[** မြိတ်နယ် ပြည့်ဖြိုးထွန်းကုမ္ပဏီ ကျောက်ငါးစခန်း သို့ မိချမ်းဝေ ရဲ့ လေ့လာရေးခရီး ဆောင်းပါးကို ပြန်ကူးယူဖော်ပြထားတာပါ။ **]
ဝါ၊ နီ၊ ပြာ ဆေးသားလှလှချယ်ထားသော ရေယာဉ်သည် ကျန်းမာသန်စွမ်း လှပတင့်တယ်သော မိန်းမပျိုကလေးတယောက်၏ လှပကျော့ရှင်းမှုမျိုးဖြင့် ရေပြင်ထက်တွင် ႟ုန်းဆန့်ပြေးလွှားနေသည်။
ပြည်ဖြိုးထွန်းကုမ္ပဏီပိုင် P.P.T အမှတ်အသားပါ ယင်းစက်လှေသည် ကျွန်မတို့ ပင်လယ်ချစ်သူများကို တင်ဆောင်က မြိတ်ကျွန်းစု မော်တုန်းကြီး ကျေး႟ွာအနီး ကျောက်ငါးမွေးမြရြေးကန်များဆီသို့ ဦးတည်ခုတ်မောင်းနေသည်။
ကျွန်မက ရေမကူးတတ်ပေမယ့် ပင်လယ်ရေလမ်းခရီး သွားလာမှုကို မက်မောနှစ်ခြိုက်လှ၏။ ကျွန်မ မြိတ်တွင် တာဝန်ထမ်းဆောင်နေသည့် နှစ်ကာလတွေအတွင်း မြိတ်မှ မော်လမြိုင်၊ မြိတ်မှ ရန်ကုန်၊ မြိတ်မှ ကော့သောင်း စက်လှေများဖြင့် ရေလမ်းခရီးကို အခေါက်ခေါက်အခါခါ သွားခဲ့ရသည်။ လှိုင်းလေ၊ မုန်တိုင်းတို့နှင့် တခေါက်မဟုတ် တခေါက် ကြုံနေကျ။ ကြံတိုင်းလည်း မူးဝေ အော့အန် ကျွမ်းပြန်ဇောက်ထိုး အမူးမူးအမောမော ကြောက်႟ွံ့ခြင်းကြီးစွာ ခံစားရသည်။ ထိုသို့ ကြံတွေ့ပြီးတိုင်း နောင်တရ နောင်ကျဉ်းခြင်းမရှိ။ နောက်တဖန် ထိုခရီးမျိုးကြုံပါက မငြင်းမဆန် လိုက်ပါသည်ချည်းပင်။ ထိုသို့သွားရင်းနှင့်ပင် ရေလမ်းခရီးနှင့် ကျွန်မ အသားကျလာသည်။
[ Ref : Org Post - http://myanmarserver.com/Literary/lit0019/ ၂ဝဝ၃ ခုနှစ် ဇူလိုင်လမှာ နေရီရီစာအုပ် အမှတ် (၈) အဖြစ် ထုတ်ဝေတဲ့ ‘ပျိုးခင်းကိုဝင်နှင့် စာရေးသူစိတ်ကြိုက်’ စာအုပ်မှ]
ယခုလို ကောင်းကင်လည်းပြာ၊ ရေလွှာသင်ဖြူးခင်းနေသည့် အနေအထားဆိုလျှင်တော့ လှေစီးသည့်အရသာကို ဘာနှင့်မှမလဲချင်။ လှေသည် ရေဆန်ကို ထိုးခွဲနေပါက ဆန့်ကျင်ဘက်အရပ်မှလာသော လေကို ႟ှူရသည်မှာ အမောအပန်းပြေလျက် အားအင်ပြည့်ဖြိုးသလို ခံစားရလေ၏။
အလျားနှစ်ဆယ့်ငါးပေ အနံဆယ့်ရှစ်ပေ ဒေါ်လာတသောင်းနှစ်ထောင်တန် P.P.T စက်လှေပေါ်မှာတော့ လုပ်ငန်းရှင်သူဌေး ဦးလှသန်း၊ နယ်စပ်ကုန်သွယ်ရေး ဒု-ညွှန်မှုး ဦးသန်းထိုက်၊ မြိတ် စာနယ်ဇင်းအတွင်းရေးမှုး ဦးမြင့်သိမ်း (တက်ကသိုလ်ကိုလတ်)၊ ဆရာကျော်ရင်မြင့် (ဓနမဂ္ဂဇင်း) နှင့် ကျွန်မတို့ စီးနင်းလိုက်ပါလာကြ၏။ P.P.T သည် ကော့မွေကျွန်းစေတီ၊ ကုလားကျွန်း ကျွန်းတန်းရှည်နောက်မှ ခပ်နိမ့်နိမ့် ပြင်ထပ်အော်၊ သင်္ဃန်းအော်တို့ကို အလျားလိုက် ဖြတ်ကူးလာသည်။ လူမနေ၊ ငှက်မနား၊ လိပ်ငါးမခိုသည့် ကျွန်းဆင်းရဲကလေး ဘေးမှဖြတ်တော့ သဲတန်း၊ ကျောက်ဆောင်၊ ႟ွက်ခြောက်ပင်ကိုင်းအချို့ ထိုးထောင်နေသော ကျွန်းဆင်းရဲကို စာဖွဲ့သည့် ကဗျာဆရာ အမ်ဇွန်အောင်ကို အမှတ်ရသွားမိသည်။
