Thursday, July 19, 2007

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ချက်

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းသည် ပို့ကုန်ပိုင်းတွင် ရေထွက်ပစ္စည်း၊ သစ် တာထွက်ပစ္စည်း နှင့် အခြားစွန့်ပစ်ပစ္စည်းများ တင်ပို့ပြီးသွင်းကုန်ပိုင်းတွင် လုပ်ငန်းသုံးပစ္စည်း နှင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သည့်စခန်းဖြစ်သည်။

၂၀၀၇ ခုနှစ် မေလတွင် ပို့ကုန်တန်ဖိုးကျပ်သိန်းပေါင်း ၆၄၀၀၀ ကျော်တင်ပို့ပြီး သွင်းကုန်တန်ဘိုး ကျပ်သိန်းပေါင်း ၅၅၀၀၀ ကျော်တင်သွင်းခြင်းကြောင့် ကုန်သွယ်မှုပမာဏ ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ခန့် ဆောင်ရွက်နိုင်ခဲ့သည်။၂၀၀၇ ခုနှစ် ဧပြီလတွင် ပို့ကုန်တန်ဖိုး ကျပ်သိန်းပေါင်း ၂၀၆၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုး ကျပ်သိန်းပေါင်း ၁၆၅၀၀ ခန့်တင်သွင်းနိုင်ခြင်းကြောင့် ကုန်သွယ်မှုပမာဏ ကျပ်သိန်းပေါင်း ၃၇၀၀၀ ကျော်ဆောင် ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် မေလတွင် ဧပြီလထက် ကုန်သွယ်မှုပမာဏ ကျပ်သိန်းပေါင်း ၈၃၀၀၀ ခန့် ပိုမိုတိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။

ထိုသို့ မေလတွင် ကုန်သွယ်မှုပမာဏ တိုးတက်ရခြင်းမှာ ဧပြီလတွင် နှစ်နိုင်ငံ မဟာသင်္ကြန်ရေသဘင် ပွဲတော်ရက်များနှင့် တိုက်ဆိုင်သွား၍ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်မှုနားထားခဲ့သဖြင့် မေလတွင် တိုးတက်ခဲ့ ခြင်းဖြစ်သည်။

Sourceး မြိတ် (နကသ)
စိုးလှိုင် (DOBT-MIRT- YGN)

0 comments:

Template by : kendhin x-template.blogspot.com