Friday, April 18, 2008

တိုင်းပြည်က ဆင်းရဲ စစ်အစိုးရကတော့ အိတ်ဖောင်း

REF : MSMA
မြန်မာ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် ပြင်ပကမ္ဘာမှ သက်ရောက်လာသည့် ဖိအားများကြောင့် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဆက်လက်၍ယိုယွင်းကျဆင်းနေလိမ့်မည်ဟု ကျွမ်းကျင်သူပညာရှင်များက ခန့်မှန်း တွက် ချက်နေ ကြသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ်စာရင်းများကတော့ ဆက်လက်၍ ကြွယ်ဝနေကြဦးမည်သာ ဖြစ်သည်။

ကမ္ဘာ့လောင်စာဆီနှုန်း မြင့်တက်လာမှု၊ စီးပွားရေးအရ လွဲမှားသော စီမံခန့်ခွဲမှုနှင့် ယမန်နှစ်က ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းပြီးနောက် ဖြစ်လာသည့် ရိုက်ခတ်သက်ရောက်မှုများ စသဖြင့် စုပေါင်းသက်ရောက်လာသည့် အကျိုးဆက်များကြောင့် တောက်လျှောက် ဆိုးရွားစွာ ဖိနှိပ်ခံနေရသော မြန်မာပြည်သူလူထုအတွက် ယခုနှစ်တွင် ပိုမို ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်ရဖွယ် ရှိနေပါသည်။

“အစိုးရရဲ့ ဘဏ္ဍာငွေနှင့် ဆက်နွယ်နေတဲ့ ကိစ္စအားလုံး ၂၀၀၈ ခုနှစ်မှာ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ဖွယ် အကြောင်း မမြင်ရဘူး၊ အမှန်က ပိုဆိုးလာဖို့ပဲ ရှိနေတယ်”ဟု မြန်မာစီးပွားရေး စောင့်ကြည့်အကဲ ဖြတ်မှု (Burma Economic Watch) အစီရင်ခံစာကို ရေးသားထုတ်ဝေသူ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား တက္ကသိုလ် (Macquarie University) မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင် တာနယ် (Sean Turnell) က ပြောပါသည်။

“နိုင်ငံခြား ခရီးသွားဧည့်သည် နည်းပါးခြင်း၊ အခွန်ဝင်ငွေ ကျဆင်းနေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့နေကြခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေပေါ်လွယ်မှုနှင့် ကြွေးမြီပြဿနာ စတဲ့ အချက်အလက် အားလုံးက စိတ်ပျက်ဖွယ်ရာ နှစ်တနှစ်ကို ဦးတည်နေတယ်ဆိုတာ ဖော်ပြနေတယ်၊ အန္တရာယ် အနံ့အသက်တွေ ရောပြွမ်းပြီး ထိုင်းမှိုင်းနေတဲ့ ကမ္ဘာ့စီးပွားရေး အကြောင်းကိုတော့ ထားလိုက်တော့၊ ထည့်သွင်းတွက်ချက်ဖို့တောင် မလိုလှဘူး” ဟု ရှောင် တာနယ်က ဆိုပါသည်။

“မနှစ်တုန်းက စစ်အစိုးရက သွေးရူးသွေးတမ်း စီးပွားရေး လုပ်ဆောင်ချက်တွေ လုပ်ခဲ့ရတယ်ဆိုရင် ဒီနှစ် အတွက်ကော ဘာဖြစ်လို့ ထပ်လုပ်ဖို့ မလိုရမှာလဲ”ဟု သူက စောဒကတက် မေးခွန်းထုတ်ခဲ့သေးသည်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် စီးပွားရေး အကဲဖြတ် စုံစမ်းရေးဌာန (Economist Intelligence Unit) နှစ်ဖွဲ့ မှ ထုတ်ဝေသော မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အလားအလာ ခန့်မှန်းတွက်ချက်မှု အစီရင်ခံစာများတွင်လည်း အလားတူ စိတ်ပျက်ဖွယ် ခန့်မှန်းချက်များကို ဖော်ပြခဲ့ကြသည်။

IMF က ခန့်မှန်းဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ် နှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းသည် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်လည်း လျော့ကျသွားနိုင်သည့် အခြေအနေ မရှိဘဲ ပို၍ပင် ဆိုးသွားနိုင်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် လာမည့်လများတွင် ကုန်ကျစရိတ် ထိန်းသိမ်းရန်အတွက် လောင်စာသုံးစွဲမှုကို ပိုမို၍ ချွေတာ ကန့်သတ် သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သည်ဟုလည်း ရှောင် တာနယ်က ခန့်မှန်းထားသည်။

“နောက်တကြိမ် ဆီဈေးနှုန်း ထပ်မြှင့်ဖို့ဆိုတာ (စစ်အစိုးရအတွက်) ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ ဖြစ်ပွားနိုင်ပါတယ်၊ ဒါဆိုရင် လောင်စာဆီ ပေးတဲ့ ခွဲတမ်းကို လျှော့ချရင် မဖြစ်နိုင်ဘူးလား၊ အဲဒီလို လုပ်မယ်ဆိုရင်လည်း အသုံးစရိတ်ကို ပမာဏအရ အလားတူပဲ ချွေတာနိုင်ပါတယ်”ဟု သူက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

မြန်မာနိုင်ငံအတွင်းရှိ လောင်စာဆီဈေးနှုန်းကပင် တိုင်းပြည်စီးပွားရေး အခြေအနေ အန္တရာယ်ရှိနေခြင်းကို အထင်းသား ဖေါ်ပြနေသည်။ ဓာတ်ဆီ ၁ ဂါလန် (၃. ၇၈၅ လီတာ) ကို အစိုးရ ဓာတ်ဆီဆိုင်တွင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဖြင့် ရောင်းနေ ကြပြီး မှောင်ခိုဈေးကွက်တွင် ၄ ဒေါ်လာခန့် ပေးနေရသည်။ သို့သော် မြန်မာနိုင်ငံသားအများစုသည် တနေ့လျှင် ၁ ဒေါ်လာ အောက်တွင်သာ ၀င်ငွေရှိကြပါသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ ရောင်းချရန် သဘာဝ ဓာတ်ငွေ့အများအပြား ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ လောင်စာဆီ လိုအပ်ချက် အတွက် ပြည်ပမှသွင်းကုန်ကိုသာ လုံးဝ မှီခိုအားထားနေကြရပါသည်။

သို့သော်လည်း လွဲချက်တခုမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ကပင် ဗိုလ်ချုပ်များကို ကြွယ်ဝစွာ ရပ်တည်နေနိုင်ရန် ကူညီ ထောက်ပံ့နေပြန်ပါသည်။ အဓိကအားဖြင့် ထိုင်းနိုင်ငံကဲ့သို့ ဓာတ်ငွေ့ဝယ်ယူသော တိုင်းပြည်များက စစ်အစိုးရ အိပ်တွင်းသို့ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၂ ထောင်ခန့် ထည့်ပေးနေသည်ဟု IMF က ဆိုပါသည်။

အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာသည့်အချိန်၊ တခြား အကျိုးသက်ရောက်မှုများဖြစ်သည့် နိုင်ငံခြားခရီးသည် ကျဆင်းလာပြီး နိုင်ငံခြား ထောက်ပံ့မှုနှင့် ကုန်သွယ်မှုများ အားနည်းချိနဲ့လာသည့်တိုင် စစ်အစိုးရက ဤဓာတ်ငွေ့ရောင်းချရာမှရသည့် ၀င်ငွေများကြောင့် ဆက်လက်ရပ်တည်၍ ခေါင်းမာမာ နေနိုင်သေးသည်။

