Saturday, September 13, 2008

ကော့သောင်းမှာ ဆန် (၁၀) ပြည်ထက် ပိုမရောင်းရ၊ ဗိုလ်ချုပ်သာအေး ကော့သောင်းလာပြီးမှ ဆန်ဈေးပိုတက်

September 12th, 2008 by http://komyo.burmachannel.com
ကိုဝိုင်း/ ၁၁ စက်တင်ဘာ ၂၀၀၈။ ။

ကော့သောင်းမြို့သို့ ယခုလဆန်းပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်သာအေး ရောက်ရှိလာပြီး လူထုသက်သာ ချောင်ချိရေး ပြောဆိုသွားသော်လည်း ဆန်ဈေးများ နေ့စဉ်တက်နေသဖြင့် စားသုံးသူနှင့် ဆန်ကုန်သည်များ စိတ်ပျက်နေ ကြောင်း ကော့သောင်းမြို့ခံကုန်သည်တဦးက ပြောသည်။

၎င်းက “ဆန်ဈေးတွေက တက်ပါတယ်။ နေ့တိုင်း တနေ့ချင်းကို တတင်းခွဲ တအိတ်ကို ကျပ် (၂) ထောင်၊ (၃) ထောင်ကြား တက်နေတယ်။ အဲဒါတွေက လူကြီးမိန့်ခွန်းပြောပြီး နောက်နေ့တွေမှာဖြစ်လာတဲ့ အကျိုးအမြတ်လေးပေါ့။ ဆန်ကြမ်း၊ ဆန်ချော၊ ဆန်လတ် အကုန်တက်တာ” ဟု ပြောသည်။

ကော့သောင်းမြို့သို့ ယခုလ (၂) ရက်မှ (၅) ရက်အထိ ရောက်ရှိခဲ့သည့် ဗိုလ်ချုပ်သာအေးက မဉ္ဖူသကခန်းမ၌ ၀န်ထမ်းများ၊ ရ၀တများက ရွေးချယ်သူ အများစုပါသည့် အရပ်သားများနှင့် သီးသန့်စီတွေ့ဆုံခဲ့ပြီး ဒေသခံများ စားဝတ်နေရေး ချောင်လည်စေရန် ရည်ရွယ်၍ စီးပွားရေး လမ်းဖွင့်ပေးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရေး ပြောဆို ဆွေးနွေးသွားသည်။ သို့သော် ၎င်းပြန်သွားသည်နှင့် ဆန်၊ ကွမ်းသီး၊ ဆားတို့ကို ကန့်သတ် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီး ဆန်ဈေးများလည်း တက်သွားခြင်းဖြစ်သည်။


မြို့ခံကုန်သည်က “သူတို့ကို ယုံကြည်ဖို့အတွက် ပြောသွားတာပေါ့။ သူတို့နဲ့ ပူးပေါင်းချင်အောင် ပြည်သူလူထုကို ဆွဲဆောင်ဖို့အတွက် ၀န်ထမ်းတွေကို မိန့်ကြားသွားတာပေါ့။ ပြည်သူလူထုကိုလည်း တွေ့ဆုံနှုတ်ဆက်ပွဲ လုပ်တယ်လေ။ ဒီအတိုင်းပဲပေါ့။ ဘာတွေ အခက်အခဲရှိလည်း၊ ခြံစိုက်ဖို့ အသီးနှံမရှိဘူးလား၊ ခြံမရှိဘူးလား၊ မြေမရှိဘူးလား၊ မြေလိုရင် မြေပေးမယ်၊ ငွေလိုရင် ငွေထုတ်ချေးမယ်၊ ယုံကြည်အောင်တော့ ပြောသွားတာပေါ့လေ” ဟု ပြောသည်။

ထို့အပြင် ဆန်တင်ပို့မှု ရောင်းချမှုကိုလည်း အာဏာပိုင်များက ပိတ်ပင်မှုများ ပြုလုပ်ထားသဖြင့် ဆန်ဈေးမှာ ဆက်တက်ရန်သာ ရှိကြောင်း အဆိုပါကုန်သည်က ပြောသည်။

၎င်းက “ရှေ့လျှောက် ပိုတက်ဖို့ပဲရှိတယ်။ ဆန်ကုန်သည်တွေ အားလုံးပြောပြီးပြီ။ ဘာဖြစ်လို့လည်းဆိုတော့ အဆင်းဆန်ကို ပိတ်လိုက်ပြီလေ။ ထားဝယ်-ကော့သောင်း ဆင်းလာတဲ့ဆန်ကို ပိတ်လိုက်ပြီ။ ရန်ကုန်-ကော့သောင်း ဆင်းလာတဲ့ ဆန်ပါမစ် တွေကိုလည်း ပိတ်လိုက်ပြီ။ လှေတွေမှာ ဆန်မပါလာတော့ပါဘူး” ဟုပြောသည်။

ထို့အပြင် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဒေသခံ မယက၊ ခယက တို့ကလည်း ယမန်နေ့၌ ညွှန်ကြားလွှာတစောင် ပူးတွဲထုတ်ပြန်လိုက်ပြီး မြို့တွင်း ဆန်ရောင်းဝယ်မှုကိုလည်း ထိန်းချုပ်လိုက်သောကြောင့် ဆန်ကုန်သည်များနှင့် မြို့ခံစားသုံးသူများသာမက ပင်လယ်အတွင်း လှေလိုက်နေသူများအတွက်ပါ အခက်အခဲများ ပိုမိုဖြစ်လာစေသည်ဟု သိရသည်။

မြို့ခံကုန်သည်က “ဆန် (၁၀) ပြည်ထက် ပိုမရောင်းရဘူး။ ရောင်းထားပြီးရင် အဲဒီလူရဲ့ လိပ်စာကို သေချာ အတိအကျ ယူရမယ်။ ကိုယ့်ဆိုင်မှာ ဆန် (၁၀) အိတ်ထက်ပိုပြီး မထားရဘူး။ ထားမယ်ဆိုရင် မယကကို အကြောင်းကြားပြီးမှ ထားရပါလိမ့်မယ်။ ပြီးတော့ ကျွန်းလှေတစင်းမှာ အနည်းဆုံး ဆန်အိတ် (၁၀၀) လောက် ဆင်းသွားမှ ကျွန်းသမားတွေ ထမင်းစားလို့ရမှာပေါ့။ ဒီဆန် (၁၀) အိတ်က ဘာလုပ်လို့ရမှာလည်း (၁၀) ရက်စာပဲ ရမှာပေါ့၊ မြို့ထဲက လူတွေလည်း တန်းစီပြီး ဆန်ဝယ်စားပေါ့။ ဆန်ကုန်သည်တွေလည်း တအားစိတ်ညစ်နေပြီ” ဟု ပြောသည်။

ကော့သောင်းမြို့၏ ယနေ့ဆန်ဈေးနှုန်းသည် ဆန်ကြမ်း၊ ဆန်လတ်၊ ဆန်ချော အလိုက် တအိတ် (၂) သောင်းခွဲ၊ (၃) သောင်းခွဲ၊ (၄) သောင်း၊ (၅) သောင်း အစားစားရှိပြီး နေ့စဉ်တက်နေသော်လည်း မြို့ခံများ၏ စီးပွားရေးလုပ်ငန်းများမှာမူ ကျဆင်းလျက်ရှိကြောင်း သိရသည်။

Read More......

Friday, September 12, 2008

ကော့သောင်းတွင် စက်လှေမီးလောင် ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံး

ခွန်အောင်မြတ်။ Network Media Group
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ည ၉ နာရီခွဲခန့်အချိန် စက်လှေတစ်စီး မီးလောင်သဖြင့် ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံးသည်ဟု ကော့သောင်း စက်လှေသမားများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့မှ စက်လှေသည် ထိုင်းဘက်ခြမ်းဖြစ်သည့် ရနောင်းမြို့သို့ ပင်လယ်ထွက် ပစ္စည်းဖြစ်သည့် ငါး၊ ပုဇွန်များကို ရောင်းပြီး အပြန် ကော့သောင်းဆိပ်ကမ်းအနီးတွင် ဓာတ်ဆီအတင်အချ ပြုလုပ် စဉ်အတွင်း ဆေးလိပ်မီးမှ တဆင့် ကူးစက်လောင်ကျွမ်း ခြင်းဖြစ်သည်။


"ရွာကနေပြီးတော့ ပစ္စည်းလာရောင်းတဲ့လှေ ငါးတွေ၊ ဘာတွေ လာရောင်းတာ၊ ဟိုး(ထိုင်း) ဖက်ကမ်း ကို ရောင်း ရောင်းပြီးတော့ ပြန်လာ၊ ပြန်လာပြီးတော့ ဒီမှာ ဆီချတာပေါ့။ ဓာတ်ဆီချတာ ကနေပြီး တော့ ဆေးလိပ်မီးကြောင့် လောင်သွားတာ။ ရေလယ်ကို မောင်းထုတ် လိုက်တာ မောင်းထုတ်လိုက် ပြီးတော့ အလောင်ခံလိုက်တာ။ မီးက မနိုင်တော့ဘူးလေ။ အပျက်အဆီးဆိုလို့ လှေကတော့ အကုန် လုံးပါသွားတယ်၊ လူကတော့ ဘာမှမဖြစ်ဘူး။ ကမ်းစပ်မှာ ဖြစ်တာ။ " ဟု ကော့သောင်း စက်လှေသမား တဦးက ပြောသည်။