ယခုလည်း တက်ကသိုလ်ကိုလတ်က ကျွန်းဆင်းရဲနှင့်ပတ်သက်ပြီး လတ်တလော ကဗျာစပ်ကာ ကျွန်မကို ကမ်းပေးသည်။ သူ့ကဗျာစာသားများကိုတော့ ကျွန်မ အလွတ်မရတော့ပါ။ လူမနေ၊ ငှက်မနား၊ လိပ်ငါးမခို အထီးကျန်လှပေမယ့် ကျွန်းဆင်းရဲကလေးကတော့ မေတ္တာဓာတ်အပြည့်နှင့် ဖြတ်သန်းသွားလာသူတို့ကို နားပါလှည့်၊ ခိုပါလှည့်ဟု ခေါ်ငင်နေသည့် သိင်္ဂါရ ရသ ကဗျာကလေးတပုဒ်။
ကျွန်မကတော့ ကျွန်းဆင်းရဲကို ကျွန်းဆင်းရဲလို့ပဲ မြင်သည်။ သဲခုံမို့မို့၊ ကျောက်ဆောင်တန်းတန်း၊ မစိမ်းစို မလန်းဆန်းသည့် ပင်ခြောက်တချို့ ငူတူတူ ငေါင်စင်းစင်း အမူအရာ၊ ထို လူမနေ ငှက်မနား လိပ်ငါးမခို အထီးကျန်နေခြင်းသည်သာ ကျွန်းဆင်းရဲ၏ ပင်ကိုသဘာဝအလှ။ သူ့သဘာဝနှင့် ပင်လယ်ပြင်ကို လှသည်ထက်လှအောင် စွမ်းဆောင်ကူဖြည့်ပေးနေသည်ဟု ကျွန်မထင်သည်။ မြိတ်ကျွန်းစု ရေပြင်မှာတော့ ကျွန်းဆင်းရဲမပါလျှင် လှပပြည့်စုံမည်မဟုတ်။
နှစ်နာရီခန့် ခုတ်မောင်းလိုက်တော့ မော်တုန်းကြီး႟ွာကို မြင်နေရပြီ။ ႟ွာရှေ့ မနီးမဝေးမှာတော့ ဦးလှသန်းရဲ့ ကျောက်ငါးမွေးမြရြေးစခန်း။ ကျွန်မ ရင်ခုန်သံ နည်းနည်း မြန်လာသည်။
လွန်ခဲ့သည့် လေးနှစ်တာကာလ ကျွန်မ ‘ကမာရင်ကွဲ’ စာအုပ်အတွက် မြိတ်ဒေသသို့ ပြန်လည်ကွင်းဆင်းစဉ်က အဆင်မသင့်သည့်အတွက် ကျောက်ငါးစခန်းသို့ ရောက်ခွင့်မကြုံဘဲ ပြန်သွားခဲ့ရ၏။ သို့ပေမယ့် မြိတ်မြို့ပေါ် ရေပုန်းရပ်ကွက်ရှိ ကျောက်ငါးမွေးမြရြေးကန်တွေဆီတော့ ကျွန်မ ရောက်ဖြစ်သည်။ ကျောက်ငါးကို ပင်လယ်ရေနှင့် မွေးတာချင်းတူတူ မြို့ပေါ်နှင့် ပင်လယ် လုပ်နည်းလုပ်ဟန် ကွဲပြားမှုတွေကိုတော့ ကျွန်မ လေ့လာသွားခဲ့သည်။
‘ကမာရင်ကွဲ’ ဝတ္ထုတိုပေါင်းချုပ်ထွက်ပြီး သီဟရတနာစာပေအတွက် ‘အလွမ်းပင်ဆင့် ကျွမ်းရင်နင့်’ ပင်လယ်ကျွန်းတောင်နောက်ခံ ဝတ္ထုရှည် (လုံးချင်း) တအုပ် ကျွန်မ ရေးဖြစ်သည်။ ဇာတ်ကို ပင်လယ်ကျွန်းတောင်ကြားမှ ချထားသော ကျောက်ငါးကန်မှာ သိမ်းထားသည်။ ကျွန်မ ဇာတ်ကောင် ‘သီတ’ က အစပထမတော့ ကျွဲကူး႟ွာ ရေခူဒိုင် အလုပ်သမား၊ ကုမ္ပဏီသူဌေးသမီးနှင့် ရည်ငံပြီးမှ မိဘတွေကြောင့်ကွဲကာ သီတမှာ ပင်လယ်႟ွာသို့ရောက် ပင်လယ်႟ွာသူနှင့် အိမ်ထောင်ကျ၊ ကျားပါးစပ်လုပ်ငန်းထဲ ရောက်သွားတော့၏။ မိန်းမက သစ္စာမဲ့စွာ ဖောက်ပြားတော့ မီးလောင်မှုနှင့် ထောင်ကျ၊ ထောင်မှထွက်တော့ လူတောထဲ မနေလိုသည်နှင့် လူသူမနီး ကျောက်ငါးစခန်းမှာ အလုပ်သွားလုပ်နေသည်။ ထိုမှာတွင်မှ ကွဲကွာသွားသောငယ်ချစ်က ရှယ်ရာဝင်မည့် လုပ်ငန်းရှင်တယောက်အနေနှင့် ပြန်လာကာ ထိုကျောက်ငါးကန်တွင် ချစ်သူနှစ်ဦး ပြန်ဆုံကြသည်။
