Thursday, March 6, 2008

Good Body Practice Using PC



Read More......

USBCELL AA Batteries Can be Charged through USB!

via Inhabitat by Emily Pilloton on 3/5/08

USBCELL, Green USBCELL, Greener Gadget, Green gadgets, Greener gadgets, green gadget,Green USBCELL Rechargeable AA Batteries, Win Top Honor at CEBIT, CEBIT, Rechargeable AA Batteries, USB Batteries, USB Rechargeable Batteries, Moixa Energy, Moixaenergy, Gold AWard at CEBIT, Green Batteries, Rechargeable Battery

If you thought rechargeable batteries were a good green idea, the USBCELL rechargeable battery will blow your mind- it plugs into any computer’s USB port to recharge. It’s a standard AA battery which will fit into all your every day uses. We’re not the only ones amped up about USBCELL- today at CEBIT, the green battery was awarded a Gold award at the IF Product Design ceremony. Produced by Moixa Energy, has a flip cap top that houses the USB port, and can be used like any regular AA battery. Not to mention, it cuts back on the nearly 15 billion Alkaline batteries made and thrown away each year.


Read More......

Monday, March 3, 2008

မြန်မာ့ငါးတန်များကို ရုရှားသို့ အမြောက်အမြားတင်ပို့ရန်စီစဉ်

Ref : Irrawaddy ကြည်ဝေ/ရန်ကုန် | မတ် ၃၊ ၂၀၀၈
အိတ်စပို့ဈေးကွက်မရှိသောကြောင့် ဈေးအနည်းငယ်သက်သာစွာဖြင့် စားသုံးနိုင်သော မြန်မာ့ငါးတန်များကို ရုရှားနိုင်ငံသို့ ပုံမှန်တင်ပို့ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ငါးတန်များမှာ အခြားသောသားငါးများထက် ဈေးသက်သာသဖြင့် အခြေခံလူတန်းစားများ အများအပြား စားသုံးလေ့ ရှိသည့်ငါးအမျိုးအစားဖြစ်သည်။

“ငါးတန်အသားလွှာတွေကို တလတန်ချိန်နှစ်ထောင်အထိ ရုရှားကို လစဉ်ပုံမှန်ပို့ပေးရလိမ့်မယ်။ မတ်လထဲမှာ စပြီးတင်ပို့နိုင် မှာပါ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဦးကြီးငွေက ဆိုသည်။

ယခင်ဈေးကွက်ခက်ခဲနေသော ငါးတန်များကို ရုရှားနိုင်ငံသို့ လစဉ်တင်ပို့နိုင်ရေးအတွက် နှစ်ဘက်နားလည်မှု စာချုပ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါလက်မှတ်ရေးထိုးရာတွင် မြန်မာ့ငါးတန် အသားလွှာများ သာမက မြန်မာ့ရေထွက်ပစ္စည်းများကိုပါ ပုံမှန်လစဉ်ဝယ်ယူရန် အစီအစဉ်ရှိကြောင်း ပါရှိသည်။

“သူတို့လိုချင်တဲ့ တလတန် ၂၀၀၀ ကိုတော့ စစချင်းပို့စမှာ အခက်အခဲရှိတယ်။ ပထမလမှာတော့ တန် ၂၀၀ လောက်ပဲ ပို့နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အမြန်ဆုံး သူတို့လိုအပ်တဲ့ ပမာဏရအောင် လုပ်ဆောင်သွားကြမှာပါ” ဟု အသင်း၏ ဒုတိယ ဥက္ကဌက ပြောသည်။

