Wednesday, September 24, 2008

စားသောက်ဆိုင်များတွင် တားမြစ်ဆိုးဆေးများ တွေ့ရှိ

via khitlunge ပြည်တွင်းသတင်း on 9/24/08 အစားအစာတွေကို ဆိုးဆေးနှင့် အရောင်တင်ရာတွင် သုံးစွဲခွင့်ပြုထားသည့် ဆိုးဆေး(Permitted"Food Color)နှင့်စားသောက်ကုန် ဆိုးဆေး(Food Grate Dyer) များမသုံးပဲ ဈေးသက်သာပြီး၊ လိုအပ်"သည့် အရောင်းလွယ်လွယ်နှင့်ရရှိနိုင်သည့် စက်မှုသုံး ဆိုးဆေးများကို အသုံးပြုလာကြခြင်းက စားသုံး"သူများ၏ ကျန်းမာရေးကိုစိုးရိမ်စရာဖြစ်လာသည်။ နေ့စဉ်စား စားသောက်ကုန်ဈေးကွက်အတွင်း သုံးစွဲ"ခွင့်မပြုသည့် ဆိုးဆေးများ အသုံးပြုနေဆဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်"သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဆိုးဆေးနှင့် ပတ်သက်သည့် ကျန်းမာရေး ဟောပြောပွဲများ
ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာအောင်သန်းကပြောသည်။ သံဈေး၊ ညောင်ပင်"လေးဈေး၊ မော်တင်ဈေး၊ ကုန်ဈေးတန်းရှိ စားသောက်ကုန် အရောင်းဆိုင်တချို့ရှိ အရောင်တင်ငရုတ်"သီးမှုန့်၊ မျှင်ငါးပိ၊ငါးပိထောင်း၊ပုစွန်ချဉ်တို့တွင်သုံးရန်ခွင့်မပြုသည့် Rhodamine B ဆိုးဆေး၊ ပဲနီလေး၊"ငရုတ်ဆီ၊ အသားခြောက်၊ အသားကင်၊ လက်ဖက်ခြောက် အချိုခြောက်များတွင် Orange II ဆိုးဆေး"နှင့်လက်ဖက်အစိုတွင် Auramine O "ဆိုးဆေးများ အသုံးပြုထားကြောင်းစစ်ဆေးတွေ့ရှိသဖြင့် ပညာ"ပေးဟောပြောပွဲများပြုလုပ်ခြင်းဖြစ်သည်။ခွင့်မပြုဆိုးဆေး Rhodamine B၊ Auramine O၊ Orange II"နှင့် Sudan ပါဝင်သော အစားအစာများတွင် စားသုံးမိပါကမျက်စိ၊ လည်ချောင်းနှင့် နှာခေါင်းတို့ယာယံ
ခြင်း၊ အသက်ရှုလမ်းကြောင်း၊ အသည်း၊ကျောက်ကပ်နှင့်အစာအိမ်လမ်းကြောင်းများကိုအဆိပ်ဖြစ်စေ"ပြီး တာရှည်သုံးပါက ကင်ဆာရောဂါဖြစ်ကာ မျိုးရိုးဗီဇကိုလည်းအဆိပ်အတောက်(Genotoxic)ဖြစ်စေ"နိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလက လည်းအသားကင်ဆိုင်များကိုစစ်ဆေးခဲ့ရာ Oran"-ge II ဆိုးဆေးအသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့်အသားကင်ဆိုင်များတွင်လည်းအသိပညာပေးမှုများ
ပြုလုပ်ခဲ့သည်ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ၂၀၀၈ ခုနှစ် စက်တင်"ဘာလ ၂၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Template by : kendhin x-template.blogspot.com