ကျွန်မ မရောက်ဖူးဘဲ စိတ်မှန်းနှင့်ရေးလိုက်သော ကျောက်ငါးကန်သို့ ယခုရောက်နေပြီဖြစ်ရာ ကျွန်မသည် အကြီးအကျယ် စိတ်လှုပ်ရှားနေတော့သည်။ ကျွန်မစိတ်ကူးထဲက ထင်မြင်မှုတွေနှင့် အပြင်မြင်ကွင်း တထပ်တည်းကျ၊ မကျ။ ကျွန်မရေးသေားခဲ့မှုတွေ ရှေ့နောက် ဆီလျှော်ညီညွတ်မှု ရှိ၊ မရှိ။ P.P.T စက်လှေ ကျောက်ငါးဖောင်မှာ ကပ်တော့ ကျွန်မ တက်ကြွ႟ွှင်လန်းစွာ ဖြတ်လတ်သွက်လက်နေသည်။
'ဖြည်းဖြည်း၊ ဖြည်းဖြည်း ဆရာမကို တွဲကြဦးဟေ့'
လုပ်ငန်းရှင် ဦးလှသန်း၏ အသံဝါဝါကြီးက ဟိန်းထွက်လာသည်။ အမျိုးသမီးဟူ၍ ကျွန်မတယောက်တည်းပါသဖြင့် ဝိုင်းဝန်း ဂ႟ုစိုက်ကြဟန်တူ။ ဖောင်နှင့် ကန်တွေက တွဲလျက်။ ဖောင်ပေါ်မှ အမိုးအကာပါသည့် အဆောက်အအုံတခု။ ကျောက် ငါးမွေးကန် ပေါင်း ၄၃ဝ ကျော်က တပြန့်တပြော၊ ကန်များရဲ့ ဟိုမှာဘက်မှာ ဟောင်ကောင် ကျောက်ငါးဝယ် သင်္ဘောကြီးတစင်း ဆိုက်ကပ်ထားသည်ကို မြင်ရ၏။ အဆီးအတားမဲ့နေသော်လည်း ပင်လယ်လေသည် နော့နော့ပြေပြေသာ တိုက်နေသည်။ ဖောင်အိမ်ပြတင်းပေါက်များမှာတော့ ကျွန်မရဲ့ ‘အလွမ်းပင်ဆင့်’ ဝတ္ထုထဲမှာလို အပြာရောင်ခန်းဆီးစလွင်လွင် တပ်ဆင်ထားခြင်း မရှိပါ။
ကျွန်မသည် လှလှပပ ဇာတ်လိုက်ကောင်မလေး ‘မေမွန်းခိုင်’ ကို ပင်လယ် ကျောက်ငါးကန်ဆီ မညၟာမတာ တွန်းပို့ခဲ့မိသည်။ ခွင့်လွှတ်ပါတော့ မိန်းကလေးရယ်၊ ကိုယ်ရက်စက်ခဲ့မိတယ်။ သူမကတော့ သူမ ချစ်သူရှိရာ အရောက်လာသူဆိုတော့ ထိုနေ့က မေမွန်းခိုင်သည် စိတ်လှုပ်ရှားစွာ ရင်ခုန်နေပေလိမ့်မည်။
ကျွန်မ ဇာတ်ကောင် ‘သီတ’ (ကိုယ်စားပြု) ဖောင်ကန်လုပ်သားတွေတော့ ဟိုမှာသည်မှာ အလုပ်များနေကြသည်။ ထိုနေ့က ဂျပန်က ပြန်ရောက်လာသည့် သီတချစ်သူ မေမွန်းခိုင်သည် သူမ ဆေင်းနေကျ ဦးထုပ်ပြားကြီးကို ဆောင်းထား၏။
'ဟောင်ကောင်သင်္ဘောထဲ ကျောက်ငါးချမယ်။ ဆရာတို့ ကြည့်ကြမလား'
ကြည့်မှာပေါ့။ ကြည့်ဖို့လာသည့်ဥစ္စာ။ ကျွန်မမှာ ဦးထုပ်ပြားကြီး ပါမလာပေမယ့် ပဝါလေးတပိုင်းတော့ပါသည်။ စူးရဲတောက်ပလာသော နေရောင်ခြည်မှ ကာကွယ်ရန် ကျွန်မပဝါကို ခေါင်းမှာအုပ်လျှက် မေးမှာ သိုင်းချည်လိုက်သည်။
ခြေတဖဝါးချစာ ဖောင်ကန်နှုတ်ခမ်းပေါ် ဆင်းလိုက်တော့ ထိပ်ခနဲ ရင်တုန်သွားသည်။ ပင်လယ်ရေပြင်ထက် ပေါလောပေါ်အောင် ပြုပြင်ထားသည်မို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း မြဲမြံခိုင်မာမှုမရှိ၊ ႟ုန်းကြွလှုပ်ခါနေ၏။ ဆင်းပြီးမှတော့ ရပ်နေလို့မရ ဆက်လျှောက်၊ ဆက်လျှောက်၊ အလုပ်သမားတွေရဲ့ လက်များ ဆင့်ကမ်းရောက်လာသည်။
"ဘာမှ မကြောက်နဲ့ ဆရာမ၊ ကျွန်တော်တို့ နင်းတဲ့လမ်းအတိုင်းသာ ရဲရဲနင်း"