ရုရှားသို့ ပုံမှန်တင်ပို့နိုင်ရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေနှင့် ငါးတန်များတိုးချဲ့မွေးမြူသွားကြရန် စီစဉ်လျက် ရှိရာ မွေးမြူကာလအနေဖြင့် ၁၀ လအချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှရှားနိုင်ငံမှ လိုအပ်သော ပမာဏပြည့်မီနိုင်ရေးအတွက် မတ်လဆန်းမှ စတင်ကာ ယခုမွေးမြူမည့် ငါးတန်များ ကန်ဖော်မည့် ၁၀ လမတိုင်ခင် အချိန်ထိ ပြည်တွင်းဈေးကွက်အတွင်း ငါးတန်ရောင်းချမှုကို ကန့်သတ်သွားတော့မည် ဖြစ်ကြောင်း ရန်ကုန် သီရိမင်္ဂလာဈေး ငါးဒိုင်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းငါးထုတ်လုပ်မှု ကျဆင်းလျက်ရှိနေပြီး ငါးစားသုံးမှု ဖူလုံရေးကို အနည်းငယ်ထိခိုက်နေ သည်ဟု ကြားသိရသည်။ ယခုအခါ အခြေခံလူတန်းစားများ အများဆုံးစားသုံးလျှက်ရှိသော ငါးတန်များကို တန်ချိန် အမြောက်အမြားတင်ပို့ပါက ပြည်တွင်းဈေးကွက်အတွင်း ဈေးအဆမတန် မြင့်တက်လာနိုင်ပြီး အခြေခံလူတန်းစားများ အတွက် ငါးစားသုံးမှုကို ထိခိုက်လာနိုင်ကြောင်း သီရိမင်္ဂလာ ငါးဈေးမှ ငါးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“ငါးတန်က အသားများပြီး ဈေးသက်သာတော့ ဆင်းရဲသားတွေ တော်တော်များများ စားကြတာများတယ်။ ငါးမြစ်ချင်းထက် ငါးတန်ကိုပိုပြီးစားကြတယ်။ ငါးမြစ်ချင်းက ဈေးနည်းနည်းပိုတဲ့အပြင် အရိုးများတော့ အသားများတဲ့ငါးတန်ကိုပိုစားကြတယ်” ဟု သိရိမင်္ဂလာဈေးရှိ ငါးလုပ်ငန်းရှင်တဦးက ပြောသည်။

လက်ရှိ ငါးဈေးမှာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးရံ့၊ ငါးခူအပါအ၀င် အနိမ့်ဆုံး တပိဿာလျင် ကျပ် ၂၅၀၀ ဈေးရှိပြီး၊ အမြင့်ဆုံးမှာ တပိဿာလျင် ကျပ် ၄၅၀၀ ထိဈေးရှိကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်က ငါးဈေးမှာ အမြင့်ဆုံးတပိဿာလျင် ကျပ် ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး အနိမ့်ဆုံး ၁၅၀၀ သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သား၊ ၀က်သား၊ ဆိတ်သား စသည့် အသားဈေးများကြီးမြင့်လျက်ရှိသောကြောင့် အခြေခံလူတန်းစား အများစုမှာ ဈေးသက်သာသောငါးကိုပင် အသားအစား စားသုံးနေကြရသည်။ ဈေးသက်သာသော ပင်လယ်ငါးအပါအ၀င် မွေးမြူရေးငါးများကို စားသုံးသူများမှာ မြန်မာတနိုင်ငံလုံးရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန ဈေးကွက်စစ်တမ်းအရ သိရသည်။

လက်ရှိပြည်တွင်း ငါးထုတ်လုပ်မှုမှာ ဖောက်ပြန်လျှက်ရှိသောရာ သီဥတုအခြေအနေ၊ မြင့်တက်လာသော အစာဈေးနှုန်းများ နှင့် အထွေထွေစရိတ်စကများကြောင့် ကျဆင်းလျက်ရှိကြောင်းသိရသည်။ ငါးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်အနေနှင့်မူ လွန်ခဲ့သော သုံးနှစ်ခန့်နှင့်နှိုင်းယှဉ်ပါက နှစ်ဆခန့် မြင့်တက်လာသဖြင့် ငါးမွေးမြူရေးလုပ်ငန်းရှင် များက လျှော့မွေးလာကြကြောင်း ငါးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်တဦးက ပြောကြားသည်။

“တဧက ထုတ်လုပ်မှုကုန်ကျစရိတ်က ၂၀၀၅ ခုမှာ ကျပ် ၂၅ သိန်းလောက်ပဲ ကုန်ပေမယ့် ခုချိန်မှာ ၄၅ သိန်း လောက်ဖြစ် သွားပြီ။ အရင်းအနှီးမတတ်နိုင်ကြတော့ ငါးမွေးသူတွေကလည်း လျှော့မွေးလာကြတယ်။ ငါးကန်တွေ ထုတ်လုပ်မှု ကျဆင်း ကုန်မှာတော့တွက်လို့ရတယ်။ ၂၀၀၅ နဲ့ ၂၀၀၇ ဆိုရင် မွေးမြူနှုန်း ထက်ဝက်လျော့သွားတယ်၊ ၂၀၀၈ မှာလည်း ထွက်နှုန်း တိုးလာဖို့ မမြင်ဘူး” ဟု ၎င်းကဆိုသည်။