“စစ်အစိုးရသည် တိုင်းပြည်၏ ဒုက္ခဆင်းရဲ ပြဿနာများအတွက် မည်သို့မျှ တာဝန်မယူလိုခြင်းမှာသိသာလှသည်။ ပြစ်ဒဏ် ခတ်ပိတ်ဆို့သော နိုင်ငံများကို ယိုးစွပ်ပြီး တပါးသူကိုသာ အပြစ်ပုံချနေသည်”ဟု စင်ကာပူ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် (Singapore Institute of International Affairs – SIIA) ၏ အစီရင်ခံစာ တခုတွင် ဖေါ်ပြခဲ့သည်။

“ဆော်ဒီအာရေဗျနိုင်ငံမှ ၂၅ နှစ်စာ အတိုးလွတ်ချေးငွေ ရရှိဦးမည် ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရသည် စီးပွားရေးအရ အသက်ရှုပေါက် ရနိုင်ဖွယ် ရှိနေသေးသည်”ဟု SIIA က အစီရင်ခံစာတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။

ဆော်ဒီနိုင်ငံမှ ချေးငွေ ပမာဏနှင့် ၎င်း၏ ရည်ရွယ်ချက်ကို မသိရသေးသော်လည်း လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဖြစ်နိုင်သည်ဟု SIIA က ခန့်မှန်းထားသည်။

ယင်းချေးငွေသည် ယမန်နှစ်က မြန်မာ စစ်အစိုးရအရာရှိများ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်မှု ခရီးစဉ်တခု နောက်ပိုင်း ဖြစ်လာခြင်း ဖြစ်သည်။ ဆောာ်ဒီများအတွက် ဈေးချိုသော မြန်မာအလုပ်သမားများ ပို့ပေးမည်ဟူသည့် ကမ်း လှမ်းချက်ဖြင့်လည်း ဤချေးငွေရရှိမှု ဆက်နွယ်မှု ရှိကောင်း ရှိနေနိုင်ပါသည်။

ယခုနှစ်တွင်လည်း စစ်အစိုးရ၏ အိပ်ကပ်ထဲသို့ တရုတ်၊ အိန္ဒိယကဲ့သို့သော အိမ်နီးချင်း နိုင်ငံများမှ ငွေများဝင်ရောက် လာရန် ရှိနေပါသေးသည်။

အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များဖြစ်သော အရှေ့မြောက်ပြည်နယ်များအနေနှင့် ပင်လယ်ကုန်သွယ်ရေးလမ်း ကြောင်း တခုအဖြစ် အသုံးပြုနိုင်ရန် စစ်တွေနှင့် ကုလားတန်မြစ် အနောက်ဘက်ဆိပ်ကမ်းများ ပြန်လည်ပြင်ဆင် ရေး အတွက် အိန္ဒိယအစိုးရမှ ဒေါ်လာသန်း ၁၀၀ အကုန်ကျခံမည့်စီမံကိန်းအား ခွင့်ပြုခဲ့သောကြောင့် နယူးဒေလီက ဗိုလ်ချုပ် များ အိပ်ထဲသို့ ဒေါ်လာ ၁၀ သန်း ထည့်ပေးပါလိမ့်ဦးမည်။

မြန်မာပြည်ကို ဖြတ်၍ စစ်တွေကမ်းရိုးတန်းမှ စွမ်းအင်ကို အာသာငမ်းငမ်း လိုအပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့နှင့် လောင်စာဆီများ သယ်ယူပို့ဆောင်ပေးမည့် ပိုက်လိုင်းများတည်ဆောက်ရေးအတွက် တရုတ်နိုင်ငံက ကြိုတင် ငွေ ထုတ်ပေးလိမ့်ဦးမည် ဖြစ်သည်။

“ဒီလို လုပ်ဆောင်ချက်များသည် ရေတိုကာလ သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်၊ လက်တဆုပ်စာ လူတစု အတွက် တော့ အကျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေး၊ ဒါနဲ့ ဆက်နွယ်နေတဲ့ လူမှုရေး ပြဿနာတွေ ဖြေရှင်းဖို့ အတွက်တော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု၏ သံရုံးမှ အရှေ့ တောင်အာရှ စီးပွားရေးလေ့လာသုံးသပ်သူတဦးက ပြောပါသည်။

မြန်မာနိုင်ငံ၏ ရေတိုအလားအလာများက မှုန်ဝါးထိုင်းမှိုင်းနေပါသည်။ အကြောင်းမှာ ဗိုလ်ချုပ်ကြီးများ၏ မူဝါဒများသည် “လူအများ၏ လူနေမှု အဆင့်အတန်း၊ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုများ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းမှုကို ဖြစ်ပေါ် နေစေသည်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ဖေါ်ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံက စစ်အစိုးရဟာ အပြုသဘော တိုးတက်လုပ်ဆောင်မှု အားလုံးကို ငြင်းဆန်လျှက်ရှိနေတယ်၊ သူ့ ပြည်သူ တွေက တောင်းဆိုတာရော၊ နိုင်ငံတကာအသိုင်းအ၀န်းက ပြောတာရော ဘယ်လိုမှ အပြုသဘော တုန့်ပြန်လုပ်ဆောင်တာ မရှိဘူး”ဟု မကြာသေးမီက အရှေ့အာရှခရီးစဉ်အတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီရယ် (Scot Marciel) က ပြောဆိုခဲ့သည်။

“ကျနော်တို့က လူ့အခွင့်အရေးတို့ ဒီမိုကရေစီအရေးတို့ကိုသာ အများဆုံး ပြောလေ့ပြောထရှိပါတယ်၊ ဒါတွေက ကျနော် တို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ၊ ဒါပေမယ့် အခုကိစ္စက အဲဒီ အတိုင်းအတာကို ကျော်လွန်သွားပါပြီ၊ စီးပွားရေးက အောက်ဆုံးကို ထိုးကျနေတယ်၊ ပညာရေးစနစ်ကလည်း တစစ ပျက်စီးယိုယွင်းလာနေတယ်၊ တတိုင်းပြည် လုံးမှာ ပြဿနာတွေ ဖြစ်နေတာပါ” ဟု သူက ဆက်၍ ပြောခဲ့သည်။

နိုင်ငံရေးအရ ဖိနှိပ်မှုနှင့် ထိုင်းမှိုင်းကျဆင်းနေသည့် စီးပွားရေးကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပတွင် အလုပ် အကိုင်ရှာဖွေစေရန် တွန်းအားသဖွယ် ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေ ထောက်ပံ့ပေးမှု ချို့တဲ့ခြင်းကြောင့် ထိခိုက်နစ်နာဖွယ် ဖြစ်နေရသည်။ ၂၀၀၅ ခုနှစ်တွင် ကလေးငယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းသာ အလယ်တန်းကျောင်းများတွင် စာသင်ကြား နိုင်ခဲ့ကြသည်။ စစ်အစိုးရက ၎င်း၏ ဘဏ္ဍာငွေထဲမှ ၀. ၁ ရာခိုင်နှုန်းကိုသာ လူထုကျန်းမာရေးအတွက် အသုံးပြုနေပြီး မြန်မာနိုင်ငံသားအများစုသည် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် မရှိကြပေ။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီး ၂ နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံသည် ဗိုလ်ချုပ်များအား ပြုပြင်ပြောင်းလဲမှု များလုပ်ဆောင်ရန် သိမ်းသွင်းဖြောင့်ဖြလိုသော ဆန္ဒမရှိကြဘဲ၊ လျင်လျင်မြန်မြန် ကြီးထွားနေသော ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်အတွက်သာ သြဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြသည် ဟု အကဲခတ်လေ့လာသူများက ဆိုသည်။

“မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ပေါကြွယ်ဝမှု နှင့် မဟာဗျူဟာအရ အချက်အချာကျမှု (တည်နေရာ) အပေါ် ထိုသို့ တိုးတက်နေသော စီးပွားရေးနိုင်ငံကြီးများက စိတ်မထိန်းသိမ်းနိုင်လောက်အောင် အာသာငမ်းငမ်းတက် လိုချင်နေကြ ခြင်း ဖြစ်သည်” ဟု ဟာဝိုင်အီ အခြေစိုက် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစိဖိတ်ဌာနချုပ်က မကြာသေးမီက ထုတ်ပြန် သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြခဲ့သည်။

အလားတူပင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သည် ဥရောပသမဂ္ဂ၏ လမ်းညွှန်မူများကို အတုယူကာ ဖွဲ့စည်း လုပ်ဆောင်လိုပါသည်ဟု ပြောဆိုနေခဲ့သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်များ ချမှတ်အကောင်အထည်ဖေါ်ရန်အတွက်ကိုမူ ကြံစည်အားထုတ်မှု လုံးဝ မရှိပေ။

စစ်အစိုးရ၏ ဖိနှိပ်သော မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချနေသော်လည်း အာဆီယံအဖွဲ့သည် ၎င်း၏ အစီအစဉ် အသစ်ဖြစ်သော “အာဆီယံတခွင် ချောမွေ့စွာ ခရီးသွားလည်ပတ်ရေး အစီအစဉ်” (Visit Asean Pass) တွင် မြန်မာနိုင်ငံနှင့် မြန်မာ့လေကြောင်းလိုင်းကို ထည့်သွင်းထားပြီး ဖြစ်သည်။ ထိုအစီအစဉ်သစ်၏ ရည်ရွယ်ချက်မှာ “ဒေသ အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့ရေး၊ နိုင်ငံခြားခရီးသွားများအား ဈေးနှုန်းသက်သာစွာဖြင့် တနေရာမှ တနေရာသို့ သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်ရေး"ဟူ၍ပင် ဖြစ်သည်။

ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းမှုများအပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အဆင်မပြေ ဖြစ်နေချိန်တွင် ထိုကဲ့သို့သော လုပ်ဆောင်ချက်သည်လည်း လွဲချော်နေပြန်တော့သည်။ သို့သော်ငြားလည်း ထိုနည်းလမ်းသည်သာလျှင် အာဆီယံအဖွဲ့က မြန်မာနိုင်ငံအား ၎င်းတို့၏ “အားလုံးပါဝင်ရေး” မူဝါဒအောက်တွင် မြန်မာနိုင်ငံ၏ အသံကို ပါဝင်ခွင့်ပေးနိုင်သော နည်းလမ်း တခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

Read More......

Saturday, April 5, 2008

မြန်မာစီးပွားရေးတိုးတက်မှုနှုန်း စစ်အစိုးရမှန်းသည်ထက် လျော့နေဟု အေဒီဘီပြော

Ref : NEJ/ ၄ ဧပြီ ၂၀၀၈ through Khitpyaing Journal
ပြီးခဲ့သည့် (၂) နှစ်အတွင်း မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုနှုန်း (၁၀) ရာနှုန်းအထက်ရှိမည်ဟု စစ်အစိုးရက မှန်းထားခဲ့သော်လည်း အမှန်တကယ်တိုးတက်မှုသည် မှန်းထားသည်ထက် နည်းနေရုံမက နောင်လည်း ဆက်ကျမည့် အလားအလာရှိသည်ဟု မကြာခင်က ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) အစီရင်ခံစာတွင် ဝေဖန်ထားသည်။

၂၀၀၈ ခု ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် ADB အစီရင်ခံစာ၌ မြန်မာနိုင်ငံ စီးပွားရေးတိုးတက် မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ဝေဖန်ဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် မတ်ခရိုစီးပွားရေး တည်ငြိမ်မှုမရှိသည့်အတွက် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုနှုန်းသည် ကိန်းဂဏန်း (၂) လုံးထိ ခုန်တက်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၇ ခု သြဂုတ်လ မတိုင်မီ တနှစ်အတွင်း ဆန်ဈေး (၄၀) ရာနှုန်းတက်သွားသကဲ့သို့ ဓာတ်ဆီ ဈေးနှုန်း (၇၀) ရာနှုန်းနှင့် ဒီဇယ်ဈေးနှုန်း (၂) ဆ တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် ကုန်ဈေးနှုန်းများတက်ပြီး မကြာမီတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

၂၀၀၆ ခုထိ အစိုးရအခွန်ကောက်ခံငွေ တိုးလာသော်လည်း အစိုးရအသုံးစရိတ်ကြီးမားမှု၊
ဝန်ထမ်းလစာငွေများ တိုးပေးမှုတို့ကြောင့် ဘတ်ဂျက်လိုငွေပြမှုကြီးမားနေဆဲ ဖြစ်သည်ဟု
လည်း အေဒီဘီက ပြောသည်။

မြန်မာနိုင်ငံ ဘတ်ဂျက်လိုငွေပြမှုသည် စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ထက် (၄) ရာခိုင်နှုန်းများနေပြီး လိုငွေကို ဗဟိုဘဏ်က ရိုက်ထုတ်ဖြည့်ဆည်းပေးနေရသည်ဟု ဆက်လက် ဖော်ပြသည်။ ဆက်တိုက် ဘတ်ဂျက်လိုငွေပြမှုကြောင့် မြန်မာနိုင်ငံ မတ်ခရိုစီးပွားရေး ပိုမို မတည်မငြိမ်ဖြစ်နိုင်သည်ဟုလည်း ဟောကိန်းထုတ်ထားသည်။

နိုင်ငံခြားရောင်းချနေသည့် သဘာဝဓာတ်ငွေ့ဈေးတက်နေမှုကြောင့် မြန်မာစီးပွားရေး တိုးတက်
မှု အထိုက်အလျောက်ရှိနေနိုင်သော်လည်း ငွေဖောင်းပွမှုနှုန်း ဆက်လက်ကြီးမားနေမည်ဟု ADB က မှန်းထားသည်။

၂၀၀၆-၂၀၁၀ (၅) နှစ်စီးပွားရေး စီမံကိန်းကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် ပျမ်းမျှ (၁၀) ရာနှုန်းရှိမည်ဟု မြန်မာစစ်အစိုးရက လျာထားသော်လည်း (၅) ရာခိုင်နှုန်း တိုးတက်ရန် ပင်မလွယ်ဟု ADB က ပြောသည်။

ကမ္ဘာ့စီးပွားရေး ကျနေသည့်အပြင် အဓိက ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ
စသည့် နိုင်ငံများ၏ စီးပွားရေး နှေးလာသည့်အချက်များအပေါ် မြန်မာစီးပွားရေး ကြံ့ကြံ့ခံနိုင် ရန်မလွယ်ကူကြောင်း အေဒီဘီက သတိပေးထားသည်။

Read More......

