Monday, July 9, 2007

ဂမ္ဗီရ - ငါးလူလိမ်

သုံးရက် လအကွေးကလေး၏ ဖျော့တော့သော အလင်းရောင် ကလေးသည် ပင်လယ်ပြင်၏ လတာပြင်ပေါ်တွင် ဝိုးတဝါးအလင်းဖြင့် ကျရောက် နေပါသည်။
ညဥ့်ဆယ်တစ်နာရီအချိန် ဖြစ်၍ ကုလားထိပ်ရွာကလေးမှ ရွာသူ ရွာသားများ အိပ်မောကျနေပေသည်။ ဖိုးမောင်တို့ တဲကလေးမှာမူ ပင်လယ် လတာပြင်အစပ်၌ ရှိပြီး ငါးဖမ်းလှေများ ဆိုက်ကပ်ရာကမ်းခြေနှင့် အနီးဆုံးတဲ ဖြစ်ပါသည်။
ဤတဲကလေးမှာ ယခုမှ ဤနေရာ၌ ရှိသည်မဟုတ်။ ဖိုးမောင်တို့ အဖိုးဦးစံမြ လက်ထက်ကတည်းက ဤနေရာ၌ ရှိခဲ့ပါသည်။ ဤနေရာသည် ဒီရေအတက်အကျ ရှိသဖြင့် အချို့သူများက ရွာထဲသို့ ပြောင်းရွှေ့သွားသည့် အတွက် ဖိုးမောင်တို့ တဲတစ်လုံးသာ ကျန်ရှိခဲ့ပါသည်။
ဖိုးမောင်တို့ မိသားစုမှာလည်း ပင်လယ်ပြင်ကို အမှီပြု၍ စားသောက်ရသည့် လုပ်ငန်းဖြစ်သော ငါးဖောင်ချသည့် အလုပ်ဖြင့် အသက် မွေးဝမ်းကြောင်း ပြုခဲ့ကြပါသည်။ အချို့သူများသည် ပင်လယ်ပြင်ကြီး၌ ရှိသော ငါးများကို ဖမ်းယူကာ ပင်လယ်ပြင်ကြီးနှင့် အနီးဆုံးဖြစ်သည့် ဖိုးမောင်၏တဲတွင် ထား၍ အရောင်းအဝယ်ပြုလုပ် ခဲ့ကြပါသည်။ အချို့မှာမူ ငါးဖောင်မှရရှိသော ငါးများကို ဖိုးမောင်တို့တဲနားတွင် ထားရင်း အရောင်း အဝယ် ဖြစ်ခဲ့ကြပါသည်။ နေ့ခင်းဘက်တွင် ဤနေရာမှာ လူစည်ကား သော်လည်း ညဘက်တွင် တဲတစ်လုံးသာ ရှိသည့်အတွက် အထီးကျန်ဆန် လွန်းလှပါသည်။
ဖိုးမောင်တို့ မိသားစုသည် ညရှစ်နာရီတွင် အိပ်ရာဝင်ခဲ့သဖြင့် ညဆယ်တစ်နာရီခန့်တွင် တစ်ရေးနိုးလာခဲ့သည်။ ဖိုးမောင်သည် တပို့တပါး သွားရင်း ပြတင်းပေါက်မှ လတာပြင်သို့ အမှတ်မထင် လှမ်းကြည့်မီပါသည်။
ဝိုးတဝါး အလင်းရောင်အောက်တွင် အရောစိးပ်မည်းသဏ္ဌန်တစ်ခု လှုပ်ရှားနေသည်ကို လှမ်းမြင်လိုက်ရပါသည်။
'' ဟိုက် ဟိုမည်းမည်းသဏ္ဌန်ဟာ လူလား၊ တိရစ္ဆာန်လား အသိဘူး စောင့်ကြည့်ဦးမှပဲ ''
ဖိုးမောင်လည်း မသဲကွဲသည့် အလင်းရောင်အောက်မှ အမျိုး အမည်မသိသော အရိပ်မည်းကြီးကို စောင့်ကြည့်နေခဲ့မီပါသည်။ ထိုမည်းမည်း သဏ္ဌန်သည် တဖြည်းဖြည်း ဖိုးမောင်တို့ တဲဆီသို့ လျှောက်လာသည်ကို တွေ့ လိုက်ရပါသည်။
ဖိုးမောင်သည် ဤသို့သောအချိန်မျိုးတွင် တရွေ့ရွေ့လာနေသူကို သေချာစွာ ကြည့်လိုက်သောအခါ အဘိုးအိုးတစ်ယောက်သဏ္ဌန်မှန်း သိလိုက် ရပါသည်။
'' အဘိုးကြီးဟာ ဒီလောက် ညဥ့်နက်ကြီးမှာ ဘယ်သွားမလို့ ပါလိမ့် ''
ထိုသို့ စဉ်းစားပြီး လှမ်းကြည့်နေစဉ် အဘိုးကြီးမှာ ဖိုးမောင်တို့ တဲရှေ့သို့ တန်းတန်းမတ်မတ်ကြီး ရောက်လာပါတော့သည်။