မီးလောင်ကျွမ်းသည့် စက်လှေသည် ဘုတ်ပြင်းမြို့နယ် အလယ်မာန်ကျွန်း ဦးမောင်ကြီး ပိုင်ဆိုင်သည့်လှေဖြစ်ပြီး ထိုင်းနိုင်ငံ ရနောင်းတွင် သား၊ ငါး၊ ပုဇွန်များကို တင်ပို့ရောင်း ချပြီး ထိုင်းနိုင်ငံမှ အိမ်သုံးပစ္စည်းများဖြစ်သည့် စား အုံးဆီ၊ ဒီဇယ်နှင့် အခြားပစ္စည်းများ တင်ဆောင်လာခဲ့သည်။

မီးလောင်ကျွမ်းမှုအခြေအနေကို ကော့သောင်းမြို့ခံတဦးက ယခုလို ပြောသည်။

"မီးလောင်တော့ လှေမှာပါလာတဲ့ စားဆီတွေ၊ ဓာတ်ဆီတွေ လောင်တဲ့ ဥစ္စာတွေက ၉ နာရီ ခွဲက ဖြစ် တဲ့ ဥစ္စာ မီးက ဘယ်အချိန်လောက်မှာ သေသွားမှန်းမသိ ကျနော်တို့ အိပ်ပျော်သွားပြီ။ မနက်သုံးနာရီ အထိ မီးလောင်တယ်လို့ ပြောတာပဲ။ အခုက လှေကြီးက ဟိုး ကျွန်းက လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ သိပ် မဝေးပါဘူး။ အဲဒီနားမှာ သောင်တင်ပြီးတော့ မြုပ်နေတယ်။ ပစ္စည်းတွေကတော့ အားလုံး ဆုံးရှုံးတာ ပေါ့။ လူကတော့ မသေပါဘူး။ ကမ်းနားမှာဆိုတော့ လူတွေက ခုန်ချ၊ ပြေးတဲ့လူလည်း ပြေးကုန်ကြပြီ လို့ ကြားတယ်။"

စက်လှေ မီးလောင်မှုနှင့်ပတ်သက်၍ ကော့သောင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းမှု ပြုလုပ်သော်လည်း စက် လှေပိုင်ရှင်နှင့် ပါလာသူများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဟု အာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းစု ရွာများက စက်လှေများသည် ထိုင်းနိုင်ငံ ရနောင်း မြို့သို့ ရေထွက်ပစ္စည်းများ သွားရောက်ရောင်းချပြီး မြန်မာပြည်သို့ စားအုန်းဆီ၊ အချိုမှုန့်၊ ဓာတ်ဆီနှင့် အခြား လူသုံးကုန်ပစ္စည်းများကို ၀ယ် ယူသယ်ဆောင်လေ့ ရှိသည်။

Read More......

Wednesday, September 10, 2008

Make Me Babies

via gHacks technology news by Martin on 9/3/08

Have you ever wondered how your babies would look like if you would have one with your partner? Now you can find out at the Make Me Babies website. Just upload a photo of yourself and your partner, wait a moment and take a look at a picture that could show your future child. Think it would be pretty funny if the developers of Make Me Babies would get sued by a couple who expected their baby to look like the generated picture but did not.

Could also be a nice way to determine if you are really the father of a baby.. Sorry, just kidding. The user simply uploads at least one picture and either uploads a second picture or picks the face of a celebrity from the celeb database.

If you ever wondered how your baby with Brad Pitt, Angelina Jolie, Paris Hilton or Johnny Depp would like then here is your change to find it out.

make me babies

The user can pick a baby frame, select a gender and name for the baby before the baby morphing technology steps in and creates the face of the could be baby.

This is an interesting idea for couples who like to discuss how their children will look like but also for others who love to find out about it. Neat idea.

Make Me Babies

Read More......

Monday, September 8, 2008

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျောက်တွင် ပင်လယ်ရေမှော်များသဘာဝအလျောက်များစွာပေါက် ရောက်နေ

ရခိုင်ပြည်နယ်ကမ်းရိုးတန်း တစ်လျောက်တွင် ပင်လယ်ရေမှော် များသဘာဝအလျောက်များစွာပေါက် ရောက်လျက်ရှိနေကြောင်းနှင့်ဒေသ တွင်းနိုင်ငံအချို့၌ ပင်လယ်ရေမှော် ကို စိုက်ပျိုးမွေးမြူ၍ ကုန်ချောထုတ် လုပ်ကာ ကမ္ဘာ့ဈေးကွက်သို့ထိုး ဖောက်ပြီး နိုင်ငံခြားဝင်ငွေများရှာဖွေ လျက်ရှိကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် ပင်လယ်ရေမှော်များကိုအသုံးပြုလုပ် ကိုင်သည့် ကျောက်ကျောစက်ရုံတစ် ခုကို ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့် နှစ်ဝန်းကျင်က သံတွဲမြို့ပြင်ကျေး ရွာ၌တည်ဆောက်ထုတ်လုပ်ခဲ့ ကြောင်းနှင့်ယင်းအချိန်က ကုန်ကြမ်း ကို ကန့်သတ်ဈေးဖြင့်ပေးဝယ်ခဲ့၍ ရှာဖွေသူနည်းပါးခဲ့ကြောင်း သိရ သည်။ ကမ်းရိုးတန်းဒေသခံများမှာ ပင်လယ်ရေမှော်ကို တစ်ပိုင်တစ်နိုင် သာ ထုတ်လုပ်ရောင်းချနေကြပြီး ကုန်ကြမ်းရရှိမှုအနေ အထားကိုလေ့ လာကာ ဒေသတွင် ကျောက်ကျော စက်ရုံတည်ထောင်နိုင်ပါက ဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်း များလည်း ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း လေ့လာသူများကသုံးသပ် ကြပါသည်။

ရခိုင်ပြည်နယ်တွင် ကျောက် ကျောများကို ရမ်းဗြဲကျွန်း၊ မာန် အောင်ကျွန်း၊ ဖြူကျွန်း၊ စတုကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း၊ အုန်းတစ်ပင် ကျွန်းများတစ်လျောက် အမြောက် အမြားရရှိနိုင်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ပင်လယ် ကမ်းရိုးတန်းဒေသများတွင် ပေါက် ရောက်ဖြစ်ထွန်းနေသည့် ပင်လယ် ရေမှော်မျိုးစိတ်ပေါင်း ၃၀၀ ခန့်ရှိ ကြောင်းသိရပြီး ဂျပန်နိုင်ငံသည် ရေ မှော်ကျောက်ပွင့်များကို စိုက်ပျိုး ထုတ်လုပ်၍ ကုန်ချောပြုပြင်ထုတ် လုပ်ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်း တွင် ပင်လယ်ရေမှော်မွေးမြူမှုများ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်တောင် ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များ ၌လည်း လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ကာ မွေးမြူရန်ကြိုးစားသင့် ကြောင်း သိရသည်။

Weekly Eleven သားရွှေဦး (ကစ္ဆပ)

Read More......

သဘာဝဓါတ်ငွေ့ စစ်အစိုးရကို မျက်နှာသာပေး၊ အမျိုးသား အကျိုးစီးပွါးအတွက် အကျိုးမရှိ

via Welcome to the Mizzima News - Burmese Version on 9/2/08 (ဆောင်းပါး) အဓိက ဓါတ်ငွေ့သိုက်များကို ၂ဝဝ၄ ခုနှစ်တွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၌ တောင်ကိုးရီးယားနိုင်ငံ ဒေဝူး ကုမ္ပဏီမှ ရှာဖွေ တွေ့ရှိခဲ့ပြီး၊ မုတ္တမ ပင်လယ်ကွေ့မှ ဓါတ်ငွေ့သိုက်ကို ထိုင်းနိုင်ငံ (PTTEP) ကုမ္ပဏီက မကြာသေးမီက တွေ့ရှိခဲ့ခြင်းကြောင့် မြန်မာ့စွမ်းအင်ကဏ္ဍအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ ...

သဘာဝ ဓါတ်ငွေ့သိုက်များကို ရောင်းချခြင်းဖြင့် မြန်မာ့စီးပွါးရေးမှာ ရှေ့သို့ တဟုန်ထိုး ထိုးတက်သွားခဲ့သော်လည်း အခြား စီးပွါးရေးကဏ္ဍ အများအပြားတွင် သဘာဝဓါတ်ငွေ့ သုံးစွဲမှု လိုအပ်ချက်နှင့် အလားအလာများ ရှိနေသော်လည်း ဤဓါတ်ငွေ့နှင့် ဆက်နွယ်သည့် စက်မှုလုပ်ငန်းများကို တည်ထောင်ရန် စစ်အစိုးရ အနေဖြင့် ပျက်ကွက်ခဲ့ပါသည်။

၂ဝဝ၇ - ၂ဝဝ၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့ကုန်မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅၆ ဘီလီလျံ ရရှိခဲ့ရာ ၄ဝ % ကို ဓါတ်ငွေ့ တင်ပို့ ရောင်းချရခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အဓိက ဓါတ်ငွေ့သိုက်များကို ၂ဝဝ၄ ခုနှစ်တွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၌ တောင်ကိုးရီးယားနိုင်ငံ ဒေဝူး ကုမ္ပဏီမှ ရှာဖွေ တွေ့ရှိခဲ့ပြီး၊ မုတ္တမ ပင်လယ်ကွေ့မှ ဓါတ်ငွေ့သိုက်ကို ထိုင်းနိုင်ငံ (PTTEP) ကုမ္ပဏီက မကြာသေးမီက တွေ့ရှိခဲ့ခြင်းကြောင့် မြန်မာ့စွမ်းအင်ကဏ္ဍအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

မြန်မာ့ရေနံမြေနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ငန်းသည် မြန်မာ့စီးပွါးရေး၏ အခြားကဏ္ဍများထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပိုမို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အချို့သော စီးပွါးရေး ပညာရှင်များကမူ ဓါတ်ငွေ့အတွက်သာ အလုအယက် မြှုပ်နှံနေခြင်းကြောင့် အခြားစီးပွါးရေး ကဏ္ဍများသည် ဒေသတွင်း ယှဉ်ပြိုင်ဘက် နိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေခဲ့သည်ဟု သူတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖေါ် ပြောကြားကြပါသည်။

