Monday, July 9, 2007

ဂမ္ဗီရ - ရေငန်ပိုင်

ခွင့်ယူထားသောရက်ဖြစ်၍ အတွေ့အကြုံရရန်သာဟန်တို့ ငါးဖမ်း လှေဖြင့် ကျွန်တော် လိုက်ပါခဲ့သည်။ ငါးသလောက်ဖမ်းသော လှေဖြစ်သည်။ သိမ်ဇရပ်ကျေးရွာမှ စစ်တောင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး စစ်တောင်းမြစ်ဝရှိ ရန်ကုန်ပေါက်ရွာ မီးပြတိုက်ဘက်အထိ ငါးသလောက်ပိုက် ချကြသည်။ သာဟန်တို့လှေသည် လှေသမားသုံးဦး(ဧည်သည် ကျွန်တော်ပါ ဆို လူငါးဦး) ပါသောလှေဖြစ်၍ အတော်ကြီးသည်။ စားအိုးစားခွက် အပြည့်အစုံ ဆေးဝါးအပြည့်အစုံ ပါသည်။ ပိုက်ဓားပြများရန်ကို ဟန့်တားခုခံ ရန် ငှက်ကြီးတောင်ဓားလည်း ကိုယ်စီပါသည်။ စစ်တောင်းမြစ်တွင် ငါးသလောက်တက်ပုံက ထူးဆန်းသည် ရေထရက်ကိုလိုက်၍ စစ်တောင်းမြို့ ဟောင်းကိုလိုက်၍ ငါးရချိန်၊မုပ္ပလင်၊စွပ္ပနူး၊ကော့ထင်တို့၌ အချိန်ကာလကွဲပြား သည်။ ဥပမာ စစ်တောင်းမြို့ဟောင်းနှင့် သိမ်ဇရပ်ကျေးရွာတို့တွင် မရမ်းသီး ကင်းချိန်၌ ငါးသလောက်အတက်ဆုံး ဖြစ်သည်။ ငါးသလောက်အများဆုံး ဖမ်းမိချိန်မှာ စစ်တောင်းမြို့ဟောင်းရှိ ကျိုက္ကလွန်ပွန်းစေတီဘုရားပွဲ ကျင်းပသည့် တပို့တွဲလတွင် ဖြစ်သည်။ ငါးသလောက်များ ဘုရားဖူးချိန်ဟု ဒေသခံတို့က ပြောစမှတ်ပြုကြသည်။ ငါးသလောက်လောကတွင် စစ်တောင်း ငါးသလောက်သည် နာမည်ကြီးသည်။ မယားဆံတောက်၊ငါး ငါးသလောက် ဟု ဆိုရိုးပြုကြသည်။ စစ်တောင်းငါးသလောက်သည် ရန်ကုန်ငါးသလောက် လို အနံ့မပြင်း၊အဆီမများ၊ကင်စား၍ ကောင်းသည်။ ပေါင်းစား၍ ကောင်း သည်။ တပေါင်လတွင်တက်သော ဇတ်နီဟု ခေါ်သော ငါးသလောက်မှာမူ ရန်ကုန်ငါးသလောက်လို အဆီများသည်။ အနံ့ကတော့ မပြင်း၊စား၍ အရသာ ရှိသည်။ စစ်တောင်းငါးသလောက်ပေါင်းသည် ကျော်ကြားသော ဟင်းမည်တ မျိုး ဖြစ်သည်။
သာဟန်က ငါးဖမ်းသက် ဝါရင့်သလို စစ်တောင်းမြစ် ဗဟုသုတ စုံသည်။ စကားပြောကောင်းသည်။ ကျွန်တော်က သာဟန်တို့ ငါးဖမ်းလှေတွင် လိုက်ရင်း သိလိုသမျှကိုမေး၍ မှတ်သားရသည်။
''ပြောစမ်းပါဦး သာဟန်၊စစ်တောင်းမြစ်နဲ့ပက်သက်ပြီး မင်းတို့ရေ လုပ်သားတွေ ယုံကြည်မှုကို''