'' အိမ်ရှင်တို့ အိမ်ရှင်တို့ ''
ထိုသို့ ခေါ် သံကြားလိုက်သဖြင့်
'' ဗျို့ ဘယ်သူတုံး ''
'' ဒါ ကိုစံမြတဲ မဟုတ်လား ''
'' ဟုတ်ပါ့ ဟုတ်ပါ့ ''
ထိုသို့ အဘိုး၏ အမည်ကို ခေါ်၍ ဝင်လာသည့်အတွက် ဖိုးမောင် လည်း အိမ်ရှေ့တံခါးကို ဖွင့်ပေးလိုက်ပါသည်။
'' အဘိုးက ဘယ်သူ့ဆီကို လာတာလဲ ''
'' ကိုမြစံဆီကို လာတာ။ ကိုမြစံ ရှိတယ် မဟုတ်လား ''
ဦးမြစံ မရှိတော့ဘူး။ ဆုံးသွားတာ အနှစ်နှစ်ဆယ် ကျော်ပြီ ''
'ဟေ ကိုမြစံ မရှိတော့ဘူးလား၊ အဘိုးက သူ့သူငယ်ချင်းပါ ''
'' အဘိုး လာပါ၊ အထဲဝင်ပါ ''
ထိုသို့ဖြင့် ဖိုးမောင်လည်း ၄င်း၏အဘိုးဖြစ်သူ ဦးမြစံ၏ သူငယ်ချင်း ဆိုသည့်အတွက် နေရာထိုင်ခင်းများ ပေးပါသည်။ ထိုအဘိုး၏ အနီးတွင် ငါး0x150ှီနံ့များ လှိုင်နေသဖြင့် ၄င်းသည်လည်း တံငါတစ်ယောက်ပင် ဖြစ်မည်ဟု မှတ်ယူလိုက်မီပါသည်။
ထို့နောက် လူစိမ်းအဘိုးအား လက်ဖက်ရည်ကြမ်းအိုးဖြင့် ဧည့်ခံ ရင်း လာရင်းကိစ္စကို မေးခဲ့ပါသည်။
'' အဘိုးက ကျွန်တော့် အဘိုးရဲ့ သူငယ်ချင်းဆိုတော့ ဘယ်သူ များပါလိမ့်၊ အဘိုးရဲ့နာမည်ကလေး တစ်ဆိတ်ပြောပါဦး ''
'' သြော် အဘိုးနာမည်လား ဦးဝေလ ပါ ''
'' အဘိုးက ဘယ်မှာနေတာတုံး ''
'' အဘိုး နေတာက ဟိုးအဝေးကြီးက ရွာတန်းရှည်မှာ နေပါတယ်''
'' အဘိုးရှိတုန်းက ဦးဝေလဆိုတဲ့ သူငယ်ချင်းအကြောင်း တစ်ခါမှ မပြောဖူးဘူး ''
'' စကားမစပ်လို့ နေပါလိမ့်မယ်၊ အဘိုးအသက်ကို ကယ်ခဲ့ ဖူးတယ် ''
'' ဒါနဲ့ အဘိုး ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ ရောက်လာတာလဲ ''
'' လာတုန်းကတော့ စောပါတယ်၊ အဘိုးလည်း သိပ်ပြီး နေမကောင်းတော့ နားနားပြီး လာရတဲ့အတွက် မိုးချုပ်သွားတယ် လူလေးရယ်''
'' သြော် သြော် ဒါထက် အဘိုးဒီကိုလာတာ အကြောင်းကိစ္စ ရှိပါသလား ''
'' လာရင်းကိစ္စကတော့ အနှစ်နှစ် အလလက ကွဲကွာနေတဲ့ သူငယ်ချင်း ကိုမြစံကို သတိရတာရယ်၊ ဟိုးတစ်ခါတုန်းက သူ့ဆီက ယူထားတဲ့ အကြွေးကလေးဆပ်စရာ ရှိလို့ လာခဲ့
တာပါ၊ မရှိတော့ဘူးဆိုတော့လည်း ဆပ်စရာမလိုတော့ဘူးပေါ့''
'' ဒါကတော့ အဘိုးသဘောပါ ''
'' ဒါနဲ့ ငါ့မြေးရယ်၊ အဖိုးလည်း အလွန်ဝေးတဲ့ နေμ လမ်း လျှောက်လာရတဲ့အတွက် ထမင်းဆာလိုက်တာ၊ ထမင်းရှိရင် အဘိုးကို ကျွေး ပါလား ငါ့မြေးရယ် ''
ဖိုးမောင်လည်း နံနက်တွင် ထမင်းကြမ်း စားရန်အတွက် ချက် ထားသည့် ထမင်းနှင့်ဟင်းများ ရှိသဖြင့် ငါးဟင်းနှင့် ငါးပိရည်၊ တို့စရောစားများကို ချပေးကာ ထမင်းကျွေးလိုက်ပါသည်။