Friday, April 4, 2008

ဈေးပေါသော မြန်မာဆန်ကို စင်ကာပူ အစားထိုးတင်သွင်း

RFA 2008.04.02
ကမႝာ့သီးနှံဈေးတွေ မြင့်တက်လာနေတဲ့အတွက် စင်ကာပူနိုင်ငံဟာ ဈေးကြီးတဲ့ ထိုင်းဆန်အစား ဈေးပေါတဲ့ မြန်မာနိုင်ငံက ဆန်ကိုပြောင်းလဲတင်သွင်းနေပါတယ်။

စင်ကာပူနိုင်ငံက စားသောက်ကုန်လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေဟာ ထိုင်းဆန်ကို အမှီပြုနေရာက အခုတော့ ဈေးသက်သာတဲ့ မြန်မာဆန်ကို အစားထိုးသုံးစွဲနေကြပါတယ်။ နာမည်ကျော် ဆာဂါ စားသောက်ကုန် ကုမ္ပဏီရဲ့ အမှုဆောင်ညွန်ကြားရေးမှူးက သူတို့ကုမ္ပဏီအနေနဲ့ ဒီဧပြီလအတွင်းမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၅ဝ) လောက်ဝယ်ယူရလိမ့်မယ်လို့ပြောပါတယ်။ ထိုင်းဆန်နဲ့နှိုင်းယှဉ်ရင် (၅ဝ) ကီလိုဂရမ်တအိတ်ကို စင်ကာပူဒေါ်လာ ၂ဝဝ လောက် သက်သာတယ်လို့ဆိုပါတယ်။

စင်ကာပူရဲ့ အဓိက ဆန်တင်သွင်းရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဖဲယားပရိုက်စ် ကလည်း အိန္ဒိယ၊ ဗီယက်နမ် နဲ့ သြစတြေးလျတို့ကနေ ဆန်တွေဝယ်ယူနေတာပါ။ မနှစ်က စင်ကာပူနိုင်ငံဟာ ဆန်တန်ချိန် သုံးသိန်းကျော်တင်သွင်းခဲ့ရာမှာ ၆ဝ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံကနေ ဝယ်ယူတာဖြစ်ပြီး ၃ဝ ရာနှုန်းဟာ အိန္ဒိယနဲ့ ဗီယက်နမ် က လာတာပါ။ ကျန် ၁ဝ ရာခိုင်နှုန်းကို တခြားနိုင်ငံ (၁၅)နိုင်ငံကနေ တင်သွင်း တာ ဖြစ်ပါတယ်။

အခုတော့ စားသောက်ကုန်သီးနှံဈေးတွေ မြင့်တက်လာတဲ့အတွက် စင်ကာပူက စားသောက်ဆိုင် အကြီးတွေရော၊ အသေးတွေပါ ကုန်ကျစရိတ်လျှော့ချဖို့ နည်းလမ်းရှာနေကြတာပါ။ အဲဒီမှာ အရည်အသွေးနိမ့်တဲ့ဆန်တွေကို အစားထိုး သုံးစွဲလာကြပါတယ်။ ဒါပေမဲ့ ထိုင်းဆန်ရဲ့ အနံ့အရသာကို မမီတဲ့အတွက် စားသုံးသူတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။ စားသောက်ဆိုင်တဆိုင်ကတော့ ဈေးပေါတဲ့ဆန်ကို သုံးပတ်လောက်ပဲ သုံးလိုက်ရပြီး ဖောက်သည်ပျက်မှာစိုးတဲ့အတွက် ထိုင်းဆန်ကိုပဲ ပြန်သုံးရတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ ရာသီဥတုပျက်လို့ ဆန်ဈေးကြီးမြင့်နေရာမှာ စားသုံးသူတွေ သက်သာရေးအတွက် နိုင်ငံ့အရန်ဆန်ထဲကနေ သက်သာဆန် အစီအစဉ်လုပ်ဖို့ ထိုင်းအစိုးရက သဘောတူလိုက်ပါတယ်။ ဒီအစီအစဉ်အရ နိုင်ငံ့ဆန်ထဲက တန်ချိန် နှစ်သန်းကျော်ကို လက်လီပေါက်ဈေးထက် ဈေးသက်သက်သာသာနဲ့ ရောင်းချမှာဖြစ်ပါတယ်။

Read More......

