Monday, July 9, 2007

ဂမ္ဗီရ - ရေမျောတုံး

၁၃၆ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်နေ့(၃ဝ.၃.၁၉၉၉)က စာရေးသူသည် အမှတ်(၁၂)၊ စံကားဝါလမ်းရှိ တိပိဋက နိကာယကျောင်း တော်ဆီသို့ ရောက်သွားသည်။
အကြောင်းမှာ နိကာယသာသနာတော် ထွန်းကားရေးအသင်း ၏ ယခုနှစ် စာအောင်ဘွဲ့ရ တိ/နိ-က သံဃာတော်များကို ပင့်လျှောက် စာပို့ရန်ဖြစ်၏။ ဤသည်မှာ ကျွန်တော်တို့ နိကာယသာသနာတော်ထွန်း ကားရေး အသင်းကြီး၏ နှစ်စဉ် ဆောင်ရွက်နေကြအလုပ် ဖြစ်၏။
အနုနာယက ဆရာတော် ဦးဓမ္မပိယ ကျိန်းနေသည်ထင် သဖြင့် ထိုစဉ်က ပိဋကတ် နှစ်ပုံကွဲအောင်(ယခု တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ ရမ္မာဝတိဆရာတော်) ဘဒ္ဒန္တဣန္ဒပါလကို ဖူးမြော်ရန် သူ့အခန်း သို့ သွားသည်။ ဦးဣန္ဒပါလ၏ အခန်းထဲတွင် သက်တော်ဝါတော်ကြီး ဆရာတော်တစ်ပါးကို တွေ့ရလေသည်။ အာဂန္တု ဘုန်းကြီးမှန်း သိသာ သည်။
ဦးဣန္ဒလထက် သက်တော်ဝါတော်ကြီး ဖြစ်သော အာဂန္တု ဆရာတော်ကြီးကို အရင် ဦးချကန်တော့ရသည်။
'' အရှင်ဘုရား၊ ဘယ်ကပါလဲ ဘုရား '' ဟု မေးလျှောက်ရာ-
'' ဦးဣန္ဒတို့ အရပ်ကပါ ''
ဟု အမိန့်ရှိသည်။
'' ဒါဆို မန်ကျည်းကျွန်းကပေါ့ ဘုရား ''
'' မဟုတ်ပါဘူး ဒကာကြီး၊ ဘုန်းကြီးက စကုကျွန်းကပါ ''
'' ဘုရား ...''
ဆရာတော်ဆီမှ စကုကျွန်း ဟူသော စကားကို ကြားလိုက်ရ သည်နှင့် ကျွန်တော်၏ စိတ်ထဲမှာ ချက်ချင်း စကုကျွန်းနှင့် ပက်သက်၍ ငယ်စဉ်က အံ့သြဖွယ်ရာ အံ့သြဖွယ်သရဲ ကြားမီခဲ့ရသည်ကို ချက်ချင်း သတိရသွားသည်။
'' အရှင်ဘုရောစားးကို ဖူးခွင့်ရတာ တပည့်တော်အတွက် အလွန် ကြုံတောင့်ကြုံခဲ အကြောင်းထူးတစ်ခုပါ ဘုရား ''
'' ဘယ်လို ကြုံတောင့်ကြုံခဲလဲ ဒကာကြီး ''
ဆရာတော်က မီမီကို အံ့သြသလို စိုက်ကြည့်နေသည်။
'' တပည့်တော်တို့ ငယ်စဉ်တုန်းက အရှင်ဘုရောစားးတို့ စကုကျွန်းမှာ အလွန် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြားခဲ့ရဖူးပါ တယ် ဘုရား၊ အဲဒါ တကယ်ပဲလားဆိုတာ သိချင်လို့ လျှောက်ခွင့်ပြုပါ ဘုရား ''
မီမီက ဤမျှ လျှောက်တင်ရုံနှင့် ဆရာတော်ကလည်း ဘာဆို တာ ချက်ချင်း သိသည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော အနှစ်(၄ဝ)ကျော်ခန့်က ရခိုင်ပြည်နယ် တောင်ပိုင်းတစ်ခုလုံး ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော အဖြစ်အပျက် ဖြစ်၍ ဆရာတော်က -
'' အဲဒီတုန်းက ဘုန်းကြီး ဆယ့်ခုနှစ်သား ကိုရင်ဝတ်နဲ့ပေါ့'' ဟု အမိန့်ရှိသည်။
ဦးဣန္ဒပါလ ကလည်း -
'' ဘုန်းကြီး ဒီဒကာက စာရေးဆရာ၊ ဘုန်းကြီးတို့ ငယ်ငယ် တုန်းက အဲဒီ စကုကျွန်းအကြောင်းကို စုံစုံလင်လင်သာ ပြောပြလိုက်ပါ ''
ဟု လျှောက်ထားခဲ့ပြီး စာရေးသူအား အချိုရည်တစ်ဘူး ချပေးထားကာ အပြင်သို့ ကိစ္စရှိ၍ ကြွသွားခဲ့လေသည်။
'' အဲဒီ အကြောင်းက နောက်ဆုံး ဘယ်လိုဖြစ်သွားပါသလဲ ဘုရား ''
'' အိမ်း -ဒကာကြီးက စာရေးဆရာဆိုတော့ စုံစုံစေ့စေ့ ပြောပြပါမယ် ''
ဟု အမိန့်ရှိကာ အောက်ပါ အဖြစ်အပျက်ကို အစအဆုံး မိန့်ကြားပြောပြပါသည်။

ဂ ဂ ဂ
ရခိုင်ပြည်နယ်၊ ရောစးမ်းဗြဲမြို့နယ်ထဲတွင် စကုကျွန်း၊ မန်းကျည်း ကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း၊ ပန်းတင်ကျွန်း၊ ဗောင်းကျွန်း စသဖြင့် ကျွန်း ပေါင်း အမြောက်အများ ရှိသည်။ ထိုကျွန်းများအားလုံးမှာ ရေပတ်လည် ဝိုင်းထားသော ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းများ ဖြစ်သည်။ ကျွန်းတိုင်းလိုလိုတွင် သုံးရွာ၊ နှစ်ရွာ၊ တစ်ရွာ စသဖြင့် လူနေရွာများ ရှိကြသည်။
တစ်နေ့တွင် စကုကျွန်းရှိ ဝံလက်မော်ရွာ ဘုန်းကြီးကျောင်မှ ကျောင်းထိုင်ဆရာတော် ကုဋီ(ရေအိမ်) တက်လို၍ ကျောင်းအောက်သို့ ဆင်လာသည်။ ကုဋီနှင့် ကျောင်းမှာ ခြေလှမ်းနှစ်ဆယ်၊ သုံးဆယ်ခန့်သာ ဝေး၏။
ကုဋီတက်ပြီး ပြန်အထွက်တွင် ထွက်၍ မရတော့။ကုဋီတံခါး ကို အပြင်က တစ်စုံတစ်ယောက် တွန်းပိတ်ထားသည်။ အကြိမ်ကြိမ် တွန်း ဖွင့်သည်။ ခါတိုင်းနေ့တွေလို တွန်းဖွင့်၍ ဘယ်လိုမှ မရ ဖြစ်နေသည်။