ကုန်းတွင်းအင်းအိုင်များမှ ငါးထုတ်လုပ်မှုမှာလည်း ယခင်သုံးနှစ်ကာလထက် ကျဆင်းသွားသည်ကို တွေ့မြင်ရ ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ငါးလုပ်ငန်းဦးစီးဋ္ဌာန၏ စာရင်းများအရ လွန်ခဲ့သော ၂၀၀၇ ဒီဇင်ဘာလအတွင်း အင်းအိုင်ငါးလုပ်ငန်းများမှ ထုတ်လုပ်မှုသည် စုစုပေါင်း ပိဿာချိန် ၄၅ သိန်းခန့်ရှိသည်ကိုတွေ့ရပြီး ၂၀၀၆ ဒီဇင်ဘာလက ထုတ်လုပ်ခဲ့သော ပမာဏမှာ ပိသာချိန် ၅၆ သိန်းရှိသည်ကို တွေ့ရသည်။

၂၀၀၇ ခုနှစ်တွင် ပြည်တွင်းရှိ နေရာဒေသအတော်များများ၌ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ငါးမွေးမြူကန် ဧကပေါင်း ၁၇၀၀၀ ကျော် ရေလွှမ်းခံခဲ့ရသဖြင့် အင်းအိုင်များမှ ငါးအမြောက်အမြား ဆုံးရှုံးခဲ့ရကြောင်း အဆိုပါဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးကန်စုစုပေါင်း ၂၁၄၃၅၁ ဧကရှိပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းမှ ဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဋ္ဌာန၏ စာရင်းများအရ သိရသည်။ ငါးမွေးမြူရေးကန်များ၏ လက်ရှိထုတ်လုပ်နိုင်မှုမှာ တဧကလျှင် ပိဿာချိန် ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်တွင် ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၃ သန်းရရှိခဲ့ပြီး ယခုနှစ်အတွက် သန်း ၁၂၀ ကျော်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊။

မြန်မာ့ရေထွက်ပစည်းများကို တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နှစ်စဉ် တင်ပို့နေရကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက် ပစ္စည်းတင်ပို့နိုင်ရန်အတွက် ပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း ၁၃၅ ရုံရှိပြီး ၃၅ ရုံမှာ အီးယူဈေးကွက်သို့ တင်ပို့ခွင့်ရခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ သိရသည်။

Read More......

Thursday, February 28, 2008

စစ်အစိုးရရဲ့ နယ်စပ်ကုန်သွယ်ရေးခြေလှမ်းသစ်

Ref : Moethezun Blog ၂၇၊ ဖေဖော်ဝါရီ

မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ် မြ၀တီဘက်ခြမ်းမှာ ဒုတိယမြောက် ကုန်သွယ်ရေးစခန်းတစ်ခုကို နောက်လမှာ ဖွင့်ဖို့ စိုင်းပြင်းနေတယ်လို့ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် မြန်မာ့ ပင်လယ်ထွက် ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကို တင်ပို့ ဖို့ ကရင်ပြည်နယ်တောင်ပိုင်း မြ၀တီနယ်စပ်မှာ ၄၆၄.၅၅ ဧကရှိတဲ့ ကုန်သွယ်ရေးစခန်းတစ်ခုကို ၂၀၀၆ ခုနှစ်က ဖွင့် ခဲ့တယ်လို့ အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားပါတယ်။

မြ၀တီကုန်သွယ်ရေးဇုန်ဟာ ၂၀၀၆ ဧပြီလမှာ ဖွင့်ခဲ့တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းနဲ့ နယ်မြေ ချင်းထိစပ်နေတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ပြီးရင် ဒုတိယ အကြီးဆုံးကုန်သွယ်ရေးဇုန်တစ်ခုပါ။

မြ၀တီနယ်စပ်အပြင်၊ မြန်မာနိုင်ငံက ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာမှာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်း၊ နှင့် မြိတ်မြို့ တို့ကနေလည်း ကုန်သွယ်မှုပြုလုပ်ပါတယ်။