Tuesday, April 1, 2008

လှေကလေး

by author နေဝင်းမြင့်

ထိုနေ့နံနက်ခင်းမှာ ထူးဆန်းမှုရှိလေသည်။ ကာဘန်းလှေကလေးတစင်းသည် ပါချန်းမြစ်၏ လက်ဝဲဘက် ကမ်းပါးအတိုင်း
တရွေ့ရွေ့ ဆန်တက် နေသောကြောင့် ဖြစ်၏။ ဆလုံလှေကလေးများကို ကာဘန်းဟု ခေါ်လေသည်။ ယခု ကာဘန်းကလေးပေါ်တွင် အသက်နှစ်ဆယ်အရွယ် ဆလုံကလေးတဦးသာ ပါလေသည်။ ဆလုံကလေးသည် အထီးကျန်ဆန်၏။ သူ့စိတ်သည်လည်း တကိုယ်တည်း လွင့်ချင်မျောချင်သော သဘောရှိလေသည်။ ယခုသူဆန်တက်နေသော အရပ်တွင် လှပသည့်ပန်းပွင့်ပန်းခင်းများ မရှိသလောက် ရှားပါးစပြုပြီး အုန်းပင်နှင့်ကွမ်းသီးပင်များသာ တွေ့ရ၏။ 'ကမ်းစပ်မှာပြေးလွှားနေတဲ့ ခွေးတကောင်လောက် တွ့ချင်လိုက်တာ...ငါ့လှေမှာ ခွေးမပါတာ လှေနဲ့မတူသလိုပဲ..' ဟု ရင်ထဲတွင် နာကျင်မှုတခုရှိနေလေသည်။ .. ခွေးတကောင်မျှမပါလျှင် ကာဘန်းမပီသပေ.. ကာဘန်းပေါ်တွင် ခွေးပါမှ ကာဘန်းပီသသည်..ဟု ဆလုံတိုင်းရင်းသားတိုင်း ယူဆမှုရှိကြသည်.. ထို့ကြောင့် ဆလုံလှေတိုင်းလိုလိုပင် လှေဦးတွင် ခွေးကို တင်ထားကြလေသည်.. ''တချိန်ကတော့ ငါတို့ကာဘန်းပေါ်မှာ အဖေရယ် ငါရယ် အတူတူနေခဲ့ကြ ဖူးပါရဲ့. ဒါပေမယ့်.... ''သူသည် ဆက်မတွေးရဲတော့ပေ။ လှေ၏ လှော်တက်ကို ကြမ်းတမ်းသော လက်ဖဝါးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထား လိုက်မိလေသည်။ ကာဘန်းလှေကလေးသည် ပါချန်းမြစ်ကွေ့ တနေရာသို့ ရောက်ခဲ့ပြီ။ ထိုနေရာသည် 'မရမ်း' ဖြစ်၏။ ဆလုံကလေးသည် လှေပေါ်တွင် ဒူးထောက်ရင်း မြစ်ရေပြင်မှ ရေကို လက်ဖဝါးဖြင့် ထပ်ရ်ျ နမ်းကြည့်ပြီးလျှင်လျှာဖြင့် လျက်ကြည့်နေသည်။ ထို့နောက် သူသည် လှေပေါ်မှာ မြေအိုးကလေးကို ယူရ်ျ မြစ်ရေကို အပြည့်ခပ်ယူပြီးလှေပေါ် တင် ထားလိုက်လေသည်။ 'မရမ်' သည် ပါချန်းမြစ်တွင် ရေချိုနှင့် ရေငန်ကို နယ်ခြားမျဉ်း သတ်မှတ်ပေးသော သဘာဝရေချိုနယ်မြေ မဟုတ်ပါလား.ရေချိုနေပေပြီ။ သောက်ရေရပြီ။ သူ့လှေကလေးသည် ကော့သောင်နှင့် မိုင်သုံးဆယ်ကျော်မျှ ခရီးပေါက်ခဲ့လေပြီ။ဝမ်းဆာလာသဖြင့် မျက်နှာပိတ် ခရုကို ရေနွေးဖြင့် ပြုတ်ထားသောအိုးကလေးကို ဖွင့်၍ ခရုအသားနွှင်ကာ စားရလေသည်။သူ့လှေကလေး 'နာလီချမ်း' ရွာအနီးသို့ ရောက်သောအခါ ရေဆင်းခပ်နေသော ရွာသူရွာသား တချို့က တအံ့တဩငေးမော ဝေဖန် ပြောဆိုကြလေသည်။ ရေချိုရှိရာအရပ်သို့ လာသော ဆလုံလှေနှင့်ဆလုံကလေးကို တွေ့၍ အံ့အားသင့်မိကြခြင်း ဖြစ်လေသည်။ နာလီချမ်းသည် ပါချန်းမြစ်ဖျားပိုင်းဖြစ်၏။ ကော့သောင်မြို့မှ မိုင်လေးဆယ်ကျော် အရပ်တွင် ရှိလေသည်။''ကြည့်စမ်း..နာလီချမ်းရွာက လူတွေ ငါ့ကို ငေးကြည့်နေကြတယ်..သူတို့က လူချောလူလှတွေ ပဲ.. ငါ့ အသားတွေကတော့ နေလောင်ပြီး နီရဲ အက်ကွဲကြမ်းတမ်း လိုက်တာလေ.ငါ့ပါးစပ်ထဲက လျှာတွေတောင်မှ ညှီစော် နံနေတာကြည့်။ ငါ့းပြုတ်..ငါးကင်.. ခရုပြုတ်..ကမာပြုတ် ၊ရှပ်ကင်နဲ့ ဆန်ကြမ်း ရေခမ်းချက်.. အဲဒါ.. အဲဒါတွေနဲ့ ဘဝကို တည်ဆောက်ခဲ့ရတာ မဟုတ်လား..တခါတခါ ကျွန်းတကျွန်းရောက်လို့ လှေမှာမွေးထားတဲ့ ခွေးက အနံ့ခံကောင်းအမဲလိုက်ကောင်းမှ မျောက်သားနဲ့ဖွတ်သား..လိပ်သား .လိပ်ဥတွေစားရတာ..ဒါပေမယ့် ငါ့ကိုယ်ငါ ချစ်တယ်.. ငါ့ရဲ့ တိုင်းရင်းသားတွေကို ချစ်တယ်.. ငါတို့ဆလုံလူမျိုးဟာ ကျောက်ရောဂါနဲ့ ကျောက်ပေါက်မာ မရှိတဲ့လူမျိုး..ပင်လယ် ဆားငန်ရေတွေက တောတောင် သစ်ပင်တွေက ငှက်ဖျားနဲ့ဒူလာသွေးဝမ်း ..မီးယပ်သွေးဝမ်း.. ဝေဒနာကလွဲပြီး တခြား ဝေဒနာတွေ ဘာတခုမှ ငါတို့ကို လက်ဆောင်မပေးဘူး ..''.. ဟု လှေပေါ်တွင် မတ်တပ်ရပ်ရင်း သူ ခံစားမိလေသည်။သူ့ ခန္ဓာကိုယ်ပေါ်တွင် အမြှောင်း အမြှောင်းထနေသော ကြွက်သားအစိုင်အခဲကြီး များကိုလည်း ပိုမို၍ သူ အားကိုးမိလေသည်။ ''မင်း ဘာလာလုပ်လဲ..ဘယ်သွားမလဲ'' ဟု နာလီချမ်း ရွာသားတယောက်က လှေဆိပ်တွင် သူ့လှေအနီး ချဉ်းကပ်၍လက်ဟန် ခြေဟန်ဖြင့် မေးလေသည်။မေးနေသူမှာ မြန်မာ တယောက်ပင်ဖြစ်၏။ စိတ်သဘောထား ပြည့်ဝကောင်းမွန်ပုံလည်း.. မျက်နှာမှာ ပေါ်လွင်နေလေသည်။ တခုခု အကူအညီပေးမည့် အနေအထားမျိုးပင်ဖြစ်သည်။''ဆေ့..အမ်း.နာလီချမ်း''သူသည် တဖက်သား နားလည်မည် မဟုတ်သော ဆလုံးစကားဖြင့် ''ဒီဟာ နာလီချမ်း ရွာလား'' ဟု မေးလိုက်မိသည်။.. ..နာလီချမ်းရွာသားကို နာလိချမ်း. .နာလီချမ်း.. ဟု ရွာသားက ပြန်ပြောလိုက်သဖြင့် သူ့ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူသည် မြစ်တဖက်ကမ်းသို့ လက်ညိုးထိုးပြ လိုက်မိပြန်သည်။ ''ထပ်ဘလီ.. ထပ်ဘလီ ..ထစမ်း..'' ဟု ဝမ်းသာအားရ လှမ်းပြောတာကို နာလီချမ်းရွာသားသည် နားမလည်တော့သလိုဖြင့် ခေါင်းခါလိုက်ပြီး မြစ်ရေ တပုံးဆွဲကာ ကမ်းပေါ်သို့ တက်သွားလေတော့သည် . . သူသည် အဝေးဆုံး မှုန်ဝါးဝါး အရပ်ရှိ ထပ်ဘလီ ရွာကို ငေးကြည့်နေမိသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည် ရစ်ဝဲလာလေသည်။ သူ့ရင်ထဲတွင် ပြောချင်တာတွေ..မေးချင်တာတွေ..စုံစမ်းချင်တာတွေ က အများကြီးပဲ..