ထိုအခါ ဆရာတော်က အတွင်းမှ တံခါးရွက်ကို ထုပြီး ကျောင်းသားများကို အော်ခေါ်ရသည်။ ဘုန်းကြီး အော်ခေါ်နေသံ ကြား သဖြင့် ကျောင်းသားများ ပြေးလာကြာရာ ကုဋီနားရောက်လာကြသည်။ ကျောင်းသားများ ကုဋီအနားသို့ အရောက်မှာ တံခါးက အလိုလို ပွင့်သွားသည်။
'' ဟ- ဘယ်လိုဖြစ်တာလဲ၊ ဒီတံခါးက အပြင်က မင်းတုန်း ကန့်လန့်လည်း မရှိဘဲနဲ့။ ငါဆွဲဖွင့်နေတာ အတော်ကြာသွားပြီ။ ဖွင့်လို့ကို မရဘူး။ အပြင်က တစ်ယောက်ယောက် တွန်းထားသလို ရှိတာနဲ့ မင်းတို့ ကို အော်ခေါ်ရတာ ''
'' တပည့်တော်တို့လည်း မလျှောက်တက်ပါ ဘုရား၊ စောစော က ကုဋီနားမှာလည်း ဘယ်သူမှ မရှိပါလား ဘုရား ''
ကျောင်းသားများက ဆရာတော်ကို အမှန်အတိုင်း လျှောက် ကြသည်။
'' အေးဟ၊ အဆန်းပါလား ''
ဆရာတော်က ဤမျှသာ အံ့သြသလို ညည်းတွားပြီး ကျောင်း ပေါ်တက်လာသည်။
ဆရာတော် ကျောင်းပေါ်ရောက်သည်နှင့် ဘုံဆင့်(ဇေတဝန်) ပေါ်က ဘုန်းကြီးခြေရင်းသို့ ခဲတစ်လုံး ကျလာသည်။
ဆရာတော်က ကျောင်းဘုံဆင့် ဇေတဝန်ပေါ် မော့ကြည့်သည် ဘာမှ ထူးထူးခြားခြား မမြင်ရ။ ဆရာတော် မော့ကြည့်နေစဉ်မှာပင် ဘုံဆင့်ပေါ်က ခဲတစ်လုံး နောက်ထပ် ကျလာပြန်သည်။ ထိုကျလာသော ခဲတစ်လုံးက ငုံးဥလောက် ရှိသည်။ ဆရာတော် ကိုယ်ပေါ်ကိုတော့ မထိ။
'' ဟ ဘယ်လိုဖြစ်တာလဲ၊ ဒီနေ့ အဆန်းချည်းပါလား။ ဇေတဝန်ပေါ်က ခဲတွေချည်း ကျနေပါလား ''
ဆရာတော် စိတ်ထဲ သံသယ တစ်စုံတစ်ရာ ဖြစ်လာသဖြင့် အကျယ်ကြီး အော်ပြောလိုက်မီသည်။
ဆရာတော်၏ အော်ပြောလိုက်သံကို ကြားသဖြင့် ကျောင်း သားများ ကျောင်းပေါ် ပြေးတက်လာကြသည်။
'' ဒီမှာ ဒီမှာ၊ တွေ့ကြလားဟေ့။ ကြမ်းပြင်ပေါ်မှာ ခဲလုံးတွေ မောင်တို့။ အပေါ်ဘုံဆင့် ဇေတဝန်ပေါ်က ကျကျလာတာဟ။ ဘုံဆင့်ပေါ် ဘယ်သူရှိပါလိမ့် ''
ကျောင်းကြမ်းပြင်ပေါ်က ခဲလုံးတွေကို တစ်ယောက်တစ်လုံး၊ နှစ်လုံးစီ ငုံ့ကောက်လိုက်ကြပြီး ကျောင်းသားများမှာလည်း တအံ့တသြ နှင့် ဘုံဆင့်ပေါ် မော့ကြည့်ကြသည်။
ဘုံဆင့်ပေါ်မှာ ဘာမှ မမြင်ရ။ ကျောင်းသားအားလုံး ကျောင်း ပေါ်ရောက်လာကြချိန်မှာတော့ နောက်ထပ် ခဲလုံးတွေ မကျလာတော့။ ထို့ ကြောင့် ဆရာတော် အမိန့်ရှိသည်ကိုပင် ကျောင်းသားများက မယုံသလို သံသယ ဖြစ်သွားကြသည်။
ဒီလိုနှင့် ညနေစောင်းတွင် ဆရာတော်က အပေါ့အပါးသွား ရန် ကုဋီ သွားဝင်ပြန်ရာ ပြန်အထွက်တွင် အပြင်ရှိ တစ်စုံတစ်ဦးက တွန်း ပိတ်ထားပြန်ရာ ဖွင့်မရောစးဖြစ်ပြီး ကျောင်းသားများကို လှမ်း၍ အော်ခေါ် ကြရပြန်သည်။
ကျောင်းသားများ ကျောင်းပေါ်က ပြေးဆင်းလာကြမှ ကုဋီ တံခါးက အလိုလို ပွင့်သွားပြန်သည်။
ကုဋီတံခါး အပြင်ဘက်တွင် သစ်သားဂျက်၊ ကန့်လန့်၊ မင်းတုပ်ဆို၍လည်း ဘာမှ မရှိသဖြင့် ဆရာတော်က -
'' ဟ ဘယ်လိုဖြစ်တာလဲ၊ ဒီနေ့ အထူးအဆန်းတွေချည်းပါ လား မောင်တို့ ''
ဟု မိန့်ကြားကာ ကျောင်းပေါ် ပြန်တက်လာပြန်သည်။
ဆရာတော် ကျောင်းပေါ်သို့ ပြန်ရောက်သည်နှင့် ကျောင်းဘုံ ဆင့်ပေါ်က ခဲလုံးတွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာပြန်သည်။ ဤတစ် ခါမှာတော့ ဇေတဝန်ပေါ်က ကျလာသော ခဲလုံးများအား ကျောင်းသား များကပါ ရိုးတိုးရိပ်တိပ် မြင်လိုက်ကြရသည်။ မကြောက်သော ကျောင်း သားကြီး သုံးလေးယောက်က မြည်တွန်၍ ကျောင်းဘုံဆင့် အပေါ် တွယ် တက်ကြည့်ကြသည်။ ဘုံဆင့်ပေါ်မှာ ထူးထူးခြားခြား ဘာမှ မတွေ့ရ။ ထို့ ကြောင့် အောက်သို့ ပြန်ဆင်းလာကြသည်။ နောက်ထပ်တော့ ခဲမကျတော့။
ဒီလိုနှင့် ဤနေ့ညနေ လေးနာရီကျော်မှ ဘုန်းကြီးက ကျောင်း သားများ ထမင်းစား စောစောလွှတ်လိုက်သည်။ အဖြစ်အပျက်ကို ရွာလူ ကြီးများအား ပြောပြ၍ ညနေ ရွာလူကြီး သုံးလေးယောက် ကျောင်းသို့ လာကြရန်လည်း ကျောင်းသားများနှင့် မှာလိုက်သည်။
ဆရာတော် မှာလိုက်သည့်အတိုင်း လူကြီးသုံးယောက်နှင့် ကျောင်းသားကြီးများ ကျောင်းသို့ ရောက်လာကြသည်။
ဆရာတော်က နေ့လယ်က ကြုံတွေ့ရသော အဖြစ်အပျက်ကို ရွာလူကြီးများအား ပြောပြသည်။ ထိုအခါ ရွာလူကြီး သုံးယောက်မှာ ရွာကို မပြန်ကြတော့ဘဲ ကျောင်း၌ပင် ညအိပ်စောင့်ကြသည်။ ဆရာတော် လည်း ကုဋီကို တစ်ပါးတည်း မသွားရဲတော့ဘဲ အလေးအပေါ့ သွားရာ၌ ပင် ရွာလူကြီး သုံးယောက်ကို အစောင့်ခေါ်၍ သွားရ၏။ နေ့လယ်ကလို တံခါးကို အပြင်က တွန်းပိတ်ထားတာလည်း မရှိတော့။