ထိုအဘိုးအိုးသည် ငါးဟင်းခွက်ကို မြင်သောအခါ အလန့် တကြားဖြစ်ကာ
'' ငါးဟင်းနဲ့ မစားဘူး၊ အခြားစားစရာ တစ်ခုခုနဲ့ ကျွေးပါ ''
ထို့ကြောင့် ငါးဟင်းအစား အသင့်ပြုတ်ပြီးသားရှိသည့် ကြက်ဥ ကို အခွံနွှာကာ ထည့်ကျွေးလိုက်ပါသည်။ ထိုအဘိုးသည် ကြက်ဥပြုတ်နှင့် ထမင်းကို နယ်ကာ ပလုပ်ပလောင်း စားနေပါသည်။
'' အဘိုး စားလို့ကောင်းရဲ့လား ''
'' အိမ်း ကောင်းသကွယ်၊ ဒါနဲ့ ကိုစံမြ ဆုံးသွားတာ စောလိုက် တာကွယ်၊ တကယ့် သဘောကောင်းတဲ့လူပဲ ''
'' ဟုတ်ပါတယ် အဘိုးရယ်၊ အဘိုး ဦးစံမြတို့ သဘောကောင်း တာ မပြောနဲ့ လူတောင် မဟုတ်ဘူး၊ ငါးကတောင် သူ့ကို ညာသွားသတဲ့ ''
'' ဘယ်လို ဘယ်လို ငါးကတောင် သူ့ကို ဘယ်လိုညာသွား ပါလိမ့် ''
'' အဖြစ်ကတော့ ဒီလိုပါ အဘိုးရယ် ''



ကိုမြစံနှင့် မယ်လှတို့သည် ပင်လယ်ကမ်းခြေရှိ ကုလားကျွန်း ထိပ်ရွာတွင် နေထိုင်ကာ ရေလုပ်သား အဖြစ် အသက်မွေးဝမ်းကြောင်း ခဲ့ပါသည်။ တစ်နေ့သောအခါ၌ ပင်လယ်ပြင်တွင် ပိုက်ချစဉ် ငါးပုစွန်များနှင့် အတူ ထူဆန်းသော ငါးတစ်ကောင်ကို ဖမ်းမီပါသည်။
ထိုငါး၏ဦးခေါင်မှာ လုံးရှည်သော သဏ္ဌန်ရှိပြီး အခြား ငါးများနှင့် မတူသောငါး ဖြစ်ပါသည်။ သို့သော် ညနေစောင်းအချိန်ဖြစ်၍ ပုစွန်များကိုသာ ရွေးပြီး ရောင်းချခဲ့ပါသည်။ ထိုငါးမှာ အမျိုးအမည် မသိသော ငါးပေါက်တစ်ကောင်ဖြစ်၍ ဝယ်မည့်သူကလည်း မရှိသောကြောင့် အိုးထဲတွင် ထည့်လိုက်ပါသည်။
ထို့နေညတွင် ငါးပိုက်ချ၍ ပင်ပန်းသည်ကတစ်ကြောင်း၊ ပုစွန် များကို ရောင်းချသဖြင့် အလုပ်များကာ မောမောပန်းပန်းဖြင့် အိပ်ပျော်သွား ခဲ့ပါသည်။
ထိုညတွင် အိပ်မက်တစ်ခု မက်ခဲ့ပါသည်။ အိပ်မက်ထဲ၌ ၄င်းဖမ်း မီသော ခေါင်းလုံးရှည်ငါးမှ-
'' အမောင် လူသား အမောင် လူသား ''
ထို့သို့ခေဖြင့် ကိုမြစံက အနားသို့သွားသောအခါ '' အမောင်လူသား၊ ကျွန်ုပ်ဟာ ငါးကြီးအမျိုးအစား ဖြစ်ပါတယ်၊ ကျွန်ုပ်တို့ ငါးကြီးမျိုးတွေဟာ ပင်လယ်သမုဒ္ဒရာရဲ့ အနက်ဆုံး အပိုင်းမှာ နေပါတယ်၊ အကြောင်းတစ်ခုရှိလို့ ရေတိမ့်ပိုင်းကို တက်လာခဲ့တာ အမောင် လူသားတို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ''
'' ဒီတော့ ကျုပ်က ဘာလုပ်ပေးရမလဲ ''
ကျွန်ုပ်ကို ပြန်လွှတ်ပေးပါ၊ အမောင်လူသားရဲ့ ကျေးဇူးကို မမေ့ပါဘူး၊ တစ်နေ့မှာ အသပြာများစွာ ပြန်ဆပ်ပါ့မယ် ''
'' အေးလေ ၊ အသင်က ပြန်လွှတ်ပေးပါ ဆိုတော့ ပြန်လွှတ်ပေး ပါ့မယ် ''
ကျေးဇူးပါပဲ၊ ကျွန်ုပ် အသင့်ဆီကို ဆက်ဆက် လာခဲ့ပါမယ် ''
'' ကောင်းပါပြီး ''