သဘာဝဓါတ်ငွေ့များ ရောင်းချခြင်းကြောင့် ကုန်သွယ်ရေး ပိုငွေများ ပိုမို ရရှိလာခဲ့သဖြင့် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိလှသော အခုအခံများ ရရှိစေခဲ့သည်မှာ မှန်သော်လည်း ဤသို့ အမျိုးသား စီးပွါးရေးကို ပို့ကုန် ဈေးကွက်ပေါ်တွင်သာ မှီခို အားထားနေခြင်းသည် ကမ္ဘာ့ဓါတ်ငွေ့ ဈေးနှုံးများ ကျဆင်းလာသည့်အခါ တိုင်းပြည်၏ စီးပွါးရေးကို အန္တရာယ်နှင့် ကြုံတွေ့စေနိုင်သည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် သတိပေး ဖေါ်ပြ ထားပါသည်။

မည်သို့ပင်ဆိုစေ၊ မြန်မာ့ ဓါတ်ငွေ့များကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချသည်ထက် ပြည်တွင်း စက်မှုလုပ်ငန်းများတွင် အဓိက အသုံးပြုလျှင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း အပါအဝင် ရေရှည် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်သည့် အကောင်းဆုံး နည်းလမ်း ဖြစ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားကြပါသည်။

မြန်မာ့ဓါတ်ငွေ့သိုက်များကြောင့် အကျိုး ဖြစ်ထွန်းစေနိုင်မည့် စီးပွါးရေး ကဏ္ဍများတွင် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း ကဏ္ဍတို့ ပါဝင်သည်။ ဥပမာအားဖြင့် ဓါတ်ငွေ့ကို ဓါတ်မြေသြဇာ သို့မဟုတ် ဘိလပ်မြေ ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။

"ကျနော်တို့ ဓါတ်မြေသြဇာ စက်ရုံတွေသာ ဆောက်မယ်ဆိုရင် ပြည်တွင်းသုံးအတွက် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီးတော့ ပိုလျှံတဲ့ မြေသြဇာတွေကိုလည်း ပြည်ပကို တင်ပို့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်အခြေစိုက် ပညာရှင်တဦးက ပြောကြားသွားခဲ့ပါသည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ချမှတ်ထားသော သွင်းကုန် အစားထိုးရေး မူဝါဒနှင့်လည်း ကိုက်ညီပြီး ဤပေါ်လစီကို စစ်အစိုးရက သူတို့၏ မတည်ငြိမ်သော စီးပွါးရေး မူဝါဒများတွင် မကုန်မခမ်းနိုင် အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံအတွင်း နှစ်စဉ် သုံးစွဲနေသော ဓါတ်မြေသြဇာပမာဏမှာ တန်ချိန် ၁.၆ သန်းရှိပြီး၊ ပြည်တွင်းတွင် ထုတ်လုပ်နိုင်သော ပမာဏမှာ တန်ချိန် ၂ သိန်းသာရှိ၍ မြန်မာလယ်သမားများ၏ သုံးပုံတပုံသာ ဓါတ်မြေသြဇာ အသုံးပြု စိုက်ပျိုးနေရသည် ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့က မကြာသေးမီက ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများတွင် ဖေါ်ပြထားပါသည်။

ကုန်ထုတ်လုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်း အများအပြားအတွက် လိုအပ်နေသော လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ဓါတ်ငွေ့ လိုအပ်ချက် အမြောက်အမြား ရှိနေသည်ကို စစ်အစိုးရက ကောင်းစွာ သိနားလည်ထားသော်လည်း ဓါတ်ငွေ့ကို အသုံးပြုရန် ပျက်ကွက်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ စီးပွါးရေး၏ အသက်သွေးကြောဖြစ်သော စိုက်ပျိုးရေး လုပ်ငန်းနှင့် နှိုင်းစာလျှင်ပင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခွင့်အလမ်း၌ စွမ်းအင်မပြတ်တမ်း လိုအပ်နေသော ကုန်ထုတ် စက်မှုလုပ်ငန်းများက သာသည်။ ကျေးလက်မှ မြန်မာလူငယ် အများအပြားသည် အလုပ်အကိုင် ရှာဖွေရန်အတွက် မြို့ကြီးပြကြီးများသို့ ပိုမို ထွက်ခွါသွားနေကြသည်။

တသမတ်တည်းရှိ၍ လုံလောက်သော လျှပ်စစ်စွမ်းအင် ရရှိနိုင်မှု ချို့တဲ့နေခြင်းသည် မြန်မာ့စီးပွါးရေး၏ အဓိက ချို့ယွင်းချက်ကြီး တရပ် ဖြစ်နေသည်။ သဘာဝ ဓါတ်ငွေ့များကို အသုံးပြု လည်ပတ်ရန်၊ သဘာဝဓါတ်ငွေ့ ရောင်းရငွေများနှင့် လျှပ်စစ်ဓါတ်အားပေး စက်ရုံများ တည်ဆောက်ရေးသည် ကုန်ထုတ်စက်မှု လုပ်ငန်းများ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေးအတွက် ချက်ချင်းနှင့် ပထမခြေလှမ်းအဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်း ဖြစ်နိုင်ပါသည်။

မြန်မာ့လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် သဘာဝ ဓါတ်ငွေ့သုံး စက်ရုံများမှ ထုတ်လုပ်မှုသည် ၄ဝ% ရှိပြီး၊ ရေအားလျှပ်စစ်သည် ၅ဝ% ရှိကာ ရေနွေးငွေ့ တာဘိုင်စက်ရုံများမှ ထုတ်လုပ်မှုသည် ၉ % ရှိ၍ ဒီဇယ်အင်ဂျင်များဖြင့် ထုတ်လုပ်မှုသည် ၁% သာ ရှိသည်ဟု မြန်မာ့လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အမှတ် ၁ မှ ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံတွင် သဘာဝ ဓါတ်ငွေ့သိုက် အများအပြားရှိ၍ ဤဓါတ်ငွေ့များကို ရောင်းချခြင်ဖြင့် ဝင်ငွေရ အကျိုးဖြစ်ထွန်းလျက် ရှိသော်လည်း တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များကို အကောင်းဆုံး အသုံးချခြင်းသည်သာ တိုင်းပြည်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည်ဟု မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ မြန်မာ့စီးပွါးရေး အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

အဆိုပါ အစီရင်ခံစာက ဓါတ်ငွေ့ တင်ပို့ရောင်းချခြင်းကို ကောင်းစွာ အသုံးချနိုင်ခဲ့လျှင် ငွေလဲနှုံး တညီတညာတည်း ဖြစ်အောင်လုပ်ခြင်း၊ ဘဏ္ဍာရေးစနစ် ခိုင်မာအောင် လုပ်ခြင်း နှင့် စိုက်ပျိုးရေးလုပ်ငန်း၌ ဖွင့်ပေးခြင်းတို့ အပါအဝင် အဆောက်အအုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တက်လှမ်းနိုင်ရန် အခါအခွင့်ကောင်းများ ရရှိနိုင်သည်ဟု ဆိုလိုက်ပါသည်။ ဤပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အစိုးရ အသုံးစရိတ်ကို လူမှုရေးနှင့် မျက်မြင်လက်တွေ့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၌ ပြောင်းလဲ အသုံးပြုစေခြင်းလည်း ပါဝင်သည်။

"စိုက်ပျိုးရေး လုပ်ငန်း၏ အရေးပါမှုနှင့် ဆင်းရဲမွဲတေမှုအပေါ် အကျိုး သက်ရောက်မှုတို့ကို ကြည့်၍ ဤကဏ္ဍကို ခိုင်မာအောင် လုပ်ခြင်းသည် အဓိက ရည်မှန်းချက်တရပ် ဖြစ်သင့်သည်" ဟု အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

သဘာဝဓါတ်ငွေ့မှ နောက်ထပ် ရရှိနိုင်သော အကျိုးကျေးဇူး တရပ်မှာ သဘာဝဓါတ်ငွေ့ ရောင်းရငွေ ရံပုံငွေတရပ် ထူထောင်ထားရှိပြီး ကုန်ဈေးနှုံးများ တည်ငြိမ်ရေးနှင့် တိုင်းပြည်စီးပွါး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို အထောက်အကူ ဖြစ်စေနိုင်ခြင်း ဖြစ်သည်။

"သဘာဝ ဓါတ်ငွေ့ကဲ့သို့သော သယံဇာတမှာ ကုန်ခမ်းသွားနိုင်သော အရင်းအမြစ်တခု ဖြစ်သည်။ ဒါကြောင့် သဘာဝ ဓါတ်ငွေ့ ရောင်းရငွေနဲ့ ရံပုံငွေတရပ် ထူထောင်ထားရှိနိုင်မယ်ဆိုရင် တိုင်းပြည်စီးပွါးရေးနဲ့ ဓါတ်အား ထုတ်လုပ်ရေးအတွက် ကောင်းမှာဘဲ" ဟု ရန်ကုန်အခြေစိုက် စီးပွါးရေး ပညာရှင်တဦးက ပြောသွားပါသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ သဘာဝဓါတ်ငွေ့ တင်ပို့ ရောင်းချခြင်းကြောင့် တိုးတက်လာနေသော်လည်း တိုင်းပြည် စီးပွါးရေးမှာ စိုက်ပျိုးရေးကို အခြေခံသော စီးပွါးရေးသာ ဖြစ်မြဲဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ ရေရှည်စီးပွါးရေး ဖွံ့ဖြိုးရေး တိုးတက်မှု၏ ဓါတ်ကူပစ္စည်းတရပ်အဖြစ် သဘာဝဓါတ်ငွေ့ကို မယူဆနိုင်သေးပါ။ ထို့ပြင် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့သိုက်များမှာလည်း အရှေ့အလယ်ပိုင်းနှင့် ရုရှနိုင်ငံတို့ကဲ့သို့ အားကိုးအားထား ပြုလောက်အောင် ကြီးမားခြင်းမရှိ ဟုလည်း ကျွမ်းကျင်သူများက ပြောကြပါသည်။