ခုတော့ ငါ့စကားငါတယောက်တည်းသိ.. သူများမသိတဲ့ အရပ်ဒေသမှာ ငါမေးချင်တာတွေ ငါပြောချင်တာတွေ ငါစုံစမ်းချင်တာတွေ.. ရေထဲကိုနေဝင်သွားသလိုပဲ မှောင်သွားပြီဟု ကြိတ်မှိတ်ခံစားရလေသည်။ အဲသလိုနဲ့ ငါဟာ ငါ ရောက်ချင်တဲ့ ထပ်ဘလီ ရွာကို မရောက်ခဲ့သလို ငါ တွေ့ချင်တဲ့ လူတယောက်နဲ့လည်း မတွေ့ခဲ့ရပါဘူး.. နာလီချမ်းရွာမှ လှေပြန် အလှည့်မှာ မထင်မှတ်ဘဲ ငါ့ဘဝအတက် လက်ဆောင် ရခဲ့တာကတော့ မင်းလေ။မင်းဟာ အဲဒီရွာက ခွေး တကောင်ပါပဲ.. မြစ်ကမ်းစပ်မှာ ရေဆင်း ချိုးနေကြတဲ့ အရက်မူးသမား ကာလသားတစုဟာ လက်ကျန် မရှိတော့တဲ့ မဲခေါင် အရက်ပုလင်းတွေကို ရေထဲ ပစ်ပေါက် ဆော့ကစားလို့ အားမရတော့ ကမ်းစပ်သောင်ပြင်မှာ ပြေးလွှားနေတဲ့ မင်းကိုဝိုင်းဖမ်းပြီး ရေထဲကို လွှင့်ပစ်ကြပြန်တယ်.. မင်းဟာကြောက်လန့်တကြား နဲ့မောဟိုက် ပင်ပန်းစွာ ငါ့ရဲ့ ကာဘန်းလှေကလေး ရှိရာကို ကူးလာတုန်း မင်းကို ငါကလှေပေါ် ဆွဲတင် ထားလိုက်မိတာပဲ.. မင်းနဲ့ငါ သူငယ်ချင်းစဖြစ်တဲ့ ညနေခင်းဆိုပါစို့.. မင်းဟာ ငါ့ရဲ့ ကာဘန်းလှေကလေး ပါချန်းမြစ် အတိုင်း စုန်ဆင်းပြီး ရေချိုရေငန်စပ် 'မရမ်း' ရောက်တဲ့ အထိ ငါနဲ့ အတူ ပါလာခဲ့တယ်.. မရမ်းကမ်းခြေမှာ မင်းကို ငါချထားခဲ့ဖို့ ကြိုးစားပါသေးတယ်.. ဒါပေမယ့် မင်းက ငါ့ကို မခွဲနိုင်တော့ဘူးထင်ပါရဲ့.. ငါ့နောက် ဇွတ်အတင်း ပြေးလိုက် လာပြန်တယ်..ဒါကြောင့် မင်းကို ငါ ကာဘန်းပေါ် ပြန်တင်ခဲ့ရတယ်.. ခုတော့ မင်းဟာ ပင်လယ် ဆားငန်ရေတွေ.. လှိုင်းဂယက်တွေ .. မိုးသက်လေပြင်းတွေ.. ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ကြားမှာ ငါနဲ့အတူ မခွဲမခွာထာဝရ လက်တွဲခဲ့ပြီပေါ့.. ငါ့ဘဝအတက် မင်းကို အထူးပဲကျေးဇူးတင်ပါတယ်ကွာ'' သူသည် လှေဦးတွင် ထိုင်ရင်းခွေးကြီးကို ပွေ့ဖက်လျက် တိုးတိုးကလေး ရေရွတ် နေမိလေသည်။ ယခုအချိန်တွင်မူ သူသည် ခွေးကို အထူးပင်ချစ်ခင်နေမိလေပြီ။ ခွေးမှာလဲ အတော်ပင် လှေသက် ရေသက် ရင့်ကျက်ခဲ့ပေပြီ။ ထွားကျိုင်း သန်မာနေပြီ။သူတို့လှေကလေး အပါအဝင် ဆလုံကာဘန်းလှေ အုပ်စုတစုသည် ကျောင်းတန်းလဝန်းရွေးစေ့ အမည်ရှိ အော်အတွင်းတွင် မျက်နှာပိတ်ခရု ဆင်းငုပ် နေကြလေသည်။ သူ့လှေမှာထူးဆန်းမှုတခုရှိ၏။ လှေပေါ်တွင် မိန်းမ မရှိခြင်းပင်ဖြစ်လေသည်။ တခြားလှေများတွင် ခွေး၊ ရေအိုး၊ ထမင်းအိုး၊ မီးဖို၊ ထင်းစည်း၊ ကပ်ပါးခေါ် ပုဆိန်ငယ်၊ အဘွားအို၊ အဘိုးအို၊ သား၊ သမီး၊ သမက်၊ ချွေးမ၊ ကလေးငယ် စသည်ဖြင့် ရှု့ပ်ရှုပ်ထွေးထွေး ရှိလှ၏။ သူသည် လှေပေါ်သို့ မိန်းမ မတင်လိုသေးပေ၊ တင်လိုသော ဆန္ဒရှိက တခြား ကာဘန်းများတွင် အပျိုမ ကလေးများ ရှိနေလေသည။် ဆလုံအမျိုးသမီးများသည် အနီရဲရဲကို အလွန်ပင်နှစ်သက်ကြ၏။ အနီရောင်ပန်းပွင့် ရဲရဲပါသော ပိတ်စများကို အထက်ဆင်မတပ်ဘဲ ဝတ်လေသည်။ အပျိုမကလေးများ၏ ထူးခြားချက်မှာ ဆံပင်တွင် အနီရောင် ပိတ်စ ရှည်ရှည်တခု ချည်နှောင် ထားလေ့ရှိခြင်းပင်။ '' ကျွန်းတကျွန်း ရောက်လို့ ကျွန်းပေါ်ခဏတက်ပြီး ခွေးနဲ့ အမဲ လိုက်တဲ့အခါ.. ထင်းတက်ခုတ်တဲ့အခါ.. မကြာခဏ အပျိုမကလေးတွေနဲ့ဆုံတွေ့ရတတ်စမြဲပါပဲ.. ..ငါ့အဖေနဲ့ငါ့အမေဟာ ငါ့ကိုမမွေးခင် ကျွန်းတကျွန်းပေါ်မှာ အတူတကွ ဆုံတွေ့ကြတယ်. ပြီးတော့ ကာဘန်းလှေကလေးရဲ့ပေါင်းမိုးအောက်မှာ နှစ်ပေါင်းများစွာ အတူတကွ နေကြတယ်.. ငါဆိုတဲ့ လူသားတယောက်လည်း လှေပေါ်မှာ မွေးဖားခဲ့ရတယ်.. မွေးဖားခြင်းမှာ ငါတို့ လူမျိုးဟာ ရဲရင့်တယ်.. သတ္တိကြီးမားသော မိခင်စိတ်ဟာ လှိုင်းလုံးတွေကို ကျော်လွှားစိုးမိုးနိုင်တယ်.. အကူအညီ အထောက်အပံ့မဲ့ ကိုယ်ထူကိုယ်ထ မွေးဖား သန့်စင်ခြင်းမျိုးလဲ ဖြစ်တယ်.. စိတ်ဝင်စားစရာ အကောင်းဆုံး အသက်ရှင် ရယူခြင်းလည်းဖြစ်တယ်.. ငါ့တို့အမေဟာ ငါ့ချက်ကြိုးကို အဖေ့ကို ဖြတ်စေတယ်.. ကျန်တဲ့ အချင်းနဲ့ချက်ကြိုးကို ကိုင်ပြိး အမေဟာ နာရီ မဆိုင်းဘဲ ဆားငန်ရေထဲကို ခုန်ဆင်း သွားရတယ်.. လှေပေါ်ကို အမေ ပြန်တက်လာတော့ အမေ့မျက်နှာမှာ အပြုံးတခုက လွဲပြီး ဘာမျှ ပြန်ပါမလာတော့ဘူး..(အချင်းကို ပင်လယ်ရေအောက်မှာ မြုပ်လေ့ ရှိကြတယ်.. လို့ ဆိုလိုချင်ဟန် ရှိပါတယ်..) မွေးဖားပြီးစငါ့ကိုလည်း ဆားငန်ရေနဲ့ပဲ သန့်စင်ပေးကြတယ်.. ခြေဖဝါး ကျယ်ကျယ် ကားကား ပြန့်ပြန့် ကလေးတွေနဲ့ လှေပေါ်မှာ မတ်တပ်ရပ်နိုင်တဲ့ အရွယ်ရောက်တော့ ကလေးတို့ဘာဝ ငါဟာ ကစားကွင်းတဲကို ခုန်ဆင်းခဲ့မိတယ်.. ငါ့ရဲ့ ကစားကွင်းဟာ အကျယ်ကြီးပဲ.. လှပတဲ့ရေမှော်ပင်.. သန္တာ.. ကျောက်ခက်တွေနဲ့ငါးရောင်စုံကလေးတွေက ငါ့ဘဝအတက် ပန်းဥယျာဉ်နဲ့သူငယ်ချင်းတွေပေါ့.. လူပျိုပေါက် အရွယ်ရောက်တော့ ကြိုးအနီရောင်ကိုဖုထုံးကလေးတွေထုံးပြီး လည်ပင်းမှာ ဆွဲရတာ လှတယ်လို့ သတ်မှတ်မိတယ်.. ခရုရောင်စုံလေးတွေကို ဆွဲရတာ လှတယ်.. လို့ ထင်မိတယ်..အဖေနဲ့အမေတွေဟာ လှေပေါ်မှာ သားသမီးတွေကို မွေးဖားပေးကြတယ်.ပြီးတော့ သူတို့က ကျွန်းပေါ်မှာ နေရစ်ခဲ့ကြတာပဲ..တဲ့..ဒါဟာ ရင်နင့်စရာ အကောင်းဆုံး သင်္ခါရတခုပေါ့.. ငါ့ဘဝမှာ ပထမဦးဆုံး အမေ့ကို စွန့်လွှတ်ခဲ့ရတယ်.. အမေငှက်ဖျားဖြစ်တယ်.. ပြီးတော့ လှေပေါ်မှာ အမေ ကွယ်လွန်တယ် .. အမေ့ရုပ်အလောင်းကို 'လာပဒါ' ဆိုတဲ့ ကျွန်းနဲ့သိပ်မဝေးတဲ့ ကျွန်းငယ်ကလေး တကျွန်းပေါ်မှာ မြှုပ်နှံ သဂြိုဟ်ခဲ့ ရတယ်.. ငါတို့ ဆလုံ တိုင်းရင်းသားတွေရဲ့ မြုပ်နှံသင်္ဂြိုလ် မှုဟာ ထူးဆန်းတယ်လို့ ဆိုမယ်ဆိုရင် ဆိုနိုင်ပါရဲ့.. အမေ့ကို မြေမြုပ်တော့ အနီရောင် ပန်းပွင့်ပါတဲ့ ပိတ်စတွေ တွင်းထဲ ပစ်ချကြတယ်.. ပစ်ချတဲ့အထဲမှာ ဆန်အရက် တပုလင်းလည်းပါရဲ့.. လက်ဆုပ်ခရု သုံးလေးလုံးလည်းပါရဲ့.. အို..ဒါနဲ့ပဲ အမေဟာ အဲဒီ ကျွန်းကလေးမှာ ကျန်ရစ်ခဲ့တော့တယ်.. ငါတို့ ဆလုံ လေအှုပ်စုဟာ ကျွန်းတကျွန်းပေါ်မှာ လူတယောက်ကို မြုပ်နှံပြီးရင် အဲဒီကျွန်းမှာ ဘယ်သူမှ မနေကြတော့ဘဲ အုပ်စုလိုက် အခြား ကျွန်းတကျွန်းကို နေရာရွှေ့ပြောင်းကြပါတယ်.. အမေလှေပေါ်မှာ မရှိတော့တဲ့အခါ.. အဖေရယ်..ခွေးတကောင်ရယ်.. ငါရယ်၊လှေပေါ်မှာ ကျန်ခဲ့ကြတယ်..ဒါပေမယ့် အဖေနဲ့ ခွေးဟာ တနေ့မှာ ငါ့ကို စွန့်ခွာ သွားပြန်တယ်လေ..