ထိုသို့ အိပ်မက်မက်သည့်အတွက် မယ်လှအား နိုးကာ ပြောလိုက် ပါသည်၏။
'' ဟဲ့ မယ်လှ၊ ထစမ်း ထစမ်း ''
'' ဘာတုံးတော့ ''
'' ငါ အိပ်မက်မက်လို့ ''
'' အိပ်မက်မက်တာများ ဆန်းသလားတော် အိပ်ချင်ရတဲ့ အထဲ ''
'' အိပ်ချင်တာတွေ ဘာတွေ လုပ်မနေနဲ့။ မနေ့ညနေက ငါတို့ဖမ်း မီတဲ့ ငါးက ပြောတယ်၊ သူ့ကို လွတ်ပေးပါတဲ့။ အသပြာတွေ ပေးမယ်တဲ့ ''
'' ရှင်စိတ်စွဲလို့ မက်တာ နေမှာပေါ့၊ ငါးက ဘယ်က အသပြာရှိ ရမှာလဲ ''
'' အေးလေ ငါ စိတ်စွဲလို့ ဖြစ်မှာပါ ''
'' ဒါပေမယ် ဒီငါးကို ဘယ်သူမှလည်း မဝယ်ဘူး။ အသက်ရှင်နေ သေးရင် ပြန်လွတ်လိုက်ပါ။ ငါးကလည်း သိပ်လည်းမကြီးပါဘူး ၊ ငါးပေါက် တစ်ကောင်ပဲ။ ဒါပေမယ် ဒီငါးဟာ ငါးကြီးမျိုး ဖြစ်မယ်ထင်တယ် ''
'' အေး ငါလည်း ဒီလိုပဲထင်တယ်။ အိပ်မက်ထဲမှာလည်း ဒီငါးက ငါးကြီးမျိုးလို့ ပြောတာပဲ ''
'' ဒါဖြင့် ငါတို့ သွားကြည့်ရအောင် ''
ထိုသို့ဖြင့် ငါးပေါက်အား သွားကြည့်ရာ အိုးထဲတွင် ကူးခတ်နေ သည်ကို တွေ့လိုက်ရပါသည်။
'' ငါးပေါက်က ရှင်နေသေးတယ် မယ်လှရေ ''
'' ဟုတ်ပါ့တော် ရှင်နေသေးရင် လွတ်လိုက်ရအောင် ''
'' အေးလေ၊ မိုးလင်ရင် လွတ်တာပေါ့ ''
ထိုသို့ဖြင့် မိုးလင်းအောင် စောင့်ပြီး ရောင်နီလာသည်နှင့် တစ် ပြိုင်နက် ပင်လယ်ကမ်းခြေသို့ သွားကာ
'' ငါးပေါက်ရေ၊ ငါ့နာမည် ကိုမြစံ၊ ငါ့မိန်းမ မယ်လှတို့က မင်း ကို လွတ်လိုက်ပြီ။ မင်းကတိအတိုင်း အသပြာတွေ လာပေးနော် ''
ထိုသို့ ပြောဆိုပြီး ပင်လယ်ကမ်းခြေမှ ခါးလယ်လောက်အထိ ရေထဲဆင်းသွားကာ ထိုငါးပေါက်အား ရေထဲသို့လွတ်လိုက် ပါသည်။ ငါးပေါက်သည် ပင်လယ်ဖက်သို့ ကူးသွားစဉ်-
'' ငါးပေါက်ရေ မင်းပြန်လာမယ့် ရက်ကို ငါစောင့်နေမယ်နော် ''
ထိုသို့ အော်ပြောလိုက်သည်။
ငါးပေါက်သည် ပင်လယ်ဘက်သို့ ကူးသွားစဉ် သုံးကြိမ်သုံးခါမျှ ဦးခေါင်ကိုဖော်လိုက်ငုပ်လိုက် ပြုလုပ်ပြီးနောက် ရေထဲသို့ငုပ်လျှိုးပျောက်ကွယ် သွားပါသည်။
ထိုသို့ဖြင့် နှစ်ရှည်လများ ကြာသောအခါ သားသမီးများ ရရှိလာ ခဲ့ပါသည်။ ကိုမြစံသည် ပင်လယ်ပြင်ကို မျှော်ကြည့်ရောစးင်း
'' ငါးပေါက်ရေ မင်းကတော့ ငါ့ကိုညာသွားပြီ။ အသာပြာ မပါရင်လည်း နေပါစေ။ တစ်ခါလောက်တော့ ပြန်လာခဲ့ပါ ငါးပေါက်ရယ် ''
ထိုသို့ ပြောဆိုတက်ပါသည်။
ဤတွင် မယ်လှမှာ
'' ရှင်ကသာ ငါးပေါက်ကို တမ်းတနေတာ၊ ငါးပေါက်ကတော့ တော့်ကိုလိမ်သွားပြီ။အခုထိတစ်ခါမှ ပြန်မလာဘူး၊ အသာပြာဆိုတာကတော့
ပိုပြီးတောင် ဝေးသေး''