ဤသို့သော ရံပုံငွေတရပ်သည်သာ တိုင်းပြည်၏ ရေရှည်စိတ်ချရသော စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်မှာ ဖြစ်ပြီး၊ ဤရံပုံငွေကို သေချာပေါက် အမြတ်အစွန်း ရနိုင်သော စီးပွါးရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ဝင်ငွေရရှိစေနိုင်မည် ဖြစ်သလို ငွေကြေးဖေါင်းပွမှုကြောင့် ရံပုံငွေတန်ဘိုး ကျဆင်းခြင်းမှလည်း ကာကွယ်သွားနိုင်မည် ဖြစ်သည်။

သဘာဝဓါတ်ငွေ့ ဝင်ငွေရံပုံငွေတရပ် ထူထောင်ထားခြင်းဖြင့် ကုန်ဈေးနှုံးများကို တည်ငြိမ်အောင် လုပ်ထားနိုင်မှာဖြစ်ပြီး ငွေကြေးဖေါင်းပွမှုကိုလည်း ကန့်သတ်ထားနိုင်မှာ ဖြစ်သည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သော ၅ နှစ်အတွင်း မိုးထိအောင် ထိုးတက်သည့် ကုန်ဈေးနှုံး မြင့်မားခြင်းများနှင့် ကြုံတွေ့ခဲ့ရပြီး ကြောက်ခမန်းလိလိ ငွေကြေးဖေါင်းပွမှုကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ရောင်းရငွေများမှ ရံပုံငွေတရပ် ထူထောင်ထားရှိခြင်းကို နော်ဝေ၊ ကူဝိတ်၊ ကာဇတ်စတန် နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့တွင် ထင်သာမြင်သာရှိမှု ပိုမိုရရှိရန်နှင့် ပိုမိုကောင်းမွန်သော အစိုးရတရပ် ရရှိရေးတို့ အတွက် ကျင့်သုံးကြပြီး ဤရည်ရွယ်ချက်များသည် မြန်မာစစ်အစိုးရ အလိုမရှိသော အရာများ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ဓါတ်ငွေ့ ရံပုံငွေတရပ်ကို ထူထောင်ထားရှိရန်မှာ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ ရောင်းချရမှုမှ ရရှိသည့် ဝင်ငွေသည် ရေနံကြွယ်ဝသော နိုင်ငံများက ရရှိနေသည့် ရေနံရောင်းချသည့် ဝင်ငွေကို မမှီသည့်အတွက် မဖြစ်နိုင်ကြောင်း စီးပွါးရေးပညာရှင် အချို့က ယူဆနေကြပါသည်။ သူတို့က မြန်မာနိုင်ငံတွင် ရေနံရောင်းချရမှုမှ ရသည့် ဝင်ငွေ မရှိတော့ခြင်းဆိုသည့် အခိုင်အမာ ဥပမာတရပ်ကို ထောက်ပြ ပြောဆိုကြပါသည်။

တိုင်းပြည်အပေါ် စီးပွါးရေး ပိတ်ဆို့မှုများ ဘယ်လိုပင်ရှိနေနေ "ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းအတွက် အရေးပါလှသော စီးပွါးရေး ဝန်းကျင်ကောင်း တရပ်" ကို မဖန်တီးပေးနိုင်ခြင်း ဆက်လက် ဖြစ်ပေါ်နေခြင်းသည် အစိုးရသာ ပထမဆုံး တာဝန်ရှိသူ ဖြစ်သည်ဟု တုံးတိတိပင် ပြောဆိုထားပါသည်။

ဤသို့သော စီးပွါးရေး ဝန်းကျင်ကောင်းများ ပေါ်ထွက်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လမ်းခင်းပေးနိုင်ရေးအတွက် အရေးပါလှသော စီးပွါးရေး ပညာနှင့် စီးပွါးရေးလုပ်ငန်း ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍကို စစ်အစိုးရ က ပစ်ပယ်ထားပုံ ရပါသည်။

ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စမှာ သူတို့ ထိန်းချုပ် ကိုင်တွယ်နိုင်သော အတိုင်းအတာ ပမာဏတွင်သာ ရှိသည့် သောက်ဖော်စားဖက်များနှင့် ပူးတွဲ လုပ်ကိုင်သည့် စီးပွါးရေးမျိုးကိုသာ လိုလားနေပြီး ယင်းကြောင့်ပင် တိုင်းပြည်စီးပွါးရေးမှာ နောက်သို့ ပြန်ဆုတ်သွားနေရခြင်း ဖြစ်သည်။

စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိဘဲ ပြည်သူလူထု၏ အကျိုးစီးပွါးကို လျစ်လျူရှုကာ သောက်ဖော်စားဖက်စီးပွါးရေး မူဝါဒကိုသာ စီးပွါးရေး ကိစ္စရပ်များတွင် ဗိုလ်ချုပ်ကြီးများက ဆက်လက် ကျင့်သုံး ဆောင်ရွက်နေဆဲ ဖြစ်သည်။

ထို့ကြောင့် မူဝါဒ ချမှတ်သူများက အကောင်းဆုံး အသုံးချနိုင်ရေး အစီအစဉ်များကို ချမှတ် ကျင့်သုံးနိုင်ခြင်း မရှိသ၍ မြန်မာ့ဓါတ်ငွေ့သည် စစ်အစိုးရ၏ အာဏာကိုသာ ပိုမိုခိုင်မြဲစေမှာသာ ဖြစ်သည်။

Read More......

Friday, September 5, 2008

แฉเบื้องหลังการโจรกรรมรถยนต์

ก่อนอื่นเลย มาดูว่าโจร เข้าไปในรถเราได้อย่างไร โจรต้องหาวิธีเข้าไปภายในรถยนต์ของเราให้ได้ก่อน ปัจจุบันมีอยู่มากมายหลายวิธีได้แก่


1 กุญแจปลอม
ถ้าคนร้ายมีกุญแจเหมือนกับเรา ก็เปรียบเสมือนเป็นเจ้าของรถนั่นเอง วิธีการที่ผู้ร้ายจะได้กุญแจปลอมนั้นได้แก่ การแอบปั้มกุญแจเช่นเวลาที่เรานำรถไปจอดซ่อม ล้างอัดฉีด ซื้อรถจากโชว์รูม เต็นท์ขายรถมือสอง จากเจ้าของเก่าที่ไว้ใจไม่ได้ หรือที่นิยมสมัยนี้คือการติดต่อซื้อรถทางอินเตอร์เน็ต แล้วแอบมาปั้มลูกกุญแจเวลาเจ้าของเผลอ ซึ่งคนร้ายจะติดตามมาถึงบ้าน และที่จอดรถประจำเพื่อโขมย




2 เหล็กแข็งแทนกุญแจ
คนร้ายจะใช้เหล็กขนาดเท่ากุญแจรถแต่เป็นเหล็กแข็ง ส่วนมากจะดัดแปลงมาจากประแจหกเหลี่ยมมุมฉากสแตนเลสที่มีความแข็ง ตีเข้าที่รูกุญแจแล้วใช้แรงบิดจนชุดฟันเฟืองเสียหาย และหมุนจนตัวล็อคเปิดออก เป็นอีกวิธีหนึ่งที่คนร้ายชอบใช้กัน



3 ใช้ลวดแข็งเกี่ยวตัวล็อคประตู
ถ้าใครเคยลืมกุญแจไว้ในรถแล้วเรียกช่างมาปลดล็อคกุญแจจะเคยเห็นว่า ช่างจะใช้ลวดเชื่อมยาวๆเบอร์แข็งๆ ดัดทำเป็นตัวยู งัดยางรีดน้ำประตูออก และใช้ลวดแยงเข้าไปให้ตะขอเกี่ยวกับปุ่มกดล็อคให้เด้งขึ้น เสมือนมีคนอยู่ในรถแล้วดึงปุ่มเปิดประตูขึ้น หรือใช้ฟุตเหล็กแยงให้ตรงกับคันชักกลอนประตูให้เด้งลง หรือใช้ลดแยงทางมือเปิดประตูเพื่อมาดันตัวกดล็อกให้เด้งขึ้น วิธีนี้ถ้าช่างที่มีความชำนาญจะใช้เวลาเพียงไม่กี่วินาทีเท่านั้น





4 งัดประตูหูช้าง
พวกรถกระบะแค็บที่มีประตูหูช้าง โจรจะใช้ลวดแข็งมากๆงอเป็นตัวยู สอดเข้าไประหว่างกระจกแค็ปแล้วงัดแรงๆ กระจกจะเปิดออก แล้วจะงัดตัวล็อคให้หัก ใช้มือเอื้อมมาเปิดตัวล็อคประตู บางคนคิดว่ากระจกบานนี้น่าจะแข็งแรงแต่ถ้าคุณลองงัดดู จะต้องเปลี่ยนใจว่า มันไม่ยากอย่างที่คิด

5.ใช้น้ำกรด
โจรจะใช้น้ำกรดชนิดเข้มข้นใส่เข็มฉีดยา หยดไปตามรูกุญแจเพื่อทำลายชุดฟันเฟือง และสปริงเล็กๆในแม่กุญแจ แบบนี้ยังนำมาใช้ภายในรถพวกล็อคพวงมาลัย ล็อคเกียร และล็อคครัชได้อีกด้วย

