Sunday, December 2, 2007

ဒေါင်းစုတ်(ဘွတ်ကလုံ)ငှက်များ ရှား ပါး


ဒေသခံများက ဒေါင်းစုတ်ငှက်ဟု ခေါ်ဝေါ်လေ့ရှိသော မြန်မာငှက်(ဘွတ်ကလုံ)တစ်မျိုးမှာ ထိုင်းနိုင်ငံ မှအကြိုက်တွေ့ကာ ဈေးကောင်းပေး ဝယ်ယူလာမှုများကြောင့်အလွန်ရှား ပါးလာကြောင်းသိရသည်။
ဒေါင်းစုတ်ငှက်(ဘွတ်ကလုံ)မှာမြန်မာ ငှက်တစ်မျိုးဖြစ်ရာထိုငှက်၏ အော်သံ မှာလည်းသာယာ၍ထိုင်းနိုင်ငံ၌အသံ သာယာမှုပြိုင်ပွဲများ၊အလှမွေးခြင်းများ၊ ကံကောင်းခြင်းများအတွက်ဟု ယူဆ ကြပြီးဝယ်ယူ ကြကြောင်းသိရသည်။ ၁၉၉၈ခုနှစ်နောက်ပိုင်းတွင်ထိုင်းနိုင်ငံမှ ဝယ်ယူလာကြရာ ဒေါင်းစုတ်ငှက်ဖမ်း ဆီး၍ သွားရောက်ရောင်းချခြင်းများ ခေတ်စား လာခဲ့ကြောင်း သိရသည်။ ဈေးကောင်းရလာ၍ ဒေါင်းစုတ်ငှက် ဖမ်းဆီးပို့ဆောင်သူများ ပေါများလာ ရာကျေးရွာဝန်းကျင်များအထိ လိုက်လံဝယ်ယူမှုများ ပြုလုပ်လာခဲ့သလို မြိတ်မြို့ပေါ်သို့ ကျေးရွာများ မှလာရောက်ရောင်းချခြင်းများလည်း ပြုလုပ်ခဲ့ကြပြီး ကော့သောင်းမြို့မှတစ်ဆင့် ရနောင်းမြို့သို့ တင် ပို့ရောင်းချခဲ့ကြသည်ဟုဆိုသည်။
Ref: Weekly Eleven Journal

အခုဆိုရင် ဒေါင်းစုတ်ငှက်ဝယ်သမားတွေဟာ ကော့သောင်းနဲ့ မြိတ် မြို့တွေမှာ ဝယ်လို့မရကြတော့ ထားဝယ်ဘက်ကို သွားဝယ်နေကြပြီး ထားဝယ်ဘက်မှာလည်း နောက်ပိုင်းတဖြည်းဖြည်း ရှားပါးလာနေတဲ့အတွက် ရေးမြို့ဘက်အထိလှည့်လာနိုင်တယ်လို့ ဒေသခံ တစ်ဦးမှရှင်းပြခဲ့သည်။ ဒေါင်းစုတ်ငှက်များကို မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအ ပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးအတွက် ကာကွယ်တားဆီးထားရာ တာဝန် ရှိသူများမှ ဖမ်းဆီးအရေးယူမှုများကို ကြပ်မတ်၍လုပ်ဆောင်နေရကြောင်း သိရသည်။ ဖမ်းဆီးအ ရေးယူမှုတွေ ကိုမကြာခဏပြုလုပ်နေပေမဲ့ နည်းပေါင်းစုံနဲ့ ထိုင်းနိုင်ငံဘက်ကိုရောက် ရောက်သွား တော့ကြာလာရင် မျိုးတုံးသွားတဲ့အခြေအနေအထိ ကြုံတွေ့သွားနိုင်တယ်လို့ ဒေသခံများက သုံးသပ် ပြောကြားလျက်ရှိသည်။ ဒေါင်းစုတ်ငှက်များမှာ အုပ်စုလိုက်နေထိုင်တတ်ကြပြီး တစ်အုပ်စုလျှင် အ ကောင်၅ဝဝမှ၈ဝဝအထိရှိတတ်၍ သားပေါက်ရာသီအချိန်ကျရောက် လျှင်မူ စုံတွဲအလိုက် ဥဥပြီးစမှ သားပေါက်ချိန်အထိတစ်သီးတခြားစီ သွားရောက်နေထိုင်လေ့ရှိကြောင်းသိ ရသည်။ ဒေါင်းစုတ်ငှက် များတွင် ငှက်ဘုရင်လည်းရှိသေးရာ ထိုငှက်ဘုရင်ကိုရရှိပါက ထိုင်းနိုင်ငံဘက်မှ တစ်ကောင်လျှင် ဘတ်၁ဝဝဝဝဝအထိ ပေးကြောင်းသိရသည်။ ဒေါင်းစုတ်ငှက်ဘုရင်မှာ တစ်ကိုယ်လုံးအဖြ ရောင်ရှိ ပြီးအသံမှာလည်း အလွန်သာယာ၍ ငှက်ဘုရင်အော်မြည်ပါက ကျန်ဒေါင်းစုတ်ငှက်များမှာ အသံမ ထွက်တော့ဘဲ ငှက်ဘုရင်အဖြစ် အသိအမှတ်ပြုကြကြောင်း သိရသည်။ ဒေါင်းစုတ်ငှက်ဘုရင်မှာ အ လွန်တရာရှားပါး၍ အကောင် ၈ဝဝနီးပါးမျှပါဝင်သော အုပ်စုကို တစ်အုပ်စုအတိုင်းရေတွက်သော် ထို အုပ်စုပေါင်း၎ဝကျော်မှသာ တစ်ကောင်တလေမျှသာ တွေ့ရတတ်ကြောင်း သိရသည်။ ယခုလိုပွင့် လင်းရာသီများတွင် ထိုင်းနိုင်ငံဘက်မှ ပိုမို၍ဝယ်ယူကြပြီး ထိုနိုင်ငံရှိမြို့ကြီးများ တွင်အသံသာပြိုင်ပွဲ များကျင်းပပေးချိန်ဖြစ်ကြောင်းသိရသည်။ အင်ဒိုနီးရှား၊ အိန္ဒိယစသောနိုင်ငံများမှလည်း ဒေါင်းစုတ်(ဘွတ်ကလုံ)ငှက်များ လာရောက်ဝယ်ယူတတ်ကြရာ ငှက်ဈေးနှုန်းများမှာ အလွန်ကောင်း ကြောင်း၊ ဒေါင်းစုတ်ငှက် အလွန်ရှားပါးနေချိန်ဖြစ်ရာ တစ်ကောင်ပျမ်းမျှ ဈေးနှုန်းမှာ ထားဝယ်၌ ကျပ် ၆၅ဝဝ ဝန်းကျင်ရှိပြီး မြိတ်မြို့၌ ကျပ်၈၅ဝဝ အထိရှိနေကြောင်းသိရသည်။
ဇော်မိုးဦး (မြိတ်) .

0 comments:

Template by : kendhin x-template.blogspot.com