတွင်းက တရုတ်သိပ္ပံပညာရှင်များ သည် လွန်ခဲ့သော နှစ်သန်း၇ဝက ငှက်ဒိုင်နိုဆောများကို အတွင်းမွန်ဂိုလီး ယားဒေသတွင် တွေ့ရှိခဲ့သည်။ ပေါင် ၃ဝဝဝ ခန့်အလေးချိန်ရှိခဲ့မည်ဟု ခန့်မှန်းရသောကြောင့် မူလကလက်ခံထားသော ငှက်ဒိုင်နို ဆောများသည် အသားစားဒိုင်နိုဆောများထက် သေးငယ်ဖွယ်ရှိသည်ဆိုသော အယူအဆကို မရေမရာ ဖြစ်သွားစေခဲ့သည်။
၎။ သက်ရှိများရှိနေနိုင်သော ဂြိုဟ်တစ်စင်းတွေ့ရှိ - နေကို ၁၈ ရက်လျှင် တစ်ပတ်ပတ်နေပြီး ကျောက်ဆောင် ထူထပ်သော၊ ကမ္ဘာထက်အနည်းငယ်ကြီးသော သက်ရှိများရှိနေနိုင်သည်ဟုယူဆရ သည့် ဂြိုဟ်တစ်လုံးကို တွေ့ရှိခဲ့ သည်။
၅။ လူသားတို့သည် အာဖရိကမှ ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းအခြေချခြင်းဖြစ် - ၁၉၅၂ ခုနှစ်က တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို လေ့လာခဲ့ခြင်းနှင့် ကမ္ဘာတစ်ဝန်းတူးဖော်ရရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို နှိုင်းယှဉ်လေ့လာခြင်းအရ ခေတ်သစ်လူသားသည် လွန်ခဲ့သော နှစ် ပေါင်း ၆၅ဝဝဝမှ ၂၅ဝဝဝအတွင်း အာဖရိကမှ ကမ္ဘာတစ်ဝန်းသို့ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များ အတည်ပြုခဲ့ကြသည်။
၆။ သံမဏိကဲ့သို့မာကျောပြီး ထွင်းဖောက်မြင်နိုင်သော သတ္တုဖန်တီး - မစ်ရှီဂန်တက္ကသိုလ်မှပညာ ရှင်များသည် သံမဏိကဲ့သို့ မာကျောပြီး ထွင်းဖောက်မြင်နိုင်သော သတ္တုတစ်မျိုးကို ဖန်တီးနိုင်ခဲ့ ကြောင်းအောက်တိုဘာလအတွင်းက ထုတ်ဖော်ခဲ့သည်။ ယင်းသတ္တုကို အလွန်သေးငယ်သော အမှုန်များစုစည်းခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အနာဂတ်တွင် လေယာဉ်ပျံများနှင့် စစ်သုံးယာဉ် များကို ယင်းသတ္တုဖြင့် ဖန်တီးနိုင်ရန် မျှော်လင့်ထားသည်။
၇။ ကမ္ဘာတစ်ဝန်း သက်ရှိမျိုးစိတ်သစ်များတွေ့ရှိ - အန္တာတိကရေအောက် ကြမ်းပြင်၊ အင်ဒိုနီးရှား ကျွန်းစုများ၊ ဗီယက်နမ်အပူပိုင်းအမြဲစိမ်းတောများ၊ အိန္ဒိယနိုင်ငံ ဂိုအာသဲကန္တာရ၊ တရုတ်တိုင်ပေ ကမ်းရိုးတန်းတို့တွင်ဖြစ်သည်။

0 comments:

Template by : kendhin x-template.blogspot.com