Tuesday, December 18, 2007

*မြန်မာ့ငါးမြစ်ချင်းများ ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှနေ"

via khitlunge.com on 12/18/07

မြန်မာ့ငါးမြစ်ချင်းများကို ကူဝိတ်၊ ဆော်ဒီ၊ အီရတ်၊ ယူအေအီး၊ ယူကေနိုင်ငံများတွင် ၀ယ်လိုအား"များနေကြောင်း တစ်လလျှင်ကွန်တိန်နာအလုံး၄၀ခန့်အမှာရှိသော်လည်း မိမိတို့ကုမ္ပဏီမှတစ်လလျှင် အ"လုံး၂၀ခန့်သာတင်ပို့နိုင်ခဲ့ကြောင်း၊ ထွန်းနေလင်းကုမ္ပဏီမှ ထုတ်လုပ်ရေးမန်နေဂျာကပြောကြားသည်။ထို"သို့တင်ပို့ရာတွင် ကျောခွဲငါးမြစ်ချင်းများကို အများဆုံးတင်ပို့ကြောင်း သိရသည်။ ပြည်ပနိုင်ငံများသို့တင်ပို့"မှုမပြုလုပ်မီ ငါးများကိုမိမိတို့စက်ရုံရှိ ဓါတ်ခွဲခန်းများတွင် အရည်အသွေး စစ်ဆေးခြင်း၊ သာကေတ ဓါတ်ခွဲ"ခန်းသို့ ပေးပို့စစ်ဆေးခြင်း၊ အလုံအအေးခန်းစက်ရုံစစ်ဆေးရေးအဖွဲ့သို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့သည်။ "ထို့ပြင်စက်ရုံသို့ဝင်ရောက်လာသည့် ကုန်ကြမ်းငါးများကို ဆင်မင်းဆိပ်ကမ်းရှိ ငါးလုပ်ငန်းစစ်ဆေးရေးအဖွဲ့"၏ စစ်ဆေးပြီးလက်မှတ်ပါမှသာ လက်ခံဝယ်ယူကြောင်း၊ ခဲရှာစက်များဖြင့် တစ်ကောင်ချင်း စစ်ဆေးပြီးမှ"သာ အအေးခန်းထဲပို့၍ ကုန်ချောပြုလုပ်ကြောင်း သိရသည်။အေးခဲပြီးငါးမြစ်ချင်းများကို၂၀kgဘူးများဖြင့်"ထည့်ပြီး တင်ပို့သည်။ ထိုသို့တင်ပို့ရာတွင် တင်ပို့မည့် နိုင်ငံပေါ်မူတည်၍ စက္ကူဗူး အရည်အသွေးကွာခြား"ကြောင်း၊ စက္ကူဗူးများမှာအနိမ့်ဆုံး၄၂၀ကျပ်မှ ၅၅၀ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။ ယခုအခါအရှေ့အလယ်ပိုင်းနိုင်ငံများမှ ကုန်သည်များသည်မူလမှာယူနေသည်ထက် ပိုမိုမှာယူနေကြသဖြင့် လွန်ခဲ့သည့်၅လ"အတွင်းက တစ်လလျှင်ကွန်တိန်နာ အလုံး၁၅ လုံးခန့်သာ တင်ပို့ခဲ့ရပြီး ယခုလတွင် အလုံး၂၀ တင်ပို့နေရ"ကြောင်း၊ မိမိတို့စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းမှာ တစ်နေ့လျှင်ကွန်တိန်နာတစ်လုံးစာသာ ထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့စက်ရုံအနေဖြင့် Value Added များ ထုတ်လုပ်ရန်ရည်ရွယ်ထား ပါကြောင်း စီးပွားရေးနှင့် ကူးသန်း"ရောင်းဝယ်ရေးဌာနမှသိရပါသည်။"

ဝင်းဝင်း"

0 comments:

Template by : kendhin x-template.blogspot.com