Thursday, December 20, 2007

တရုတ်စီးပွား အင်အားထင် သလောက် မကြီးပါ

ကမ္ဘာတွင် ဒုတိယအကြီးဆုံးဖြစ်သည့် တရုတ်၏စီးပွားရေးသည် ထင်သလောက်ကြီးမားခြင်းမရှိဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်လိုက်သည်။ ယခင်တွက်ချက်ခန့်မှန်းမှုများက တရုတ်၏စီးပွားရေးအရွယ်အစားကို ၄၀%ခန့်ပို၍ ခန့်မှန်းထားခဲ့ကြသည်ဟုဆိုသည်။ ကမ္ဘာ့ဘဏ်သည် ၄င်း၏GDPတွက်ချက်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီးနောက် ဤသို့ကြေညာလိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့်တရုတ်သည် ၂၀၁၂ခုနှစ်တွင် ယခင်ခန့်မှန်းသကဲ့သို့ ကမ္ဘာတွင် အကြီးဆုံးစီးပွားရေးအင်အား ဖြစ်လာရန်အကြောင်းမရှိတော့ပေ။ လက်ရှိတွင်တရုတ်၏စီးပွားရေးသည် $5.33ထရီလီယံ တန်ကြေးရှိသည်။ USသည် $12ထရီလီယံ တန်သဖြင့် ကမ္ဘာ၏အကြီးဆုံး စီးပွားရေးဖြစ်သည်။ Purchasing power parity နည်းဖြင့် စီးပွားရေးကို တွက်ချက်၍ ဒေသအလိုက်ဈေးနှုန်းကွာခြားမှုများကို လည်းပြင်ဆင်မှုပြုထားသည်။ တရုတ်တွင်လူတစ်ဦးတစ်နှစ်ဝင်ငွေ $4091ဖြစ်၍USတွင် $41,000ဖြစ်သည်။ US, တရုတ်,ဂျပန်,ဂျာမဏီ,အိန္ဒိယနိုင်ငံများပေါင်း၍ ကမ္ဘာ့ GDP ၏ထက်ဝက် ဖြစ်ပေါ်စေသည်ဟုဆိုသည်။ (ဘီဘီစီ)


0 comments:

Template by : kendhin x-template.blogspot.com