Friday, March 28, 2008

ကမ်းရိုးတန်းဒေသသွား ပထမဆုံးပုဂ္ဂလိက သင်္ဘောလိုင်း ပြေးဆွဲမည်

via ပြည်တွင်းသတင်း on 3/28/08

ကမ်းရိုးတန်းဒေသများဖြစ်သောမြိတ်၊ ကော့သောင်းဒေသများသို့သင်္ဘောဖြင့်သွားရောက်လိုသော"ခရီးသည်များအတွက်လက်မှတ်များကို မဲနှိုက်ဝယ်ယူစရာမလိုဘဲဦးရာလူစနစ်ဖြင့်ရောင်းချပေးသွားမည့် ပုဂ္ဂလိကသင်္ဘောလိုင်းတစ်ခုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ MIN TUN Treading မှပြေးဆွဲ"မည့်ယင်းသင်္ဘောတွင်ရိုးရိုးတန်း၊အထူးတန်းဟူ၍ခွဲခြားထားပြီး ၂ယောက်ခန်း၊၄ယောက်ခန်း၊ ၆ယောက်"ခန်း၊ ၈ယောက်ခန်းဟူ၍အသီးသီးပါရှိကြောင်းသိရသည်။ ရန်ကုန်မှမြိတ်သို့အထူးတန်း ဖြင့်သွားရောက်"လိုသူများအတွက် တစ်ယောက်လျှင် ၅၀၀၀၀ ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၇၀၀၀၀ ကျပ်သတ်"မှတ်ထားသကဲ့သို့ မြိတ်မှကော့သောင်းအတွက် ၃၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း Min Tun မှ မခင်"သင်းမော်ကပြောသည်။ ရန်ကုန်မှမြိတ်သို့ရိုးရိုးတန်းဖြင့်သွားရောက်လိုသူများအတွက် တစ်ယောက်လျှင်"၃၅၀၀၀ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၅၀၀၀၀ကျပ်သတ်မှတ်ထားကြောင်း၊မြိတ်မှကော့သောင်း"အတွက် ၁၇၀၀၀ကျပ်သတ်မှတ်ထားကြောင်း မခင်သင်းမော်ကဆက်လက်ပြောသည်။ ယင်းခရီးစဉ်တွင်"လိုက်ပါလိုသောကလေးငယ်များအတွက် ၃ နှစ်မှ ၁၀နှစ်အထက်ကလေးများကို သတ်မှတ်နှုန်းထားတစ်"ဝက်သာပေးရမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းခရီးစဉ်တွင် ခရီးသည် ၄၂၈ ဦးလိုက်ပါနိုင်ပြီး မြန်"မာ့ကြယ်ငါးပွင့်မှသင်္ဘောဖြင့်ယခု ၂၇ ရက်မှစတင်၍ အပတ်စဉ်ပုံမှန်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရ"သည်ဟု ၂၀၀၈ခုနှစ်မတ်လ၂၇ရက်နေ့ထုတ်7Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


Read More......

Tuesday, March 25, 2008

Resumption of the Thaksin Policy Towards Burma

via Bangkok Pundit by Bangkok Pundit on 3/22/08
I have already panned Samak for his comments on Burma, but I am amazed at this criticism:
Prime Minister Samak Sundaravej was attacked by critics on Monday after making favourable comments about the ruling Burmese junta and indicating the government plans to focus on making economic gains from Burma.

Surapong Jayanama, secretary for political affairs to former premier Surayud Chulanont, said the Thai approach to Burma would benefit certain groups at the expense of human rights there.

He viewed the policy towards Burma as a resumption of that undertaken by the government under deposed prime minister Thaksin Shinawatra.

"They [the ruling generals] know that Thai bureaucrats in collusion with politicians care about economic interests" while ignoring Burma's weak points, said Mr Surapong, a former career diplomat.
BP: A resumption implies that the Surayud government had a different policy than Thaksin, but I am struggling to find any difference. When the Burmese military started killing protesters and monks, there was at first silence by the Thai government and then the Burmese were defended by Gen. Sonthi. As Kavi stated in The Nation:
It is not difficult to understand why Thailand's foreign policy under Surayud has been an utter failure, especially in relation to Burma. He should have paid more attention to the situation in Burma, which he closely monitored and was engaged with while Army chief. Instead, he has been cowed and speechless on the crisis there.
BP: So how was the Surayud government's policy different? There is no resumption of the "Thaksin regime" policy towards Burma. The policy has been the same since the late 80s, engage and take as much natural resources from Burma as possible. Human rights is a supposed factornot a consideration.

Read More......

Woman Goes to Own Funeral

Mar 22, 2008

Monks and mourners at a funeral in Nakhon Si Thammarat were shocked to see a Thai woman arrive at her own funeral. Khun Duangkae had gone missing two weeks beforehand. Her mother then mistakenly identified the body of a murdered woman as being her own daughter. When Khun Duangkae turned up at the funeral, everyone thought that she was a ghost. However, she quickly explained that she had gone to stay with a friend as she was having personal problems. (Thai Rath)

Read More......

