Friday, March 28, 2008

ကမ်းရိုးတန်းဒေသသွား ပထမဆုံးပုဂ္ဂလိက သင်္ဘောလိုင်း ပြေးဆွဲမည်

via ပြည်တွင်းသတင်း on 3/28/08

ကမ်းရိုးတန်းဒေသများဖြစ်သောမြိတ်၊ ကော့သောင်းဒေသများသို့သင်္ဘောဖြင့်သွားရောက်လိုသော"ခရီးသည်များအတွက်လက်မှတ်များကို မဲနှိုက်ဝယ်ယူစရာမလိုဘဲဦးရာလူစနစ်ဖြင့်ရောင်းချပေးသွားမည့် ပုဂ္ဂလိကသင်္ဘောလိုင်းတစ်ခုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ MIN TUN Treading မှပြေးဆွဲ"မည့်ယင်းသင်္ဘောတွင်ရိုးရိုးတန်း၊အထူးတန်းဟူ၍ခွဲခြားထားပြီး ၂ယောက်ခန်း၊၄ယောက်ခန်း၊ ၆ယောက်"ခန်း၊ ၈ယောက်ခန်းဟူ၍အသီးသီးပါရှိကြောင်းသိရသည်။ ရန်ကုန်မှမြိတ်သို့အထူးတန်း ဖြင့်သွားရောက်"လိုသူများအတွက် တစ်ယောက်လျှင် ၅၀၀၀၀ ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၇၀၀၀၀ ကျပ်သတ်"မှတ်ထားသကဲ့သို့ မြိတ်မှကော့သောင်းအတွက် ၃၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း Min Tun မှ မခင်"သင်းမော်ကပြောသည်။ ရန်ကုန်မှမြိတ်သို့ရိုးရိုးတန်းဖြင့်သွားရောက်လိုသူများအတွက် တစ်ယောက်လျှင်"၃၅၀၀၀ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၅၀၀၀၀ကျပ်သတ်မှတ်ထားကြောင်း၊မြိတ်မှကော့သောင်း"အတွက် ၁၇၀၀၀ကျပ်သတ်မှတ်ထားကြောင်း မခင်သင်းမော်ကဆက်လက်ပြောသည်။ ယင်းခရီးစဉ်တွင်"လိုက်ပါလိုသောကလေးငယ်များအတွက် ၃ နှစ်မှ ၁၀နှစ်အထက်ကလေးများကို သတ်မှတ်နှုန်းထားတစ်"ဝက်သာပေးရမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းခရီးစဉ်တွင် ခရီးသည် ၄၂၈ ဦးလိုက်ပါနိုင်ပြီး မြန်"မာ့ကြယ်ငါးပွင့်မှသင်္ဘောဖြင့်ယခု ၂၇ ရက်မှစတင်၍ အပတ်စဉ်ပုံမှန်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရ"သည်ဟု ၂၀၀၈ခုနှစ်မတ်လ၂၇ရက်နေ့ထုတ်7Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


0 comments:

Template by : kendhin x-template.blogspot.com