သာဟန်က ရေနွေးကြမ်းတခွက်ကို ငှဲ့သောက်ရင်း ပြောသည်။
''တို့စစ်တောင်းမြစ်မှာက ပိုင်ရာဆိုင်ရာတွေ တော်တော်များတယ် ကွ''
''ပြောစမ်းပါဦး သာဟန်''
စစ်တောင်းမြစ်မှာ တံတားခြောက်ကုန်း ရှိတယ်။ အဲဒီမှာ စစ် တောင်းမြစ် အနောက်ဘက်ကမ်းက သုံးကုန်းက မင်းသိတဲ့အတိုင်းပဲ ရေထဲမှာ မရှိတော့ဘူး။ သောင်းထွန်းနေပြီး။ သုံးကုန်းကတော့ ရေထဲမှာပေါ့။ အဲဒီမှာ တံတားအရှေ့ဘက်တိုင်တွေကို စောင့်ရှောက်တဲ့ပုဂ္ဂိုလ်နဲ့ အနောက်ဘက်တံ တားတိုင်တွေကို ရှောက်တဲ့ ပုဂ္ဂိုလ်ချင်း မတူဘူး။ တံတားအနောက် ဘက်ကမ်းမှာ ဘဲဥနဲ့ တင်မြှောက်ပသရတယ်။ တံတားအရှေ့ဘက်ခြမ်းက တံ တားတိုင်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကိုတော့ အရက်နဲ့ တင်မြှောက်ပသ ရတယ်။ အနောက်ဘက်ကမ်းက တံတားတိုင်ကို စောင့်ရှောက်တဲ့ပုဂ္ဂိုလ်က ကုလားလို့ ပြောကြတယ်။ စစ်တောင်းတံတားကြီးဆောက်စဉ်က ကျသေပြီး အစောင့်ဖြစ်နေတာလို့ ပြောတယ်။ စစ်တောင်းတံတား အရှေ့ဘက်တံတားတိုင် ကနေ စစ်တောင်းမြို့ဟောင်း အောက်ဘက်အထိ စောင့်ရှောက်တဲ့ပုဂ္ဂိုလ်က တော့ မြင့်စိုးတဲ့ကွ၊သူက စစ်တောင်းတံတားအောက်မှာ ပိုက်ကွန်ငြိတာကို ဆင်းဖော်ပြီး ရေနစ်သေတာ။ စစ်တောင်းမြစ်ဝဘက်မှာ ရှောက်တဲ့ ပုဂ္ဂိုလ်က စောရန်နိုင်တဲ့။ သူက လက်ဝှေ့သမား၊လှေမှောက်ပြီး သေတာ။ စော ရန်နိုင်ကို ငါးသလောက်မီးကင်ပြီး အရက်နဲ့ ပသရတယ်။ ငါးအရနည်းလို့ ငါးသလောက်မီးကင်ပြီး စောရန်နိုင်ကို ပသလိုက်ရင် ငါးကတော့ဖွေးခနဲ့။ ဖွေးခနဲ့ပဲမောင်။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့အချုပ်က ဦးထွန်လွင်တဲ့။ ဦးထွန်လွင်က ခရွဲလက်ပံသားလို့ ဆိုတယ်။ ဦးထွန်လွင်လူဘဝမှာ ရေနစ်သေတော့ လှေတွေ နဲ့ စစ်တောင်းမြစ်ထဲမှာ ပိုက်ဝိုင်းပြီးအလောင်ကို ရှာတယ်။