Sunday, March 16, 2008

သူယောင်မယ် ပင်

ဗုဒ္ဓဝင်ပုံပြင်၊ ဂမ္ဗီရ ဇတ်လမ်းတွေမှာ ဇော်ဂျီတွေက သူယောင်မယ်ပင် က (မိန်းမပျိုအသွင်ရှိတဲ့) သူယောင်သီးတွေကို သူတို့ရဲ့ ဆေးတောင်ဝှေးနဲ့ တို့ပြီး ပျော်ပါးကြတယ် လို့ ဖတ်ရ ကြားရတော့ သူယောင်ပင်ဆိုတာ တကယ်ရှိရဲ့လား။ သူယောင်သီးက ဘယ်လိုပုံသွင်ရှိသလဲ ဆိုတာ အတွေးပွားမိပါတယ်။ (ဇော်ဂျီလဲ အရမ်းဖြစ်ချင်တာပေါ့။)

အောက်ကပုံကတော့ Google Groups တစ်ခုကရတာပဲ။ ထိုင်းနိုင်ငံ Petchabun Province က သူယောင်မယ်ပင်လို့ ပြောတာပဲ။ သတင်းစာ၊ TV ထဲမှာလဲ မတွေ့မိပါ။ တစ်ယောက်ယောက်က နောက်တာပဲလို့ ထင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူယောင်ပင် က သူယောင်သီး ဆိုတာ ဒီလိုပုံစံ ဖြစ်နိုင်ပါလား လို့ မြင်ယောင်ကြည့်နိုင်တာပေါ့။

ต้นนารีผล ....ที่จ.เพชรบรูณ์



Read More......

Thursday, March 13, 2008

MIT จัดอันดับ 10 เทคโนโลยีใหม่ที่น่าจับตามองประจำปี 2008

via Blognone - Tech News That's Worth by mk on 3/13/08

นิตยสาร Technology Review ของ MIT จัดอันดับ 10 เทคโนโลยีใหม่ที่น่าจับตามอง หรือที่รู้จักกันในชื่อ TR10 มีรายชื่อดังนี้ครับ

  • Modeling Surprise - การจำลองโมเดลความเสี่ยง (ผมอ่านแล้วนึกถึง Psychohistory)
  • Probabilistic Chips - ความผิดพลาดทางการคำนวณ (แบบน้อยมากๆ) ในชิปอาจเป็นผลดีต่ออายุแบตเตอรี
  • NanoRadio - สร้างตัวรับสัญญาณวิทยุด้วย carbon nanotube
  • Wireless Power - พลังไฟฟ้าแบบไร้สาย (เคยลงข่าวใน Blognone ไปแล้ว)
  • Atomic Magnetometers - เซนเซอร์วัดสนามแม่เหล็กขนาดเล็กมากๆ ซึ่งจะทำให้อุปกรณ์หลายอย่างมีประสิทธิภาพมากขึ้นและถูกลง
  • Offline Web Applications - ในนิตยสารสัมภาษณ์คนของ Adobe คงเป็นอย่างอื่นไม่ได้นอกจาก AIR
  • Graphene Transistors - สร้างทรานซิสเตอร์ด้วย graphene (แผ่นคาร์บอน ความหนา 1 อะตอม)
  • Connectomics - วาดแผนผังการเชื่อมต่อของเส้นประสาท เพื่ออธิบายต้นเหตุของโรคหลายๆ ชนิด
  • Reality Mining - ทำ data mining จากข้อมูลที่เก็บด้วยมือถือ เพื่ออธิบายพฤติกรรมมนุษย์
  • Cellulolytic Enzymes - เอนไซม์ที่ช่วยผลิตพลังงานชีวภาพอย่างมีประสิทธิภาพมากขึ้น

ที่มา - MIT Technology Review ผ่าน Slashdot

Read More......

Wednesday, March 12, 2008

အမေရိကန်ဒေါ်လာဈေးလတ်တလောထိုးကျ၊ ရေနံဈေးစံချိန်တင်

အမေရိကန်ဒေါ်လာဈေးလတ်တလောထိုးကျ၊ရေနံဈေးစံချိန်တင် မြန်မာ့စီးပွားရေးလောက၌အကောင်းအဆိုးဒွန်တွဲ ဖြစ်ပေါ်နိုင်သော်လည်းများစွာထိခိုက်မှုမရှိနိုင်ကမ္ဘာ့နိုင်ငံသုံး ငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာပေါက်ဈေးသည် လတ်တလောသိသာစွာထိုးကျလာကြောင်းသိရသည်။ ယင်းသို့ အမေရိကန် ဒေါ်လာဈေးရုတ်တရက်ကျဆင်းလာခြင်းသည် ပြည်တွင်းစီးပွားရေးဈေးကွက် အတွင်း၌ ကောင်းသည့်အကျိုးရလဒ်များရှိသကဲ့သို့ နစ်နာမှုအခိျု့လည်းရှိနိုင် ကြောင်း သိရသည်။
Ref : Weekly Eleven

