Thursday, July 26, 2007

မြဝတီနယ်စပ်ကဏန်းအရောင်းကုန်စည်ဒိုင်ဖွင့်လှစ်ရန် စီစဉ်

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် ရေး ဇုန်တစ်ခုဖြစ်သော မြဝတီနယ်စပ်ကုန်သွယ် ရေးဇုန်တွင် ကဏန်းအရောင်းကုန်စည်ဒိုင်ကို ဇူလိုင်လကုန်ပိုင်းမှစ၍ ဖွင့်လှစ်ရန် စီစဉ် လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံမှဝယ်လက် များနှင့် ညှိနှိုင်း၍ ကုန်ချိန်အလိုက် စာချုပ် ကာ ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကဏန်းလုပ်ငန်းရှင်များအသင်းတာဝန် ရှိသူထံမှ သတင်းရရှိပါသည်။

ယခင်က မြဝတီမြို့မှ ကဏန်းတင်ပို့ရာ တွင် လုပ်ငန်းရှင်များက ထိုင်းနိုင်ငံမှကုန် သည်များထံ အရောက်တင်ပို့ပေးရပြီး ၎င်း တို့ထံ၌ပင် ချိန်တွယ်ရကြောင်းနှင့် ယခုအခါ ကုန်စည်ဒိုင်၌ပင် ရွေးချယ်ချိန်တွယ်ရမည် ဖြစ်ရာ အလေးချိန်မှားယွင်းလေ့ရှိမှုမှ ကင်း လွတ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ``ကဏန်းအရောင်းကုန်စည်ဒိုင် ဖွင့် လှစ်နိုင်ရင် ကဏန်းတင်ပို့တဲ့ လုပ်ငန်းရှင် တွေအတွက် အဆင်ပြေသွားမှာပါ။ ဆိုလို တာက အရင်တုန်းက သူတို့ဆီရောက်အောင် ပို့ရတော့အချိန်ကြာတယ်။ ကဏန်းက ခရီး ရှည်လေ သေတဲ့ရာခိုင်နှုန်းကများလေပဲ။ ဒီတော့သေလို့လေလွင့်တာနဲ့ နောက် သူတို့ ဆီမှာချိန်တော့ အလေးချိန်မှားယွင်းမှုက ရှိတယ်။ အခုကုန်စည်ဒိုင်ဖွင့်ရင် အဲဒီလိုလေ လွင့်မှုမရှိတော့ဘူး။ ရောင်းဝယ်တဲ့စနစ်က တော့ နှစ်ဖက်စလုံးညှိနှိုင်းနေပြီး သူတို့ဘက် ကလည်း သဘောတူထားပါတယ်။ ဥပမာ-၁ဝ တန်ကို ဒေါ်လာနှစ်ထောင်နဲ့ စာချုပ် ထားတယ်ဆိုရင် ၁ဝ တန်ကို ဒီဈေးပဲပို့။နောက် ၁ဝ တန်ပြည့်သွားရင်တစ်ခါပြန်ချုပ် မယ်။ အဲဒီအခါ ဈေးကိုပြန်ညှိပြီး စာပြန် ချုပ် ရောင်းပါတယ်´´ဟု ရှင်းလင်းပြောပြ ပါသည်။ မြန်မာ့ကဏန်းများကို ပြည်ပသို့ တင် ပို့ရာတွင် မူဆယ် ၁ဝ၅ မိုင်မှတရုတ်နိုင်ငံသို့ လေလံစနစ်ဖြင့်လည်းကောင်း၊ ယခုမြဝတီမှ ထိုင်းနိုင်ငံသို့ ကုန်ချိန်အလိုက်စာချုပ်သည့် စနစ်ဖြင့်လည်းကောင်း အသီးသီးရောင်းဝယ် လျက်ရှိကြသည်။ ၁ဝ၅ မိုင်မှလေလံစနစ်ဖြင့် တရုတ်နိုင်ငံသို့ ရောင်းချသည့်လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်ဒိုင်သို့ ၄ ရာခိုင်နှုန်းပေး ဆောင်ရပြီး မြဝတီကုန်သွယ်ရေးဇုန်မှတင်ပို့ ရာတွင် ၂ ရာခိုင်နှုန်းကောက်ခံရန် စီစဉ် ထားကြောင်းလည်း သိရသည်။ လက်ရှိကဏန်းတင်ပို့ရောင်းဝယ်မှုမှာ သွက်လျက်ရှိပြီး မူဆယ် ၁ဝ၅ မိုင်သို့ တစ်ရက်လျှင် ကား ကိုးစီးနှင့်အထက် ပုံမှန် တင်ပို့နေပြီး မြဝတီနယ်စပ်သို့တစ်ရက်လျှင် ကား ငါးစီးနှင့်အထက်တင်ပို့လျက်ရှိကြောင်း နှင့်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆ဝဝ မှ ၂၂ဝဝ ဝန်းကျင်ရရှိနေကြောင်းသိရသည်။ ယခုအခါနယ်စပ်မှတစ်ဆင့် တစ်ဖက် နိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ယခုကဲ့ သို့ ရောင်းချသူဈေးကွက်အသွင်ဆောင်ပြီး အကျိုးအမြတ်များသည့်စနစ်များကျင့်သုံး ခြင်းအပေါ် အနိမ့်ဈေးများနှင့် ဝယ်သူ စိတ် ကြိုက်ဈေးကွက်ဖြင့် ရောင်းဝယ်နေရသည့် လုပ်ငန်းရှင်များမှ ကြိုဆိုကြောင်း ၎င်းတို့က ဆိုပါသည်။

0 comments:

Template by : kendhin x-template.blogspot.com