တစ်ညလုံးလည်း ဘာသံမှ မကြားရတော့ဘဲ ကောင်းစွာ အိပ်နိုင်ကြ၏။ သို့သော် မိုးလင်းသောအခါ ကျောင်းထပ်ခိုးပေါ်ရှိ ဘုရောစားး ဆောင်က စလင်းဖြူ(စကျင်ကျောက်) ဘုရားနှစ်ဆူသည် ကျောင်းလှေ ကားထိပ်နားရှိ ဘုန်းကြီး သောက်ရေအိုးစင်ပေါ် ရောက်နေ၏။
ပို၍ ထူးဆန်းသည်မှာ လင်ပန်းကြီး နှစ်ချပ်ကို ဘုရားတစ်ဆူ ၏ ရှေ့၌ ယပ်ကဲ့သို့ ထောင်ထားသည်ကို အံ့သြဖွယ်ရာ တွေ့ကြရပြန် သည်။ ကျောင်းစလင်း (စကျင်ကျောက်) ကျောက်ဆင်တု ရုပ်ပွားတော် နှစ်ဆူမှာ သေးသေးမဟုတ်။ အားကောင်းမောင်းသန် လူကြီးနှစ်ယောက် ပင် မပင့်၊ မနိုင်နိုင်သော ဆင်းတုတော်နှစ်ပါး ဖြစ်သည်။ ထိုဆင်းတုတော် နှစ်ဆူကို အဘယ်သူက ဘုရားကျောင်းဆောင်ပေါ်က ပင့်လာပြီး ဘုန်းကြီး ရေအိုးစင်ပေါ် လာထားသည်မှာ တွေးမရ ဖြစ်ကြရသည်။
နောက်တော့ ထိုဆင်းတုတော် နှစ်ဆူကို လူကြီးသုံးယောက် က မ,ပင့်ကာ မူလ ဘုရားကျောင်းဆောင်ပေါ် ပြန်ပင့်ပို့ ထားလိုက်ကြ သည်။ ဘုရားနှစ်ဆူရှေ့တွင် ယပ်လုပ်ထောင်ထားသော လင်ပန်းကြီး နှစ်ချပ်ကိုလည်း မူလအတိုင်း ပန်းကန်စင် ကြောင်အိမ်ထဲ ပြန်ထည့်ထား လိုက်ကြသည်။
လူကြီး သုံးလေးယောက်မှာ ရွာကိုမပြန်နိုင်ကြသေးဘဲ ကျောင်း၌ အရုဏ်ဆွမ်းစားပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။
စကုကျွန်းရှိ သူတို့ ဝံလက်မော်ရွာမှာ အိမ်ခြေ ငါးဆယ်ကျော် ရှိသည်။ အရုဏ်ဆွမ်း၊ နေ့ဆွမ်းကို ခွဲတမ်းနှင့် အလှည့်ကျ သုံးအိမ်တစ် ရက်၊ နှစ်အိမ်တစ်ရက် ဆွမ်းပို့ရသော အစဉ်အလာ ဂါမပညတ် ရှိသည်။ အထွတ်အမြတ်ဖြစ်သော ခြံထွက်သီးနှံနှင့် အခါအားလျော်စွာ လုပ်လေ့ ရှိကြသော မုန့်ဖက်ထုပ်၊ မုန့်ကြာစေ့၊ မုန့်ဆီကြော် စသည်များကိုလည်း သဒ္ဓါတရားပေါက်သလို ကျောင်းသို့ သွားလှူလေ့ ရှိကြသည်။
သို့နှင့် ဒကာမ တစ်ယောက်သည် ဘုန်းကြီး နေ့ဆွမ်း မဘုဉ်းပေးမီ သူ၏ခြံထွက်ဖြစ်သော ငှက်ပျောသီး လက်ရင်းတစ်ဖီးကို ဘုန်းကြီးလှူရန် ကျောင်းသို့လာသည်။ ကျောင်းဝင်းထဲသို့ ဝင်လိုက် သည်နှင့် -
'' အမလေး လုပ်ကြပါဦး၊ ဘယ့်နှယ် ဘယ့်နှယ် ကျုပ် ဘုန်းကြီးလှူမလို့ လာတာ ကျုပ်ငှက်ပျောဖီးကြီး မိုးပေါ် ပျံတက်သွား ပါပကောလား ''
ဟု အထိတ်တလန့် အော်လိုက်သည်။
ထိုအမျိုးသမီးကြီး အော်လိုက်သော အထိတ်တလန့် အော်သံ ကြောင့် ကျောင်းပေါ်က ပြေးဆင်းလာကြသည်။ သို့သော် သူတို့က ဘာမှ ထူးထူးထွေထွေ မမြင်လိုက်ကြရ။
သူတို့ မြင်နေကြသည်မှာ ခေါင်းပေါ်တွင် လင်ပန်းငယ်တစ်ခု ကို ကိုင်ပြီး ကျောင်းခေါင်းမိုးပေါ် လှမ်းကြည့်ကာ မျက်စိပျက် မျက်နှာ ပျက် ဖြစ်နေသော အသက်ငါးဆယ်အရွယ် အမျိုးသမီး တစ်ယောက်သာ။
ထိုအမျိုးသမီကြီးကို လူကြီးတွေက ဝိုင်းမေးကြသည်။
'' ခင်ဗျား ဘာမြင်လို့လဲ၊ ဘယ်လို ဖြစ်လို့လဲ ''
'' ဘယ်လိုဖြစ်လဲ ဆိုတာတော့ ကျုပ်လည်း မပြောတက်တော့ ဘူး တော်တို့ရယ်၊ ကျုပ် ဘုန်းကြီးလှူဖို့ ကျုပ်ခြံထွက် ငှက်ပျောသီးကြီး တစ်ဖီး ဒီလင်ပန်းထဲမှာထည့်ပြီး ခေါင်ရွက်ယူလာတာ ကျောင်းဝင်းထဲ လည်းဝင်လိုက်ရော ကျုပ်ငှက်ပျောသီးဖီး မိုးပေါ်ပျံတက်သွားတာပဲ မြင် လိုက်ရတယ် ''
'' ဟင် ဘယ်ဘက်ကို ပျံတက်သွားလဲ ''
'' ကျောင်းဇေတဝန်ပေါ် ပျံတက်သွားတာပါပဲ။ ထူးဆန်းလိုက် တာ။ ဘယ်လို အဖြစ်မျိုးပါလိမ့်၊ ဆရာတော်ရဲ့ သီလ သမာဓိ ကြောင့် များလား ''
ထိုမိန်မကသာ ဆရာတော်ရဲ့ သီလ သမာဓိကြောင့်လားဟု ဆိုသော်လည်း မနေ့ ညနေကပင် အဖြစ်ထူးအဖြစ်ဆန်းကို သိထားကြ သော ရွာလူကြီးများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိုးရိမ့် သောက ဖြစ်ပြီး ကျောင်းပေါ်ကိုသာ တက်လာကြသည်။
ကျောင်းပေါ်သို့ ရောက်သည်နှင့် ဆရာတော်ကို ထိုကိစ္စ လျှောက်ထားကြရာ ဆရောစားတော်လည်း မည်သို့မျှ မမိန့်ကြားနိုင်ဘဲ ငေးငေး ငိုင်ငိုင်သာ ဖြစ်သွားလေသည်။
ငှက်ပျောသီး လာလှူသော ထိုမိန်မက ရွာပြန်ပြီး ထိုအကြောင်းကို ပြောလေရာ ရွာရှိ ယောက်ကျား၊ မိန်မ၊ ကလေးများပါ မကျန် ကျောင်းသို့ ပြေးရောက်လာကြပြီး မေးကြ၊ မြန်းကြ၊ ထင်ရာမြင်ရာ ပြောကြနှင့် ကျောင်းပေါ်တွင် လူပြည့်သွားသည်။
