Saturday, December 8, 2007

၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်ရဲ့ မြန်မာပြည်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ် တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့ကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း အသစ် ထုတ်ပြန်လိုက်သော အစိုးရစာရင်း ဇယားများအရ သိရှိရသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၇ဝ ကျော်ရရှိခဲ့ပြီး စုစုပေါင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာ၏ ၆ဝ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနကနောက်ဆုံး(တနင်္လာနေ့)ထုတ် ပြန်ခဲ့သော အစီရင်ခံစာအရ သိရှိရ သည်။ ကျန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပိုင်းများမှာလျှပ်စစ်ဓာတ်အားနှင့် ငါးလုပ်ငန်းကဏ္ဍများမှဖြစ်ခဲ့သည်။ တစ်ချိန်ကနိုင်ငံခြားရင်းနှီး မြှုပ် နှံမှုများစီးဝင်ခဲ့သည့်သတ္ဈုတွင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်၊ ပို့ ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းမှာ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင် ရောက်ခဲ့ခြင်းမရှိဟုလည်းသိရသည်။ မြန်မာ့ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့တွင်စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်ပါသည်။
မှ - Weekly Eleven JournalDecember 5 2007

၁၉၈၈ ခုနှစ်တွင် စီးပွားရေး လမ်းဖွင့်စနစ် စတင်ကျင့်သုံးခဲ့ပြီး နောက် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများတွင် နိုင် ငံခြားရင်းနှီးမြ¬ှုပ်နှံမှုများအများဆုံး ဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၇၁.၈ သန်းအနက် ဗြိ တိန်နိုင်ငံကဒေါ်လာ ၂၄ဝ.၆၈ သန်း ဖြင့် အကြီးဆုံးရှယ်ယာကိုရရှိခဲ့ပြီး စင်ကာပူက ဒေါ်လာသန်း ၁၆ဝ ဖြင့် နောက်မှ လိုက်ခဲ့သည်။ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း အဆိုပါစွမ်းအင်ကဏ္ဍတွင်အကြီးအ ကျယ်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထား ကြောင်းလည်းအစီရင်ခံစာကဆိုသည်။ လျှပ်စစ်စွမ်းအားကဏ္ဍမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၂၈၁.၂ သန်းရရှိခဲ့ပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃၆.၈ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအား လုံးမှာ တရုတ်နိုင်ငံမှဖြစ်ခဲ့သည်။ ငါးလုပ်ငန်းကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂ သန်းရရှိခဲ့ပြီး စုစုပေါင်း နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုပမာဏ၏ ၁.၆ ရာခိုင် နှုန်းနီးပါးရှိခဲ့ကြောင်းသိရှိရပါသည်။ သဘာဝဓာတ်ငွေ့0x143ကယ်ဝရာ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးသုံးခုနှင့် ကုန်းတွင်းစွမ်းအင်သိုက် ၁၉ ခုအထိ ရှိနေပြီးစုစုပေါင်းဓာတ်ငွေ့ပမာဏ ၈၉.၇၂၂ ထရီလီယံကုဗပေအထိ သို လှောင်နိုင်စွမ်းရှိမည်ဟုဆိုပါသည်။ ယင်းတို့အနက်မှ ၁၈.ဝ၁၂ထရီလီယံ ကုဗပေမှာပြန်လည်ပြည့်ဖြိုးနိုင်သည့် အနေအထားရှိနေသည်။ ထို့အပြင် ပြန်လည်ပြည့်ဖြိုးနိုင်သည့် ရေနံစိမ်း ၃.၂ ဘီလီယံစည်ရှိနေသည်ဟုလည်း တရားဝင်စာရင်းဇယားများကဆိုပါ သည်။ ၂ဝဝ၆ ခုနှစ်တစ်နှစ်တည်း အတွင်း မြန်မာနိုင်ငံရေနံနှင့် သဘာဝ ဓာတ်ငွေ့စွမ်းအင်ကဏ္ဍသို့ ထိုင်း၊ မလေးရှား၊ ရုရှား၊ ဩစတြေးလျ၊ စင်ကာပူ၊ အိန္ဒိယ - ၆ နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ စံ ချိန်တင်တိုးပွားလာခဲ့ပြီးထူးခြားမှုအဖြစ် ရုရှား၊ ဩစတြေးလျ၊ စင်ကာပူနိုင်ငံ တို့မှ ကုမဍ္ဎဏီများ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာ ခဲ့ ကြောင်းလည်းသိရ သည်။ မြန်မာနိုင်ငံ၏အကြီးဆုံး ရွှေ ဓာတ်ငွေ့သိုက်မှ ခန့်မှန်းခြေ အမေရိ ကန်ဒေါ်လာ ၃၇ ဘီလီယံတန်ဖိုးနှင့် ညီမျှမည့် စွမ်းအင်များ ထွက်ရှိမည် ဖြစ်ရာမြန်မာ့စွမ်းအင်ကဏ္ဍဝင်ငွေမှာ နှစ်စဉ် ၁၅ဝ ရာခိုင်နှုန်းဖြင့်တိုးပွားနေ မည်ဟုလည်း ၂ဝဝ၆ ခုနှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)မှ ပြုစုထုတ်ပြန်ခဲ့သည့်အရှေ့အာရှထွန်း သစ်စ စီးပွားရေးများ (East Asia's Emerging Econ omies by ADB) အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ် တွင်ထုတ်ပြန်ခဲ့သောတရားဝင်စာရင်း ဇယားများအရ ယင်းနှစ်အတွက် ရေနံစိမ်း ၇.၉၆၂ ဘီလီယံစည်နှင့် သဘာဝဓာတ်ငွေ့ ၁၁.၄၅ ဘီလီယံ ကုဗပေထုတ်လုပ်နိုင်ခဲ့ကြောင်းသိရ သည်။ ထိုနှစ်အတွက်သဘာဝဓာတ် ငွေ့တင်ပို့မှု ၉.၁၃၈ ဘီလီယံ ကုဗ ပေရှိခဲ့ပြီးအမေရိကန်ဒေါ်လာ ၁ ဘီ လီယံရရှိခဲ့သည်ဟုဆိုပါသည်။ရေနံ နှင့်သဘာဝဓာတ်ငွေ့သည် မြန်မာ နိုင်ငံဂျီဒီပီ၏အဓိကတွန်းအားများ ဖြစ်လာမည်ဟုလည်း လေ့လာသူ များက ဆိုနေကြပါသည်။

0 comments:

Template by : kendhin x-template.blogspot.com