Monday, December 3, 2007

အာရှစီးပွားရေးနဲ့ ပတ်သက်တဲ့ ADB အစီရင်ခံစာ


အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အစီရင်ခံစာအရ အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နေတဲ့ ငွေကြေးကမောက်ကမရဲ့ ရိုက်ခတ်မှုကို ခံရဖွယ်မရှိဘူးလို့ သိရပါတယ်။ အရင်ခန့်မှန်းထားတဲ့ ၇.၆ ရာခိုင်နှုန်းထက် ပိုပြီး ၈.၃ ရာခိုင်နှုန်းထိ တိုးတက်လာ နိုင်တယ်လို့တောင် ADB က ဆိုပါတယ်။ ဒီလိုတိုးမြှင့်ခန့်မှန်းရတာကတော့ အိန္ဒိယနဲ့ တရုတ်တို့ဟာ စီးပွားရေးလုပ်ငန်းတွေကို အမြန်တိုးချဲ့လုပ်ကိုင်နေကြလို့ ဖြစ်ပါတယ်။ ဗီယက်နမ်အစရှိတဲ့ နိုင်ငံတွေဟာလည်း အလားတူ တွန်းထိုးလုပ်ကိုင်နေကြပါတယ်။

ADB ရဲ့ အယူအဆအရ အာရှတိုက်တွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ သောကပွားစရာ င်္ပြံနာအကြီးဆုံးတစ်ရပ်ကတော့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေးမှုမဟုတ်ဘဲ စီးပွားရေး လုပ်ငန်းတွေ အရမ်းတိုးချဲ့တွန်းထိုးလုပ်ကိုင်ကြလို့ Overheating ဖြစ်ပြီး ငွေဖောင်းပွလာတာပဲ ဖြစ်ပါတယ်။ ADB ရဲ့ ပြောခွင့်ရှိသူတစ်ဦးက 'အမေရိကန်ပြည် ထောင်စုဟာ ငွေကြေးကမောက်ကမကို အကြောင်းပြုပြီး စီးပွားရေးကျဆင်းသွားမယ် လို့တော့ မထင်ပါဘူး။ တကယ်လို့ ကျဆင်းသွားရင်တော့ အာရှစီးပွားရေးဟာ လာမယ့် နှစ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ အလွန်ဆုံးထိခိုက်နိုင်မှာ ဖြစ်တယ်' တဲ့။ ဒါ့ပြင် ဒေသ အတွင်းရှိအစိုးရတွေနဲ့ စီးပွားရေးကုမဍ္ဎဏီတွေအတွက် ငွေချေးယူတဲ့စရိတ် မြင့်တက်လာမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငွေချေးရတာ ခက်ခဲလာမှာဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Template by : kendhin x-template.blogspot.com