Saturday, December 15, 2007

မြန်မာနိုင်ငံကို ဖြတ်သန်းဆက်သွယ် မည့် အပြည်ပြည်ဆိုင်ရာ အဝေးပြေးလမ်းမကြီးများ

မြန်မာနိုင်ငံကို ဖြတ်သန်းဆက်သွယ်မည့် အပြည် ပြည်ဆိုင်ရာ အဝေးပြေးလမ်းမကြီးကွန်ရက်ငါးခု အထိရှိလာမည်ဖြစ်ပြီး အဆိုပါလမ်းမကြီးများ သည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် အာဆီယံ နိုင်ငံများ၏ ကုန်သွယ်မှုတွင် အရေးပါသည့် ကုန်သွယ်ရေး လမ်းမကြီးများ ဖြစ်လာနိုင်ကြောင်း စီးပွားရေး ကဋ္ဋမ်းကျင်သူ သုတေသီ များက သုံးသပ်ခန့်မှန်းထားကြ သည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းချိတ် ဆက်ပေးမည့် မဟာမဲခေါင်မြစ်ဝှမ်း ဒေသလမ်းမကြီး (Greater Mekong Subregion, GMS Highway) စီမံကိန်းတွင် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းသုံးပိုင်း ပါရှိမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကို ထိုင်းနိုင်ငံနှင့်ချိတ်ဆက်ပေးမည့် အာရှအဝေး ပြေးလမ်းမကြီး (Asian Highway Netwrok) စီမံကိန်းတွင် မြန်မာနိုင်ငံအတွင်း ဖြတ် သန်းသွားမည့် လမ်းပိုင်းသုံးပိုင်းပါဝင်သည်။ အဆိုပါသုံးနိုင်ငံကို ချိတ်ဆက်မည့် အခြားအပြည်ပြည် ဆိုင်ရာ လမ်းမကြီးမှာအာဆီယံအဝေးပြေးလမ်းမကြီး (ASEAN Highway Network) ဖြစ်ပြီး ယင်းလမ်းမကြီးတွင်လည်း မြန်မာလမ်းပိုင်းသုံးပိုင်းပါဝင်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အာဆီယံနိုင်ငံများကို မြန်မာနိုင်ငံမှဖြတ်သန်းဆက်သွယ်ပေးမည့် အ ပြည်ပြည်ဆိုင်ရာအဝေးပြေးလမ်းမကြီးတစ်ခုမှာ ဘင်းမ်စတက်အဝေးပြေးလမ်းမကြီး (BIMSTEC Highway) ဖြစ်ပြီး၊ ယင်းလမ်းမကြီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံ အလယ် ပိုင်းသို့ ဝင်ရောက်ဖြတ်သန်းမည်ဖြစ်သည်။ အိန္ဒိယ-မြန်မာနယ် စပ်မှစတင်ဝင်ရောက်ကာမြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ချိတ်ဆက်မည့်အခြားအပြည် ပြည်ဆိုင်ရာအဝေးပြေးလမ်းမ ကြီးမှာအိန္ဒိယ-ထိုင်း-မြန်မာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့်လမ်းမကြီး (India- Myanmar-Thai Tripartie Highway) ဖြစ်သည်။ မဟာမဲခေါင်မြစ်ဝှမ်းဒေသလမ်းမကြီး (Greater Mekong Subregion, GMS Highway) မဟာ မဲခေါင်မြစ်ဝှမ်းဒေသ လမ်းမကြီးကွန်ရက်စီမံကိန်း(Greater Mekong Subregin, GMS High-way) တွင်ပါဝင်သည့် R4 လမ်းပိုင်းသည် တရုတ်-မြန်မာနယ်စပ်ရှမ်း ပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှစတင်ကာ လားရှိုးမြို့ကိုဖြတ်သန်း၍ သီပေါမြို့နှင့်ချိတ်ဆက်မည်ဖြစ်သည်။ သီပေါမြို့မှ စတင်မည့်R7လမ်းပိုင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းကိုဖြတ်သန်းကာ လွိုင်လင်၊ ကျိုင်းတုံမြို့များနှင့်ချိတ်ဆက်မည်ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်တောင် ပိုင်း၊ မိုင်းလားမြို့မှစတင်မည့် R3လမ်းပိုင်းမှာ ကျိုင်းတုံမြို့ကိုဖြတ်သန်းကာမြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည်ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ဝင်ပေါက်မှ မဟာမဲခေါင်မြစ်ဝှမ်းဒေသလမ်းမကြီးကို အသုံးပြု၍ တရုတ်နိုင်ငံ သို့ မိုင်းလားထွက်ပေါက်နှင့်မူဆယ်ထွက် ပေါက်တို့မှ ဆက်သွယ်နိုင်မည်ဖြစ်သည်။ အာရှအဝေးပြေးလမ်းမကြီး (Asian Highway Network) အာရှအဝေးပြေးလမ်းမကြီး (Asian Highway Network) ကွန်ရက်တွင်ပါဝင်သည့် မြန်မာလမ်းပိုင်း AH1 သည် အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့မှစတင်ကာ ဂန့်ဂေါမြို့ ကိုဖြတ်သန်း၍ မန္တလေးမြို့တွင်ရန်ကုန်-မန္တလေးလမ်းမကြီး နှင့်ပေါင်းဆုံမည်ဖြစ်သည်။ မန္တလေး မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ လားရှိုးမြို့တို့ကိုဖြတ်သန်းကာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ မိတညီလာ မြို့မှစတင်မည့် AH2 လမ်းပိုင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့တို့ကို ဖြတ်သန်းကာ မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့်ချိတ်ဆက်မည် ဖြစ် သည်။ ကျိုင်းတုံမြို့မှစတင်မည့် AH3 လမ်းပိုင်းသည်မြောက်ဘက်တွင် မြန်မာ-တရုတ် နယ်စပ်မြို့ မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံနှင့်ဆက်သွယ်မည် ဖြစ်သည်။ AH1 လမ်းပိုင်းတွင်ပါဝင်သည့် ရန်ကုန်-မန္တလေးလမ်းမကြီးသည် ပဲခူးတိုင်းဘုရားကြီးမြို့တွင် ရန်ကုန်-ဘားအံ-မြဝတီ လမ်းမကြီး နှင့်ချိတ်ဆက်မည်ဖြစ်ရာ AH1 လမ်းပိုင်းသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှတစ်ဆင့် ထိုင်း နိုင်ငံနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ အာရှအဝေးပြေးလမ်းမကြီးကွန်ရက်ဆက် သွယ်မှုများအရ ထိုင်းနိုင်ငံသည် မြန်မာ-ထိုင်းနယ်စပ်တာချီလိတ် ဝင်ပေါက်၊ မြဝတီဝင်ပေါက်တို့မှတစ်ဆင့် အဆိုပါ လမ်းမကြီးကို အသုံးပြုကာတရုတ်နိုင်ငံသို့မိုင်းလား ထွက်ပေါက်၊ မူဆယ်ထွက်ပေါက်တို့မှ လည်း ကောင်း အိန္ဒိယနိုင်ငံသို့ တမူးထွက်ပေါက်မှ ဆက်သွယ်ဝင်ရောက်နိုင်မည် ဖြစ်သည်။ အာဆီယံအဝေးပြေးလမ်းမကြီး (ASEAN Highway Network) အာဆီယံအဝေးပြေးလမ်းမကြီး (ASEAN Highway Network) ကွန်ရက်တွင်ပါဝင်သည့် မြန်မာလမ်းပိုင်း AH111 သည် အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့မှစတင်ကာ ဂန့် ဂေါမြို့ကို ဖြတ်သန်း၍ မန္တလေးမြို့တွင် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့်ပေါင်းဆုံမည် ဖြစ်သည်။ မန္တလေးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ လားရှိုးမြို့တို့ကိုဖြတ်သန်းကာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ချိတ်ဆက်မည် ဖြစ်သည်။AH112 လမ်းပိုင်းသည် ရန်ကုန်မြို့မှစတင်မည်ဖြစ်ပြီး ယင်းလမ်းပိုင်းတွင် ရန်ကုန်-ဘားအံ-မြဝတီလမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း လမ်းပိုင်းများပါဝင်ရာ အဆိုပါလမ်းပိုင်းများသည် ထိုင်း နိုင်ငံနှင့် ချိတ်ဆက်မည့်လမ်းပိုင်းများပင်ဖြစ်သည်။ AH112 လမ်းပိုင်းမှ ခွဲထွက် လာသည့် AH 113 လမ်းပိုင်းသည် ထားဝယ်မြို့တွင် ထိုင်းနိုင်ငံ Bong Ti မြို့နှင့်လည်းကောင်း၊ လေညှာ မြို့တွင် ထိုင်းနိုင်ငံ Kong loy မြို့နှင့် လည်းကောင်းချိတ်ဆက်သွားမည် ဖြစ်သည်။ ဘင်းမ်စတက် အဝေးပြေးလမ်းမကြီး (BIMSTEC Highway) ဘင်းမ်စတက်လမ်းမကြီး (BIMSTEC Highway) သည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် တောင်ပြိုမှ စတင်မည်ဖြစ်ပြီး၊ မင်းပြားမြို့၊ အမ်းမြို့၊ ပဒန်းမြို့တို့မှ တစ်ဆင့် ပဲခူးတိုင်းအတွင်းရှိ ကံမမြို့၊ ပြည်မြို့တို့နှင့်ချိတ်ဆက်မည်ဖြစ်ကာ အုတ်တွင်းမြို့နှင့်ထန်းတပင်မြို့တို့တွင်ရန်ကုန်-မန္တလေး လမ်းမကြီးနှင့် ပေါင်းဆုံမည်ဖြစ်သည်။ ထန်းတပင်မြို့တွင် အာရှအဝေးပြေးလမ်းမကြီး၊ အာဆီယံ အဝေးပြေးလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံပူး ပေါင်းဆောင်ရွက်မည့်လမ်းမကြီးတို့နှင့် ပေါင်းဆုံမည်ဖြစ်သည်။ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီး (India-Myanmar-Thai Tripartie Highway ) အိန္ဒိယ-ထိုင်း-မြန်မာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီး (India- Myanmar-Thai Tripartie Highway) သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စစ်ကိုင်းတိုင်း တမူးမြို့မှ စတင်ဝင်ရောက်မည်ဖြစ်ပြီး ကလေးဝမြို့၊ မုံရွာမြို့တို့ကိုဖြတ်သန်းကာ မန္တလေးတိုင်းပခုက်ကမြို့၊ ကျောက်ပန်းတောင်း၊ ရွာတော်မြို့တို့မှတစ်ဆင့်ပဲခူးတိုင်း တောင်ငူမြို့တွင် ရန်ကုန်-မန္တလေးလမ်းမ ကြီးနှင့်ပေါင်းဆုံမည်ဖြစ်သည်။ ထန်းတပင်မြို့တွင် ယင်းလမ်းမကြီးမှခွဲထွက်၍ မွန်ပြည်နယ် သိမ်ဇ ရပ်မြို့တွင် ရန်ကုန်-ဘားအံ-မြဝတီလမ်းမကြီးနှင့် ပေါင်းဆုံမည်ဖြစ်သည်။ ယင်းမှတစ်ဆင့်သထုံမြို့ တွင် မော်လမြိုင်-မုဒုံ-မဲသရော-ကော့ကရိတ်-မြဝတီလမ်းပိုင်းနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံ မဲ ဆောက်မြို့အတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းသွားသည့် အပြည် ပြည်ဆိုင်ရာ လမ်းမကြီးငါးသွယ်တွင် အာရှပတ်လမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ ဘင်းမ်စတက် လမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် လမ်းမကြီးတို့သည် ပဲခူးတိုင်း အုတ်တွင်းမြို့နှင့် ထန်းတပင်မြို့တို့တွင် ပေါင်းဆုံကြမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အပြည် ပြည်ဆိုင်ရာလမ်းမကြီးများအဓိကဆုံရာ မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့ကြီးများမှာ တမူး၊ မုံရွာ၊ မန္တလေး၊ မိတညီလာ၊ ပျော်ဘွယ်၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ တောင်ကြီး၊ လွိုင်လင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလားမြို့တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် တောင်ငူ၊ အုတ်တွင်း၊ ထန်း တပင်၊ ဘုရားကြီး၊ ပဲခူး၊ ရန်ကုန်၊ သိမ်ဇရပ်၊ သထုံ၊ ဘားအံ၊ မော်လမြိုင်၊ ကော့ကရိတ်၊ မြဝ တီမြို့တို့ဖြစ်ကြသည်။ အောင်စည်ဟိန်း၊ အိရွှေစင်ဝင်းအာရှအဝေးပြေးကွန်ရက်စီမံကိန်းတွင် မြန်မာ ပါဝင်သည့်လမ်းပိုင်းများ AH1 တမူး-ဂန့်ဂေါ-မန္ဈလေး-လားရှိုး-မူဆယ်လမ်းပိုင်း ရန်ကုန်-မန္ဈလေးလမ်းပိုင်း ရန်ကုန်-ဘားအံ-မြဝတီ-ကော့ကရိတ်လမ်းပိုင်း AH2 မိတဉီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း AH3 ကျိုင်းတုံ-မိုင်းလားလမ်းပိုင်း အာဆီယံအဝေးပြေးကွန်ရက် စီမံကိန်းတွင် မြန်မာပါဝင်သည့်လမ်းပိုင်းများ AH111 တမူး-ဂန့်ဂေါ-မန္ဈလေးလမ်းပိုင်း မန္ဈလေး-လားရှိုး-မူဆယ်လမ်းပိုင်း မိတဉီလာ-တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းပိုင်း မိတဉီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း ရန်ကုန်-မန္ဈလေးလမ်းပိုင်း AH112 ရန်ကုန်-ဘားအံ-မြဝတီလမ်းပိုင်း ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း AH113 ထားဝယ်-Bong Ti လေညှာ- Kong Loy မဲခေါင်မြစ်ဝှမ်းဒေသအဝေးပြေးကွန်ရက် စီမံကိန်းတွင်မြန်မာပါဝင်သည့်လမ်းပိုင်းများ R3 မိုင်းလား-ကျိုင်းတုံ-တာချီလိတ် R4 မူဆယ်-လားရှိုး-သီပေါ R7 သီပေါ-လွိုင်လင်-ကျိုင်းတုံ ဘင်းမ်စတက်အဝေးပြေးကွန်ရက်စီမံကိန်းတွင် မြန်မာပါဝင်သည့်လမ်းပိုင်းများ တောင်ပြို-ကျောက်တော်-ဘူးသီးတောင်-မင်းပြား-အမ်း-ပဒန်း-ပြည်-အုတ်တွင်း-ထန်းတပင် အိန္ဒိယ-မြန်မာ-ထိုင်း-အဝေးပြေးကွန်ရက် စီမံကိန်းတွင်မြန်မာပါဝင်သည့်လမ်းပိုင်းများ တမူး-ကလေးဝ-မုံရွာ-ပခုက်ကြ-ကျောက်ပန်း တောင်း-ရွာတော်-အုတ်တွင်း-ရွှေကျင်-သိမ်ဇရပ်-သထုံ-မော်လမြိုင်-မုဒုံ-မဲသရော

0 comments:

Template by : kendhin x-template.blogspot.com