ရေနံဈေး တက်ရင် ဒေါ်လာဈေးကကျတယ်။ အမှန်ဆိုရင်အမေရိကန်ဒေါ်လာဈေးက ကျသင့်တာကြာပါပြီ။ အခုရုတ်တရက် ဒေါ်လာဈေးထိုးကျလာတဲ့အတွက် မြန်မာစီးပွားရေးလောကအပေါ်သက် ရောက်မှုအနေနဲ့ဆိုရင် အကောင်းအ ဆိုးနှစ်မျိုးလုံးဖြစ်ပေါ်နိုင်ပါတယ်။ လက်ငင်းငွေလဲလှယ်နှုန်း အပြောင်း အလဲကြောင့် အရှုံးရှိနိုင်သလို အမြတ် လည်းရှိနိုင်ပါတယ်။ နှစ်လမ်းသွား ပုံစံဖြစ်နေပါတယ်´´ဟုဆရာမောင်စူးစမ်း က သုံးသပ်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပြု လုပ်ရာ၌ ဒေသတွင်းနိုင်ငံများနှင့်သာ အဓိက ထားကုန်သွယ်မှုပြုလုပ်နေပြီး အမေ ရိကန်နိုင်ငံနှင့် တိုက်ရိုက်ကုန်သွယ်မှု မရှိသဖြင့် ယခုကဲ့သို့ ဒေါ်လာဈေး ထိုးကျသွားခြင်းသည်မြန်မာစီးပွားရေး လုပ်ငန်းအပေါ် များစွာထိခိုက်မှု မရှိ နိုင်ကြောင်း ကျွမ်းကျင်သူစီးပွားရေး ပညာရှင်များက သုံးသပ်သည်။
``အခုလက်ရှိ အမေရိကန်ဒေါ် လာဈေးကသိသိသာသာထိုးကျသွား တယ်။ စီးပွားရေးလုပ်ငန်းရှင်အများ စုကလည်းအခုလိုဒေါ်လာဈေးထိုး ကျသွားခြင်းအပေါ် များစွာစိတ်ဝင် စားမှုရှိနေပါတယ်။ ဒေါ်လာဈေး ကျပေမယ့် ပြည်ပကနေအမေရိကန် ဒေါ်လာနဲ့တင်သွင်းရောင်းချနေတဲ့ ကုန်ပစ္စည်းပိုင်းကတော့ ဈေးကျဖို့ အလားအလာမရှိပါဘူး။ အကြောင်း က သူတို့ပစ္စည်းမှာယူတဲ့အချိန်မှာ ပေါက်တဲ့ငွေကြေးဈေးနှုန်းအတိုင်းပဲ တွက်ချက်ရောင်းမှာဖြစ်တဲ့အတွက် အရှုံးမရှိနိုင်ဘူး´´ဟု စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုပါသည်။ လတ်တလောလပိုင်း ကာလများ အတွင်းအမေရိကန်ဒေါ်လာသည်ကမ္ဘာ့ အထင်ကရငွေကြေးကြီး ခြောက်မျိုး (အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန်း၊ ဗြိတိန်ပေါင်၊ ကနေဒါဒေါ်လာ၊ ဆွစ်ဖ ရန့်) နှင့်လဲလှယ်ရာတွင် ထိုး ကျလာခဲ့ကြောင်းသိရှိရပါသည်။ ပြီးခဲ့သည့် သီတင်းပတ်တနင်္လာ နေ့တွင်အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ ၁ဝ၃ ယန်းဖြင့် ဈေး ပေါက်ခဲ့ရာ ၃ နှစ်အတွင်း(၂ဝဝ၅ ဇန်နဝါရီနောက်ပိုင်း) အနိမ့်ဆုံးဖြစ်ခဲ့ ပါသည်။ အလားတူ ဆွစ်ဖရန့်ငွေနှင့် လဲလှယ်ရာတွင်လည်းဒေါ်လာစံချိန်တင် ကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။ ဒေါ် လာရှော့ခ်ဖြစ်ပြီး ဝေါလ်စထရိတွင် ရှယ်ယာများရောင်းထုတ်ကြရာအာရှ စတော့ဈေးကွက်များ ပြိုလဲသွားခဲ့ ကြောင်းလည်း သိရသည်။ ရင်းနှီး မြှုပ်နှံသူများက အန္တရာယ်ကင်းဘေး ရှင်းရာကုန်စည်များ အပြေးအလွှား ဝယ်ယူသိုလှောင်ကြရာ ရွှေဈေးမှာ လည်း တစ်အောင်စလျှင် ဒေါ်လာ ၉၈ဝ အထိရောက်ရှိလာခဲ့သည်။
ဆက်လက်၍ ဒေါက်တာခင် မောင်ညိုက``အခုလိုဒေါ်လာဈေးလတ် တလောထိုးကျသွားခြင်းကြောင့်မြန်မာ့ စီးပွားရေးလောကအတွက်များစွာထိ ခိုက်မှုမရှိနိုင်ပါဘူး။ ဆိုးကျိုးနည်း ပြီးကောင်းကျိုးများတယ်လို့ပြောရ မှာပါ။ မြန်မာပိုက်ဆံဈေးတတ်လာ တဲ့သဘောပါ။ အခုလိုဒေါ်လာဈေး ကျသွားတဲ့အချိန်မှာ ကမ္ဘာ့ရေနံဈေး ကစံချိန်တင်ဈေးမြင့်သွားတဲ့အတွက် ရေနံကိုဈေးပိုပေးပြီးဝယ်ရမယ်ဆိုပေ မယ့်တစ်ဖက်ကကြည့်ရင် ဒေါ်လာ ဈေးကျသွားပြီး မြန်မာငွေတက်လာ တဲ့အတွက်သိပ်တော့ထူးခြားမှုမရှိပါ ဘူး ပုံမှန်အတိုင်းပါပဲ။ အမေရိကန် စီးပွားရေးက ခိုင်မာမှုကိုအခြေခံထား တဲ့အတွက် တိုင်းပြည်အများစုက ဒေါ်လာကို အခြေခံထားကြတယ်။ ဒါ့ကြောင့် အခြေခံတဲ့နိုင်ငံတွေက ထိ ခိုက်မှုရှိပါတယ်။ ဒေါ်လာဈေးကဒီ ထက်အများကြီးမကျနိုင်ပါဘူး။ မတ် လနောက်ပိုင်းမှာပြန်တက်ဖို့အလား အလာရှိပါတယ်။ လက်ရှိအမေရိကန် မှာရွေးကောက်ပွဲရှိတဲ့အတွက်ရွေးကောက် ပွဲပြီးရင်ဒေါ်လာဈေးကပြန်တက်လာ ဖို့များပါတယ်။ ဒေါ်လာဈေးကျသွား တဲ့အတွက်အမေရိကန်အနေနဲ့လည်း ထိခိုက်မှုသိပ်မရှိနိုင်ပါဘူး။ ဒေါ်လာ ဈေးကျတဲ့အတွက်အမေရိကန်ရဲ့အား သာချက်က တရုတ်ကိုစီးပွားရေးယှဉ် ပြိုင်တဲ့အတွက် အခုလိုဒေါ်လာဈေး ကျသွားခြင်းကြောင့်အမေရိကန်ထုတ် ပစ္စည်းအများစုကို နိုင်ငံအများစုက ဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူနိုင်မယ်။ လက်ရှိမှာ တရုတ်ပစ္စည်းတွေကဈေး နှုန်းသက်သာမှုရှိတဲ့အတွက် နိုင်ငံ အများစုရဲ့ဈေးကွက်ထဲမှာပေါများစွာ တွေ့ရပြီး အမေရိကန်ပစ္စည်းကဈေး မြင့်တဲ့အတွက်နိုင်ငံတကာမှာ တရုတ် ပစ္စည်းလောက်ပေါများစွာ မတွေ့ရ ဘူး။ အခုလိုဒေါ်လာဈေးကျသွားတဲ့ အတွက် အမေရိကန်ပစ္စည်းကိုပိုပြီး ဝယ်နိုင်စရာအကြောင်းရှိပါတယ်´´ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
အမေရိကန်စီးပွားရေး ရီဆက် ရှင်းကာလနီးလာခြင်း၊ အမေရိကန် ဗဟိုဘဏ်ကအတိုးနှုန်းကိုဆက်လက် လျှော့ချဖွယ်ရှိနေခြင်းတို့မှာလည်း ဒေါ်လာဈေးကျဆင်းမှု နောက်ကွယ် မှတွန်းအားများဖြစ်လာခဲ့ပါသည်။ ``ရင်းနှီးမြှုပ်နှံသူတွေကဗဟိုဘဏ်အပေါ် အယုံအကြည်နည်းလာရင်အက်ဆက် တွေကို ဝယ်ချင်လာကြတာပဲ။ ရင်း နှီးမြှုပ်နှံသူတွေကိုကုန်စည်တွေဘက် လှည့်လာကြတယ်။ ပြဿနာကအဲဒီ မှာရောင်းတဲ့သူမရှိဘူးဖြစ်နေတယ်။ ဆိုလိုတာက အနာဂတ်မှာ ဈေးတွေ တက်တော့မယ်ပေါ့´´ဟုရေနံရေးရာ ကျွမ်းကျင်သူနှင့် တစ်သီးပုဂ္ဂလ စီးပွားရေးပညာရှင် Philip Verleger ကThe Financial Times သို့ပြော ကြားခဲ့သည်။ ရေနံဈေးမြင့်တက်လာ မှုသည်ရှိရင်းစွဲ အမေရိကန်ကုန် သွယ်ရေးလိုငွေ ပြမှုကို မြင့်သထက်မြင့်အောင် ဖန်တီးပေး နေရာကမ္ဘာတစ်ဝန်း အမေရိကန် ဒေါ်လာအလျှံပယ်ဖြစ်မှု flooding ပေါ်လာသည်။ နောက်ဆုံးတွင်အမေ ရိကန်မှာပို့ကုန်ထက်သွင်းကုန်ကပိုမို ပိုလျှံလာသည်။ သို့ဖြင့်အမေရိကန်၏ နိုင်ငံခြားငွေကြေးလိုအပ်ချက်မြင့်တက်ပြီး ဒေါ်လာဈေးကထိုးကျမှုဖြစ်လာခဲ့သည်။ ``ကျွန်တော်တို့က မရှိနိုင်တဲ့ demand ကိုရောက်အောင်တိုးတိုးပြီး လိုအပ်နေမှာမို့ အိုပက်အနေနဲ့လည်း ထုတ်လုပ်မှုကို တိုးမြှင့်ဖွယ်အနေအ ထားမရှိပါဘူး´´ဟုအိုပက်ဥက္ကဋ္ဌChakib Khelil က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောပါသည်။ တစ်ချိန် တည်းတွင်အမေရိကန်အစိုးရကမူ ရေနံတိုးထုတ်ခြင်းဖြင့် ဈေးကျသွား မည်ဆိုသောအယူအဆကို ဆက် လက်ကိုင်စွဲတောင်းဆိုနေဆဲ ဖြစ်ကြောင်းလည်းသိရပါသည်။
လတ်တလော ကမ္ဘာ့ပထဝီ နိုင်ငံရေးတင်းမာမှုများကလည်းရေနံ ဈေးကို လှုပ်ခတ်စေခဲ့ပြန်သည်ဟုဆို ပါသည်။ ဆိုမာလီအခြေစိုက်အယ်လ် ကေးဒါးခေါင်းဆောင်ကိုအမေရိကန် ကလေကြောင်းထိုးစစ်ဆင်နေသည်။ အိုပက်အဖွဲ့ဝင်များဖြစ်သည့် ဗင်နီဇွဲ လား၊ အီကွေဒေါနှင့်ကိုလံဘီယာတို့ ကြားနိုင်ငံရေးတင်းမာမှုပြဿနာများ ရှိနေပြီး စစ်ပြင်ဆင်နေကြကြောင်း လည်းသိရသည်။ဘဏ္ဍာရေးဆိုင်ရာ မကျေလည်မှုများအကြောင်းပြပြီးဓာတ် ငွေ့ပို့လွှတ်မှုရုရှားကိုဖြတ်တောက်ခဲ့ရာ မော်စကိုနှင့်ဓာတ်ငွေ့စစ်ပွဲဆင်နွှဲမည် ဟု ယူကရိန်းသမ္မတက စိန်ခေါ်ပြော ကြားခဲ့သည်။ မင်းသန်းထိုက်၊ သီတာဝင်း

Read More......

Monday, March 10, 2008

What To Do With Burma

via Bangkok Pundit by Bangkok Pundit on 3/9/08
The Nation:
Gambari was permitted a brief meeting with Suu Kyi. The lady has spent the better part of the past two decades locked up under house arrest. But that was all he was going to get. The junta was not in the mood to give much more than that. Rangoon greeted Gambari with a press statement saying the government has rejected a request by UN Secretary-General Ban Ki-moon for the regime to amend the new constitution.

It should come as no surprise to the world's people that the Burmese junta is not going to give in easily, especially to hollow words from the UN or any agency that doesn't have anything concrete to back up their demands.

The UN and the international community have to think outside the box and explore other options, like an exit strategy for the junta or some sort of mechanism that would ensure their place in the country's political arena. The orthodox diplomatic approach hasn't worked, so perhaps it's time that the world community thinks afresh and creatively.

After all this is a country that doesn't seem to heed the advice and concerns of the international community, whether they are friends or critics.

Incidentally, Burmese information minister Kyaw Hsan even took a jab at neighbouring Thailand, saying that the world community has not objected to the country's new constitution despite the lack of participation by its opponents.
COMMENT: A big pension and exile somewhere is probably the only chance.
btw, it is unsurprising the Burmese response will mention the coup in Thailand the resulting constitution.

Read More......

Saturday, March 8, 2008

Using default G-Mail Accounts to separate field

ဂူဂယ် မေးလ်ကို အသုံးပြုကြသူတွေ အတွက် တိပ်စ်လေးတစ်ခုပါ။

သင့်မှာ ရှိနေတဲ့ ဂျီမေးလ်ဟာ xxx@gmail.com ဆိုပါစို့။ ဒါဆိုရင် သင်ဟာ xxx@googlemail.com ကိုအလိုအလျောက် ပိုင်ဆိုင်ပါတယ်။ xxx@gmail.com ကိုပဲဖြစ်ဖြစ်၊ xxx@googlemail.com ကိုပဲဖြစ်ဖြစ် ပို့လိုက်တဲ့ မေးလ်ဟာ သင့်ရဲ့ တစ်ခုတည်းသော လက်ခံ စာပုံးထဲကို ရောက်သွားမှာပါ။

ဒီအချက်ကိုအသုံးပြုပြီးတော့ သင်ဟာ (မေးလ် အကောင့် နှစ်ခုအသုံးပြု စရာမလိုပဲ Single Login နဲ့) သင့်ဆီကိုဝင်လာတဲ့ စာတွေကို ခွဲခြားနိုင်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်ဟာ မေးလ်အကောင့်ကို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဆိုပြီး နှစ်ခုခွဲထား ချင်တယ် ဆိုပါစို့။ လုပ်ရမှာက
၁။ "Labels" ကို ပြုလုပ်ပါ။ (Labels ဆိုတာ စိမ်းနေတဲ့ သူအတွက် Yahoo Mail's Folder နဲ့ သဘောတရား ဆင်တူပါပဲ။ Tag သဘောပိုဆန်ပါတယ်။ Labels ကိုကြိုက်သလောက် ပြုလုပ်နိုင်ပါတယ်။ အလုပ်။ ဘော်ဒါ၊ ကိုယ်ရေးကိုယ်တာ၊ ဝါသနာ၊ .....) ဥပမာ Work လေဘယ် ပြုလုပ်လိုတယ် ဆိုရင် Login ဝင်ထားတဲ့ အကောင့်မှာ Settings -> Labels -> Create a new label ဆိုတဲ့ Box မှာ "Work" ဆိုတာရိုက်ထည့်ပြီး "Create" လုပ်ပါ။

