Wednesday, December 19, 2007


ဂျပန်သိပ္ပံပညာရှင်များက ကြောင်ကိုမကြောက်သော ကြွက်များဖြစ်လာစေရန် မျိုးဗီဇပြုပြင်ဖန်တီးမှုအောင်မြင်ခဲ့ပြီး အကြောက်အလန့်ကင်းသော ကြွက်များ ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ ယခုဖန်တီးနိုင်မှုမှတစ်ဆင့် နောင်အခါတွင် နို့တိုက်သတ္တဝါများ၏ဗီဇစိတ်အရ ကြောက်တတ်မှုကို မျိုးဗီဇပြုပြင်ခြင်းဖြင့် ဖန်တီးနိုင်တော့မည်ဟု မျှော်လင့်နေကြကြောင်းလည်း သိရသည်။
Ref : Weekly Eleven Journal

ကြွက်က ကြောင်ကိုကြောက်ခြင်းသည် အတွေ့အကြုံအရဖြစ်ပေါ်လာသည့် ကိစ္စမဟုတ်ဘဲ မျိုးဗီဇသဘာဝကပင် ကြောက်တတ်ခြင်းဖြစ်သည်ဟု တိုကျိုတက်ကသိုလ်မှ သိပ္ပံပညာရှင်များကဆိုသည်။ ကြွက်များကို မျိုးဗီဇပြုပြင်ကာ ကြောင်များအနီးသို့ ချဉ်းကပ်စေသောအခါတွင် အကြောက်အလန့်မရှိသည့် အပြင် ကြောင်များနှင့်ဆော့ကစား၍ပင်နေကြောင်း တွေ့ရှိခဲ့ရသည်။ သို့ရာတွင် စမ်းသပ်မှု၌ပါဝင်ခဲ့သော ကြောင်များမှာ ကြွက်ခုတ်ရမှန်းမသိတော့သည့် အိမ်မွေးအလှကြောင်များဖြစ်သည်ဟုသိရသည်။ Ref: AP

0 comments:

Template by : kendhin x-template.blogspot.com