Tuesday, July 10, 2007

ဆယ်လီနီယံ သတ္တုဓါတ် နေ့စဉ်စားသုံးလျှင် HIV ပိုးတားဆီးနိုင်

Posted May 7th, 2007 by myway in

Saturday, 5 May 2007, 23:24 GMT 00:24 UK BBC

နေ့စဉ် ဆယ်လီနီယံ အားဖြည့်ဓါတ်များကို သုံးစွဲခြင်းအားဖြင့် HIV ဝေဒနာရှင်များ၏ သွေးထဲတွင် HIV ပိုးများကြီးထွား လာမှုကို တားဆီးပေးနိုင်ကြောင်း သုတေသနပြုလုပ်ချက် တစ်ရပ် တင်ပြ ခဲ့သည်။

Selenium suppdemet များကို ကိုးလကြာ သုံးစွဲခဲ့သော လူနာများတွင် HIV-viral load များလျော့ကျလာသည်ကို တွေ့ရကြောင်း အိုင်ယာယီ တက္ကသိုလ် သုတေသီများက တင်ပြခဲ့သည်။ HIV ဝေဒနာရှင်များတွင် ဆယ်လီနီယမ် ချို့တဲ့မှုများ တွေ့ရှိခဲ့ရကြောင်း ၊ အဆိုပါ သတ္တုဓါတ်သည် ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးတက်စေနိုင်ကြောင်း သက်သေအထောက်အထားများ ရှိသည် ဟု ဆိုသည်။

အဆိုပါ အားဖြည့်ဓါတ်သည် ဈေးသက်သာပြီး HIV ရောဂါများကို ထိန်းထားရာတွင် အစွမ်းဆုံး နည်းလမ်း ပင်ဖြစ်ကြောင်း The Archives of Internal Medicine လေ့လာချက် အရသိရသည်။

Andiredroviral Therapy ART ကုထုံးသည် HIV ဝေဒနာရှင်များ အတွက် သက်တမ်းပို၍ ရှည်အောင် ပြုလုပ် ပေးနိုင် သည်။ သို့သော်လည်း HIV viral များလျော့ကျစေရေးအတွက် ထိန်းသိမ်း ထားနိုင်ရန် ART ကုထုံးကို ကြပ်ကြပ်မတ် မတ် လိုက်နာဆောင်ရွက်ရသည်။ ပြီး ဘေးထွက်ဆိုးကျိုးများလည်းရှိသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များက HIV ပိုး ထိန်းထားနိုင်ရန် အခြားနည်းလမ်းများ ကုထုံးများကို ရှာကြံခဲ့ရသည်။

မီယာမီ တက္ကသိုလ်မှ သုတေသီများ အဖွဲ့တစ်ဖွဲ့က HIV ဝေဒနာရှင် ၉၁ ဦးကို ဆယ်လီနီယမ် yeast တဆေးများ မြင့်မားစွာ ပါဝင်သည်။မိုက်ကရိုဂရမ် ၂၀၀ ပါဝင်သော ဆေးတောင့်များကို နေ့စဉ် ပေးခဲ့ပြီး အခြားသော ဝေဒနာရှင် ၈၃ဦး ကိုမူ အခြားအာနိသင်မရှိသော ဆေးများကို ၉လ အကြာတွင်မူ ဆယ်လီနီယမ်သတ္တုဓါတ် သုံးစွဲသူ ဝေဒနာရှင်များ ၌ ဆယ်လီနီယမ်ဓါတ်များ မြင့်မားစွာ ပါဝင်နေသည်ကို တွေ့ရသည်။

အဆိုပါ ဆယ်လီနီယမ် များစွာရှိနေသော လူနာ များ၏ သွေးတွင် HIV viral load များလျော့ပါး နေပြီး CD 4 ဆဲလ်အရေအတွက် ပို၍များပြား လာနိုင်သည်။ ဤကဲ့သို့ လက္ခဏာများသည် HIV ရောဂါ တိုက်ဖျက်ရေးတွင် အဓိက အခန်းကဏ္ဏမှ ပါဝင်နေသည်။ သို့သော်လည်း ဆယ်လီနီ ယမ် က HIV ပိုးကို အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ တိကျသော လုပ်ဆောင်မှုကိုမူ မသိရသေးကြောင်း သိပ္ပံ ပညာရှင်များက ပြောသည်။

0 comments:

Template by : kendhin x-template.blogspot.com