Friday, January 4, 2008

ရခိုင်ကမ်းရိုးတန်းတွင် ယခုနှစ်အတွင်း ငါးဖမ်းသင်္ဘောများပြားလာပြီး စင်းရေ ၃ဝဝ ခန့်ထိရှိလာ

ကမ်းရိုးတန်းငါးဖမ်းသင်္ဘောများအနေဖြင့် ယခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၌ ငါးဖမ်းရန် ပိုမိုစိတ်ဝင်စားလျက်ရှိပြီး ရခိုင်ကမ်းလွန် ပင်လယ်ပြင်အတွင်း ငါးပုစွန်ဖမ်းဆီးရရှိနိုင်မှုသည် အခြားသောဒေသများထက် ပိုမိုမြင့်မားလျက်ရှိခြင်းကြောင့် ဖြစ်သည်ဟု သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ရေမိုင်အားဖြင့် မိုင်ပေါင်း ၄၄၃ မိုင်ခန့်ရှည်လျားသော ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းသင်္ဘောများ အစဉ်သဖြင့်ရှိနေခဲ့သော်လည်း ယခုအခါပိုမိုများပြားလာခဲ့ရာ ငါးဖမ်းသင်္ဘောစင်းရေ ၃ဝဝ ခန့်အထိ ရှိလာခဲ့ကြောင်း၊ ယင်းအနက် စီးရေ ၁ဝဝ ခန့်မှာပိုက်ချခြင်းမဟုတ်ဘဲ မြှုံးထောင်သော သင်္ဘောများဖြစ်ပြီး မြှုံးထောင်ခြင်းသည် ပိုက်ဆွဲခြင်းထက် ကုန်ကျစရိတ်များစွာသက်သာသော ငါးဖမ်းနည်းတစ်မျိုးဖြစ်ရာ လှေသမားများ စိတ်ဝင်စားမှု များလာကြောင်း၊ အဆိုပါမြှုံးများကို ဒီရေတောသစ်ပင်တစ်မျိုးဖြစ်သည့် သင်ပေါင်းသားများဖြင့် ပြုလုပ်ခြင်းဖြစ်ကာ ငါးစာထည့်ရန်မလိုအပ်ကြောင်းလည်း သိရသည်။ ယင်းအပြင် မြှုံးတစ်ကြိမ်ချလျှင် ၁ဝ ရက်မှ ၁၅ ရက်အကြာတွင် ပြန်လည်ဖော်ယူရပြီး အဓိကကျောက်ငါးများသာမိတတ်သည်ဟု သိရပါသည်။ သံဖြင့်ပြုလုပ်သောမြှုံးကို ၂ဝဝ၄ ခုနှစ်ဝန်းကျင်ကတည်းက အသုံးပြုခဲ့ကြသော်လည်း ငါးစာထည့်သွင်းရခြင်းကြောင့် ငါးစာ အခက်အခဲများကိုကြုံခဲ့ရကြောင်း၊ ယခု သင်ပေါင်းသားဖြင့်ပြုလုပ်သောမြှုံးတွင် ငါးစာထည့်ရန်မလိုအပ်သည့်အတွက် ပိုမိုလွယ်ကူလာခဲ့ကြောင်းသိရသည်။
Ref - Weekly Eleven သားကြီးမြတ် (စစ်တွေ)

0 comments:

Template by : kendhin x-template.blogspot.com