အဲဒီအချိန်မှာဘဲ မြန်မာဘက်က ထိုင်းနိုင်ငံ နှင့် နှစ်နိုင်ငံအကြားကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ဖို့ ဘုရားသုံးဆူ နယ်စပ်ကို အသုံးပြုဖို့ စဉ်းစားနေပါတယ် လို့ အပတ်စဉ်ထုတ် “ရန်ကုန် တိုင်းမ်” ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကုန်သွယ်ရေးဋ္ဌာနရဲ့ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးအဖွဲ့ ကြီးတစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ကူသန်းရောင်းဝယ်ရေး နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်ချုပ် (UMFCCI) က မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ ရှိတဲ့ ဘုရားသုံးဆူနယ်စပ်မှာ နောက်ထပ်ကုန်သွယ်ရေးဇုန်တစ်ခု ဖွင့် မယ်လို့ ပြောကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဘုရားသုံးဆူနယ်စပ်ဟာ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ ကန်ချနဘူရီ ခရိုင်နှင့် ဆက်စပ်နေပါတယ်။

ဘုရားသုံးဆူနယ်စပ်က ကုန်သည်တွေရဲ့ ပြောပြချက်အရ “ဘုရားသုံးဆူ မြို့က အာဆီယံ ဟိုင်းဝေးလမ်းမကြီး ဖောက်လုပ်ရာမှာ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ပေးမယ့် လမ်းကြောင်းတည်ရှိရာမြို့ ဖြစ်တယ်” လို့ ပြောသွားပါတယ်။

တရားဝင်စာရင်းဇယားများအရ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၆၅၉ ဘီလီယံ ရှိပါတယ်။ မြန်မာနိုင်ငံ ဘက်မှ ထိုင်းနိုင်ငံဘက်သို့ ပစ္စည်းတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၂.၄၀၉ ဘီလီယံ ရှိပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ ကုန်သွယ်ဖက် နိုင်ငံလည်းဖြစ်၊ မြန်မာ့ပစ္စည်းများ အဓိကတင်ပို့ရာနိုင်ငံလည်းဖြစ်ပါတယ်။

စာရင်းဇယားများအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၀၆-၂၀၀၇ မှာ ဒေါ်လာ ၂၄၈ သန်း ရှိပါတယ်။ နောက်ဆုံးရရှိတဲ့ စာရင်းဇယားများအရ၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ် (ဧပြီ-စက်တင်ဘာ) မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ဒေါ်လာ ၁.၉၄၃ ဘီလီယံရှိပြီး၊ မြန်မာဘက်က ထိုင်နိုင်ငံသို့ တင်ပို့မှုဟာ ဒေါ်လာ ၁.၆၈၄ ဘီလီယံ ရှိပါတယ်။

၂၀၀၇ ခုနှစ် မေလမှာ ရခိုင်ပြည်နယ် နောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ် နဲ့ ဆက်စပ်နေတဲ့ မောင်တာမြို့မှာ ကုန်သွယ်ရေး ဇုန်ဖွင့်လှစ်ခဲ့ပြီး အဓိကအားဖြင့် မြန်မာ့ပင်လယ်ထွက် ပစ္စည်းတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ပါတယ်။ ထို့အပြင် စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်မှာရှိတဲ့ တမူးမြို့မှာလည်း အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်ဖို့ ကုန်သွယ်ရေးဇုန်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ကုန်သွယ်ရေးဇုန် ၁၃ ခုကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံကထွက် ရှိတဲ့သဘာဝ သယံဇာတပစ္စည်းများကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေပါတယ်။

Read More......

Wednesday, February 27, 2008

လစက်ဝန်း

ကျွန်တော် ငယ်ငယ်တုန်းက ငွေလမင်း နဲ့ သိပ်မစိမ်းပါဘူး။ လသာသာမှာ အိမ်အပြင်ထွက်ပြီး စကားပြောကြ ဆော့ကစား. ကြတာကို မှတ်မိနေပါသေးတယ်။ တော်တော်ကြီး ပျော်ခဲ့ကြတာကိုလဲ အမှတ်ရနေပါသေးတယ်။ အခုတော့လဲ လူနေမှုပုံစံပြောင်းသွားတာရယ်၊ အချိန်သိပ်မပေးနိုင်တော့ တာရယ်ကြောင့် လရောင်အောက်မှာ သာယာကြည်နူးမှုကို အချိန် သိပ်မပေးနိုင်တော့ပါဘူး။ တစ်ခါတစ်လေတော့ သွားလာရင်းနဲ့ လပြည့်ညလိုမျိုးမှာတော့ ခဏလေးလောက်တော့ ငေးမောမိပါသေးတယ်။

