Sunday, July 8, 2007

Hypertention or High Blood Pressure

From Myanmar Cupid Original Writer : Cluclu

Q: အခုလက်ရှိတော့သွေးတိုးရင်အပေါ်သွေး၁၄ဝနဲ့အောက်သွေး၉ဝရှိပါတယ်။
A: လူကြီးတစ်ယောက်အနေနဲ့ အဲ့လောက်ဆိုသိပ်အဆိုးကြီးမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
တကယ်တမ်း သွေးတိုးပြီဆိုရင် ၁၅ဝ-၁၆ဝ ကအနည်းဆုံးပဲ

Q: အပေါ်သွေးက၁၄ဝရှိပေမဲ့ခဏနေချိန်ရင်၁၅ဝဖြစ်ပါတယ်။အဲဒါဘာကြောင့်များပါလဲ။
A: သွေးပေါင်ချိန် အတက်အကျဖြစ်တာက တော်တော်လေးပြောရခက်ပါတယ်
၁။ အစားအသောက်နဲ့ ဆိုင်နိုင်ပါတယ်၊ အစာမစားခင်မှာ ၁၄ဝ ရှိနေပေမယ့် အငန်တစ်ခုခုစား လိုက်ရင် အဲဒီလိုခုန်တက် တက်ပါတယ်။
၂။ လူနာနဲ့လည်းဆိုင်ပါတယ်။ှအမနျ အခြေအနေပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်ထင်တာတော့ အခုလောလောဆယ် စိတ်လှုပ်ရှားစရာတွေ၊ စိတ်ညစ်စရာတွေ များနေလို့ဖြစ်ပါလိမ့်မယ်။ှအငန်လုံးဝ မစားပါစေနဲ့။ အဆီကို တတ်နိုင်သမျှလျော့စားဖို့ပြောပါ။
၃။ သွေးပေါင်အတက်အကျ ဆိုတာ တစ်ခါတစ်လေ ရာသီဥတုနဲ့လည်းဆိုင်ပါတယ်။

Q: စီစဉ်းစားမိတာနှလုံးအလုပ်လုပ်တာမမှန်လို့လို့ထင်တယ်။ အဖေကနှလုံးလည်းသိပ်မကောင်းပါဘူး။ဆီးချိုလည်းရှိပါတယ်။
A: သွေးတိုးရော ဆီးချိုရော ရှိမှတော့ နှလုံးကိုလည်းထိပြီပေါ့ဗျာ၊ ဒီသုံးခုကဆက်စပ်နေပါတယ်။
လောလောဆယ်ဆယ် လူနာကို
-အငန်ရှောင် ခိုင်းပါ
-အဆီလျော့စားပါ
-အချိုဓာတ်တွေ လျော့စားခိုင်းပါ
-အသားထက် ငါးကိုပိုပြီး စားခိုင်းပါ
-ကိုယ်လက် လေ့ကျင့်ခန်းမှန်မှန်လုပ်ခိုင်းပါ
-ဆေးလိပ်သောက်တတ်ရင် ချက်ခြင်းဖြတ်ခိုင်းပါ
-အရက်ဖြတ်ပါ (သောက်တတ်ရင်)
-ှအမနျ တတ်နိုင်သမျှနည်းအောင်ထားပေးပါ (တရားပုံမှန်ထိုင်ပေးတာ အကောင်းဆုံးပါပဲ)

နောက်တစ်ခု အကြံပေးချင်တာက လောလောဆယ် သွေးတိုးထက် ဆီးချိုနဲ့ နှလုံးကို ပိုပြီး အလေးပေးသင့်တယ်လို့ထင်ပါတယ်။

Q: စီလည်းအတူတူမနေတော့မသိဘူးဖြစ်နေတယ်။ အမေပြောပြတာပဲနားထောင်နေရတာ။ စီလည်းစိတ်လျော့ထားတယ်။
A: စိတ်မလျော့ပါနဲ့ စိတ်ကိုတင်းထားပါ
နောက်ဆုံးအချိန် ဆိုတာ ရောက်မလာသေးခင်အထိ စိတ်ကိုတင်းထားပါ။

0 comments:

Template by : kendhin x-template.blogspot.com