အဲဒီအချိန်မှာ ဦးထွန်လွင်အလောင်ဟာ စစ်တောင်းမြစ်လယ်မှာ ဘွားခနဲ့မတ်တပ်ကြီး ပေါ်လာတယ်။ နောက်တော့ ရေထဲပြန်မြုပ်သွားတယ်။ အလောင်ကိုဆယ်လို့ မရဘူး။ အဲဒီအချိန်ကတည်းက ဦးထွန်လွင်ကို တို့ရေ လုပ်သားတွေ ပူဇော်ပသကြတာ၊နတ်ပင့်သည်တွေရဲ့ ပြောစကားအရဆိုရင် စစ်တောင်းမြစ်မှာ ရေငန်ပိုင်ဦးရှင်ကြီးပြီးရင် ပါဝါအရှိဆုံးပဲ။ မင်တို့ အဘိုးဆို ပြီး ပသတဲ့ပုဂ္ဂိုလ်က ဦးထွန်လွင်ကိုပဲလား၊မအူပင်ဘက်မှာတော့ အဘိုးနတ် ဟာ မွန်ဘုရင် သုရှင်တကာရွတ်ပိလို့ခေါ်တယ် တို့စစ်တောင်းမြစ်က အဘိုးက တော့ ဦးရှင်ကြီးနဲ့ သူလက်ထောက် ဦးထွန်လွင်ပဲ။
' အဘိုးကို မင်းတို့ဘယ်လိုပသကြသလဲ'
' အရက်နဲ့ပဲ ပသတယ်၊အရောစးက်တစ်ခွက်တင်ပြီး အဘိုးခင်ဗျာ၊ အဘိုးမလိုအပ်တဲ့ ငါးအိုနာကျိုးကန်းလေးများ သားတိုကိုပေးသနာပါလို့ ပြော ရတယ် '
' ဟ...ဟ၊ဘာဖြစ်လို့ အိုနာကျိုးကန်းတောင်ရတာလဲ၊ တောင်း မယ့်တောင်းရင် ဝေလငါးလိုအကောင်ကြီးတွေတောင်းပေါ့၊ '
' ဖွဖွ အဘိုးခင်ဗျာ၊အမိုက်မဲကို ခွင့်လွတ်ပါ။ ဟေ့ကောင်မဟုတ် မဟတ်တွေ မပြောနဲ့ '
သာဟန်က အဘိုးကိုတောင်းပန်စကားပြောရင်း ကျွန်တော်ကို လှမ်းဟန့်သည်။ ကျွန်တော်လည်း မျက်လုံးပြူးသွားသည်။
' ဘာဖြစ်လို့လဲ သာဟန်၊ '
' မင်းပြောသလို ပြောလို့ ငါသူငယ်ချင်း စိုးမောင်တို့လှေ အကြီး အကျယ်ပြသနာ တက်ခဲ့ဘူးတယ် '
' ပြောပါအုံးသာဟန်၊ '
' စိုးမောင်တို့လှေ ငါးဖမ်းထွက်တော့ လှေထဲမှာမင်းလိုပဲ လေ့လာချင်လို့ လိုက်လာတဲ့၊ စစ်တောင်းစက္ကူစက်က အရာရှိငယ်တယောက် လိုက်လာတယ်၊ သူက ခေတ်ပညာတက်ဆိုတော့ ရေလုပ်တွေယုံကြည်စွဲလမ်း မှုတွေကို လက်မခံဘူးပေါ့ကွာ၊ စိုးမောင်က အဘိုးကိုအရက်တင်မြောက်ပြီး အဘိုးခင်ဗျာ အဘိုးမလိုအပ် အိုးနာကျိုးကမ်းများ သားတို့အတွက်ပေးသနား ပါလို့ တောင်းတော့၊ အဲဒီ အရာရှိပေါက်စကလည်း အရက်တစ်ခွက်နဲ့ အဘိုး ကိုပသပြီး အဘိုးခင်ဗျာ၊ သားကိုတော့ အိုးနာကျိုးကန်းငါး မပေးပါနဲ့၊ သုံး တန်လောက်လေးတဲ့ ငါးကြီးကြီးတကောင်လောက် ပေးပါလို့ တောင်သတဲ့။ အချိန်က ညရှစ်နာရီလောက်ရှိပြီ၊ အဲဒီအချိန်မှာ ငါးကြီးတကောင် ပေါ်လာ တာ အတောင်နှစ်ဆယ်လောက်ရှိသတဲ့၊ မျက်လုံးတွေက ထမင်းစားပန်းကန်း ပြားလောက် ရှိတယ်။ အရောင်ကလည်း နီနီရဲပြီးတောက်ပနေတယ်လို့ ဆိုတယ်။ စိုးမောင်တို့လည်း လန့် ဖြန့် ပြီး ၊ '' အဘိုးခင်ဗျာ အမိုက်အမဲတွေ ကို ဗွေမယူပါနဲ့ လို့ တောင်းပန်ပြီး လှေကို လှော်ပြေးလာရတယ်။ ငါးဆို တစ်ကောင်မှ မရခဲ့ဘူး။ အဲဒီ အရာရောစှးိလည်း ဘယ်တော့မှ ငါးဖမ်းမလိုက်ရဲတော့ ဘူး။