ဆရာတက်ကသိုလ်ကိုလတ်တို့၊ ဆရာကျော်ရင်မြင့်တို့ကို ကြည့်လိုက်တော့ အမယ် သူတို့က အိနြေ္ဒမပျက်။ အညာသား ဆရာကျော်ရင်မြင့်တောင် မကြောက်လျှင် ကျွန်မ ဘာကိုကြောက်နေရမှာတုန်း။ လောဘတကြီး ဓာတ်ပုံတွေ လိုက်႟ိုက်နေသော ဆရာကျော်ရင်မြင့်ကို ကျွန်မ ကြားအောင် အော်ပြောနေမိသည်။’
'ငါးကန်တွေချည်း ႟ိုက်မနေနဲ့ လူကိုလည်းပါအောင် ႟ိုက်ဦးနော်'
'စိတ်ချ၊ စိတ်ချ'
ပင်လယ်ပြင် ကျောက်ငါးမွေးမြရြေးလုပ်ငန်းကို ၁၉၉၆ ခုနှစ်မှစ၍ Pyi Phyo Tun International Co., Ltd မှ မန်နေဂျင်းဒါ႟ိုက်တာ ဒေါက်တာလွင်အောင်နှင့် ဦးလှသန်းတို့က အကောင်အထည်ဖော် မွေးမြှူခဲ့ခြင်းဖြစ်သည်။ ကန်၏အ႟ွယ်အစားမှာ အလျား ၁ဝ ပေ၊ အနံ ၁ဝ ပေ၊ အနက် ၁၂ ပေတွင် တလက်မခွဲ ပိုက်ကွက်များနှင့် ငါးများဝင်ထွက်လို့မရအောင် တည်ဆောက်ထား၏။ ပိုက်ကန်များကို ဖော့တုံးများ၊ ဖော့ဘောကြီးများ၊ သစ်သားပေါင်ကြီးများဖြင့် ဖွဲ့စည်းထားသည်။
မွေးမြူရန် ဝယ်ယူသော ကျောက်ငါးအ႟ွယ်အစားမှာ အငယ်ဆုံးလေး လက်မအ႟ွယ်ဖြစ်ပြီး။ မွေးကန်ထဲ ၁၄ လ ထည့်ထားပါက ၁ဝ လက်မ၊ ၁၂ လက်မ အ႟ွယ် ရောင်းတန်းဝင် ပြည်ပအဝယ်တော်များအကြိုက် ဖြစ်လာသည်။ ငါးများ ကျန်းမာသန်စွမ်းရန်နှင့် ပုံမှန်ကြီးထွားမှုရှိစေရန် ဒေသခံရေနှင့် ပတ်ဝန်းကျင်အပြင် အစာကြေးမွေးမှုအပေါ် မူတည်သည်။ ပါကေးငါး (ဝါးလတ်ငါး) များကို တနေ့ နှစ်ကြိမ်ကျွေးရသည်။ ငယ်သည့်ငါးကို ကြီးသည့်ငါးက စားပစ်သည့် သဘာဝကြောင့် အ႟ွယ်မတူသည့် ငါးများကို သီးခြားမွေးရသည်။
ကျောက်ငါးမွေးမြရြာတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝအန္ဒရာယ်များကြောင့် ဆုံး႟ှုံးမှုများ ဖြစ်တတ်သည်။ ရာသီဥတု ပြောင်းလဲမှုတည်၍ ဖြစ်ပေါ်လာနိုင်သည့် ရေပူရေအေးစီးကြောင်း၊ ရေအောက်သတ္တဝါဖျံများ၊ အခြားငါးကြီးများ ပိုက်ကန်ကိုက်ဖောက် ဖျက်ဆီးခြင်း စသည့် ဆုံး႟ှုံးမှုများ ဖြစ်ပေါ်တတ်သည်။ လုံခြုံမှုအတွက် အောက်စီဂျင်ဗူးများ တပ်ဆင်ထားသော ရေငုပ်ကရိယာများ အသုံးပြုကာ လုံခြုံရေးကို ဂ႟ုစိုက်ကြရသည်။
ကျွန်မတို့ မြင်တွေ့နေရသော ပိုက်ကန်များထဲမှာတော့ ကျောက်ငါးပေါက်ကလေးတွေ စားသုံးသည့်အ႟ွယ် အတိုင်သေးသည့် ကျောက်ငါးပေါက်များကို ရောင်းမှာဆိုတော့ ကျွန်မတို့အားလုံး စိတ်ဝင်စားနေကြ၏ စားသုံးသည့် အ႟ွယ်က တဈေး။ သားပေါက်အ႟ွယ်က တဈေး၊ သူတို့ပြည်မှာ သားဖောက်ဖို့ မအောင်မြင်သေးသေ႟ွ့ ကျွန်မတို့ဆီမှာ ဒေါ်လာတွေ ရနေရမည့်အဖြစ်။
'ဆရာတို့၊ ဆရာမတို့ သင်္ဘောကြီးပေါ် တက်ကြဦးမလား'
'တက်မယ်၊ တက်မယ်'