''မယ်လှရယ် ပြောမယ့်သာ ပြောရတယ်၊ ငါးပေါက်က အခုဆို ရင် အကြီးကြီးဖြစ်နေရော့မယ်၊ ငါးအကြီးကြီးသာ ပင်လယ်ကမ်းစပ်ကို ရောက်လာရင် ငါးကြီးကိုဖမ်းပြီ သတ်စားကြမှာ။ အဲဒါကြောင့် မလာတာ နေမှာ ''
'' ငါးပေါက်ကို လွတ်ပေးလိုက်ရတာကိုက ကုသိုလ်ရလှပါပြီ။ အိပ်မက်ဆိုတာကတော့ မက်ချင်တာ မက်မှာပဲ ''
'' အိပ်မက်တော့ အိပ်မက်ပဲ၊ အခြားအိပ်မက်တွေနဲ့ မတူဘူး။ တကယ်ပြောနေသလို ထင်ထင်ရှားရှား မက်တာ အိပ်မက်လို့တောင် မထင် ရဘူး ''
သည်လိုနှင့်ပင် ကိုမြစံ၏သား ဖိုးထူး အိမ်ထောင်ကျခဲ့ပါပြီ။ ညနေခင်း မိသားစု စုံသောအခါ ကိုမြစံ ရိုးသားကြောင်းကို ပြောလျှင် ငါးပေါက်အကြောင်း ပါလာတက်ပါသည်။
'' ကိုမြစံတို့ ရိုးပုံကတော့ မပြောချင်ဘူး။ တံငါလုပ်နေပြီး အိပ်မက်ထဲမှာ ငါးက အသာပြာ ပေးမယ်၊ ပြန်လွတ်ပါလို့ ပြောလို့ ပြန်လွတ် ပေးသတဲ့။ အခုထိ ဘာအသာပြာမှ မရဘူး။ ငါးကတောင် လိမ်သွားတာ ''
'' အဲဒီလိုလည်း မဟုတ်ပါဘူး။ အသာပြာ မျှော်လင့်လို့လည်း မဟုတ်ပါဘူး။ စိတ်ထဲကို လွတ်ချင်တဲ့စိတ် ဖြစ်လာလို့ပါ ''
ထိုသို့ ပြောရင်းဆိုရင်း ကိုစံမြတစ်ယောက် ကွန်လွန်အနိစ္စ ရောက်ခဲ့ပါပြီ။ ၄င်းကွယ်လွန်ပြီ အကြာမီတွင် ဖိုးထူး၏ မိန်းမ မသိန်းမြင့်တွင် ကိုယ်ဝန်ရှိခဲ့သည်။ ထိုကိုယ်ဝန်ဆောင်ခါနီးတွင် ကွယ်လွန်သွားသည့် ကိုမြစံ မှာ ၄င်းတို့ထံသို့ရောက်လာပြီး ၄င်းတို့နှင့် တစ်သက်လုံး အတူနေပါမည်ဟု အိပ်မက်မက်ခဲ့ပါသည်။
မသိန်းမြင့် မွေးဖွားလာသောအခါ ထိုကလေးမှာ ကိုမြစံနှင့် တစ်ရုပ်တည်း ဖြစ်နေသည့်အတွက် အဘိုး ဦးမြစံ ဝင်စားတာဟူ၍ ပြောစမှတ် တွင်ခဲ့ပါသည်။
ယခုအခါတွင် ဦးမြစံ၊ မယ်လှသည်လည်းကောင်း၊ ဖိုးထူးနှင့် မသိန်းမြင့်သည်လည်း ကွယ်လွန်သွားကြပြီ ဖြစ်၍ ဖိုးမောင်တို့ လင်မယား နှင့် ကလေးနှစ်ယောက်သာ ကျန်ခဲ့ပါသည်။ ၄င်းတို့မိသားစုမှာလည်း အဘိုး အဘွား လက်ထက်ကတည်းက လက်ငုပ်လက်ရင်းဖြစ်သော ရေလုပ်သား ဂါးသမားဘဝဖြင့် ဆက်လက် လုပ်ကိုင်ရင်း ထိုတဲကလေးတွင် ယခုထက်တိုင် နေထိုင်ခဲ့ပါသည်။
ထိုအကြောင်းအရာ စုံလင်စွာကို ဧည့်သည့် အဘိုးအိုးအား ဖိုးမောင်က ပြောပြပါသည်။ ထိုအခါ အဘိုးအိုမှာ-
''တစ်ခါတစ်လေမှာ အိပ်မက်ဆိုတာကလည်း အဆန်းသားပဲ။ အဘိုးတို့ရဲ့ ဘိုးဘွားများက ပြောဖူးတယ်။ လူသားတွေကို နတ်ကောင်းတွေက တစ်စုံတစ်ခု ပြောချင်ရင် အိပ်မက်ထဲမှာ ပြောကြတယ်လို့ ဆိုတယ်။ ဒါကြောင့် အကုသိုလ်မဖြစ်အောင် ငါးပေါက်ကို လွတ်ခိုင်းတာ နေမှာ။ စေတနာဟာ တစ်နေ့မှာအကျိုးပေးတယ်။ ဒီဘဝ မဟုတ်ရင်တောင် နောင်ဘဝ မှာ အကျိုးခံစား ရမှာပဲ။ ''