'သူသည် ရင်ခွင်ထဲတွင် ထွေးပိုက် ထားဆဲဖြစ်သော နာလီချမ်းရွာမှ ခွေးကြီးကို ငုံ့ကြည့်ရင်း တွေးချင်ရာ တွေးနေမိလေသည်။ ခွေး၏ကိုယ်ငွေ့မှာအထူးပင်နွေးထွေးလေသည်။ နှစ်ကာလ အတန်ကြာ ပင်လယ်ထဲမှာ အတူနေလာခဲ့ကြပြီမို့ နာလီချမ်း ခွေးကြီးသည်လည်း သခင်၏ ကိုယ်ငွေ့ကို အထူးတိုးဝှေ့မှေးစက် ခံစား နေရှာလေသည်။ သူသည် ခွေး၏ နဖူးပြင်ကို ညင်သာယုယစွာ ပွတ်သပ် ပေးနေမိ၏။ ''အခုငါ့ရင်ခွင်ထဲမှာ ရောက်နေတဲ့ မင်းကလည်း ဘယ်အချိန်မှာ ငါ့ကို စွန့်ခွာသားဦးမှာလဲ'' ဟု သံသယဖြစ်စွာ မေးနေမိလေသည်။ '' အရင် ခွေးကြီးတုန်းကလည်း အဖေ နဲ့ငါ ကော့သောင်မှာ ကမာနဲ့ဆန်သွား လဲတုန်းက လူတယောက်က ခဏငှားလိုက်ပါ.. တလကြာရင် ပြန်လာပေး မယ်..လို့ပြောပြီး ယူသွားတာ.. အဲဒီလူဟာ လူမျိုးခြားတယောက်ပဲ.. ငါ့တို့ကို ဆလုံလို့ မခေါ်ဘဲ ချော်နမ်းလို့ အော်ခေါ်ကတည်းက လူမျိုးခြားဆိုတာ တို့သိပြီပေါ့ကွာ. သူက ငါ့တို့စကားလည်း တော်တော်လေးပဲ ပြောနိုင်တယ် ..သူက ငါတို့ ခွေးကြီးကို အရမ်း သဘောကျပြီး အရမ်း လိုချင်နေတော့ သူ့လှေမှာ ပါလာတဲ့ စားစရာတွေ ငါတို့ ကိုအတင်းပေးတော့တာပဲ.. အဖေ့ကို အဲဒီလူက ဘာပြောသွားသလဲ ဆိုတော့ သူဟာ ပါချန်းမြစ်ဖျားတဘက်ကမ်းက ထပ်ဘလီရွာမှာ နေတဲ့အကြောင်း .. ဒီခွေးကြီးနဲ့ အမဲလိုက်ဖို့ ခဏယူသွားမယ့်အကြောင်း ပြန်လာပေးမယ့် အကြောင်း ပြောတာ ငါတို့က ယုံကြည်မိတာပေါ့.. အဖေ ကလည်း သိပ်ရိုး.. သိပ် အတာပဲကွာ.. ငါလည်း အဖေ့ သားပဲ.. အဖေ့လိုပဲပေါ့.. အဖေ သေတဲ့အထိ ငါတို့ခွေး ကို ပြန်လာ မပေးတော့ဘူးဟေ့.. အဖေသေပြီးနောက်ပိုင်း ကော့သောင်ဆိပ်ကမ်း တဝိုက် လှေနဲ့တခါနှစ်ခါ ငါ သွားသေးတယ်.. ထပ်ဘလီက လူကို ရှာတာပေါ့ကွာ.. တော်တော့ဟေ့..တော်တော့။ မိုက်မိုက်ကန်းကန်းနဲ့ ငါပါချန်မြစ်ဖျား နာလီချမ်းအထိ လှေနဲ့ တက်သွားတော့မှ ထပ်ဘလီဆိုတာ အတော်ဝေးမှန်းသိရတော့တယ်..တော် ပါသေးရဲ့ နာလီချန်းက အပြန်မှာ ဟိုခွေးကြီးအစား မင်း ကို ရခဲ့လို့ပေါ့..ငါတို့ဆလုံလူမျိုးတွေဟာ ခွေးနဲ့ပတ်သက် လာရင် ဘယ်အထိ သံယောဇဉ် အင်အား ကြီးမားတယ် ဆိုတာ သိလောက်ရောပေါ့.. ခွေးကြီးကို ပေးလိုက်မိတဲ့ အတွက်..သူ့ကိုယ်သူ မှားမှန်းသိတဲ့ ငါ့ အဖေဟာ တနေ့တခြား မစားနိုင်မအိပ်နိုင် စိတ်ထောင်းကိုယ်ကြေ တမှိုင်မှိုင်တတွေတေ ဖြစ်ရာက ကိုယ်တွင်း ရောဂါတခုကလည်း ဖိစီးလာပြန်တယ်.. အဖေဟာ လှေပဲ့မှာ ထိုင်ရင်း အစာ ဟောင်းစွန့်တယ်..အဖေဟာ ဒူးတွေ တဆတ်ဆတ်တုန် ..နဖူးမှာ ချွေးတွေ စို့လာပြီး ရေပြင်ပေါ်မှာ ကွက်ခနဲ ကွက်ခနဲစက်ဝိုင်းဂယက် ပြန့်ပြန့်သွားတဲ့ သွေးကက်တွေ ကို ငုံ့ကြည့်နေတာ ငါကြုံတွေ့ရတယ်.. ငါတို့ ကာဘန်း လှေ အုပ်စုတွေမှာ ဆေးဆရာဆိုတာ မရှိဘူး.. ဒါပေမယ့် ငါဂုဏ်ယူတာ တခုရှိတယ်..ငါတို့ ဆလုံတွေဟာ တလှေ နဲ့တလှေ တဦးနဲ့တဦး ထိခိုက်နာကျင်အောင် လုပ်ရိုးထုံးစံ မရှိသလို ခိုးခြင်း.. ဝှက်ခြင်း.. သူတပါး သားမယားပြစ်မှားခြင်း. ဆဲဆိုခြင်း.. အတင်းပြောခြင်း.. ခိုက်ရန် ဒေါသဖြစ်ခြင်း..လက်နက်မဲ့ ယှဉ်ပြိုင်သတ်ပုတ်ခြင်း.. လက်နက်နဲ့နိုင်ထက်စီးနင်း ခုတ်ထစ်ရက်စက်ခြင်း ဆိုတာ ဒီနေ့အထိ မရှိတဲ့ အချက်အတွက် ငါဂုဏ်ယူမိတယ်.. အမှုတခုအတွက် ဘယ် တရားရုံးကိုမှ ငါတို့အုပ်စု သွားခဲ့ ရတဲ့ ထုံးစံမရှိဘူး.. ဒါကြောင့် အဖေရဲ့ သေခြင်းတရား ဟာ အေးချမ်း တိတ်ဆိတ်စွာနဲ့ လှေပေါ်မှာပဲ ပြီးဆုံးခဲ့တယ်.. လူသူကင်းမဲ့တဲ့ ကျွန်းကလေး တကျွန်းပေါ်မှာ
အဖေ့ကို မြုပ်နှံပြီး ငါတို့ ကာအန်းအုပ်စုဟာ တနေရာကို ပြောင်းရွှေ့ခဲ့ရပြန်တယ်.. ဒါကြောင့် ငါစဉ်းစားမိတယ် .. ငါဟာ ငါ့လှေပေါ်မှာ မိန်းမ မထားဘူး လို့..တနေ့ မှာ ငါက ကျွန်းကလေးတကျွန်းရဲ့ မြေကြီးတွင်းထဲမှာနေရစ်ခဲ့ရပြီး ငါနေခဲ့တဲ့ ကာဘန်းလှေကလေးနဲ့ ငါ့ရဲ့ ရင်သွေး သားသမီး ငါ့ရဲ့မိန်းမနဲ့ ငါ့ရဲ့ခွေးတွေက တနေရာကို ထွက်ခွာသားကြမှာထက် မြေကြီးတွင်းထဲ ငါရောက်သွား တဲ့အချိန်မှာ ငါ့ရဲ့ကာဘန်းလှေကလေး တစင်းထဲသာ ပင်လယ်မှာ မျောချင်ရာ မျောပါသွားရင်း သံယောဇဉ်အမျှင်တွေ ငါ့ဝိဥာဉ်မြှုပ်နှံတဲ့ ကျွန်းတခွင်လုံး မဖုံးလွှမ်းနိုင် တော့ဘူလို့ ငါယုံကြည်တယ်..။