ဖြေသံထဲမှာ ကျွန်မအသံ အကျယ်ဆုံးဖြစ်မည်ထင်သည်။ တက်မယ်သာ ပြောသည်။ သင်္ဘောကြီးမော်ကြည့်၍ ကျွန်မခေါင်းတော့ နည်းနည်းစားသွားသည်။ ကိုး႟ိုးကားယားတော့ ဖြစ်တော့မယ်ထင်ပါရဲ့။
'ဟေ့ ကောင်တွေ၊ ဆရာမတက်လို့ရအောင် ဖော့တုံးတွေ ပြေးယူကြစမ်း၊ နှစ်တုံးလောက်ပြေးယူ'
ဦးလှသန်းရဲ့ အမိန့်ပေးသံအဆုံးမှာ ဖောင်ပတ်လမ်းအတိုင်း နိမ့်တုံမြင်တုံ ပြေးသွားကြသည်မှာ အသည်းအေးစရာ မကြာမီ ဖော့တုံးကြီးနှစ်တုံး ရောက်လာတော့ ကျွန်မအတွက် အဆင်ပြေသွား၏။
ဝါးဘိုးဝါးရှည်ဖြင့် ဖောင်ကန်ရဲ့ ပိုက်တဖက်စကိုလျှို၍ အတွင်းဘက်သို့ တိုးသွားတော့ ကန်ကျဉ်းသွားကာ ကျောက်ငါးတွေကို ခပ်ရန်အဆင့်သင့်။ ခွက်ဖြင့် ခပ်ယူလာသော ကျောက်ငါးတွေ နှစ်ယောက်လက် နှစ်ယောက်ကမ်းလျက် ကီလိုချိန်ပေါ်ရောက်လာတော့ အလေးချိန်အော်သူကအော်၊ စာရင်းမှတ်သူမှတ်၊ ဂဏန်းပေါင်းစက် နှိပ်သူနှိပ်၊ မြူးမြူးကြွကြွ သွက်သွက်လက်လက် ဆူဆူညံညံ ဖြစ်နေတော့သည်။ ကီလိုချိန်ပြီးသား ငါးတွေကို သင်္ဘောဝမ်းထဲ ထည့်ကြသည်။
'ဒါက သင်္ဘောနားထားစဉ် ရေဟောင်းရေသစ် လဲလှယ်လည်ပတ်တဲ့စနစ်နဲ့ ပင်လယ်ရေ မပြတ်အောင် လုပ်ထားတာပါ။ ဒီစနစ်က သင်္ဘောရပ်နားထားစဉ်မှာသာ သုံးမှာလေ၊ ပင်လယ်ထဲ ခုတ်မောင်းချိန်ကျတော့ ပင်လယ်ရေ အလိုအလျှောက် ဝင်ထွက်နိုင်တဲ့ ဆို့ပေါက်တွေနဲ့ စီစဉ်ထားပါတယ်။
ဦးလှသန်းက ဆို့ပေါက်တွေကိုပြ၍ အသေအချာ လေ့လာကြ၏။
'ဒီလိုနဲ့ တနှစ်ကို ဟောင်ကောင်က ခုနှစ်ခေါက်လောက် လာဝယ်ကြတယ်။ ရောင်းတော့ F0B စနစ်နဲ့ပါပဲ။ အလှမွေးငါးတွေလည်း ကျွန်တော် စမ်းသပ် မွေးထားသေးတယ်။ သူတို့စိတ်ဝင်စားရင် ရောင်းမယ်ပေါ့။ ဒီကပြီးရင် လုပ်ငန်းကို ချောင်းသာဘက်တိုးချဲ့ဖို့ အစီအစဉ်ရှိတယ်။ အဲဒီမှာ ငါးတောက်တူ အနီနဲ့ အနက် နှစ်မျိုးတည်းက အနီက တကီလို ၁၂-၁၃ ဒေါ်လာ ရနိုင်တယ်
ဦးလှသန်း၏ အနာဂတ်မျှော်စင် လှိုင်းလုံးတွေကြား ကျွန်မတို့ မြုပ်ချည်ပေါ်ချည်။ ဓေါ်လာငှက်များသည် တောင်ပံတဖျတ်ဖျတ် ရမ်းခါလျက် အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာနေသည်။ အဖိုးတန် ရေအောက်သယံဇာတတွေ ပေးဝေနေသော ပင်လယ်ပြင်ကြီးကို လွမ်းမောချစ်ကြင်စိတ် အပြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။
'ကဲ ဧည့်သည်တွေ ဆာနေရောပေါ့။ တခုခု စားရအောင်"
တခုခုဆိုသော်လည်း ဖောင်အိမ်ပေါ်မှာ ပြင်ဆင်ထားသည်မှာ တခုကမပါ။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အသီးအ႟ွက်နှင့် အသားအစိမ်းကြော်၊ ကြက်သားအကြွတ်ကြော်၊ ကင်းပွန်သုတ်၊ ယိုးဒယားဟင်းချိုတို့နှင့် ထမင်းကို ကြိုက်ရာတွဲဖက် စားသုံးနိုင်သည်။ အချိုရည်ဗူးတွေကလည်း အလျှံပယ်။ ကျွန်မသည် အလွမ်းပင်ဆင့် ဝတ္ထုကလေးကို အထူပင် လွမ်းမိသွားပြန်သည်။ ထိုဝတ္ထုထဲတွင် ဖောင်အိမ်ပေါ်မှ ထမင်းဝိုင်းကလေးကို ဘဝဲ၊ ကင်းမွန်၊ ရေခူ စသော ပင်လယ်စာတွေနှင့် ကျွန်မ စီစဉ်ရေးသားခဲ့သည်။ ယခုတော့ ကျွန်မတို့ ဖောင်အိမ်ပေါ်မှာ ပင်လယ်စာတွေ စားနေကြရပြီ။ တခါတရံ စိတ်ကူးအိပ်မက်တို့သည် ဆုံဆည်းတိုက်ဆိုင် နေကြပြန်သည်။