'' ဟုတ်ပါတယ် အဘိုးရယ်၊ အဘိုး ဦးမြစံဟာ ဝမ်းစာအရသာ ငါးလုပ်ငန်း လုပ်ပေမယ့် ငါးပေါက်အပေါ်မှာ စေတနာနဲ့ လွှတ်လိုက်တာပါ''
'' စေတနာမှန်ရင် ကံကောင်းမှာပါ။ ဒါပေမယ့် ငါ့မြေးကို တစ်ခု သတိပေးရဦးမယ်။ ဘယ်အရာမဆို မသိရင် မေးပါ။ သေချာစွာ စစ်ဆေးပါ ''
ထိုသို့ နှစ်ဦးသား စကားထိုင်ပြောရင်း ညဥ့်သန်းခေါင်ကျော် အချိန်သို့ ရောက်လာခဲ့ပါသည်။ ဖိုးမောင်သည် အဘိုးအို ပြောသည့် စကားမှာ မည့်သည့်အဓိပ္ပါယ်ဖြင့် ပြောမှန်း မသိချေ။
'' အဘိုး ညဥ့်နက်ပြီ အိပ်တော့နော် ''
ဖိုးမောင်သည် အိပ်ရာခင်းပေးပြီ အဘိုးကြီးအား အိပ်ခိုင်းလိုက် သည်။ ဤတွင် အဘိုးကြီးမှာ-
'' ငါမြေးရယ် အဘိုးရင်ထဲမှာ တစ်မျိုးကြီးပဲ။ အရမ်း အန်ချင်တာပဲ ''
'' အဘိုး ခုနက ထမင်းစားတာ များသွားလို့လားမှ မသိတာ။ ကျွန်တော် နှပ်ပေးမယ်လေ ''
ဖိုးမောင်လည်း ပြောပြောဆိုဆို အဘိုး၏ ကျောကုန်းကို နှပ်ပေး သည်။ ဤသို့ နှပ်ပေးရာ အဘိုး၏ ကျောကုန်းမှာ အလွန်ပင် ပျော့စီစီဖြစ်နေ သည်။ ဖိုးမောင်၏ စိတ်ထဲတွင် အသက် အလွန်ကြီးရင့်သဖြင့် အသားများ ရူံ့တွကာ ပျော့စီစီ ဖြစ်နေသည်ဟု ထင်မီပါသည်။
ထိုသို့ ကျောကုန်းကို နှပ်ပေးသည့်အတွက် အဘိုးမှာ စောစောက စားထားသော အစာများ အန်ထွက်သွားပါသည်။
'' ဝေါ့ ဝေါ့ .... ''
ဖိုးမောင်တို့ တဲတွင် အန်ဖတ်များ ပြန့်ကြဲနေပါသည်။ အဘိုးအို မှာ အန်လိုက်သဖြင့် အတော် မောပန်းသွားပြီး -
'' အားနာလိုက်တာ ငါ့မြေးရယ်၊ ငါ့မြေးကို ဒုက္ခပေးသလို ဖြစ်နေပြီ ''
ရပါတယ် အဘိုးရယ်၊ နေမကောင်း ဖြစ်တာပဲ ဘယ်တက်နိုင်ပါ့ မလဲ ''
ပြောပြောဆိုဆို အဘိုးကြီးအား နှပ်ပေးသဖြင့် မကြာမီ အဘိုးအို ကြီး အိပ်ပျော်သွားပါတော့သည်။ အဘိုးကြီး အန်ထားသည့် အန်ဖတ်များကို ရေဖြင့် လောင်းချလိုက်ရာ ကြမ်းပေါက်ထဲမှ အောက်သို့ကျသွားပါသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ပြီးနောက် ၄င်းလည်း အလွန်အိပ်ချင်သည့်အတွက် တစ်ခဏချင်း အိပ်ပျော်ခြင်းသို့ ရောက်ရှိခဲ့ပါသည်။
နံနက်လင်းသော် အိပ်ရာမှနိုးလာခဲ့ပါသည်။ ဧည့်သည့် အဘိုးအို ကို သတိရ၍ ကြည့်လိုက်သောအခါ ဧည့်သည့်အဘိုးအိုကို မတွေ့ရတော့ပေ။ ထိုအဘိုးကြီးသည် ဤနေရာတစ်ဝိုက်တွင် လမ်းလျှောက်သွားသည့် အထင်နှင့် ၄င်း၏ မိန်းမဖြစ်သူ မနှင်းအေးကို မေးလိုက်ပါသည်။
'' မနှင်းရေ ညကလာတဲ့ ဧည့်သည့်အဘိုးကြီး ဘယ်သွား နေသတုံး ''
'' မသိဘူးလေ၊ မနက်မိုးလင်းလို့ အဘိုးကြီး အိပ်ရာ သွားကြည့် တော့ အဘိုးကြီး မရှိတော့ဘူး။ ဘယ်အချိန်က ထသွားလဲ မသိဘူး ''