ဆယ့်တစ်နာရီခန့်တွင် ဘုန်းကြီး ဆွမ်းဘုဉ်ပေးနေစဉ် ဘုံဆင့်ပေါ်က ငှက်ပျောသီးခွံများ ကျလာတော့သည်။ လူတွေမှာ ပို၍ အထိတ်တလန့် အံ့သြမဆုံး ဖြစ်ကုန်ကြသည်။ ကျောင်းပေါ်မှာလည်း လူတွေ စည်းကားသထက် စည်းကားလာသည်။ ယောက်ကျား၊ မိန်မ၊ ကလေးသူငယ်များနှင့် ပြည့်လျှံနေတော့သည်။
ဘုန်းကြီးမှာလည်း မကြုံစဖူး ထူးခြားလှသော အဖြစ်ကြောင့် ဆက်၍ ဆွမ်းပင် ဘုဉ်းမပေနိုင်တော့။ ထို့ကြောင့် ဆရာတော်က ဆွမ်းပွဲ လာသိမ်းကြရန် ကျောင်းသားများကို မိန့်ကြားလိုက်သည်။ ဆရာတော် မိန့်ကြားသည့်အတိုင်း ကျောင်းသားများကလည်း ဆွမ်းဟင်းပွဲကို သိမ်း လိုက်ကြသည်။
ငယ်သေး၍ ဆွမ်းပွဲမသိမ်းရသော ရှစ်နှစ် ကိုးနှစ်အရွယ် ကျောင်းသားငယ်များက ကျောင်းတိုင်ကိုမှီပြီး ခါတိုင်လိုပင် ထိုင်နေကြရာ ကျောင်းတိုင်တစ်လုံးစီကို တစ်ယောက်စီမှီပြီး ထိုင်နေကြသော ကျောင်း သားငယ် နှစ်ယောက်ရင်ခွင်ထဲ ငှက်ပျောသီး တစ်ယောက်တစ်လုံးစီ ဘုံဆင့်ပေါ်က ကျလာသည်။ ထိုငှက်ပျောသီး နှစ်လုံးမှာ မနက်တုန်းက ဒကာမကြီး တစ်ယောက် ဘုန်းကြီးလှူရန်လာစဉ်က ကျောင်းဝင်ထဲ ရောက်သည်နှင့် မိုးပေါ်ပျံတက်သွားသော ငှက်ပျောသီးများပင်။
ကျောင်းသားငယ်နှစ်ယောက်က အထိတ်တလန့်နှင့် ဘုံဆင့် အပေါ်သို့ မော့ကြည့်ပြီး -
'' ဟာ ဟို ဟိုမှာ၊ ဘုံဆင့်ပေါ်မှာ လူတွေ လူတွေ ''
ဟု ကြောက်ရွံ့တကြား လက်0x150ှိုးထိုးပြီး အော်ဟစ် ထခုန် လိုက်ကြသည်။
'' ဘယ်မှာလဲ ဘယ်မှာလဲ ''
ဆရာတော်နှင့် လူကြီးတွေက ဘုံဆင့်ပေါ် မော့ကြည့်၍ မေးကြရာ -
'' ဟိုမှာ ဟိုမှာ ဘုံဆင့်ပေါ်က ခြေထောက်တွဲလောင်ချပြီး ငှက်ပျောသီး စားနေကြတယ်။ မိန်းမလည်း တစ်ယောက်ပါတယ် ''
ဟု ကျောင်းသားငယ်နှစ်ယောက်က မတ်တပ်ရပ် လက်0x150ှိုး ထိုးပြပြီး အော်ပြောနေကြသည်။ သို့သော် ထိုကျောင်းသားငယ်နှစ်ယောက် လက်0x150ှိုးထိုးပြနေသော လူတွေနှင့် မိန်းမတစ်ယောက်ကို မည်သူမျှ မမြင်ရ။
ထိုကျောင်းသားငယ်နှစ်ယောက်တို့ အော်ပြောလိုက်သံကြောင့် ကြောက်တက်သော မိန်းမများနှင့် ကလေးသူငယ်များ ကျောင်းပေါ်က ဆင်းပြေးကြသည်။ လူကြီးတွေနှင့် ကျောင်းထိုင်ဆရာတော်မှာမူ ဘုံဆင့် ပေါ်ကိုသာ မော့ကြည့်ကြလျက်။
ရင်ခွင်ထဲ ငှက်ပျောသီးကျလာသော ကျောင်းသားငယ်နှစ် ယောက်ကလွဲပြီး မည်သူမျှ ဘုံဆင့်ပေါ်က လူတွေကို မမြင်ကြရရာ ဘုန်းကြီးနှင့် လူကြီးတွေမှာလည်း မည်းသို့မည်ပုံ ယူဆရတော့မှန်း မသိ တော့ဘဲ ဘုံဆင့်ပေါ်မှာ လူတွေ မြင်နေရသည်ဆိုသော ကျောင်းသားငယ် နှစ်ယောက်ကိုသာ အကြိမ်ကြိမ်အခါခါ မေးလိုက်၊ ကျောင်းဘုံဆင့်ပေါ် မော့ကြည့်လိုက်နှင့် လူတွေမှာ ကယောင်ချောက်ချား ဖြစ်ကုန်ကြသည်။ သူ့တို့ကမူ ဘာမှ မမြင်ကြရ။
ထိုအခါ ကျောင်းသားငယ်နှစ်ယောက်ကိုသာ မေးနေ ကြရသည်။
'' ဘုံဆင့်ပေါ်မှာ မင်းတို့မြင်နေတဲ့ လူတွေက ဘယ်သူတွေလဲ'''
'' လူတွေက အများကြီးပဲ ''
'' ဘယ်နှစ်ယောက်လဲ ရေကြည့်စမ်းကွာ ''
လူကြီးတစ်ယောက်က ရေကြည့်ဆိုသဖြင့် ကျောင်သားငယ် နှစ်ယောက်က ဘုံဆင့်ပေါ်ကို မော့ကြည့်၍ လက်0x150ှိုးထိုးကာ တစ်၊ နှစ်၊ သုံး၊ လေး ရေကြည့်ကြသည်။
'' ယောက်ကျားဆယ့်နှစ်ယောက်နဲ့ မိန်းမတစ်ယောက် ''
ဟု ကျောင်းသားငယ်နှစ်ယောက်က ပြန်ပြောပြသည်။
'' ဟိုမှာ ဟိုမှာ ကျွန်တော်တို့ကို ရယ်ပြနေကြတယ် ''
ဟုလည်း ရေတွက်ပြီးသည်နှင့် ကျောင်းသားနှစ်ယောက်က လူကြီးတွေကို ပြောပြကြပြန်သည်။
'' ဘယ်လိုလူတွေလဲ မင်းတို့ကို ရယ်ပြတာ။ ငါတို့လို လူတွေ လား ''
'' မဟုတ်ဘူးဗျ၊ အားလုံး ဘောင်ဘီဝတ်ထားကြတယ် ''
ဘုံဆင်ပေါ်က လူများက မြင်ရသည်ဆိုသော ကျောင်းသား ငယ်နှစ်ယောက်ထဲမှ အကြီးဖြစ်သူက သူပြောသည်ကို ဘုန်းကြီးနှင့် လူကြီးတွေက မယုံမှာစိုး၍ အငယ်ကျောင်းသားလေးကိုပါ မေးပြော ပြောသည်။
'' အားလုံး ဘောင်ဘီ ဝတ်ထားကြတယ်ကွနော်၊ ဟုတ်တယ် မဟုတ်လား ''
'' ဟုတ်တယ်၊ အားလုံး ဘောင်ဘီးနဲ့ချည်း ''
အငယ်ကျောင်းသားကလည်း ဘုံဆင့်ပေါ် မော့ကြည့်နေရင်း က ဖြေ၏။
'' မင်းတို့ မြင်ရတာက ဘယ်လိုလူတွေလဲ၊ ခေါင်းကြီး ကိုယ် သေးတွေလား ''
ဘုန်းကြီးက သူဘာမှ မမြင်ရသဖြင့် သူ့ကျောင်းသားငယ် နှစ်ယောက်ကို မေးရပြန်သည်။
'' မဟုတ်ပါဘုရောစားး၊ ဘောင်ဘီဝတ်ထားကြတာကလွဲရင် အားလုံး တပည့်တော်တို့လို လူတွေချည်းပါဘုရား ''