ကြေညာဘုတ်ပြားပေါ်မှာတော့ စည်းကမ်းချက်တွေကို တန်းစီရေးထား၏။
၁။ ညအချိန် လှေ၊ စက်၊ ဖောင်ကို ဂျူတီသမား မျှောရန်။
၂။ စက်ဖောင်ကို သတ်မှတ်ထားသောနေရာတွင် ထားရန်။
၃။ သတ်မှတ်နေရာမထားဘဲ ပျောက်ဆုံးပါက ဖောင်နှင့် စက်တန်ဖိုး ပေးလျှော်ရမည်။
၎။ ညအချိန် ကမ်းပေါ် ကလူ ပြန်ခေါ်ရန် အချိန်
ပထမအခေါက် ၈:၃ဝ နာရီ
ဒုတိယအခေါက် ၁ဝ:၃ဝ နာရီ
၅။ ဂျူတီလွှဲလျှင် လှေနှင့် ဖောင်လွှဲပါ။
စည်းကမ်းဟူသည် ကုန်းမှာဖြစ်စေ၊ ရေမှာဖြစ်စေ လူတန်ဖိုးကို ပိုင်းခြားသတ်မှတ် မြၟင့်တင်ပေးနေသည်။ အကွပ်၊ ဘောင်၊ စည်းတို့ဖြင့် ထိန်းချုပ်ထားသည့် ဖောင်ကန်ပေါ်မှာ လုပ်သားအင်အား ၄ဝ ကျော်ရှိပြီး၊ ဘိုကလေး အိမ်မဲဘက်မှ များသည်ဆို၏။
'ဒီနေရာမှာ ရပ်ဝေးအလုပ်သမားတွေပဲ ပျော်တယ်၊ ဒီအနီးအနား မြိတ်မြို့ပေါ်ကလူတွေ မပျော်ဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ အိမ်ထောင်သည် လက်မခံလိုပဲ၊ အိမ်ထောင်ရှိသူပါလာရင် ဟိုခပ်လှမ်းလှမ်းက မော်တုန်းကြီး႟ွာမှာ ထားရင်ထား ဒီမှာတော့ ထားခွင့်မရှိဘူး'
ခပ်လှမ်းလှမ်းမှာတော့ မော်တုန်းကြီး႟ွာသည် ကျွန်းတောင်ကို ကျောမီ၍ သန့်သန့်ခန့်ခန့် တည်ရှိနေသည်။ ကမ်းနှင့် ငါးဖောင်ကြား ဖောင်သေးသေးကလေးပေါ်မှာ စောစောက ကျောက်ငါးပေါက်ကလေးတွေ ထွက်သွားသော ပိုက်များကို ဆေးကြောသန့်စင်နေကြ၏။ သူတို့ ထမင်း မစားအားကြသေး။ အဝါရောင် ပိုက်ဆီချေးတွေ ပင်လယ်ရေထဲ ဟိုမှသည်မှ စီးမျောနေ၏။
'ပိုက်တွေမှာ ရေမှော်ပင်တွေ ကပ်နေလေ့ရှိတယ်။ ဒါတွေကို မကြာခဏ ဆေးကြောပေးမှ များလာရင် ရေမှော်တွေမှာ ကပ်ငြိနေတဲ့ ရေပိုးတွေက ငါးကြီးငါးငယ်တွေကို အန္တရာယ်ပေးလေ့ရှိတယ်'
"ကျွန်တော်က ဒီနေရာကိုေ႟ွးချယ်တာ ကျွန်းတောင်ကြားမို့ မိုးသက်မုန်တိုင်းဒဏ်မှ ကာကွယ်တာရယ်၊ ရေချို နီးနီးနားနားရတာရယ်၊ ကျွန်းပေါ်က ရေချိုကို ရေအောက်မှာ ပိုက်မြၟုပ်ပြီး ဒီအထိ သွယ်ယူထားတာ"
အချိန်တိုတိုအတွင်း ရှေ့တန်းရောက်လာသော ဦးလှသန်း၏ တွေးတောကြံဆ လုပ်ကိုင်မှုစွမ်းရည်တွေကိုတော့ ကျွန်မစိတ်ထဲ ထပ်ခါတလဲလဲ ချီးကျူးနေမိသည်။ မြန်မာတွေ မညံ့ကြပါ။ သည်ထက် နည်းပညာတွေ တိုးတက်ခေတ်မီလာလျှင်တော့။
'ကဲ ကဲ လှေထဲဆင်းကြ၊ ပြန်ကြပေဦးတော့ ကျွန်တော်တော့ အလုပ်မပြတ်သေးလို့ စပိဘုတ်နဲ့ ပြန်လာမယ်၊ သွားနှင့်ကြ'