'' အဲဒီအဘိုးက ညက အတော်နေမကောင်း ဖြစ်နေတာ ဘယ်များသွားလဲ မသိပါဘူး ''
'' ဟုတ်ပါ့တော်၊ ဘယ်ကလာလို့ ဘယ်သွားမှန်း မသိ၊ ဘယ်ပြန် သွားလို့ ပြန်လည်းမသိ ''
'' အေးလေ၊ အဘိုးကြီး ဘယ်အချိန်ကများ ထသွားပါလိမ့် ''
ထိုသို့ နှစ်ဦးသားပြောကာ လတာပြင်တစ်လျှောက် ဟိုဟိုဒီဒီ ကြည့်ပြီး ပြန်လာစဉ် တဲအောက်တွင် အလွန်ကြီးမားသော အပုံကြီးတစ်ပုံကို တွေ့လိုက်ရပါသည်။ မနှင်းအေးမှ -
'' ကိုဖိုးမောင်၊ တဲအောက်မှာ ဘာအပုံကြီးလဲ မသိဘူး ''
'' အေးဟ၊ ဘာကြီးလဲ မသိဘူး။ နေဦး တုတ်နဲ့ ထိုးကြည့်ဦးမှ ''
ဖိုးမောင်မှာ တုတ်ဖြင့် ထိုးကော်ကြည့်ရာ 0x150ှီစို့စို့ ပျော့အိအိကြီး ဖြစ်နေပါသည်။ ထိုအရာဝတ္ထုမျိုးကို တစ်ခါဖူးမျှ မမြင်ဘူးပေ။ ထိုအရာ ဝတ္ထုများမှာ မည့်သည့်အရာ ဖြစ်မည်နည်းဟု စေ့စေ့တွေးသော်လည်း ရေးရေး မျှ မပေါ်ပေ။
ထိုသို့ တွေးရင်း ညက ရောက်လာသည့် ဧည့်သည်အဘိုးအို၏ စကားကို အမှတ်ရမီပါသည်။
'' စေတနာ မှန်ရင် ကံကောင်းမှာပါ။ ဒါပေမယ့် ငါ့မြေးကို တစ်ခု သတိပေးရဦးမယ်။ ဘယ်အရာမဆို မသိရင် မေးပါ။ သေချာစွာ စစ်ဆေးပါ''
ထိုစကားကို သတိရသွားသည့်အတွက် ဖိုးမောင်သည် ၄င်းအပုံ ကြီးထဲမှ ပျော့အိအိ အနည်းငယ်ကို ဖဲ့ယူပြီး ရွာထဲရှိ ရှေ့မီနောက်မီ အဘိုး ဦးဘမောင်ဆီသို့ သွားရောက်ကာ မေးမြန်းခဲ့ပါသည်။
'' အဘိုး ဦးဘမောင်၊ ဒါ ဘာတွေလဲ၊ အဘိုး သိပါသလား ''
'' မှန်းစမ်း ''
အဘိုး ဦးဘမောင်သည် ဖိုးမောင်ဆီမှ အရာဝတ္ထုကို လှမ်းယူ ပြီး သေသေချာချာ ကြည့်ကာ နမ်းရှူးအကြည့် -
'' ဟ ဖိုးမောင်ရ၊ မင်း ဒီပစ္စည်းကို ဘယ်ကရသလဲ ''
'' ဘာဖြစ်လို့လဲ အဘိုး ''
'' ဒါဟာ အင်မတန် တန်ဖိုးကြီးမားတဲ့ ငါးကြီးအန်ဖတ်ပဲ ''
'' ငါးကြီးအန်ဖတ် ဟုတ်လား ''
'' ဟုတ်သပေါ့ကွယ် တစ်ပိဿကို သိန်းချီပြီး တန်တယ်။ ပြော စမ်းပြောစမ်း ဘယ်ကရသလဲလို့ ''
ဖိုးမောင်မှာ ညက အဖြစ်အပျက် အလုံးစုံကို ပြောပြရာ အဘိုး ဘမောင်မှာ -
'' မင်းရဲ့ တဲအောက်မှာ အလွန်တန်ဖိုးရှိတဲ့ ငါးကြီးအန်ဖတ်တွေ ရောက်နေပြီ။ အဲဒါကို သူများမတွေ့မီ အရင်သွားသိမ်းချေ။ ပြီးရင် မြို့တက် ပြီးရောင်း ''
'' ဟုတ်ကဲ့၊ အဘိုး ဦးဘမောင် ကျေးဇူးပဲ အဘိုး ''
ထိုသို့ ပြောဆိုကာ ဖိုးမောင်တစ်ယောက် တဲဆီသို့ တစ်ချိုးတည်း ပြေးသွားခဲ့ပါသည်။
ထို့နောက် တဲအောက်ရှိ ငါးကြီးအန်ဖတ်များကို သိမ်းကျုံးယူကာ တဲအတွင်းသို့ ပို့ပြီး သိမ်းထားလိုက်ပါသည်။ ငါးကြီးအန်ဖတ်မှာ လူသားများ အတွက် အားဆေးများတွင် အလွန် အသုံးဝင်သည့် အတွက် လွန်စွာ အဖိုး တန်ပါသည်။
