Thursday, July 19, 2007

ကော့သောင်းမှာလည်း ငါးလေလံဈေးကြီးဖွင့်တော့မည်

နယ်စပ်ကုန်သွယ်မှုသတင်း (13 - 7 - 07)

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းတွင် ငါးလေလံဈေးဖြစ်မြောက်ရေးဆောင်ရွက်ရန် မြေနေရာအခြေအနေ၊ ငါးတင်စက်လှေများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ လက်ရှိ ကုမ္ပဏီများငါးသိုလှောင်ရောင်းချမှုအခြေ အနေ များအား နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန နှင့်အာရှကြီးပွားတိုးတက်ရေး ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီ လီမိတက် (APEI)တို့မှ တာဝန်ရှိသူ များက ၂၀၀၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ခဲ့သည် ဟု သတင်း ရရှိသည်။

ငါးလေလံဈေးအား GP ဆိပ်ခံတံတားတွင် ဖွင့်လှစ်ရေးနှင့်စပ်လျဉ်း၍ နယ်စပ်ကုန်သွယ် ရေးဦးစီးဌာန၊ ငါးလုပ်ငန်း ခရိုင်ဦးစီးမှူး၊ ကမ်းနီးငါးလုပ်ငန်းရှင်များ အသင်းဥက္ကဌ နှင့် အသင်း ၀င်များ၊ APEI Co.,Ltdမှ တာဝန်ရှိသူ များက လက်ရှိငါးရောင်းချမှုအခြေအနေ၊ ငါးဈေးနှုန်းများအခြေအနေနှင့် နောင်ငါးလေလံဈေးတွင် ဖြစ်ပေါ်လာမည့်အခြေ အနေများကို ဇူလိုင်လ ၁၀ ရက်နေ့၌ ဆွေးနွေးခဲ့ကြပြီး ငါးလေလံဈေးဖြစ်ပေါ်ရေး ကမ်းနီးငါးလုပ်ငန်းရှင် များကလည်း APEICo.,Ltd နှင့် အတူဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Source :ကော့သောင်း
KKCM



0 comments:

Template by : kendhin x-template.blogspot.com