ကျောင်းသားငယ်လေး စကားကို ကြားလိုက်ရသောအခါ ဘုန်းတော်ကြီးမှာ ခေါင်းငုံ့သွားပြီး သက်ပြင်းသာ ချနေမီသည်။
ထိုအချိန်ကစပြီး ထိုနာနာဘဝများသည် ကျောင်းဝင်းထဲတွင် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကြတော့သည်။
ဘုရားဆောင်က ကျောက်ဆင်းတု ရုပ်ပွားတော်များကို ယူချပြီး ဘုန်းကြီးသောက်ရေအိုးစင်တွင် သွားထားကြသလို ငါးပိဿကျော် ကြေးစည်ကြီးကိုလည်း ခြေတံရှည်ကျောင်းအောက် မြေပြင်ပေါ်သို့ ပစ်ချထားကြသည်။ ကျောင်းကြီး၏ ပျဉ်ချပ်ကြီးအချို့မှာ ဘယ်လိုခွာပြီး ဘယ်လို ပစ်ချလိုက်ကြသည် မသိ။ မိုးလင်းသည်နှင့် ကျောင်းအောက် မြေပြင်ပေါ် ရောက်နေသည်။
ထို့နောက်မှာ ဘုန်းကြီးလှူရန်လာသော ဖက်ထုပ်မုန့်များကို လည်း အလှူရှင် ကျောင်းဝင်ထဲ ဝင်သည်နှင့် ထိုနာနာဘဝများသည် ကျောင်းဘုံဆင့်ပေါ် ယူသွားကြပြီး မုန့်ဖက်ထုပ်ခွံတွေကိုသာ ကျောင်း ကြမ်းခင်းပေါ်သို့ ပစ်ချကြသည်။
သူတို့ချစ်သော ကျောင်းသားလေးနှစ်ယောက်ကိုမူ ဘုံဆင့် ပေါ်က ဖက်ထုပ်မုန့် တစ်ယောက်တစ်ထုပ်စီ သူတို့ရင်ခွင်ပေါ်သို့ ပစ်ချ ပေးတက်ကြသည်။ ဤသည်ကို လာစောင့်အိပ်နေသော လူကြီးတွေက ''တို့ကိုလည်း ပေးကြပါဦး'' ဟု ဘုံဆင့်ပေါ် ခေါင်းမော့ကြည့်၍ ပြောကြ သောအခါ အထုပ်တစ်ထုပ်ကျလာ၏။ ဖွင့်ကြည့်ကြသောအခါ မစင်(ချေး) ထုပ် ဖြစ်နေ၏။ ထိုအခါ လူကြီးတွေက သူတို့အတွက်လည်း ပေးပါဦးဟု မပြောရဲကြတော့။
ဤမျှနှင့် မရောစးပ်သေး၊ ဘုန်းတော်ကြီးအား လာစောင့်အိပ်နေ ကြသော ရွာလူကြီးများ၏ ဆေးတံ၊ ဆေးဘူးများကိုလည်း လက်က ချသည်နှင့် ယူသွားပြီး ဘုံဆင့်ပေါ်က ပြန်ပစ်ချကြသည်။ ဘုန်းကြီး အနားသို့ ဝိုင်းထိုင်နေကြလျှင် လူနှင့် ဘုန်းကြီးကြားထဲသို့ ခဲလုံးတွေကို ပစ်ချကြသည်။
ထိုအခါ လူကြီးတွေက -
'' ကျောင်းပေါ်လာနေပြီး ဘုန်းကြီးရဟန်းကို မနှောင့်ယှက် ကောင်းဘူး၊ ငရဲကြီးတက်တယ် '' ဟူသော စကားမဆုံးမီပင် လျောက်တန်း၊ ထုပ်တန်း၊ ပျဉ်ပြား များတွင် ဘုရား၊ တရား၊ သံဃာဟု စာတွေ ပေါ်လာသည်။ ဘုရား၊ တရား၊ သံဃာကို သူတို့လည်း သိသည်ဟု အသိပေးသလား ထင်ရသည်။
ထိုနာနာဘာဝများကို ကျောင်းသားငယ်နှစ်ယောက်က လွဲပြီး တခြားမည်သူ တစ်ဦးတစ်ယောက်မှ မမြင်ကြရ။ ထို့ကြောင့် ထိုကျောင်း သားငယ်နှစ်ယောက်ကိုသာ တစ်ခုခု ဖြစ်လာတိုင်း ဘုန်းကြီးနှင့် လူကြီး တွေက အကျိုးအကြောင်း မေးကြရသည်။
ထိုကျောင်းသားငယ်နှစ်ယောက်က ပြောပြသည်မှာ ထိုနာနာ ဘာဝများထဲက မိန်းမသူသည် သူတို့နှစ်ယောက်ကိုချစ်၍ မုန့်တွေ၊ ငှက်ပျောသီးတွေ ပစ်ချပေးသည်ဟု ဆိုသည်။ ပြီးတော့ တစ်နေ့ နေ့လယ် တွင် ထိုနာနာဘာဝများသည် ဘုန်းကြီးကျောင်းပေါ်သို့ စီးတန်းဆင်း သွားကြပြီး ကျောင်းနားရှိ လက်ပံပင်ပေါ်သို့ လက်ပံပင်ကိုင်းတွေပေါ်မှာ လင်းဆွဲများကဲ့သို့ ဦးစောင်ပြောင်းပြန် တွဲဆွဲနေကြသည်ကိုလည်း မြင်နေ ရသည်ဟု ကျောင်းသားငယ်နှစ်ယောက်က ပြောပြကြသည်။ သူတို့သည် ကလေးနှစ်ယောက်ကို လုပ်ပြကြသည့် သဘောပင်။
သည်လိုနှင့် သုံးလေးရက် ကြာသောအခါ ပိုဆိုးလာသည်။ ဘုန်းကြီးနှင့် ရွာလူကြီးများ ကျောင်းပေါ်တွင် စုထိုင်လိုက်ကြသည်နှင့် ဘုံဆင့်ပေါ်က ခဲနှင့် ဝိုင်းပေါက်ကြသည်။ လူကို မထိသော်လည်း လူကြား ဘုန်းကြီးကြား ထိလုထိခင် ခဲတွေချည်း ကျလာရာ ဘုန်းကြီးနှင့် ရွာလူကြီးတွေမှာ ကျောင်းပေါ် မတက်ရဲလောက်အောင် ဖြစ်လာကြသည် အထိ ဖြစ်လာသည်။
တစ်ခု ထူးခြားသည်မှာ ညနေလေးနာရီကျော်လောက် အချိန် ဆိုလျှင် ခဲတွေ လုံးဝ မကျပြန်တော့။ နေ့လယ်ဘက်က ပစ်ချထားသော ကျောင်းကြမ်းပြင်ပေါ်က ခဲလုံးတွေလည်း အလိုလို အကုန်ပျောက်ကုန်ကြ သည်။ လူတို့၏ အထင်မှာ လူတို့သည် ကျောင်းနားရှိ လက်ပံပင်ပေါ် သွားအိပ်ကြ၍ ခဲတွေကို ပစ်မချတော့ဟု ထင်ကြသည်။
ဒီလိုနှင့် စကုကျွန်း ဝံလက်မော်ရွာ ဘုန်းကြီးကျောင်းမှ ဤပြဿနာကို ရွာသူရွာသားတွေက ပုဏ္ဏကတိုက်ထားသည်။ အစိမ်း တိုက်သည်ဟု ယူဆကြကာ ဗေဒင်မေး၊ နတ်မေး၊ မှော်ဆရာပင့်နှင့် အလုပ်ရှုပ်၍ အခကြေးငွေတွေသာ ကုန်သွားကြ၏။ ဘာမှ အကြောင်း မထူး။ တစ်ပတ်နှစ်ပတ်သာ အချိန်ကြာလာသည်။ နာနာဘာဝများက ကျောင်းပေါ်တွင် သောင်းကျန်းမြဲ သောင်းကျန်းနေကြတုန်း။