ထို့နောက် ရန်ကုန်သို့ တက်လာပြီး ပရဆေးဆိုင်ကြီးသို့ သွား ရောက် ရေောစားင်းချရာ သိန်းပေါင်းများစွာ ရရှိခဲ့ပါသည်။
ထိုသို့ ရရှိခဲ့သဖြင့် ဖိုးမောင်တစ်ယောက် နေ့ချင်းညချင်း သူဌေး ကြီး ဖြစ်သွားပါတော့သည်။ ဖိုးမောင်မှာ နဂိုကပင် စိတ်ရင်းကောင်းသူဖြစ်၍ ဤငွေများဖြင့် ရွာလုံးကျွတ် ထမင်းရည်ချောင်းစီးမျှ အလှူကြီးအတန်ကြီး ပေးခဲ့ပါသည်။
ငါးကြီးအန်ဖတ်ကို အကြောင်းပြု၍ ချမ်းသာသွားသည့် အဖြစ်မှာ လူတစ်သောင်းတွင် တစ်ယောက်မျှ ဖြစ်နိုင်ခဲသည့် ဆန်းကြယ်သော ဖြစ်ရပ် တစ်ခု ဖြစ်ပါသည်။ ဖိုးမောင်နှင့် ပက်သက်၍ ရွာသူရွာသားများ အမျိုးမျိုး ဝေဖန်ပြောဆို နေကြပါသည်။
'' ဖိုးမောင်ဟာ ဧည့်သည်အဖိုးကြီးကို ကောင်းကောင်းမွန်မွန် ပြု စုလို့ နတ်ကောင်းစောင့်မတာ ဖြစ်တယ် ''
'' ဒါမှမဟုတ်ရင် အဘိုး ဦးစံမြဟာ ငါးပေါက်ကို ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ် မဟုတ်လား။ ဒါကြောင့် ဒီငါးဟာ ကြီးလာပြီး သူ့ကတိ အတိုင်း ဖိုးမောင်ကို လာရှာပြီး အသာပြာလာပေးတာ နေမှာ ''
'' ဒါဆို အဘိုးစံမြ လွှတ်လိုက်တဲ့ ငါးဟာ အဘိုးအို ဟန်ဆောင် လာတာများလား မသိဘူး။ ''
'' ဧည့်သည်အဘိုးကြီး ရောက်ခိုက်မှာ ငါးကြီးက လတာပြင်မှာ လာအန်ပြီး ရေတက်လာတော့ တဲအောက်ရောက်လာတာ နေမှာ ''
ကုလားကျွန်းထိပ် ရွာသူရွာသားများလည်း ကိုယ်အတွေးနှင့်ကိုယ် တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာကို ပြောဆိုနေကြပါသည်။
အမှန်မှာတော့ ပင်လယ်ပြင်၏ ထူးဆန်းသော ဖြစ်ရပ်များကို ကျွန်မတို့လည်း နှိုက်နှိုက်ချွတ်ချွတ် မသိနိုင်သည်မှာ အမှန်ပင်။
တောတောင်များ၌လည်း ဖြစ်ရပ်ဆန်းမျိုးစုံ ရှိ၏။ လူသားနှင့် တောတောင်များမှာ မြင်တွေ့ရသဖြင့် နီးစပ်သည်ဟု ဆိုနိုင်ပါသည်။ ရေပြင် ကျယ်ကြီးထဲမှ အဖြစ်သနစ်များက လူသားတို့ မတွေ့မြင်နိုင်ပေ။ ရေထဲတွင် လည်း လူသားများ ကြာရှည်မနေနိုင်သဖြင့် ရေလွှာပြင်မှ ဖြစ်ရောစးပ်ဆန်းများကို တွေ့ကြုံရန် မနီးစပ်ချေ။
သို့သော် ဖိုးမောင်နှင့် ငါးကြီးအန်ဖတ်တို့ ဖြစ်စဉ်မှာ လွန်ခဲ့သော နှစ်ပေါင်း (၃ဝ) ကျော်မှ အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
ဧည့်သည်အဘိုးကြီးနှင့် ငါးပေါက်တို့ ဖြစ်ရပ်အား -
ကုလားထိပ်ရွာရှိ ရွာသူရွာသားများက -
အဖြစ် ယနေ့တိုင် မရိုးနိုင်အောင် ပြောဆိုနေကြပါတော့ သတည်း။

0 comments:

Template by : kendhin x-template.blogspot.com