လ ကို နေ့တိုင်းလိုလို တွေ့ဖြစ်ကြပေမယ့် လရဲ့ သဘောသဘာဝကို ကျွန်တော်တို့ (အခုခေတ်လူငယ်) ဘယ်လောက်များ လေ့လာသတိပြုမိကြ ပါသလဲ။

- လဟာ ပြက္ခဒိန်တစ်လ (သိုးဆောင်းတွေရဲ့ ရက်အရ ဆိုရင်တော့ ၂၉ ရက် နဲ့ ၁၂ နာရီလောက်ပါ။) မှာ တကြိမ် ပြည့်တယ် ဆိုတာတော့ ဗုဒ္ဓဘာသာ ရေးပွဲတွေကြောင့် ကျွန်တော်တို့ဆီမှာ လူတိုင်းနီးပါး သိကြမှာပါ။
- လ (သူရာနေမင်းကတော့ လလောက်သိပ်မသက်ရောက်ပါဘူး) ကြောင့် ဒီရေအတက်အကျ ဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ ကြီးပြင်းလာတဲ့ လူတိုင်းသတိထားမိပါရဲ့လား။ လပြည့်၊ လကွယ်ညတွေမှာ ရေကြီးတယ်ဆိုတာ သတိထားမိပါရဲ့လား။
- မမြင်ရတဲ့ စန္ဒာလမင်းရဲ့ ဆွဲအား (Gravity Force - ဒြပ်ထုရှိတဲ့ အရာဝတ္ထု နှစ်ခုကြားမှာ သက်ရောက်တဲ့အား၊ ဒြပ်ထုကြီးလေ၊ အကွာအဝေးနီးလေ ဆွဲအားကောင်းလေ) ကြောင့် ရေအတက်အကျ ဖြစ်ရပါတယ်ဆိုရင် ယုံတမ်းစကားဖြစ်တဲ့ လပြည့်၊ လမိုက် ညတွေမှာ တစ်ချို့လူတွေ စိတ်ဖောက်ပြန်မှုတွေ ဟာ အခြေအမြစ် ရှိပါရဲ့လား။ ဘာကြောင့် ဗုဒ္ဓဘာသာ ရဲ့ နေ့မြတ်အားလုံး ဟာ လပြည့်နေ့တွေမှာ ကျရောက်နေပါသလဲ။ စာရေးဆရာမ ဂျူးဟာ လနဲ့ပတ်သက်ပြီး သူ့ရဲ့ဝတ္ထု အတော်များများ မှာ ထည့်ရေးပါတယ်။ ”မြရဲ့လ”၊ ဘာတို့
- ကျွန်တော်တို့ ကမ္ဘာမြေအတူနေ တိရိစ္ဆာန်မျိုးစိတ် တစ်ချို့ဟာ ဆိုရင်လဲ လစက်ဝန်း အတိုင်း ထူးခြားတဲ့ အပြုအမူတွေ ရှိကြတယ်လို့ "Animal Planet" အစီအစဉ် တွေမှာ တွေ့ဘူးပါတယ်။

ဒါနဲ့ ဒီပို့စ် ရေးဖြစ်စေတဲ့ အကြောင်းလာပါပြီ။ ကျွန်တော်တို့ဟာ နေမင်းကြီးဟာ အကြမ်းဖျင်းအားဖြင့် ဒေသစံချိန် မနက် ၆ နာရီ လောက်မှာ တက်ပြီး ညနေ ၆ နာရီလောက်မှာ ဝင်တယ်ဆိုတာ သိကြပါတယ် (ဆောင်းနဲ့ နွေတော့ နဲနဲကွာပါတယ် ။ ဆောင်းမှာ နေထွက် နောက်ကျပြီး။ နေဝင်စောပါတယ်။ ကမ္ဘာကြီးက သူ့ဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီ စောင်းပြီး နေမင်းကြီးကိုပတ်နေလို့ပါ။ မစောင်းဘူးဆိုရင်တော့ ဆောင်းနွေဥတုတွေ၊ နေ့တာတိုရှည်တာတွေ မရှိနိုင်ပါဘူး။ နေ့နဲ့ညပဲ ရှိမှာပါ။) လမင်းကြီးကော ဘယ်အချိန်ဝင်ထွက်တယ် ဆိုတာ သတိထားမိကြပါသလား။