သည်လိုနှင့် တစ်နေ့တွင် စကုကျွန်းကို ဆက်ကြေးကောက် ရန် ရောက်လာကြသော ထိုစဉ်က အလံဖြူ ကွန်မြူနစ်များက သတင်း ကြားသည်နှင့် ကျောင်းသို့လိုက်လာကြရာ မည်သို့မည်ပုံ ဖြစ်ခဲ့ရသည်ကို တော့ မပြောခဲ့ကြ။ ကျောင်းဝင်းစည်းနားကို အရောက်မှာ ကျောင်ဝင်းထဲ မဝင်ကြတော့ဘဲ ချက်ချင်း ပြန်ပြေးသွားကြသည်။
နောက်မှ သတင်းကြားရသည်မှာ သူတို့ ကျောင်းတပ်စည်း နားကို ရောက်လာကြသည်နှင့် ကျောင်းဘုံဆင့်ပေါ်က သေနတ်နှင့် လှမ်းအပစ်ခံရသည်။ ကျည်ဆံတွေက ရောစဲးဘော်ဖြူများကို ထိလုထိခင် နားရွက်နား၊ ခေါင်းနားက တဝီဝီ ဖြတ်ပျံသွားကြသည်ဟု ပြန်၍ ပြောပြကြသည်။
ဒီလိုနှင့် ဆရာရှာကြ၊ မေးမြန်းကြ၊ စုံစမ်းကြရာ ထိုစဉ်က စကုကျွန်း ပိန္နဲချောင်း ထုံးတောင်နားကျောင်း၌ သီတင်းသုံးနေသော ဆရာတော် ဦးဇောတိကကို အကျိုးအကြောင်း သွားလျှောက်၍ ဒကာများ က ပင့်လာကြသည်။ ဆရာတော် ဦးဇောတိက ကြွလာ၍ ပရိတ်တော်ရွတ်၊ မေတ္တာပို့၊ အစီအမံတွေ လုပ်လိုက်ရာ ခဲမကျတောဘဲ တိတ်ဆိတ်ငြိမ် သက်သွားသည်။
သို့သော် တစ်ပတ်ကျော်သည်နှင့် ထိုနာနာဘာဝများက ပြန်၍ ယခင်ကအတိုင်း သောင်းကျန်းလာကြပြန်သည်။ ကျောင်းဝင်း အတွင်းရှိ ပိန္နဲပင်မှ ပိန္နဲသီးတစ်လုံး မှည့်သဖြင့် ဘုန်းကြီးကို ကပ်မည်ဟု ခွဲလိုက်ကြရာ အထဲမှာ အသားဆို၍ လုံးဝ မရှိတော့ဘဲ အစေ့ချည်း ဖြစ် နေသည်ကို အံ့သြဖွယ် တွေ့ကြရပြန်သည်။
ကျောင်းပေါ်ရှိ ဘုရောစားးကျောင်းဆောင်က ကျောက်ဆင်းတု ရုပ်ပွားတော်များကိုလည်း မလျောက်ပတ်သော ဟိုနေရာချထား၊ သည်နေ ရာချထား၊ လှေကားနား ရောက်လိုရောက်၊ မီးဖိုဆောင်တွင် ရောက်လို ရောက်နှင့် လုပ်လာကြပြန်သည်။
ထိုအခါ ပိန္နဲချောင်း ထုံးတောင်ဆရာတော် ဦးဇောတိက ကို ပြေးသွား၍ ပင့်ကြရပြန်သည်။ ဆရာတော် ကြွလာ၍ ပထမတစ်ခေါက် နည်းတူ ပရိတ်ရွတ်၊ မေတ္တာပို့ အရောစးံအတား လုပ်ပေးသွားပြန်သည်။ တစ်ပတ်ကျော်ကျော် ငြိမ်သက်ပျောက်သွားပြန်သည်။ သို့သော် မကြာပါ ချေ။ ဆယ်ရက် ကိုးရက် အကြာမှာ ပြန်၍ ယခင်အတိုင်း သောင်းကျန်း လာကြပြန်သည်။ ထိုအခါတွင် ဆရာတော် ဦးဇောတိကဆီပြေးပြီး အကျိုး အကြောင်း လျှောက်ထားကာ သွားပင့်ရပြန်သည်။
ဤတစ်ခါ ဆရောစားတော်လည်း ကြွလိုက်မလာတော့ -
'' တော်ပြီ ဒကာတို့၊ ဘုန်းကြီးလည်း မစွမ်းဆောင်နိုင်ပါ တော့ဘူး '' ဟုသာ မိန့်ကြားလိုက်လေသည်။
ထို့နောက်တွင် ဝံလက်မော်ရွာကျောင်းသတင်းကို ကြား၍ အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုကြသော လူကြီးများထဲက တစ်ဦးက ဤအဖြစ်အပျက်မျိုး ငယ်စဉ်က သူတို့ကြားဖူးသည်။ ဤဆရာ တော် ဤကျောင်းတွင် မနေသင့်တော့။ ရေခြားမြေခြား တစ်နေရာမှာ ယတြာယာယီ တစ်ပတ်လောက် ပြောင်းရွေ့ထားလိုက်လျှင် အလိုလိုပင် ပျောက်သွားလိမ့်မည်ဟု အကြံပေးသည်။
ထို့ကြောင့် ဝံလက်မော်ကျောင်းနှင့် ချောင်လေးတစ်ချောင်း ခြားသော ကုန်းကမူလေးတစ်နေရာတွင် ယာယီသီတင်းသုံးနေနိုင်ရန် ဝါးကျောင်းလေး တစ်ဆောင်ကို ဒကာများက နေ့ချင်းပြီး ဝိုင်းဆောက် ကြသည်။ ဓနီမိုး၊ ဓနီကာ ကျောင်းလေး ဆောက်လုပ်ပြီးသည်နှင့် မူလ ကျောင်းကြီးက ဆရာတော်ကို သွားပင့်ကြသည်။ ဆရာတော်ကလည်း မယူမဖြစ် အသုံးအဆောင်ပစ္စည်း အနည်းငယ်ကိုယူကာ ညနေလေးနာရီ လောက် ယာယီဝါးကျောင်းလေးသို့ ကြွလာသည်။
ဆရာတော် ဝါးကျောင်းနားကို ရောက်သည်နှင့် အကာထရံ နှင့် အမိုးဓနီပျစ်များကို မီးထလောင်တော့သည်။ ဆရာတော်နှင့် ဒကာတွေ မှာ အံ့သြမဆုံး ဖြစ်သွားကြပြီး မီးလောင်နေသော ဝါးကျောင်းလေးကို ငေးကြည့်ကာ ဆရာတော်က -
'' ကဲ ဒကာတို့၊ ဘုန်းကြီး အကုသိုလ်ကံက ကြီးမားလွန် တယ်နဲ့ တူပါရဲ့။ အဲဒီတော့ မထူးဘူး။ ဘုန်းကြီးကို သေအောင် နှိပ်စက် ချင်ကြလည်း နှိပ်စက်ကြပစေတော့။ ဘုန်းကြီး ဝဋ်ရှိရောစးင်လည်း ဝဋ်မကုန် မချင်းသာ ခံပါရစေတော့။ ကျုပ်ကျောင်းကြီးကိုသာ ပြန်ပို့ကြတော့ ''
ဟု ဆရာတော်က အမိန့်ရှိသဖြင့် မူလ နာနာဘာဝများ ကြီးစိုးနေကြရာ ကျောင်းကြီးသို့သာ ပြန်ပင့်လာကြရသည်။ သို့သော် ကျောင်းပေါ်ကိုတော့ မတက်ရဲကြတော့ဘဲ ခြေတံရောစှးည်ကျောင်းအောက်၌ သာ ယာယီ ကွပ်ပျစ်ထိုး၍ ဆရာတော်ကို ထားကြရသည်။ ရွာလူကြီး သုံးလေးယောက်က ဆရာတော်အနားတွင် နေ့ရောညပါ စောင့်ရေောစှးာက်ပြီး မည်သို့မည်ပုံ ဆောင်ရွက်ကြလျှင် ကောင်းမည်နည်းဟု တိုင်ပင်နေ ကြရသည်။