၂။ "Filter" ပြုလုပ်ပါ။ xxx@gmail.com ကို ကိုယ်ရေးကိုယ်တာ အတွက်၊ xxx@googlemail.com ကို အလုပ်အတွက် ခွဲထားချင်တယ် ဆိုပါစို့။ Settings -> Filters -> Create a New Filter ကို နှိပ်ပါ။ "To" Box ထဲမှာ xxx@googlemail.com ကိုရိုက်ထည့်ပါ။ ပြီးရင် "Next Step" ကိုသွားပါ။ "Apply the label" checkbox ကို tick လုပ်ပြီး၊ "choose label" မှာ "Work" ကို ရွေးပါ။ နောက် "Create Filter" ကို Click လုပ်ပြီးရင် ပြီးပါပြီ။

၃။ နောက် ဆိုရင် xxx@googlemail.com ကို ပို့လာတဲ့ မေးတိုင်း ဆိုတဲ့ တွဲပြီး ပါလာမှာပါ။ Inbox ထဲမှာ အားလုံးရောက်နေမှာပါ။ Work မေးလ် ကိုပဲဖတ်ချင်တယ် ဆိုရင် သင့်မေးစာမျက်နှာရဲ့ ဘယ်ဘက်ခြမ်းမှာ "Work" Label ကိုနှိပ်လိုက်ရင် xxx@googlemail.com ကိုပဲ ပို့လိုက်တဲ့ စာတွေပဲ မြင်ရမှာပါ။ (ဖတ်ပြီးတဲ့ စာတွေကို "Archieve" လုပ်လိုက်ရင် သင့်ရဲ့ Inbox ထဲမှာ xxx@gmail.com ကိုပို့လိုက်တဲ့ စာတွေပဲ ကျန်ခဲ့မှာပါ။ ဒါမှမဟုတ် xxx@gmail.com ကို နောက် လေဘယ်လ် တစ်ခု ပြုလုပ်နိုင်ပါတယ်။ စကားမစပ် Archieve ဆိုတာ မေးလ်တွေကို ဖျက်လိုက်တာ မဟုတ်ပါဘူး။ Inbox ကနေ မမြင်ရအောင် ရှင်းထုတ်လိုက်တာပါ။ Archieve လုပ်ထားတဲ့မေးလ်တွေ ပြန်ကြည့်ချင်တယ် ဆိုရင် တော့ "All Mail" ကိုနှိပ်လိုက်ရင် အားလုံး ပြန်ပေါ်လာမှာပါ။)

စကားချပ်။ x.xx@googlemail.com, x.xx@gmail.com or x.x.x@googlemail.com, x.x.x@gmail.com လိပ်စာတွေအားလုံး သင်ပိုင်ပါတယ်။ ဒီလိပ်စာတွေကို ပို့လိုက်တဲ့ စာအားလုံး သင့်ရဲ့ တစ်ခုတည်းသော xxx@gmail.com Inbox ထဲရောက်သွားမှာပါ။ ဒါကိုအသုံးပြုပြီး သင့်ရဲ့ Filter ကို အများကြီး (spam mail အပါအဝင်. , website subscribe လုပ်ဖို့ မေးတစ်ခုထားပေါ့။ ဒါမှမဟုတ် + ကိုသုံးပါ။ ဥပမာ xxx+webgame@gmail.com ကိုပို့တဲ့မေးဟာလဲ သင့်ရဲ့ xxx@gmail.com စာပုံးထဲရောက်လာမှာပါ။ Filter သုံးပြီး To +webgame လိပ်စာအားလုံး Delete/Archieve လုပ် ဒါမှမဟုတ် Lable နောက်တစ်ခုလုပ်နိုင်ပါတယ်။) ပြုလုပ်နိုင်ပါတယ်။

Read More......

Thursday, March 6, 2008

Simple Stretch Excercise to Relief Long Time Office Hour Fatique and Physica Stress

REF : Myanmar Thway Yahoo Group

Read More......

Good Body Practice Using PC



Read More......

USBCELL AA Batteries Can be Charged through USB!

via Inhabitat by Emily Pilloton on 3/5/08

USBCELL, Green USBCELL, Greener Gadget, Green gadgets, Greener gadgets, green gadget,Green USBCELL Rechargeable AA Batteries, Win Top Honor at CEBIT, CEBIT, Rechargeable AA Batteries, USB Batteries, USB Rechargeable Batteries, Moixa Energy, Moixaenergy, Gold AWard at CEBIT, Green Batteries, Rechargeable Battery

If you thought rechargeable batteries were a good green idea, the USBCELL rechargeable battery will blow your mind- it plugs into any computer’s USB port to recharge. It’s a standard AA battery which will fit into all your every day uses. We’re not the only ones amped up about USBCELL- today at CEBIT, the green battery was awarded a Gold award at the IF Product Design ceremony. Produced by Moixa Energy, has a flip cap top that houses the USB port, and can be used like any regular AA battery. Not to mention, it cuts back on the nearly 15 billion Alkaline batteries made and thrown away each year.