6. ทุบกระจกประตูหรือกระจกหูช้าง
โจรจะใช้เหล็กแหลมคม ค่อยๆกะเทาะกระจกจนเกิดรอยร้าว ใช้ผ้าปิดป้องกันเสียง จนกระจกแตกออกทั้งบาน ใช้มือล้วงเปิดตัวล็อคกุญแจออก คราวนี้ก็ถือเป็นการง่ายแล้วถ้าจะเข้าไปในรถของท่าน

7. ช็อตวงจรไฟฟ้า
บางท่านคิดว่าใช้กุญแจรีโมตแล้วปลอดภัยแน่ แต่จริงๆแล้วกลับง่ายต่อการต่อรัดวงจรไฟฟ้า เช่นวงจรไฟเลี้ยว ในชุดรีโมตแบบธรรมดา หรือถ้าเป็นรถยุโรปด้วยแล้วกลับเป็นเรื่องง่าย ตัวล็อคจะเด้งหลุดทันที



8. จูนสัญญาณจากรีโมต
เวลาจอดรถในห้างสรรพสินค้าพอเรากดรีโมตล็อคปุ๊ป คนร้ายก็จะมีเครื่องมือมาจับความถี่สัญญาณ แล้วหาก็อปปี้ความถี่มาใช้ยิงเปิดประตูได้เลย แบบนี้ถือว่าเป็นระบบที่อันตรายมาก

9. ยกรถ
บางครั้งแล้วคนร้ายอาจใช้วิธีเอารถยกมายกไปเลย แบบนี้อย่าคิดว่าขำครับ เป็นวิธีที่โจรบางพวกนิยมใช้กัน เมื่อยกรถแล้วจะหาทางเข้าที่เปลี่ยวๆ แล้วปลดล็อคต่างๆกันต่อไป

10. จี้หรือปล้น
อย่างที่เคยได้ยินกันตามหน้าหนังสือพิมพ์นี่หละครับ เช่นการวางเรือใบ ดักซุ่มในที่เปลี่ยว ล่อลวงต่างๆ แต่ที่เห็นเป็นประเด็นร้อนอย่างการลวงซื้อรถทางอินเตอร์เน็ต แล้วขอนัดดูในที่เปลี่ยว แต่จริงๆแล้วเขาไม่ได้มาขอซื้อรถหรอกครับ แต่อาจจะขอไปใช้กันฟรีๆเลยก็ได้


เมื่อเข้ารถได้แล้วโจรมักจะทำอย่างไร
1. งัดคอพวงมาลัย เพื่อเป็นการปลดล็อคระบบบังคับเลี้ยว โจรจะถอดคอพวงมาลัยแล้วใช้อุปกรณ์งัดหูล็อคคอกุญแจหรือตัดกุญแจล็อคคอที่เป็นตะกั่วให้หลุดออกจากแกนพวงมาลัย แค่นี้ระบบล็อคคอก็จะหลุดออกอย่างรวดเร็ว

2. ใช้เลื่อยตัด ถ้าเรามีกุญแจล็อคคันเกียร หรือล็อคพวงมาลัย อย่าพึ่งหลงคิดว่าโจรจะใช้เวลามากเพราะล็อคเกียร หรือล็อคพวงมาลัยราคาถูก ก็เปรียบเสมือนเครื่องประดับรถสำหรับโจรแค่นั้นเอง อย่างในรูปล็อคเกียรนั้นจับเวลาในการตัดได้ไม่กี่นาทีเท่านั้น

3. ใช้น้ำกรด โจรจะใช้น้ำกรดชนิดเข้มข้น หยอดไปตามรูกุญแจต่างๆจนเสียหาย และหลุดออก

4. ช็อตวงจรไฟฟ้า และต่อสายตรง คนร้ายส่วนมากจะมีการฝึกฝนและศึกษาวงจรกันขโมยของแต่ยี่ห้อแต่ระรุ่นมาเป็นอย่างดี คนร้ายอาจใช้เวลาไม่นานในการต่อสายตรงแล้วสตาร์ทเครื่องหลบหนีได้อย่างรวดเร็ว



ขโมยแล้วเอาไปไหน
1. ส่งขายประเทศเพื่อนบ้าน
แนวทางของคนร้ายถ้าเป็นรถใหม่ก็จะนำส่งประเทศเพื่อนบ้าน แรกๆก็แปลกใจว่าถ้าจะข้ามตะเข็บชายแดนก็มีทหาร ตำรวจสกัดด่านไว้หมด แล้วมันเอาไปได้ไง ที่เคยเห็นก็เป็นวิธีเอาลงแพ แล้วใช้ไม่ลวกถ่อข้ามแม่น้ำไป ราคาขายในประเทศเพื่อนบ้านไม่เกินหลักแสนบาท

2. แยกขายเป็นอะไหล่มือสอง
ถ้าเป็นรถเก่าหน่อยคนร้าย ก็จะนิยมเอามาแยกขายอะไหล่แบบเชียงกงบ้านเรา ถ้าสังเกตกันดีๆมีหลายร้านที่มีอะไหล่ทั้งนอกและในบ้านเราผสมอยู่ก็ไม่น้อย หรือนำไปซ่อมขาย ลักษณะพวกนี้จะทำงานเป็นออเดอร์สั่งมาเลย อยากได้รุ่นไหน สีอะไรเป็นต้องได้ พวกนี้จะนำมาแยกชิ้นส่วนแล้วนำมาซ่อมรวมกับรถที่เกิดอุบัติเหตุแบบสาหัส ที่ต้องการอะไหล่แบบครึ่งคันหรือใช้เกือบทั้งคันเลยก็มี

3. สวมทะเบียน
อีกแบบก็นำมาสวมกับทะเบียนรถอุบัติเหตุแบบซ่อมไม่ได้แล้ว ใช้แค่ทะเบียนกับหมายเลขตัวถังและหมายเลขเครื่องเดิมนำมา ต่อใส่แล้วเก็บสีให้สวยก็ขายได้แล้ว สมัยนี้ช่างฝีมือ และเทคนิคใหม่ๆมีเยอะ ขนส่งยากที่จะจับได้

4. ทำทะเบียนปลอม
แบบสุดท้ายใช้รถแบบนั้นเลยแล้วทำทะเบียนปลอมขึ้นมา (จากขนส่ง) สามารถต่อทะเบียนวิ่งได้ทุกปี จนถึงปีที่ 6 ต้องตรวจ ต.ร.อ. ก็ไม่สามารถทำได้เพราะกลัวตรวจสอบเจอ ก็นำไปแยกขายอะไหล่อีกที



แล้วเรามีวิธีป้องกันรถหายกันได้อย่างไร
ใช้อุปกรณ์ป้องกันขโมย ในปัจจุบันมีคนพัฒนาอุปกรณ์เพื่อมาหยุดยั้งการโจรกรรมรถยนต์ออกมาขายมากมายไปหมด มาดูตัวอย่างระบบกันขโมยที่นิยมใช้กันในปัจุบัน

1. ล็อคเกียร แทบเป็นอุปกรณ์ที่แถมมากับโรงงานเลย แนะนำให้ใช้ยี่ห้อที่มีเชื่อเสียง วัสดุเป็นสแตนเลส หรือเหล็กกล้าอย่างดี ถ้าเป็นแบบของแถมราคาถูกต้องขอบอกตรงๆครับว่าเหมือนของประดับรถมากกว่า

2.ล็อคพวงมาลัย เป็นอุปกรณ์ที่ดีโจรต้องใช้เวลาในการปลดล็อคเพิ่มขึ้น โจรอาจใช้วิธีขันพวงมาลัยออกมาปลดล็อค หรือตัดพวงมาลัยออกแบบพวงมาลัยเครื่องบินแล้วขับหนีกันไปแบบนั้นเลย





3. ล็อคเบรคครัช เป็นแบบที่นิยมใช้กันในปัจจุบัน ผลิตกันมามากมายหลายยี่ห้อ การล็อคแบบนี้จริงๆแล้วถือเป็นการป้องกันแบบทีมีประสิทธิภาพมาก บางรุ่นคนร้ายอาจต้องใช้แก็สตัดเพื่อปลดล็อคเลยก็ได้



เทคโนโลยีล่าสุดในการป้องกันขโมยรถยนต์แบบต่างๆ
1.ระบบ ควบคุมการล็อคประตูแบบไร้สาย (Wireless Door-lock Remote Control System)
เป็นระบบที่ใช้รีโมตควบคุมระยะไกล ใช้เคลื่อนความถี่สูงระดับ FM ส่งรหัส ID Lock จากตัวแม่ Master เข้าสู่กล่องควบคุม ECU ระบบนี้จะใช้รหัสโค้ด 10 ตัว เพื่อเข้ารหัสในการปลดล็อคกุญแจ ถ้ารหัสผิดกล่องจะทำการตัดสัญญาณ ต้องใช้กุญแจไขเท่านั้น และยังคอยรับอาการผิดปกติที่เกิดกับรถยนต์ทุกรูปแบบ

2. ระบบป้องกันการสตาร์ทเครื่องยนต์ (Engine Immobilizer System)
ระบบนี้จะอาศัยแผ่นโค๊ด (Tran sponder Chip) ที่ฝังอยู่ในลูกกุญแจ เมื่อนำลูกกุญแจเสียบเข้าสู่แม่กุญแจ จะมีการส่งสนามแม่เหล็กจากตัวแม่ มาสู่ตัวลูก เพื่อเปรียบเทียบโค๊ด ถ้ารหัสผิดกล่องคอมพิวเตอร์จะตัดสัญญาณการสตาร์ทเครื่องยนต์ทันที และไม่สามารถสตาร์ทอีกใหม่อีกได้ ระบบนี้ถ้าเจ้าของรถบางคันคาดไม่ถึง เอาลูกกุญแจสำรองที่ทำปั้มเองมาไข จะไม่สามารถสตาร์ทเครื่องได้ ต้องลากรถกลับเข้าไปแก้โค๊ดที่ศูนย์ทุกรายครับ