ကျွန်မတို့ ဦးလှသန်းနှင့် ကျောက်ငါးစခန်း လုပ်သားတွေကို လက်ပြနှုတ်ဆက်တော့ ကျွန်းရိပ်တောင်ဆွယ်နှင့် ပင်လယ်ရဲ့ ညၟို့ငင်မှုကြောင့် လွှမ်းသလို၊ ဆွေးသလို ရသတမျိုး ခံစားရသည်။ လာလမ်းအတိုင်း ပြန်လာနေသော P.P.T သည် ဣန္ဒေရရ၊ မွန်းတည့်နေကား နံနက်ခင်းကထက် စူးစူးဝါးဝါး ထိုးပူလာသည်။
P.P.T စက်လှေဖြတ်သန်းရာ လမ်းတလျှောက်လုံး အမိုးမပါ လှေပက်လက်ကလေးများ ပင်လယ်ထဲမှာ လက်ညၟိုးထိုးမလွဲ ဟိုမှာသည်မှာ ပြန့်ကျဲလို့။ တလှေမှာ လူရှစ်ယောက် ဆယ်ယောက်၊ လှေနံ တဘက်တချက်မှာ တန်းစီထိုင်လျက် ရေထဲသို့ မျှားကြိုးများချကာ မျှားကြိုးကိုင်လက်များကတော့ သင်တုံ၊ တက်တုံ အပေါ်အောက် လှုပ်ခတ်စွာ။
ပင်လယ်ပြင်ရှိ ကျေး႟ွာနှင့် ကျွန်းများတွင်နေထိုင်သော ရေလုပ်သားများသို့ မတည် ရင်းနှီးငွေများ ထုတ်ပေးကာ အနာအဆာလွတ်ငါးးများ ရရှိစေရန်။ (မျှားချိတ်ဖြင့် မျှားယူရသော) နည်းလမ်းဖြင့် ဖမ်းဆီးကြရသည်။ ကျောက်ကြို ကျောက်ကြားတွင် ကျင်လည်ကျက်စားသော ကျောက်ငါးတို့ကို ငါးစာအဖြစ် ဘဲလည်ဆံမွေးတပ်သော မျှားကြိုးများဖြင့် မျှောယူဖမ်းဆီး နေကြခြင်းဖြစ်သည်။ မော်တုန်းကြီး ငါးဖောင်စခန်းသည် အဖိုးတန်ကျောက်ငါးတို့ကို ကမ်းလင့်ကြိုဆို နေပေလိမ့်မည်။
႟ွာနီးချုပ်စပ်မှ လူတွေအားလုံး ယောက်ျား၊ မိန်းမမကျန် သည်လိုပဲ ကျောက်ငါးမျှား နေ့စဉ်ထွက်ကြသည်တဲ့။ တကောင်ချင်း သွင်းဈေးက ကျောက်ငါးရှာသူတို့၏ ထမင်းအိုးကို လောလောဆယ် ဖြည့်ဆည်းပေးနေသည်။ ပြင်းပြသော မွန်းတည့်တန်ခူးနေသည် အမိုးအကာမဲ့ ကျောက်ငါးမျှားသူတွေရဲ့ ကျောပေါ် အညၟာအတာကင်းစွာ ကျရောက်နေသည်။ မျှားကြိုးကိုင်လက်များ ပွန်းရှအက်ကွဲနေမှာ အသေအချာပင်။
ကျွန်မ အာ႟ုံထဲမှာ စောစောက ဖောင်ကန်ပေါ်မှာ ဒေါ်လာငှက်များသည် တောင်ပံတဖြတ်ဖြတ် ရမ်းခါလျှက် ကြီးမားသောအရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်။ ကျွန်မသည် စိုးရိမ်တကြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိသည်။
ဒေါ်လာငှက်များ ဘယ်မှာ နားလေမည်မသိ။
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Contact to Blogmaster at kawthaung@gmail.com
Vistors Stats
Tuesday, December 11, 2007
ဒေါ်လာငှက်များ ဘယ်မှာနားပါ့မယ်
Labels: ခရီးသွားခြင်း, စာပေ၊ ယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
Kawthaung Glimpse 2008
Blog Archive
-
▼
2007
(201)
-
▼
December
(53)
- ရက်တိုအတွင်း ဝင်ငွေပြန်လည်ရရှိမည့် ပင်လယ်ရေမှော်ေ...
- Popular Christmas Gifts in the US
- Algae farming
- Stagflation…น่ากลัวอย่างไร?
- Windows Starter Kit
- Security Starter Kit
- ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်နေထိုင်လာသူ မြန်မာနှ...
- 10 extension ยอดเยี่ยมของ Firefox
- The best of the Google Earth and Maps
- မြန်မာအလောင်း (၂၂) လောင်းကို ထိုင်းရေပိုင်နက်တွင် ...
- The 10 best downloads of 2007
- 2550 ธุรกิจประมงสุดอ่วม แห่ทิ้งเรือขึ้นฝั่งหนีขาดทุน
- လူကိုကူးစက်မှုဖြစ်သဖြင့် ကြက်သားစားသုံးမှုလျော့
- 10 Best Firefox Extensions of 2007
- မတည်မညိမ် ထိုင်းနိုင်ငံရေး၊ မြန်မာပြည်လို တစ်ခါ အရ...
- Future of Maine Aquaculture Looks Bright
- เลี้ยงหอยนางรม ที่สุขสำราญ ระนอง
- တရုတ်စီးပွား အင်အားထင် သလောက် မကြီးပါ
- Trade clampdown reported at Mae Sot border bridge
- โทรศัพท์และอีเมล์ถูกนำมาใช้บอกเลิกคนรัก
- กูเกิล บริษัทน่าทำงานที่สุดในปี 2007 - Fortune
- What Do Venture Capitalists Know?
- ဂျပန်သိပ္ပံပညာရှင်များက ကြောင်ကိုမကြောက်သော ကြွက်မျ...
- သစ်တောတို့လည်း မစိမ်းစိုတောပြီ
- *မြန်မာ့ငါးမြစ်ချင်းများ ပြည်ပဈေးကွက်တွင် မျက်နှာ...
- เคล็ดลับภูมิไม่แพ้
- Strategic IT Management
- ASEAN Foundation - AIT Scholarship
- Burma Comparisons
- พม่าแฉจ่าย 9 แสนจั๊ตลอบเข้าเมืองระนอง ก่อนผ่านไปมา...
- မြန်မာနိုင်ငံတွင်း ကြက်ငှက်တုတ်ကွေးရောဂါ ပထမဆုံး လ...
- မြန်မာနိုင်ငံကို ဖြတ်သန်းဆက်သွယ် မည့် အပြည်ပြည်ဆို...
- မြန်မာနိုင်ငံကို ဖြတ်သန်းဆက်သွယ် မည့် အပြည်ပြည်ဆို...
- คำยอดนิยมปี 2007 โดย Google และ Yahoo
- Reader and Talk are Friends!
- မုန်တိုင်းသင့်ခဲ့သည့် ဆန်တာဘန်းလမုတောကြီး ပြုစုပျု...
- คอมพิวเตอร์ตกรุ่นแถมยังชำรุดซ่อมไม่ได้ ทำไงดี
- อำเภอเมืองระนองมอบเลข 13 หลักให้คนไทย 53 คน
- မြဝတီကုန်သွယ်ရေးဇုန် - ရန်ကုန်နှင့် အနီးဆုံး အရှေ့...
- แก่นของ VI
- Zawgyi Unicode, VOA and RSS
- ဒေါ်လာငှက်များ ဘယ်မှာနားပါ့မယ်
- ဂျပန်တွင် အကြီးမားဆုံး တရားမ၀င်ငွှေလွှဲမှုဖြင့် မြန်မ...
- ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်ရဲ့ မြန်မာပြည်၏ နိုင်ငံခြားရင်...
- ဆီအုန်းဧကတစ်သိန်းခွဲ မလေးရှားကုမ္ပဏီလာစိုက်မည်
- ကဏန်းပျော့ မွေးမြူမှု ပိုမို တွင်ကျယ်လာဖွယ်ရှိ
- พม่าขอไทยตรวจสอบจนท.รีดไถเงิน'เกาะสอง'
- ကိုလိုနီခေတ် သခင်အောင်ဆန်း၏ လွပ်လပ်ရေးလုပ်ငန်းစဉ် ...
- ตามหาความเป็นไทยใหญ่ที่เปียงหลวง
- ถนนสู่ประชาธิปไตยในพม่าหลังการประท้วงใหญ่ ทางออกหร...
- ในหลวงนักเศรษฐศาสตร์
- အာရှစီးပွားရေးနဲ့ ပတ်သက်တဲ့ ADB အစီရင်ခံစာ
- ဒေါင်းစုတ်(ဘွတ်ကလုံ)ငှက်များ ရှား ပါး
-
▼
December
(53)
Visitors
Visitor Link
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar
0 comments:
Post a Comment