လရဲ့ ဝင်ထွက်ချိန်က သူ့ရဲ့ စက်ဝန်း(တစ်နည်းအားဖြင့်) လရဲ့အနေအထားပေါ် မူတည်ပါတယ်။ လဟာ ကမ္ဘာကြီးနဲ့ နေမင်းကြီးကြား ပြင်ညီမျဉ်းဖြောင့်အတိုင်း ရောက်နေလို့ ရှိရင် လမိုက်ည အဖြစ် ကမ္ဘာမြေပေါ်က မြင်ရမှာ ဖြစ်ပါတယ်။ လမိုက်ညဆိုတော့ လထွက်ချိန်၊ ဝင်ချိန် ဘယ်ရှိပါ့မလဲနော်။ ဒီအတိုင်းပါပဲ ကမ္ဘာကြီးက အလယ်မှာ ရောက်နေလို့ ရှိရင်တော့ လပြည့်ညအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ အကြမ်းဖျင်းအားဖြင့် နေစဝင်တဲ့ အချိန်ကနေ မနက်အထိပါပဲ။ နောက်တစ်ခု ကြည့်ကြပါစို့။ လတစ်ဝက် ရှိတဲ့ လဆန်း ၈ ရက်လောက် (First Quarter) ကိုကြည့်ကြပါစို့။ လဟာ နေစဝင်ကတည်းက ထွက်လာပြီး ညသန်းခေါင် မှာဝင်သွားတာ တွေ့ရပါလိမ့်မယ်။ အမှန်က လကိုနေ့လည် ၁၂ နာရီလောက်ကတည်းက မြင်နေရပါပြီ။ ဒါပေမယ့် နေမင်းရဲ့ စူးရှတဲ့ ပြင်းအားကြောင့် မြင်ချင်မှ မြင်ရပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ဟာ အလင်းရောင် အခြေအနေ ပေးမယ် ဆိုရင် နေ့လယ် ၂ နာရီ ။ သို့ ညနေ ၄ နာရီမှာ လဲ မြင်ချင်မြင်နိုင်ပါတယ်။ ဒီအတိုင်းပါပဲ လဆုတ်၈ရက် (Third or Last Quarter) ဆိုရင်လဲ မြင်နိုင်ချိန်က ညသန်းခေါင်ကနေ မနက်အထိပါ။ ဒါဆိုရင် ကျွန်တော်တို့ဟာ လရဲ့ ဝင်ထွက်ချိန်ကို ကြည့်ပြီး လဆန်းလား၊ လဆုတ်လား ဆိုတာ ပြောနိုင်တာပေါ့။

ကိုးကား - ဝီကီပီဒီယာ

Read More......

Come together - Google Map Burma Chapter

via Google LatLong by elaine on 2/26/08
Posted by Tanya Keen, Google Earth Outreach

Recently we announced collaborative mapmaking in Google Maps. What does this mean for those of you working at nonprofits? Simply put, it's easier to make maps with your coworkers, partners, donors, and beneficiaries.

Here are just a couple of ideas:
  • Get your program leads to post photos and videos of what they're doing in the field. Recent photos and videos go a long way toward demonstrating your impact on the communities you serve, which matters to donors and potential partners.
  • Have your donors, partners, and volunteers add themselves to a collective map of all of your supporters. You're all working toward the same goal, and it's encouraging to see who else is on your team.
And here are what some pioneering groups have already done:
If you haven't explored this feature yet, click "Collaborate" within the My Maps tab to invite others to edit your map. To guide you along, we've added a new tutorial on the Google Earth Outreach site, which shows you step-by-step how to collaborate on your maps. Whether you're changing your local landscape or tackling global issues, collaborative mapmaking helps many grassroots efforts reach global proportions.