အချိန်ကာလမှာ နှစ်လ၊ သုံးလ ကြာသွားပြီဖြစ်ရာ ဆရာ တော်မှာလည်း စိတ်ဆင်းရဲပြီး မကျိန်းနိုင်၊ ဆွမ်းလည်း များစွာ မဘုဉ်း ပေးနိုင်ကာ ရောဂါစိတ္တဇရနေသလို ဖြစ်လာသည်။
ဆရာတော်၏ ဇာတိရွာမှာ ကလိန်တောင်ကျွန်း ကျွဲချရွာက ဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးသားချင်းများက မီမီရွာသို့ ပြန်ကြွနေရန်နှင့် ဘုန်းကြီး၏ နှမငယ်များကလည်း ဘုန်းကြီးငယ်ငယ်က ကြိုက်တက်သော မျှင်(စိမ်းစားငါးပိလုပ်သော ပုစွန်အသေးကလေး) များကို လှော်၍ အိုး သစ်တစ်လုံးနှင့် သန့်သန့်ရှင်းရှင်းထည့်ကာ အစ်ကိုဘုန်းကြီး ဘုဉ်းပေး နိုင်ရန် ဘုန်းကြီးသွားပင့်သူတွေနှင့် လှူလိုက်သည်။
ကလိန်တောင်ကျွန်း ကျွဲချရွာမှ မနက် ဝေလီဝေလင်းကပင် စကုကျွန်း ဝံမော်ရွာသို့ ဘုန်းကြီးပင့်ရန် လှေနှင့် လာကြသောသူများမှာ ရေဆန်၊ လေဆန်ဖြစ်ပြီး ဝံလက်မော်ကျောင်းကို နေမွန်းစောင်းမှ ရောက် လာကြရာ ဘုန်းကြီးနှမငယ် သူ့အစ်ကို ဘုဉ်းပေးရန် လှူလိုက်သော မျှင်အိုးမှာ နေမွန်းလွဲသွားပြီ။ ဘုန်းကြီးလည်း ဆွမ်းဘုဉ်းပေးပြီး ပြီးမို့ ထိုနေ့က မကပ်လိုက်ကြရပေ။
ထို့နောက် နောကတစ်နေ့မနက် အရုဏ်ဆွမ်း ဘုဉ်းပေးသော အခါ ကပ်ရန် ဘုန်းကြီးနှင့် ဒကာများ မပြတ်ရှိနေရာ ကျောင်းအောက်ရှိ ယက်မအောက်တွင် ပိုးပုရွက် မဝင်နိုင်အောင် လုံလုံခြုံခြုံပိတ်၍ ဆွဲထား ကြသည်။
နောက်တစ်နေ့ အရုဏ်ဆွမ်းဘုဉ်းပေးခါနီး ဘုန်းကြီးကို ကပ် ရန် သူ့နှမငယ်လှူလိုက်သော မျှင်အိုးကို ဖွင့်လိုက်ရာ မျှင်ပုစွန်ကောင်း လေးဆို၍ တစ်ကောင်တစ်မြီးမျှ မရှိတော့ဘဲ အိုးချည်းသက်သက် ကျန် နေသည်ကို အံ့သြစရာ တွေ့ကြရသည်။
ထို့ကြောင့်လည်း ဤကျောင်းမှာ တစ်မီနစ်၊ တစ်နာရီပင် မနေသင့်တော့ကြောင်း ဘုန်းကြီးကို ဝိုင်းလျှောက်ကြရာ မီမီရွာသို့ ခုချက် ချင်းပင် ထလိုက်ကြွပါရန် ဘုန်းကြီးကို ဝိုင်းလျှောက်ကြသည်။
ထိုအခါ ဘုန်းကြီးက -
'' ဒကာတို့ဟာ ဘုန်းကြီးရဲ့ ဝဋ်ကြီးပုံကို ခုတော့ ကိုယ်တိုင် မြင်တွေ့ကြရပြီ မဟုတ်လား။ ဘုရားရှင် လက်ထက်တော်အခါက ဇမ္ဗုက ရဟန်းလိုများ ဘုန်းကြီးလည်း ဝဋ်ပါလာလားမှ မသိတာ။ ဝဋ်ဆိုတာ ဘုရားရှင်တောင်မှ ရှောင်လွှဲဖို့ အစွမ်းသာပါဘူး။ ဒီတော့ ဝဋ်ရှိသမျှ ဘုန်းကြီး ဒီမှာပဲ ဒီဝဋ်ကို ဘုန်းကြီးနဲ့အတူ လိုက်ပါမလာရင် တစ်ပူက နှစ်ပူဖြစ်ပြီး ကျွဲချကျောင်းဆရာတော်ကိုပါ ဘုန်းကြီးရဲ့ ပယောဂကြောင့် ဆွမ်းအတူ ဘုဉ်းပေးရတာ၊ ရေသောက်ရတာက အစ မသတီစရာဖြစ်လာ ရင် ဘုန်းကြီး အပြစ်ကြီးနေပါမယ့်။ ဒီတော့ ဒကာတို့ ကိုယ့်ရွာကိုယ်ပြန် ကြပါ။ ဘုန်းကြီးကတော့ ဝဋ်မကုန်မချင်း ဒီကျောင်းမှာပဲ ဒါမှမဟုတ် မသေမချင်း ဒီကျောင်းမှာပဲ ဝဋ်ကြွေးကို ကျေအောင်ဆက်ခံလိုက်ပါ့မယ်။ ဒကာတို့သာ ပြန်ကြပါတော့ ''
ဟု မိန့်ကြားသည်။
ဆွေမျိုးများက ဘုန်းကြီးကို အကြိမ်ကြိမ် ငိုယိုပင့်လျှောက် ကြသော်လည်း ဘုန်းကြီးက လက်မခံ။ သာမန် ဆွမ်းဟင်းဆိုလျှင် ဘာမှ အဖြစ်ဘဲ ဘုဉ်းပေးရသော်လည်း ဘုန်းကြီးကို ရည်းစူး၍ သစ်သီးဝလံက အစ အထွက်အမြတ်အနေအထားနှင့် သီးသန့်လှူဖွယ်မှန်သမျှကို ဘုန်းကြီး မဘုဉ်းပေးရအောင် နာနာဘာဝများက လာလုပ်နေကြခြင်မှာ ဝဋ်ပါဟု၍ ယုံကြည်ထားပြီး မီမီရွာသို့ ဘယ်လိုမှ ဘုန်းကြီးကို လျှောက် မရသောအခါ ဆွေမျိုးဒကာများမှာလည်း လက်လျှော့ကာ ကျွဲချရွာသို့ ပြန်သွားကြသည်။
ဝံလက်မော်ရွာ ဒကာ၊ ဒကာမ များမှာ ဤပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းကြရတော့မှန်း မသိကြတော့ဘဲ ခေါင်းမီးတောက် နေကြသည်။ ဆရာတော်အား အရပ်တစ်ပါးတွင် ယာယီယတြာ သွားနေ ရန် လျှောက်ထား၍ မရသလို သူတို့ရွာကျောင်း နာမည်ပျက်၍ ဘယ်ဘုန်း ကြီးကမှ သူတို့၏ ရွာကျောင်း၌ ကျောင်းမထိုင်လိုကြလျှင် ဗုဒ္ဓဘာသာ များအနေနှင့် ဒုရေး သုရေးတွေကိုပါတွေးကာ ရွာသူရွာသားတွေမှာ ပူပင် သောက ရောက်နေကြသည်။
သူတို့ကျွန်းမှာ ပင်လယ်ထဲက ကျွန်းဖြစ်သဖြင့် သဘာဝ အနေအထားကလည်း အာဂန္တုများပျော်သော အရပ်မဟုတ်လေရာ လော လောဆယ် သူတို့ကျောင်းတွင် ဖြစ်ပျက်နေသော ကိစ္စနှင့် ပက်သက်၍ ဗေဒင်မေး၊ နတ်မေး၊ မှော်ဆရာပင့် လုပ်ကြရောစးင်း တစ်လလောက် ကြား သွာပြန်သည်။
