Sunday, March 16, 2008

သူယောင်မယ် ပင်

ဗုဒ္ဓဝင်ပုံပြင်၊ ဂမ္ဗီရ ဇတ်လမ်းတွေမှာ ဇော်ဂျီတွေက သူယောင်မယ်ပင် က (မိန်းမပျိုအသွင်ရှိတဲ့) သူယောင်သီးတွေကို သူတို့ရဲ့ ဆေးတောင်ဝှေးနဲ့ တို့ပြီး ပျော်ပါးကြတယ် လို့ ဖတ်ရ ကြားရတော့ သူယောင်ပင်ဆိုတာ တကယ်ရှိရဲ့လား။ သူယောင်သီးက ဘယ်လိုပုံသွင်ရှိသလဲ ဆိုတာ အတွေးပွားမိပါတယ်။ (ဇော်ဂျီလဲ အရမ်းဖြစ်ချင်တာပေါ့။)

အောက်ကပုံကတော့ Google Groups တစ်ခုကရတာပဲ။ ထိုင်းနိုင်ငံ Petchabun Province က သူယောင်မယ်ပင်လို့ ပြောတာပဲ။ သတင်းစာ၊ TV ထဲမှာလဲ မတွေ့မိပါ။ တစ်ယောက်ယောက်က နောက်တာပဲလို့ ထင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူယောင်ပင် က သူယောင်သီး ဆိုတာ ဒီလိုပုံစံ ဖြစ်နိုင်ပါလား လို့ မြင်ယောင်ကြည့်နိုင်တာပေါ့။

ต้นนารีผล ....ที่จ.เพชรบรูณ์



0 comments:

Template by : kendhin x-template.blogspot.com