3 ระบบ TDS หรือระบบส่งสัญญาณด้วยเสียง
ระบบนี้จะทำงานเมื่อมีการกดรีโมตล็อคประตู ซึ่งระบบจะมีเซนเซอร์จับสัญญาณเสียงสั่นสะเทือน เพื่อป้องกันการทุบกระจกรถ การเปิดประตูโดยไม่ใช้รีโมต การถอดขั้วแบตเตอร์รี่ ระบบจะส่งสัญญาณเสียงทันที ด้วยตัวกำเนิดสัญญาณเสียงแบบมีแบตเตอร์รี่ในตัว หรือบางรุ่นใช้ต่อพ่วงกับแตรรถยนต์ให้เกิดเสียงดัง ซึ่งต้องใช้รีโมตเป็นตัวหยุดการทำงานเท่านั้น

4 แบบอื่นๆ
เทคโนโลยีการป้องกันรถยนต์รุ่นใหม่ๆ เช่นระบบติดตามรถยนต์ที่ถูกโจรกรรม ด้วยเรดาร์นำทาง GPRS ที่จะมีตัวส่งสัญญาณให้ทราบได้เลยว่า ขณะนี้รถที่ถูกขโมยวิ่งอยู่ที่ไหน ระบบจะประสานงานกับ GPRS ของตำรวจเพื่อติดตาม หรือจะเป็นระบบที่ปล่อยควันหมอกออกมา ให้โจรตกใจและรีบหลบหนีไป และระบบที่เมื่อรถถูกขโมย ระบบจะส่งสัญญาณมายังโทรศัพท์มือถือของเจ้าของรถ ว่ารถกำลังถูกขโมย เพื่อให้เจ้าของรีบโทรแจ้งตำรวจมาสกัดจับได้ต่อไป


ดูแลและป้องกัน
1.การหาที่จอดรถ ไม่ควรจอดในที่เปลี่ยว ลับตาคน หรือจอดค้างคืนไว้เป็นเวลานานจนคนร้ายขโมยได้ง่าย

2.ป้องกันการถูกปั้มกุญแจ เช่นเวลานำรถไปซ่อมตามอู่ที่ไม่น่าเชื่อถือ ล้างอัดฉีด ขอดูรถซื้อขาย และวิธีอื่นๆที่โจรอาจจะใช้เวลาที่เราเผลอแอบปั้มลูกกุญแจและสะกดรอยตาม เวลานำรถไปซ่อม หรือล้าง ควรทิ้งไว้เฉพาะกุญแจรถเท่านั้น กุญแจล็อคแบบอื่นๆ ต้องเก็บไว้ให้หมด

3. ป้องกันการถูกล่อลวง เช่นการขอซื้อรถยนต์ หรือการนัดพบในที่เปลี่ยว หรือในที่ที่ก่อให้เกิดอันตราย

4. เป็นหูเป็นตาให้กับตำรวจ ถ้าพบเห็นบุคคลที่มีพฤติกรรม หรือกำลังโจรกรรมให้รีบแจ้งเพื่อจับกุม


เมื่อรถหายแล้วควรทำอย่างไร
1.แจ้ง จส.100 สายด่วนรถหายได้ที่เบอร์โทรศัพท์ 02-7119160 เพื่อออกอากาศในสถานีวิทยุเพื่อมีผู้ที่เห็นรถที่หายขับอยู่บนท้องถนน

2. โทรแจ้ง ศปร.ตร ที่เบอร์ 1192 เพื่อความรวดเร็วในการกระจายข่าวไปในทุกหน่วยงานในพื้นที่

3. แจ้งความที่โรงพัก และสถานีตำรวจใกล้บ้านให้รวดเร็วที่สุด เพื่อตำรวจได้รีบออกติดตามคนร้าย

4. บอกต่อเพื่อนฝูง คนสนิทที่รู้จักทั้งหมด ให้รีบกระจายข่าวเพื่อไล่ออกติดตาม

5. ติดตาม และ สอดส่องในจุดที่สันนิฐานว่าคนร้ายใช้เส้นทางใดหลบหนี หรือพบเห็นบุคคลต้องสงสัย ให้รีบแจ้งความดำเนินคดี


ที่มา : littlerott.bloggang.com

Read More......

Thursday, August 28, 2008

အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း

ဆန်းသစ် Mizzima ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 27 2008 12:22 - မြန်မာစံတော်ချိန်

အခြားနိုင်ငံများနေ မြန်မာများ သူတို့နေထိုင်ခွင့် VISA အတွက် စိုးရိမ်ရသော်လည်း အမေရိကန် နိုင်ငံတွင် သိပ်မပူပင်ရပါ။ နည်းမျိုးစုံဖြင့် နေထိုင်ခွင့် ရနေဆဲပင် ဖြစ်ပါသည်။ အမေရိကန်များက မြန်မာ ၃ သောင်းခန့်ကို ဒုက္ခသည်စခန်းများမှ ၂၀၀၇ ခုနှစ်တွင် လက်ခံပြီး ဆက်လက်ပြီး လက်ခံရန် အစီအစဉ် ရှိသည်ဟု သိရပါသည်။

လော့စ်အိန်ဂျယ်လိစ်တွင် မြန်မာ အသိုင်းအ၀ိုင်း ကြီးမားလှသည်။ မြန်မာပြည်မှ အဆိုတော်၊ ဂီတပညာရှင်မှအစ စာပေ၊ အနုပညာရှင်၊ လုပ်ငန်းရှင် များစွာနှင့် မြန်မာများအတွက် အခမဲ့ လစဉ်ထုတ် သတင်းစာများပင် အမေရိကန် တ၀ှမ်းသို့ ပို့ပေးနေသည်ကို ၂၀၀၈ တွင် တွေ့ရသည်။ ထိုသတင်းစာများကို ဖတ်ကြည့်ပါက မြန်မာများ အမေရိကန်တွင် လှုပ်ရှားနေထိုင်ပုံ အကြမ်းဖျင်း သိနိုင်ပါသည်။

အမေရိကားသို့ မြန်မာများ မည်ကဲ့သို့ ရောက်ရှိလာသလဲ? အမေရိကန်မှ မစ်ရှင်ဆရာ ယုဒသန် (Judson) မြန်မာပြည်သို့ ဘိုးတော်ဘုရားလက်ထက် ၁၈၁၂ တွင် ရောက်ခဲ့သည်မှ စခဲ့ပုံရပါသည်။ အင်္ဂလိပ်များက သူတို့ အင်္ဂလိပ် Christian Mission များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် နေထိုင်စေပြီး၊ အမေရိကန် Mission များမှာ အင်္ဂလိပ်မစ်ရှင်များ မသွားချင်သော တောင်တန်းဒေသ မိရိုးဖလာ နတ်ကိုးကွယ်သော တိုင်းရင်းသားများဆီ သွားရပါသည်။ ထိုသို့ မြန်မာပြည်ရောက် အမေရိကန်အသိုင်းအ၀ိုင်းမှ ထူးချွန်သူမြန်မာများကို ပညာသင်များအဖြစ် အမေရိကန်သို့ စေလွှတ်ခဲ့ကြသည်ကို မြန်မာပညာသင်များ သမိုင်းသုတေသန စာအုပ်တွင် ဖတ်ရပါသည်။


ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ပညာတတ် မြန်မာများ အမေရိကန် တက္ကသိုလ်များကို ပိုမိုရွေးချယ်လာခဲ့သည်။ ၁၉၆၂ ဦးနေ၀င်း၏ စစ်အစိုးရ တက်လာပြီးသည့်နောက်တွင် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းရာမှာ အမေရိကန်သို့ အသင့်အတင့် ပြောင်းရွှေ့မှုများ ရှိလာပြီးသည့်နောက် ၁၉၈၈ နောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် ပြောင်းရွေ့လာကြပါသည်။ ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ နယ်စပ်မှ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် Refugee များ ကုလသမဂ္ဂ UNHCR Project အဖြစ် တတိယနိုင်ငံသို့ ပို့ဆောင်ပေးရာတွင် အမေရိကန်သည် အများစုကို လက်ခံနိုင်သောကြောင့် ယခုအခါ အမေရိကန်ရောက် မြန်မာများ ဦးရေမှာ သိန်းဂဏန်းကျော်သွားပြီဖြစ်သည်။

အမေရိကန် လူဦးရေ သန်း ၃၀၀ ခန့်တွင် တရားမ၀င် နေထိုင်သူ ခန့်မှန်းခြေ သန်း၂၀ နီးပါးရှိသည်ဟု ဆိုသည်။ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံမှ ကူးလာသူများဖြစ်သည်။ သူတို့သည် စပိန် ဘာသာစကားကို ပြောပြီး သူတို့ Native Language လည်း ရှိပါသည်။ မြန်မာများက သူတို့ကို "ပဲ" ဟု ခေါ်ကြသည်။ ဘာကြောင့်ရယ်မသိ၊ ပဲ စားပြီး အားကောင်းမောင်းသန်သည့် သဘော အဓိပ္ပာယ် သက်ရောက်နိုင်ပါသည်။

အများအားဖြင့် မက္ကဆီကို တောင်ပေါ်သားများမှာ အလုပ် အင်မတန် လုပ်နိုင်သူများ ဖြစ်ကြသည်။ စင်ကာပူသို့ အလုပ်လာလုပ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ အလုပ်သမား လူတန်းစားများကဲ့သို့ ဖြစ်သည်။ အိန္ဒိယ၊ ထိုင်း ဆောက်လုပ်ရေး လုပ်သားများထက်ပင်လျင် အပင်ပန်းခံနိုင်၊ အလုပ်လုပ်နိုင်သူများဖြစ်ပြီး အာရှမှ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်၊ မြန်မာများ သူတို့ကို ယှဉ်၍ အလုပ်ကြမ်း မလုပ်နိုင်ပါ။

