Friday, January 4, 2008

၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းတွင်ဖွင့်လှစ်မည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်


မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကုန် သွယ်ရာတွင် အချက်အချာကျသည့် ကုန်သွယ်ရေးဇုန်ဖြစ်သော မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်အား လာမည့် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းတွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နှင့် ပွဲရုံဆိုင်ခန်းများကို ယခုအခါ စတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။
Ref : Weekly Eleven \ မာန်သူရှိန်

ပွဲရုံများကို မက်စ်မြန်မာ၊ ဧဒင် နှင့် ရွှေဝါမြေကုမဍ္ဎဏီများမှ ရောင်းချ ပေးမည်ဖြစ်ပြီး ယခုလက်ရှိတည် ဆောက်ပြီးစီးသည့် ဆိုင်ခန်းများကို ရောင်းချပေးခြင်းဖြစ်သည်ဟုလည်း သတင်းရရှိသည်။ ဆိုင်ခန်းဈေးနှုန်းများအနေ ဖြင့် မက်စ်မြန်မာကုမ္ပဏီမှ ပေ ၂ဝ၊ ပေ ၅ဝ နှစ်ထပ်တစ်ခန်း လျှင် ကျပ် သိန်း ၄၂ဝ၊ ဧဒင်ကုမ္ပဏီမှ ပေ ၂ဝ၊ ပေ ၅ဝ နှစ်ထပ်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၃၈ဝ၊ ၁၃ ပေ၊ ပေ၅ဝ နှစ်ထပ်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၂၅ဝ စသည်ဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။ ပွဲရုံဆိုင်ခန်းများအား ဝယ်ယူရာတွင် ကျသင့်ငွေကို ဝယ်ယူသူမှ တစ်ကြိမ်တည်းဖြင့် အပြီးပေးချေစရာမလိုဘဲ အရစ်ကျစနစ်ဖြင့် ပေးသွင်း နိုင်ကြောင်းလည်းသိရသည်။
လက်ရှိမြဝတီမှထိုင်း နိုင်ငံသို့ကုန်သွယ်ရာတွင် ရေထွက် ပစ္စည်းများအများဆုံး ကုန်သွယ်လျက် ရှိကြောင်းသိရသည်။ `လက်ရှိမြဝတီမှာ ရေထွက်ကုန် တွေဖြစ်တဲ့ ပင်လယ်ငါး၊ အေးခဲငါး၊ ကဏန်းစတာတွေပဲ ရောင်းချမှုများ တာတွေ့ရတယ်။ ထိုင်းနိုင်ငံကတော့ စားသောက်ကုန်အချို့ပြန်ဝင်တယ်´ ဟု လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်အတွင်း ရေထွက်ပစ္စည်းများကုန် သွယ်ရန်အတွက် ရေထွက်ပစ္စည်း ကုန်စည်ဒိုင်ကိုအကောင်အထည်ဖော်ရန် မြေနေရာရယူထားပြီး မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကောင်အထည်ဖော်တည်ဆောက်ရန် ကွင်းဆင်းကြည့်ရှုပြီးဖြစ်ကြောင်း သိရသည်။

0 comments:

Template by : kendhin x-template.blogspot.com