Read More......

POWERCUBE: Rock-Solid Solar Generator To-Go

via Inhabitat by Mike Chino on 3/31/08

PowerCube, PowerCube 6000, solar power, mobile power, renewable energy, solar to-go, mobile solar, power generator, electricity, PowerCubepowercube2.jpg

Portable green power sources are steadily gaining momentum as alternative energy tech gears up to help shoulder the strain of our overloaded energy grids. This recently released generator, dubbed the PowerCube 6000, is showing plenty of potential as an all-inclusive clean energy system. Whether you’re greening your home’s energy sources, preparing for an emergency, or opening up a Black Rock smoothie stand, the PowerCube offers an enticing (if expensive) way to break free from the grid.


Read More......

Friday, March 28, 2008

ကမ်းရိုးတန်းဒေသသွား ပထမဆုံးပုဂ္ဂလိက သင်္ဘောလိုင်း ပြေးဆွဲမည်

via ပြည်တွင်းသတင်း on 3/28/08

ကမ်းရိုးတန်းဒေသများဖြစ်သောမြိတ်၊ ကော့သောင်းဒေသများသို့သင်္ဘောဖြင့်သွားရောက်လိုသော"ခရီးသည်များအတွက်လက်မှတ်များကို မဲနှိုက်ဝယ်ယူစရာမလိုဘဲဦးရာလူစနစ်ဖြင့်ရောင်းချပေးသွားမည့် ပုဂ္ဂလိကသင်္ဘောလိုင်းတစ်ခုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ MIN TUN Treading မှပြေးဆွဲ"မည့်ယင်းသင်္ဘောတွင်ရိုးရိုးတန်း၊အထူးတန်းဟူ၍ခွဲခြားထားပြီး ၂ယောက်ခန်း၊၄ယောက်ခန်း၊ ၆ယောက်"ခန်း၊ ၈ယောက်ခန်းဟူ၍အသီးသီးပါရှိကြောင်းသိရသည်။ ရန်ကုန်မှမြိတ်သို့အထူးတန်း ဖြင့်သွားရောက်"လိုသူများအတွက် တစ်ယောက်လျှင် ၅၀၀၀၀ ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၇၀၀၀၀ ကျပ်သတ်"မှတ်ထားသကဲ့သို့ မြိတ်မှကော့သောင်းအတွက် ၃၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း Min Tun မှ မခင်"သင်းမော်ကပြောသည်။ ရန်ကုန်မှမြိတ်သို့ရိုးရိုးတန်းဖြင့်သွားရောက်လိုသူများအတွက် တစ်ယောက်လျှင်"၃၅၀၀၀ကျပ်နှင့် ကော့သောင်းခရီးစဉ်အတွက် ၅၀၀၀၀ကျပ်သတ်မှတ်ထားကြောင်း၊မြိတ်မှကော့သောင်း"အတွက် ၁၇၀၀၀ကျပ်သတ်မှတ်ထားကြောင်း မခင်သင်းမော်ကဆက်လက်ပြောသည်။ ယင်းခရီးစဉ်တွင်"လိုက်ပါလိုသောကလေးငယ်များအတွက် ၃ နှစ်မှ ၁၀နှစ်အထက်ကလေးများကို သတ်မှတ်နှုန်းထားတစ်"ဝက်သာပေးရမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းခရီးစဉ်တွင် ခရီးသည် ၄၂၈ ဦးလိုက်ပါနိုင်ပြီး မြန်"မာ့ကြယ်ငါးပွင့်မှသင်္ဘောဖြင့်ယခု ၂၇ ရက်မှစတင်၍ အပတ်စဉ်ပုံမှန်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရ"သည်ဟု ၂၀၀၈ခုနှစ်မတ်လ၂၇ရက်နေ့ထုတ်7Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။


Read More......

Tuesday, March 25, 2008

Resumption of the Thaksin Policy Towards Burma

via Bangkok Pundit by Bangkok Pundit on 3/22/08
I have already panned Samak for his comments on Burma, but I am amazed at this criticism:
Prime Minister Samak Sundaravej was attacked by critics on Monday after making favourable comments about the ruling Burmese junta and indicating the government plans to focus on making economic gains from Burma.

Surapong Jayanama, secretary for political affairs to former premier Surayud Chulanont, said the Thai approach to Burma would benefit certain groups at the expense of human rights there.

He viewed the policy towards Burma as a resumption of that undertaken by the government under deposed prime minister Thaksin Shinawatra.

"They [the ruling generals] know that Thai bureaucrats in collusion with politicians care about economic interests" while ignoring Burma's weak points, said Mr Surapong, a former career diplomat.
BP: A resumption implies that the Surayud government had a different policy than Thaksin, but I am struggling to find any difference. When the Burmese military started killing protesters and monks, there was at first silence by the Thai government and then the Burmese were defended by Gen. Sonthi. As Kavi stated in The Nation:
It is not difficult to understand why Thailand's foreign policy under Surayud has been an utter failure, especially in relation to Burma. He should have paid more attention to the situation in Burma, which he closely monitored and was engaged with while Army chief. Instead, he has been cowed and speechless on the crisis there.
BP: So how was the Surayud government's policy different? There is no resumption of the "Thaksin regime" policy towards Burma. The policy has been the same since the late 80s, engage and take as much natural resources from Burma as possible. Human rights is a supposed factornot a consideration.

Read More......
Template by : kendhin x-template.blogspot.com