Friday, December 21, 2007

မတည်မညိမ် ထိုင်းနိုင်ငံရေး၊ မြန်မာပြည်လို တစ်ခါ အရုပ်ဆိုး အုန်းမလား

စစ်တပ်ကအာဏာသိမ်းပြီး၊ ၁ နှစ်အကြာနောက် စစ်ဗိုလ်ချုပ်ကြီးများက ဂတိပေးထားတဲ့အတိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံမှာ ၂၀၀၇ ဒီဇင်ဘာ ၂၃ မှာ ရွေးကောက်ပွဲ ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ “ဒီအထိတော“့ လမ်းကြောင်းမှန်မှန်နဲ့ ဒီမိုကရေစီ စနစ်ကို တဖန် ပြန်ချဉ်းကပ် နေပါပြီ။

သို့သော်လည်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ "Poll" ရလဒ်အထိ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရဲ့ လူများနဲ့ အသစ်ဖွဲ့စည်းထားတဲ့ ပြည်သူ့အင်အားပါတီ က မဲအများစုကို ရမယ့်အနေအထားမှာရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ် က တပ်ဆင်လူတွေ တကယ်တမ်းအစီုးရဖွဲ့နိုင်မယ့် အနေအထားရောက်လာခဲ့ရင် အသာတကြည်လက်ခံနိုင်ပါ့မလား။ မြန်မာပြည်လိုမျိုး အာဏာလွဲမပေးပဲ ပေကပ်ပြီး ရူးကြောင်ကြောင် လုပ်အုန်းမှာလား။ မြင်ဆရာ၊ကြားဆရာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများဆီက ပညာတွေ ရထားတဲ့ ထိုင်းစစ်တပ်က ဘယ်လို ထိုင်းနိုင်ငံရေး နဲ့ ထိုင်းပြည်သူတွေရဲ့ ဘဝကို လမ်းကြောင်းပြောင်းအုန်းမှာလား။ စောင့်ကြည့်ကြပါစို့။

ကိုးကား။
ဘန်ကောက်ကဝိ
အမေရိကားအသံ

0 comments:

Template by : kendhin x-template.blogspot.com