စားသောက်ဆိုင်၊ မြို့ကြီး၊ ကုန်တိုက်၊ အမှိုက်ကြုံး၊ သန့်ရှင်းရေး စသည့် အလုပ်သမား လောကတွင် မက္ကဆီကန်များက ကြီးစိုးထားပါသည်။ နယ်ဘက် လယ်ယာစိုက်ပျိုးရေး၊ ခြံခင်း၊ သတ္တု ရေနံလုပ်ငန်း၊ ဆောက်လုပ်ရေး စသည့် အလုပ်ကြမ်းလောကတွင်လည်း ထိုသူများပင် အားကိုးရပါသည်။

၂၀၀၈ တရားဝင်စာရင်းကို မသိနိုင်သေးသော်လည်း အမေရိကန် လူဦးရေစာရင်း တရားဝင် ကျေညာချက်အရ http://factfinder.census.gov ၂၀၀၆ တွင် တနိုင်ငံလုံး လူဦးရေ ၂၉၃ သန်းရှိပြီး စပိန်စကားပြော လူဖြူ ၃၅ သန်း အပါအ၀င် လူဖြူ ၂၂၁ သန်း၊ လူမဲ ၃၆ သန်း၊ Red Indian (Native American) ၅ သန်း၊ အာရှတိုက်သား ၁၂ သန်းနဲ့ အခြားလူမျိုး ၁၈ သန်း ရှိသည်ဟု ရေးထားသည်။ အာရှတိုက်သားများတွင် စာရင်းအရ အများဆုံး လူမျိုးများမှာ တရုတ် ၂.၄ သန်း၊ အိန္ဒိယ ၁.၇ သန်း၊ ဖိလစ်ပိုင် ၁.၉ သန်း၊ ဗီယက်နမ် ၁.၁၂ သန်း၊ ကိုရီးယား ၁.၀၇ သန်း၊ ဂျပန် ၀.၈ သန်း ဖြစ်ကြပြီး လူတသိန်းခန့်ရှိသည့် လူမျိုးများမှာ သီရိလင်္ကာ၊ တိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လော၊ ပါကစ္စတန်၊ Hmong လူမျိုး၊ ထိုင်း၊ မလေးရှားများ ဖြစ်သည်။

မြန်မာလူမျိုးရေ တသိန်း မရှိသေးသော်လည်း ယခု ၂၀၀၇ နောက်ပိုင်း အစုလိုက်အပြုံလိုက် ဒုက္ခသည်များကို လက်ခံနေသောကြောင့် မြန်မာလူဦးရေသည် အမေရိကန်တွင် သေချာပေါက် များလာနေပြီဖြစ်သည်။ တရုတ်၊ အိန္ဒိယ လူဦးရေ များခြင်းမှာ သဘာဝကျသည်။ ဖိလစ်ပင်းက တတိယအများဆုံး ဖြစ်ရခြင်းမှာ အမေရိကန် ကိုလိုနီအဖြစ် ၁၉၄၆ အထိ နေရသောကြောင့်ဖြစ်သည်။ ကိုရီးယားစစ်ပြီး ၁၉၅၃ နှင့် ဗီယက်နမ်စစ်ပြီး ၁၉၇၅ တွင် ဒုက္ခသယ်များစွာ အမေရိကန်က လက်ခံခဲ့သောကြောင့် ထိုလူမျိုး ၂ ခုမှာ နံပါတ် ၄ နှင့် ၅ အများဆုံး အာရှတိုက်သားများ ဖြစ်နေရသည်။ ယခု မြန်မာဒုက္ခသည်များကို လက်ခံခြင်းဖြင့် မြန်မာများ ၂၀၀၈ နောက်ပိုင်း အမေရိကန်တွင် နံပါတ် ၆ အများဆုံး အာရှတိုက်သားများဖြစ်ရန် အခွင့်အလမ်းများနေပြီဟု ဆိုနိုင်ပေသည်။ မြန်မာများ ပြည်ပထွက် အလုပ်လုပ်ရခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရကို အပြစ်ပုံချရမည်ဖြစ်သည်။

၁၉၈၈-၂၀၀၇ မြန်မာများ အမေရိကန်သို့ ရောက်လာသော နည်းလမ်းများတွင့့်

၁။ Green Card / Citizen ရသူများမှ သူတို့ ဆွေမျိုးများကို တရားဝင်ခေါ်ယူခြင်း၊

၂။ အမေရိကန်သို့ ကျောင်းလာတက် Student Pass နှင့်လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၃။ အလုပ်ကိုင်နှင့် အလည်အပတ်အဖြစ် H1, B1, B2 ဗီဇာများဖြင့် လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၎။ နယ်စပ်ဒေသများမှ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်း၊

၅။ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိခြင်း (ဥပမာ၊ DV မဲပေါက်ခြင်း၊ ဂူအမ်ကျွန်းမှတဆင့်လာခြင်း၊ ဂျမေကာ၊ မက္ကဆီကို၊ ဟွန်ဒူရပ် စသည့် နိုင်ငံများသို့ လာပြီး မက္ကဆီကိုနယ်စပ်မှ တရားမ၀င်လာသူများ လမ်းကြောင်းအတိုင်း ခိုးဝင်လာခြင်း . . စသည့် နည်းလမ်များစွာ ရှိပါသည်။)

အမေရိကန်အစိုးရက မျက်စိမှိတ်ပြီး မြန်မာများကို လက်ခံနေဆဲပင်ဖြစ်သည်။ Migrant, Work H1, DV, Student စသည့် ဗီဇာများအတွက် အမေရိကန်အ၀င်မှာ ဘာမှ စိုးရိမ်စရာမလိုပါ။ Visit VISA များအတွက် ၀င်ခွင့်မရဘဲ အမေရိကန်မြို့ လေဆိပ်များမှ Depot လုပ်ခံရသူ အလွန်နည်းပါးသော်လည်း အဆင်မပြေသူများ အနည်းအကျဉ်း ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန်ဗီဇာ လျှောက်ရာတွင် အမေရိကန်တွင်ပဲ ထာဝရ နေထိုင်ချင်လှသည့် ပုံစံနှင့်မလျှောက်ဘဲ အလည် ၆ လခန့်သာ နေချင်သည့်ပုံစံနှင့် အင်တာဗျူးဝင်လျှင် ဗီဇာရနိုင်သော်လည်း မြန်မာများအတွက် အမေရိကန်ဗီဇာမှာ ခက်ခဲနေဆဲပင်ဖြစ်သည်။ ဗီဇာရရှိပြီးနောက် အမေရိကန်ပြည်သို့ ၀င်ခွင့်ရလျှင် ၆ လ နေထိုင်ခွင့် တုံးထုပေးလိုက်ပြီး ထို ၆ လအတွင်းမှာ အခြားနည်းဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိအောင် ကြိုးစားရသည်။

အမေရိကန်တွင် အလည်ရောက်လာသော မြန်မာများအတွက် အခြေကျရန် ၅ နှစ် အနည်းဆုံး လိုအပ်သည်ဟု အခြေကျနေသူ မြန်မာများက ပြောဆိုကြသည်။ သို့ရာတွင် အမေရိကန် ဂရင်းကဒ် ၂ နှစ်အတွင်း ရရှိရေးအတွက် နည်းလမ်းများမှာ H1 Visa အလုပ်အကိုင် ရရှိရေးနှင့် ခိုလှုံခွင့်ဟု ခေါ်နေသော Asylum လျှောက်ထားရေးပင် ဖြစ်သည်။ Student Pass, Business Pass ဆက်လျှောက်ထား၊ နေထိုင်သွားလျှင်လည်း ရနိုင်ပါသည်။

အထူးသဖြင့် မြန်မာများအကြားတွင် ရေပန်းစားနေသော အမေရိကန်တွင် ခိုလှုံခွင့်ဗီဇာကို ၂၀၀၇ နောက်ပိုင်းတွင် ပိုမိုအားကိုးလာကြသည်။ မြန်မာအများစုမှာ မြန်မာစစ်အစိုးရကို လုံးဝမကြိုက်သော်လည်း စစ်အစိုးရ ဆန့်ကျင်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ မပါဝင်သောကြောင့် အမေရိကန်ရောက်လာပြီး ခိုလှုံခွင့် မလျှောက်လိုကြပါ။ ကျောင်းတက်၊ ဘွဲ့ရ၊ အလုပ်ရ၊ H1 Visa ရရှိပြီးနောက်ပိုင်း အိန္ဒိယကျောင်းသားများကဲ့သို့ ၅ နှစ်၊ ၁၀ နှစ် ကြိုးစားလျှင် အမေရိကန်တွင် ကြီးပွားအဆင်ပြေနိုင်ပေသည်။ သို့သော် ယခုခေတ်မှာ စစ်အစိုးရဖိနှိပ်မှုကို အမေရိကန်အစိုးက အပြင်းအထန် ကန့်ကွက်၊ စီးပွားရေး ပိတ်ဆို့နေချိန်ဖြစ်သည်။

