Saturday, December 8, 2007

ကဏန်းပျော့ မွေးမြူမှု ပိုမို တွင်ကျယ်လာဖွယ်ရှိ

ရေထွက်ကုန်များထဲမှ အမြင့် ဈေးရရှိနေသော ရေငန်ပုစွန်ကျား ထက် ကဏန်းပျော့ဈေးမှာ ပိုမိုမြင့် တက်လာပြီး ကဏန်းပျော့ဈေးကွက် ရှေ့အလားအလာမှာလည်း ကောင်း မွန်နေသည့်အတွက် ကဏန်းပျော့ မွေးမြူမှုမှာ တွင်ကျယ်လာဖွယ်ရှိ သည်ဟုမွေးမြရြေးလုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။
Ref : Weekly Eleven Journal

ရေငန်ပုစွန်ကျားမှာ လက်ရှိအ ချိန်တွင်အကောင် ၅ဝ ပါတစ်ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဝန်းကျင်သာပေါက်ဈေးရှိ ပြီး ကဏန်းပျော့မှာမူတစ်ကီလိုဂရမ် လျှင် ငါးဒေါ်လာမှ ခြောက်ဒေါ်လာ ကြားပေါက်ဈေးဖြစ်လျက်ရှိပြီးရေငန် ပုစွန်ကျား ဈေးအား ကျော်တက်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ ``ကဏန်းပျော့ဈေးဟာ အခုဆို ရင် ဈေးကောင်းပါတယ်ဆိုတဲ့ရေငန် ပုစွန်ကျားဈေးကိုကျော်တက်သွားပြီ။ ဒီတော့မွေးမြရြေးလုပ်ငန်းရှင်အချို့ ကလည်း ကဏန်းပျော့ဘက်ကို ပို စိတ်ဝင်စားလာကြတဲ့အတွက်ကဏန်း ပျော့မွေးတဲ့လုပ်ငန်းဟာဧရာဝတီတိုင်း နဲ့ရန်ကုန်တိုင်းတွေမှာတွင်ကျယ်လာ နိုင်ပါတယ်´´ဟု ကဏန်းပြည်ပတင် ပို့သူလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ မြန်မာနိုင်ငံတွင် ကဏန်းပျော့ အား မြိတ်ဒေသတွင် မွေးမြကြာ ပြည်ပသို့တင်ပို့လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ကျောက်တန်း ၌လည်းစတင်မွေးမြနြေပြီဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဧရာဝတီ တိုင်းအတွင်းရှိ ပုစွန်မွေးမြရြေးလုပ် ငန်းရှင်အချို့မှာလည်း ၎င်းတို့၏ လက်ရှိပုစွန်မွေးမြနြေသည့် ဧရိယာ အတွင်းကဏန်းပျော့ကိုပါထည့်သွင်း မွေးမြရြန်စီစဉ်နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ကဏန်းပျော့များ ကို ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ ထိုင်းနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်းနှင့် တင်ပို့သည့်အခါတွင် အခွံမာကဏန်းကဲ့သို့ အရှင်တင်ပို့ ခြင်းမဟုတ်ဘဲ၊ အေးခဲ၍တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Template by : kendhin x-template.blogspot.com