Read More......

Monday, March 3, 2008

မြန်မာ့ငါးတန်များကို ရုရှားသို့ အမြောက်အမြားတင်ပို့ရန်စီစဉ်

Ref : Irrawaddy ကြည်ဝေ/ရန်ကုန် | မတ် ၃၊ ၂၀၀၈
အိတ်စပို့ဈေးကွက်မရှိသောကြောင့် ဈေးအနည်းငယ်သက်သာစွာဖြင့် စားသုံးနိုင်သော မြန်မာ့ငါးတန်များကို ရုရှားနိုင်ငံသို့ ပုံမှန်တင်ပို့ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ငါးတန်များမှာ အခြားသောသားငါးများထက် ဈေးသက်သာသဖြင့် အခြေခံလူတန်းစားများ အများအပြား စားသုံးလေ့ ရှိသည့်ငါးအမျိုးအစားဖြစ်သည်။

“ငါးတန်အသားလွှာတွေကို တလတန်ချိန်နှစ်ထောင်အထိ ရုရှားကို လစဉ်ပုံမှန်ပို့ပေးရလိမ့်မယ်။ မတ်လထဲမှာ စပြီးတင်ပို့နိုင် မှာပါ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဦးကြီးငွေက ဆိုသည်။

ယခင်ဈေးကွက်ခက်ခဲနေသော ငါးတန်များကို ရုရှားနိုင်ငံသို့ လစဉ်တင်ပို့နိုင်ရေးအတွက် နှစ်ဘက်နားလည်မှု စာချုပ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါလက်မှတ်ရေးထိုးရာတွင် မြန်မာ့ငါးတန် အသားလွှာများ သာမက မြန်မာ့ရေထွက်ပစ္စည်းများကိုပါ ပုံမှန်လစဉ်ဝယ်ယူရန် အစီအစဉ်ရှိကြောင်း ပါရှိသည်။

“သူတို့လိုချင်တဲ့ တလတန် ၂၀၀၀ ကိုတော့ စစချင်းပို့စမှာ အခက်အခဲရှိတယ်။ ပထမလမှာတော့ တန် ၂၀၀ လောက်ပဲ ပို့နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အမြန်ဆုံး သူတို့လိုအပ်တဲ့ ပမာဏရအောင် လုပ်ဆောင်သွားကြမှာပါ” ဟု အသင်း၏ ဒုတိယ ဥက္ကဌက ပြောသည်။

ရုရှားသို့ ပုံမှန်တင်ပို့နိုင်ရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေနှင့် ငါးတန်များတိုးချဲ့မွေးမြူသွားကြရန် စီစဉ်လျက် ရှိရာ မွေးမြူကာလအနေဖြင့် ၁၀ လအချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှရှားနိုင်ငံမှ လိုအပ်သော ပမာဏပြည့်မီနိုင်ရေးအတွက် မတ်လဆန်းမှ စတင်ကာ ယခုမွေးမြူမည့် ငါးတန်များ ကန်ဖော်မည့် ၁၀ လမတိုင်ခင် အချိန်ထိ ပြည်တွင်းဈေးကွက်အတွင်း ငါးတန်ရောင်းချမှုကို ကန့်သတ်သွားတော့မည် ဖြစ်ကြောင်း ရန်ကုန် သီရိမင်္ဂလာဈေး ငါးဒိုင်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းငါးထုတ်လုပ်မှု ကျဆင်းလျက်ရှိနေပြီး ငါးစားသုံးမှု ဖူလုံရေးကို အနည်းငယ်ထိခိုက်နေ သည်ဟု ကြားသိရသည်။ ယခုအခါ အခြေခံလူတန်းစားများ အများဆုံးစားသုံးလျှက်ရှိသော ငါးတန်များကို တန်ချိန် အမြောက်အမြားတင်ပို့ပါက ပြည်တွင်းဈေးကွက်အတွင်း ဈေးအဆမတန် မြင့်တက်လာနိုင်ပြီး အခြေခံလူတန်းစားများ အတွက် ငါးစားသုံးမှုကို ထိခိုက်လာနိုင်ကြောင်း သီရိမင်္ဂလာ ငါးဈေးမှ ငါးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“ငါးတန်က အသားများပြီး ဈေးသက်သာတော့ ဆင်းရဲသားတွေ တော်တော်များများ စားကြတာများတယ်။ ငါးမြစ်ချင်းထက် ငါးတန်ကိုပိုပြီးစားကြတယ်။ ငါးမြစ်ချင်းက ဈေးနည်းနည်းပိုတဲ့အပြင် အရိုးများတော့ အသားများတဲ့ငါးတန်ကိုပိုစားကြတယ်” ဟု သိရိမင်္ဂလာဈေးရှိ ငါးလုပ်ငန်းရှင်တဦးက ပြောသည်။