ဒီလိုနှင့် ဆရာကောင်း၊သမားကောင်းတွေကို လိုက်ရှာကြရောစးင်း နောက်ဆုံးမှာ ပန်းတင်ကျွန်း ငမုန်းတိုင်းဆရာတော်ဆီ ရေောစားက်သွား ကြလေသည်။
(ထိုဆရာတော်မှာ စကုကျွန်း ပိန္နဲချောင်း မင်္ဂလာသူရိယ ကျောင်းဆရာတော်နှင့် စာရေးသူတို့တွေ့ကြသော ၁၃၆ဝ ပြည့်နှစ် (၃၁.၃.၉၉) ကမူ ထိုဆရာတော်သည် သူ့ဇာတိဌာနီဖြစ်သော ကျွန်းစဉ်တွင် သက်တော် ကိုးဆယ်ကျော် အရွယ်ဖြင့် ရှိနေသေးသည်ဟု မင်္ဂလာသူရိယ ကျောင်းဆရာတော် ဦးပညာဗလက ပြောပြသည်။ )
ဝံလက်မော်ရွာက ဒကာများက ငမုန်းတိုင်ဆရာတော်ဆီ ရေောစားက်သွားကြပြီး အကျိုးအကြောင်း ပြောပြသောအခါ ဆရာတော်သည် ခဏမျှသာ မျက်လုံးမှတ်နေပြီး ဆရာတော်က -
'' ဒကာတို့ ကျောင်းအနောက်မြောက်ထောင့်မှာ ရေမျောကမ်း တင် သစ်တစ်လုံးကို ကျောင်းတပ်စည်းရိုးလုပ်ပြီး စိုက်ထားကြတဲ့ တိုင် တစ်လုံးရှိတယ်လို့ ဘုန်းကြီးထင်တယ်။ အဲဒီတိုင်မှာ သင်္ဘောပျက်ပြီး နာနာဘာဝ ဖြစ်နေကြတဲ့ ပေတတွေ ကပ်နေကြတယ်။ အဲဒီ တိုင်ကို ကျောင်းတပ်စည်းရိုး လုပ်ထားတော့ ကျောင်းဝင်းတစ်ခုလုံး သူတို့ပိုင်သ လို ဖြစ်သွားတော့ သူတို့အပိုင်မှာ သူတို့သဘော လုပ်နေကြတာ။ အဲဒီ တိုင်ကို ရအောင်ရောစှးာပြီး သူတို့နေရာ ပင်လယ်ထဲ ပြန်မျှောပစ်လိုက်ကြပါ။ ကောင်းသွားပါလိမ့်မယ် ''
ဟု ငမုန်းတိုင်ဆရာတော်က မိန့်ကြားလိုက်သည်။
သူတို့ဆီ၌ ကျောင်းခြံစည်းရိုးတပ်မှာ လူကြီးပေါင်းလုံးခန့်၊ ပေါင်လုံးထက်ကြီးသော အရွယ်အစား သစ်လုံးများကို တစ်လုံးနှင့်တစ်လုံး ပူကပ်စွာ စိုက်ထူ၍ ကျောင်းဝင်တစ်ပတ်လည်းလုံး သစ်တပ်အကာအရံ လုပ်ကြသော အစဉ်အလာ အလေ့အထ ရှိသည်။
ထိုသို့ ကျောင်းတပ်ကာရံရောစားတွင်လည်း တစ်အိမ် သို့မဟုတ် အိမ်ထောင်သည် တစ်ဦးတစ်ယောက်လျှင် တစ်လံ၊ နှစ်လံ စသဖြင့် ကာရံ ထားကြရသည်။ ခွဲတမ်းနှင့် မီမီတို့ ကာရံထားရသော ကျောင်းတပ်တိုင် ဆွေးမြည့်ပျက်စီးသွားလျှင်လည်း ထိုမူလ တပ်တိုင် ကာရံ စိုက်ထူသည် သာ ပြန်၍ မီမီတာဘက်ရှိ တပ်တိုင်များကို ပြုပြင် ဖာထေးရသော ဂါမပညတ် စည်းကမ်း ရှိသည်။
ထို့ကြောင့် ငမုန်တိုင်းဆရာတော်က ထိုသို့ အမိန့်ရှိလိုက်ရာ ကျောင်းတပ် အနောက်မြောက်ထောင့်တွင် မည်သူတာဝန်ကျသည်၊ မည် သူမည်သည့် အပိုင်းကို ကာရံရသည်ကို ရွာလူကြီး၊ ဆယ်အိမ်ကောင်း တွေက အတပ်သိကြသည်။
ထိုအခါ တာဝန်ကျသူအား မေးမြန်း၍ ထိုရေမျောကမ်းတင် တိုင်အား လိုက်ရှာကြရန် ထိုတိုင်ပိုင် ပင်လယ်ထဲမျောနေခဲ့စဉ်က ခရု၊ ပေါင်း၊ ပလုပ်၊ ကျောင်းများ ဖက်တွယ်ကပ်နေခဲ့သော အရာကို ထိုတိုင်မှာ ထင်ထင်ရောစှးားရှား တွေ့ကြသည်။ ကုန်းပေါ်ခုတ်လှဲ၍ စိုက်ထူထားသော ကျောက်တပ်တိုင်နှင့် ထိုတိုင်မှာ သိသိသာသာ ကွားခြားနေ၏။
ထိုတိုင်ကို ကျောက်တပ်အကာအရံအဖြစ် စိုက်ခဲ့သော ရွာသားကလည်း ပင်လယ်ကမ်းခြေ တစ်နေμ သဲသောင်တွင် ထိုတိုင် ပိုင်ကို အလွယ်တကူ တွေ့ရသဖြင့် ကောက်ထမ်းလာပြီး သူ့တပ်စည်း ကျောက်ခြံက ဆွေးမြည်းနေသော တိုင်တစ်လုံးနှင့် အစားထိုး စိုက်ထူမီ ကြောင်း ဝန်ခံပြောဆိုသည်။
ထို့ကြောင့် ထိုသူ ထိုတိုင်စိုက်ထားခဲ့သောရက်ကို တွက် ကြည့်ရာ ထိုတိုင်ကို ကျောင်းတပ်အဖြစ် စိုက်ထူထားခဲ့ပြီး နောက်တစ်နေ့ နေ့လယ်မှာပင် ဘုန်းကြီး ကုဋီသွားဝင်ရာ တံခါးကို အပြင်ဘက်က တွန်း ပိတ်ထားသည်တို့မှာ တိုက်ဆိုင်နေသည်။
ထို့ကြောင့် ငမုန်တိုင်းဆရာတော် အမိန့်ရှိလိုက်သလို ထိုတိုင် ကို နုတ်ပြီး မူလရရှိခဲ့သောနေရာ ပင်လယ်ထဲ ပြန်မျှောပစ်လိုက်ကြရာ ဆူညံစွာ အော်ဟစ်ထွက်သွားကြသည်ကို သွားမျှော့သူများ ကြားလိုက်ရ သည်ဟု ဆို၏။
ထိုနေ့ ထိုရက်ကပင် ယခုထိ စကုကျွန်း ဝံလက်မော်ရွာ ကျောင်းတွင် ဘာပြဿနာမှ မပေါ်လာတော့ပေ။
ဤအကြောင်းကို ယခု အသက်(၆ဝ)နှစ်ရှိပြီးဖြစ်သော (ယခင် ပြဿနာဖြစ်စဉ်က (၁၇)နှစ်သား သာမဏေဖြစ်သော) စကုကျွန်း ပိန္နဲချောင်း မင်္ဂလာသူရိယကျောင်း ဆရာတော် ဦးပညာဗလ ကိုယ်တိုင် စာရေးသူအား ပြောပြခဲ့လေသည်။

ဝေယံလင်းခေါင်

0 comments:

Template by : kendhin x-template.blogspot.com