အမှန်ဝန်ခံရလျှင် ကျွန်တော်သည် သာဟန်ပြောစကားကြားလိုက် ၌ အလွန်ထိတ်လန့်သွားမိသည်။ ညကလည်း ကိုးနာရီကျော်ပြီး နေရာကျောက်ကလပ်ရွာ တည်တည်လောက်မှာ၊ ကျောက်ကလပ်ရွာတွင်စံပယ် သည့် ဖောင်တော်ဦးရုပ်ပွားတော်ကို မှန်းဆ၍ ရှစ်ခိုးသည်။ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းသည်။ နမောတေဂါထာကို ထပ်သလဲလဲရွတ်ပွား သည်၊ သာဟန်တို့လှေက ငါးသလောက်သုံးပိသာလောက်ပဲ ရသေးသဖြင့်၊ ဘယ်လိုမဆို ကော့သေးလောက်အထိ စုန်ဆင်းဦးမည်ထင်သည်။ ငါးအရ လိုက်လျှင် မိုးလင်းသွားနိုင်သည်။ သာဟန်ပြောခဲ့သော အတောင်နှစ်ဆယ် လောက်ငါးကြီးက စိတ်ကိုခြောက်လှန့်နေသည်။ စိတ်ပြေလက်ပျောက်အဖြစ် နမောတေဂါထာကို ရွတ်ဆိုရင်း မြစ်0x150ှာပိုင်းရှိ စစ်တောင်းတံတားကြီးဘက်သို့ ငေးမောကြည့်လိုက်သည်။ မှောင်ပျပျတွင် စစ်တောင်းမြစ်ရေအတွင်း တွေရ သော မြင်ကွင်းကြောင့် ကျွန်တော့ရင်ထဲ ဒိန်းခနဲ့ မြည်းသည်။ ပါးစပ်မှလည်း လန့်ဖျပ်အော်မိသည်။
'' သာ သာဟန်၊ တို့လှေနောက်ကို ငါးကြီးတစ်ကောင်လိုက်လာ တယ်၊ ''
'' ဟင် ဘယ်မှာလဲ ဘယ်မှာလဲ ''
သာဟန်နှင့်ကျန်လူများပါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်၊ ဓား ဆွဲသူဆွဲ ဖြစ်ကုန်သည်။ သာဟန်ကပြောသည်
'' လှညွန် လှေကို ထိန်းထားပေးစမ်း၊ ငါ့ကိုလက်နှိပ်ဓားမီး ''
သာဟန်က ငါးတောင့်ထိုးလက်နှပ်ဓာတ်မီးကိုယူပြီး လှေနောက်မှ လိုက်လာသောငါးကြီးကို ထိုးကြည့်သည်။
'' ကပ်လာရင်တော့ မထူဘူး လှ0x150ွန်မှိန်းနဲ့ပစ်ထိုးကွာ ''
လှ0x150ွန်က အောင်တင့်ကို လှေထိန်းခိုင်းသည်။ သူက မှိန်းကို အသင့်ကိုင်သည်။ စိုရင်က ငှက်ကြီးတောင်ဓားကို ကိုင်ထားသည်။ ကျွန်တော် ကတော့ ဘာလုပ်ရမှန်းကိုမသိ။ သာဟန်တို့ လှုပ်ရှားပုံကို ရင်တထိပ်ထိပ်ဖြင့် ကြည့်နေရသည်။ သာဟန်က လက်နှပ်ဓာတ်မီးကိုဆက်တိုက် ထိုးထားသည်။