လက်ရှိ ငါးဈေးမှာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးရံ့၊ ငါးခူအပါအ၀င် အနိမ့်ဆုံး တပိဿာလျင် ကျပ် ၂၅၀၀ ဈေးရှိပြီး၊ အမြင့်ဆုံးမှာ တပိဿာလျင် ကျပ် ၄၅၀၀ ထိဈေးရှိကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်က ငါးဈေးမှာ အမြင့်ဆုံးတပိဿာလျင် ကျပ် ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး အနိမ့်ဆုံး ၁၅၀၀ သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သား၊ ၀က်သား၊ ဆိတ်သား စသည့် အသားဈေးများကြီးမြင့်လျက်ရှိသောကြောင့် အခြေခံလူတန်းစား အများစုမှာ ဈေးသက်သာသောငါးကိုပင် အသားအစား စားသုံးနေကြရသည်။ ဈေးသက်သာသော ပင်လယ်ငါးအပါအ၀င် မွေးမြူရေးငါးများကို စားသုံးသူများမှာ မြန်မာတနိုင်ငံလုံးရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန ဈေးကွက်စစ်တမ်းအရ သိရသည်။

လက်ရှိပြည်တွင်း ငါးထုတ်လုပ်မှုမှာ ဖောက်ပြန်လျှက်ရှိသောရာ သီဥတုအခြေအနေ၊ မြင့်တက်လာသော အစာဈေးနှုန်းများ နှင့် အထွေထွေစရိတ်စကများကြောင့် ကျဆင်းလျက်ရှိကြောင်းသိရသည်။ ငါးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်အနေနှင့်မူ လွန်ခဲ့သော သုံးနှစ်ခန့်နှင့်နှိုင်းယှဉ်ပါက နှစ်ဆခန့် မြင့်တက်လာသဖြင့် ငါးမွေးမြူရေးလုပ်ငန်းရှင် များက လျှော့မွေးလာကြကြောင်း ငါးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်တဦးက ပြောကြားသည်။

“တဧက ထုတ်လုပ်မှုကုန်ကျစရိတ်က ၂၀၀၅ ခုမှာ ကျပ် ၂၅ သိန်းလောက်ပဲ ကုန်ပေမယ့် ခုချိန်မှာ ၄၅ သိန်း လောက်ဖြစ် သွားပြီ။ အရင်းအနှီးမတတ်နိုင်ကြတော့ ငါးမွေးသူတွေကလည်း လျှော့မွေးလာကြတယ်။ ငါးကန်တွေ ထုတ်လုပ်မှု ကျဆင်း ကုန်မှာတော့တွက်လို့ရတယ်။ ၂၀၀၅ နဲ့ ၂၀၀၇ ဆိုရင် မွေးမြူနှုန်း ထက်ဝက်လျော့သွားတယ်၊ ၂၀၀၈ မှာလည်း ထွက်နှုန်း တိုးလာဖို့ မမြင်ဘူး” ဟု ၎င်းကဆိုသည်။

ကုန်းတွင်းအင်းအိုင်များမှ ငါးထုတ်လုပ်မှုမှာလည်း ယခင်သုံးနှစ်ကာလထက် ကျဆင်းသွားသည်ကို တွေ့မြင်ရ ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ငါးလုပ်ငန်းဦးစီးဋ္ဌာန၏ စာရင်းများအရ လွန်ခဲ့သော ၂၀၀၇ ဒီဇင်ဘာလအတွင်း အင်းအိုင်ငါးလုပ်ငန်းများမှ ထုတ်လုပ်မှုသည် စုစုပေါင်း ပိဿာချိန် ၄၅ သိန်းခန့်ရှိသည်ကိုတွေ့ရပြီး ၂၀၀၆ ဒီဇင်ဘာလက ထုတ်လုပ်ခဲ့သော ပမာဏမှာ ပိသာချိန် ၅၆ သိန်းရှိသည်ကို တွေ့ရသည်။

၂၀၀၇ ခုနှစ်တွင် ပြည်တွင်းရှိ နေရာဒေသအတော်များများ၌ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ငါးမွေးမြူကန် ဧကပေါင်း ၁၇၀၀၀ ကျော် ရေလွှမ်းခံခဲ့ရသဖြင့် အင်းအိုင်များမှ ငါးအမြောက်အမြား ဆုံးရှုံးခဲ့ရကြောင်း အဆိုပါဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးကန်စုစုပေါင်း ၂၁၄၃၅၁ ဧကရှိပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းမှ ဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဋ္ဌာန၏ စာရင်းများအရ သိရသည်။ ငါးမွေးမြူရေးကန်များ၏ လက်ရှိထုတ်လုပ်နိုင်မှုမှာ တဧကလျှင် ပိဿာချိန် ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်တွင် ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၃ သန်းရရှိခဲ့ပြီး ယခုနှစ်အတွက် သန်း ၁၂၀ ကျော်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊။

မြန်မာ့ရေထွက်ပစည်းများကို တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နှစ်စဉ် တင်ပို့နေရကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက် ပစ္စည်းတင်ပို့နိုင်ရန်အတွက် ပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း ၁၃၅ ရုံရှိပြီး ၃၅ ရုံမှာ အီးယူဈေးကွက်သို့ တင်ပို့ခွင့်ရခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ သိရသည်။

Read More......
Template by : kendhin x-template.blogspot.com