ထို့ကြောင့် မြန်မာများ ခိုလှုံခွင့်တောင်းခံရာတွင် ရှေ့နေများနှင့် စနစ်တကျ ဇာတ်လမ်းသေချာ ရေးသားတောင်းဆိုမှုများကို အင်တာဗျူးဝင်ပြီး ကျေနပ်ပါက ခိုလှုံခွင့်ပေးလေ့ရှိပါသည်။ ဒုတိယနိုင်ငံ နော်ဝေး၊ ဒိန်းမတ်၊ အင်္ဂလန်၊တိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် နေထိုင်ခွင့်လက်မှတ် (ဥပမာ၊ အလုပ်ဗီဇာ၊ Permanent Resident ဗီဇာ ကိုင်ထားသူ) များကို အမေရိကန် ခိုလှုံခွင့်ပေးရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိရန် လိုအပ်ပါသည်။ အများစုမှာ ခိုလှုံခွင့် နေထိုင်အလုပ်လုပ်ခွင့်များ ရရှိပြီး အဆင်ပြေသွားကာ အချို့မှာ ၅ နှစ်ကျော်ပါက အမေရိကန် နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပင် ရရှိပါသည်။ ထို့ကြောင့် ခိုလှုံနေထိုင်ခွင့်ကို လာဘ်မြင်သူ မြန်မာများက ကောင်းကောင်း အသုံးချနေကြပါသည်။

နိုင်ငံရေးတွင် အမေရိကန်ကို အားကိုးချင်သော်လည်း လက်တွေ့ နိုင်ငံရေးအခြေအနေ လေ့လာသူများက အမေရိကန်၏ အာဖဂန်နစ္စတန်အပြီး၊ အီရတ်တွင် ၀င်ရောက်စွက်ဖက်မှုကြောင့် နိုင်ငံရေး အကျပ်အတည်း တွေ့နေပြီး၊ မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးနိုင်သော်လည်း တရုတ်၊ ရုရှား တို့ကြောင့် ရပ်တန့်နေရပါသည်။

စီးပွားရေးအခြေအနေတွင်လည်း စစ်စရိတ်ထောင်းသော အမေရိကန်မှ တရုတ်ပြည်သို့ ကုန်ထုတ်လုပ်ငန်း၊ ကွန်ပြူတာစက်ရုံများစွာ ပြောင်းရွှေ့သွားမှုများရှိနေ၍ အလုပ်အကိုင်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ အချို့က Recession စီးပွားကပ် ဆိုက်နေပြီဟု မှတ်ချက်ချသည်။

လွန်ခဲ့သော ၅ နှစ်ကျော်က စင်ကာပူနှင့် နှိုင်းယှဉ်လျှင် US$ 1 dollar = Singapore $1.8 ခန့် မှာ ယခုနှစ်တွင် စင်ကာပူဒေါ်လာ 1.3 ဈေးနှုန်းသို့ တဖြေးဖြေး ကျဆင်းသွားပြီး အမေရိကန် ဓာတ်ဆီဈေးမှာ ၂ ဒေါ်လာမှ ယခု ၄ ဒေါ်လာသို့ တက်သွားသည်။ လူတဦးချင်း ၀င်ငွေမှာ ပျှမ်းမျှ တနှစ် ၃ သောင်းခန့် ဆိုသော်လည်း တလ ဒေါ်လာ ၁၅၀၀ ရနိုင်သော အမြဲတမ်းအလုပ်မှာ အလွန်ရှားပါးနေပါသည်။ ယခင်က အမြဲတမ်း အလုပ်သမားများကို ဖြုတ်ပြီး ကန်ထရိုက် အလုပ်သမားများအဖြစ် ပြောင်းလဲခန့်ခြင်း၊ လစာများများ ရသူများကို အလုပ်အနားယူ Retrench လုပ်ခြင်း (သို့မဟုတ်) အလုပ် ၂ ခု လုပ်စေခြင်း စသဖြင့် ကပ်ဆိုက်နေချိန်ဖြစ်သည်။

Social Security ဖြင့် ထုတ်စားနေသော စနစ်မှာ ရေရှည်တွင် မဟန်တော့ကြောင်း သိလာသဖြင့် ယခုအခါ 401 Plan ဆိုသော စနစ်သစ်ကို စတင်ကျင့်လာရသည်။ နိုင်ငံသား အသက်ကြီးလာလျှင် ငယ်စဉ်ကာလ အလုပ်လုပ်ရာ၌ အလုပ်ရှင်နှင့် အချိုးကျငွေ စုဆောင်းထားသည့် စနစ်ဖြစ်သည်။ စင်ကာပူတွင် ၁၉၇၀ နောက်ပိုင်း စတင်ကျင့်သုံးသော CPF စနစ်ဖြစ်သည်။ မလေးရှားကလည်း EPF အဖြစ် ကျင့်သုံးပြီး သြစတြေးလျား၊ အင်္ဂလန်တို့ကလည်း ကျင့်သုံးနေပြီဖြစ်သည်။

အမေရိကန်ရောက် မြန်မာများအတွက် မည်သို့ဖြစ်စေ အခွင့်အလမ်းများစွာ ရှိပါသည်။ စီးပွားရေး ကပ်ဆိုက်သော်လည်း ကြိုးစားပြီး ဥာဏ်ပညာ၊ ၀ိရိယ အားစိုက်ပြီး အမေရိကန်စနစ်ကို သေချာလေ့လာ လုပ်ကိုင်ပါက ကိုရီးယား၊ ဗီယက်နမ်များထက် မသာလျှင်ပင် တန်းတူလိုက်လာနိုင်မည် ဖြစ်သည်။ ယခင်က လစာ၊ ၀င်ငွေ ကောင်းလှသော ဆရာဝန် အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းများသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးနေရသည်။ အားလုံးက မြန်မာပြည်ကြီး ပြည်တော်သာအဖြစ်၎င်း၊ ဒီမိုကရေစီနိုင်ငံအဖြစ်၎င်း မြင်ချင်သော်လည်း တဦးနှင့်တဦး ပူပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါ။

၂၀၀၇ သံဃာတော်လှုပ်ရှားမှု ပြီးသည့်နောက်တွင် အမေရိကန်ရောက် မြန်မာများသာမက ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ ထောက်ပံ့ငွေများကို ပူးပေါင်းကောက်ခံပေးခြင်းများ ရှိလာသည်။ ၂၀၀၈ မတ်လ မြန်မာ့သမိုင်းတွင် မကြုံဖူးသော နာဂစ်ဆိုင်ကလုန်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သားများ သိန်းနှင့်ချီ သေဆုံးပြီး ၂ သန်းခန့် အိုးအိမ်မဲ့ဖြစ်သွားရာတွင် မြန်မာစစ်အစိုးရ၏ ဥပက္ခာပြုလုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများက အံ့သြစုတ်သပ် ဖြစ်ရသည်။ ပြည်ပရောက် မြန်မာများ ဆက်လက် ပူးပေါင်းရံပုံငွေရှာ ထောက်ပံ့လုပ်ဆောင်ရသည်။ အမေရိကန် တ၀ှမ်းလုံးတွင် မြန်မာများ Fund Raising Events များ၊ ဆုတောင်းပွဲများနှင့် အချို့ အမေရိကန်မြန်မာများ ခွင့် လနှင့်ချီပြီး မြန်မာပြည်တွင်း ပြန်သွား ကူညီလုပ်ကိုင်ကြသည်။


အမေရိကန်ရောက် မြန်မာများ အထူးသဖြင့် အခြေမကျစဉ် (၅ နှစ်အတွင်း) အထူးခက်ခဲမှုများကို တွေ့ကြုံနေစဉ်တွင် အဓိကဖြစ်သော ပညာရေးအတွက် အချိန်ပေးနေသော မြန်မာလူငယ်များစွာ ရှိသည်မှာ အားရဖွယ်ရာဖြစ်သည်။ လူကြီးများလည်း စင်ကာပူကဲ့သို Self Upgrading Course များကို တက္ကသိုလ်၊ ကောလိပ်၊ Community Center များတွင် တက်နေကြသည်။ ရောက်ခါစတွင် မြန်မာများ ပညာရေး မလုပ်နိုင်သေးဘဲ ၀မ်းရေးအတွက် အလုပ်ဝင်လုပ်ရင်း လုံးပါးသွားပြီး ငွေကြေးကျွန် မဖြစ်ချင်ဘဲ ဖြစ်သွားရသူများလည်း ရှိပါသည်။ စင်ကာပူ၊ မလေးရှား၊ တရုတ်ပြည်များတွင် စီးပွားရေး ကောင်းနေဆဲတွင် တော်ရုံစိတ်ထားနှင့် အမေရိကား လာရောက် စီးပွားရှာလိုသူ ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အဆင်ပြေအောင် နေတတ်သူမှာ ဘယ်ရောက်ရောက် အဆင်ပြေမည်ဖြစ်သည်။ ငွေကြေးနောက်လိုက်သော လူများအဖို့ တရုတ်စကားပုံအရ ခြေ ၄ ချောင်းရှိသော ပိုက်ဆံသတ္တ၀ါ လက်အောက်သို့ ကျရောက်သွားလေ့ ရှိပါသည်။ ဘ၀အတွက် အဓိကလိုအပ်သော ပညာရေး၊ ပြည်သူ့နီတိ တရားများကို လက်ခံ ကျင့်သုံးသူများအဖို့ မည်သည့်နိုင်ငံရောက်ပါစေ စိတ်ချမ်းသာမည်။

ကံ၊ ဥာဏ်၊ ၀ိရိယ ၃ ပါးနှင့် ကိုက်ညီပါက ပညာ၊ ငွေကြေးဥစ္စာလည်း တိုးပွားလာမည်။ တိုးပွားနေသော အမေရိကန်ရောက် အောင်မြင်နေသော မြန်မာများကိုလည်း အားကျမိပါသည်။ နောင်တချိန်တွင် မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် ကမ္ဘာတွင် အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ ဒီမိုကရေစီအရှိဆုံး ဖြစ်သော အမေရိကန်ရောက်မြန်မာများ အဓိကအခန်းမှ ပါဝင်နိုင်စေရန် မျှော်လင့်ပါသည်။
ဆန်းသစ်

သြဂုတ်လ ၂၇ ရက်၊ ၂၀၀၈ ခုနှစ်။

Read More......
Template by : kendhin x-template.blogspot.com