'' လာပုံက ငြမ်နေတယ် လှ0x150ွန်၊ ငါးမဖြစ်နိုင်ဘူး၊ရေစီးအတိုင် မျောလာတာ ''
'' ဘာဖြစ်မလဲ သေသေချာချာ ကြည့်ပါဦး ''
'' ငါးကြီးမဟုတ်တာတော့ သေချာတယ်၊ အောင်တင့် လှေလည် ကွာ၊ အဲဒီ မျောလာတဲ့ပစ္စည်းနေရာကိုလှော် ''
အောင်တင့်က လှေကိုလည့်ပြီးလှော်သည်၊ သာဟန်က ဓာတ်မီး ထိုးထားဆဲ၊ လှ0x150ွန်က မှိန်းကိုအသင့်ကိုင်ထားသည်။ ကျွန်တော်ကတော့ သူ တို့လှုပ်ရှားပုံကို မျက်တောင်မခတ် ကြည့်နေသည်။ ရင်ထဲမှာတော့တဒိန်းဒိန်း သာဟန် အသံထွက်လာသည်။
'' ဟ... ကော်တာပဲ၊ သစ်တုံးကြီးကွ၊ လှ0x150ွန် မှိန်းကိုကြိုးချည်း ပြီး သစ်လုံးမှာ မှိန်းခိုင်အောင်ထိုး ''
လှ0x150ွန်ကမှိန်းရိုးတွင် ကြိုးချည်သည်။ ထို့နောက် သစ်လုံးနောက် ဖြားကို မှိန်းဖြင့် အားကုန်ဆောင်ထိုးသည်။ အောင်တင့်ကလှေကို ပြန်လှည့်ပြီး သစ်တုံးနောက်လှေကို မျှောလိုက်သွားသည်။ လှ0x150ွန်က ပြောသည်။
'' ရေထဲဆင်းပြီး သစ်လုံးမှာ ကြိုးချည်မလား ''
'' မလုပ်နဲ့လှ0x150ွန် မှိန်းချက်ခိုင်ရင်ပြီးတာပဲ၊ ညဆိုတော့ သစ်လုံး မှာ မြွေရှိမရှိ မသိနိုင်ဘူး၊ ရေမြောသစ်မှာ မြွေပါတက်တယ်။ ''
သာဟန်က အမြော်အမြင်ကြီးစွာပြောသည်။ ကျွန်တော်ရင်လည်း
ငြိမ်အေးသွားသည်။
'' ကဲ အောင်တင့် လှေပြန်လှည့်ကွာ၊ သစ်လုံးဆွဲပြီးပြန်မယ်၊ သည်ညငါးဖမ်းဖို့ မလိုတော့ဘူး။ ကျွန်တုံးဆိုရင်တော့ သစ်တောဌာနကိုအပ် ပြီး ပိုက်ဆံတောင်းမယ်။ တခြားသစ်သားဆိုရင်တော့ တို့အတွက်ပေါ့ ''
လှေကိုပြန်လှည့်ပြီး သစ်တုံးကိုဆွဲလာခဲ့သည်၊သိမ်ဇရပ်ဆိပ်ကမ်း ရောက်တော့ ညဆယ်နာရောစီးခွဲကျော်ပြီး မနက်မိုးလင်း၍ကြည့်တော့ သုံးတန်ခန့် လေးသည့် သစ်ကတိုး တုံးကြီး ဖြစ်နေသည်။အရိုင်တုံးရောင်းဈေးပင်နှစ်သိန်း ခွဲလောက်ရသည်။ သာဟန်ကပြောသည် အဘိုးကစိတ်ချရတယ်၊ ငါမပေးနိုင် ရင်တော့ သစ်တုံးတော့ပေးသေးတယ် ။


ညောင်ခါးရှည် မှိုင်းဝေ

0 comments:

Template by : kendhin x-template.blogspot.com