Burma Chapters US
So people can connect with those in there area engaged in the cause of freedom for Burma
New York Burma Roundtable
NewYork@uscampaignforburma.org The New School: Khin Phyu Htway: kphtway@yahoo.com Columbia: Geoff Aung:gra2001@columb burma88coalition@googlegroups.com
NewYork@uscampaignforburma.org

The New School: Khin Phyu Htway: kphtway@yahoo.com

Columbia: Geoff Aung:gra2001@columb

burma88coalition@googlegroups.com
Houston
freeburmahouston@gmail.com
freeburmahouston@gmail.com

Chicago Chapter
freeburma-chicago@googlegroups.com freeburma@chicago.edu
freeburma-chicago@googlegroups.com
freeburma@chicago.edu

San Francisco Chapter
http://www.sfburmaaction.blogspot.com/ Contact: Nyunt Than: nyuntthan@gmail.com Brandon Erickson: brandon.c.erickson@gmail.com
http://www.sfburmaaction.blogspot.com/

Contact:
Nyunt Than: nyuntthan@gmail.com
Brandon Erickson: brandon.c.erickson@gmail.com

Phoenix, AZ
Contact: Donald Fausel; azdonf@gmail.com Sophia Lwin: sophiel444@msn.com
Contact: Donald Fausel; azdonf@gmail.com
Sophia Lwin: sophiel444@msn.com
Denver Colorado
James Lissy; jlissy@gmail.com

etc...etc...

Read More......

Monday, February 25, 2008

ရခိုင်ပင်လယ်ပြင်တွင် ရောင်းတန်းဝင် ငါးများနှင့် ရေငန်ပုစွန် ဖမ်းယူရရှိမှု လျော့ကျလာ

Ref: မောင်ရမ္မာ(နိရဉ္စရာ) 2/25/2008
မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရောင်းတန်းဝင် အရွယ်အစား ငါးများ ဖမ်းဆီးရမှုမှာ အလွန်လျော့ကျလျှက်ရှိကြောင်းနှင့် တန်းမ၀င်ငါးများနှင့် အဆင်မမှီ ငါးများကိုသာ ဖမ်းဆီးရရှိနေသဖြင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားနေကြသော တန်ဖိုးရှိ တန်းဝင်ငါးများ၏ အနာဂတ် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြာင်း သတင်းရရှိသည်။

ငါးသလောက်များနှင့် ငါးမုတ်အပါအ၀င် အရွယ်အစားသေးငယ်သော ငါးမျိုးစုံ ငါးများကိုသာ ဖမ်းဆီးရမိနေပြီး တန်းဝင် အမျိုးအစားကောင်း ငါးများမှာ မရှိသလောက် ရှားပါးလာနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သားငါးကဏ္ဍဆိုင်ရာဌာနမှ ထုတ်ပြန်သော သတင်း တပုဒ်အရ သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန်ဖမ်းဆီးရရှိမှုမှာလည်း တနှစ်ထက်တနှစ် များစွာလျော့ကျလျှက်ရှိ ကြောင်း ငါးဖမ်းလုပ်ငန်းကဏ္ဍဆိုင်ရာ အမည်မဖေါ်လိုသူ လုပ်ငန်းရှင်တဦးက ပြောသည်။

သူက “အဲဒီလို ရောင်းတန်းမ၀င်တဲ့ ငါးတွေများလာတာ၊ ဖမ်းဆီးရရှိမှု နည်းပါးလာတာတွေဟာ တခြားနိုင်ငံ တွေလို ငါးမဖမ်းရတဲ့ အချိန်ကိုသတ်မှတ်ပီး ကြိုတင်ကာကွယ်မှုတွေမရှိလို့ ဒီလိုပြုန်းတီးလာရ တာဖြစ်တယ်။ ခုဆိုရင် ရခိုင်ရေငန်ပုစွန် ဖမ်းဆီးရရှိမှုဟာလည်း အံ့မခန်းလောက်အောင် ကျဆင်းနေတာ တွေ့နေရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အက်ဒမန်ပင်လယ်ပြင်၌ ကျက်စားသည့် ငါးသလောက်အမျိုးအစားနှင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားသည့် ငါးသလောက်ဟူ၍ နှစ်မျိုးနှစ်စားရှိရာ ယခုအခါ ရခိုင်ကမ်းရိုးတန်းတွင် ငါးသလောက် အကြီးစားများ ရှာဖွေ မရရှိဘဲ ရောင်းတန်းမ၀င်သည့် အသေးစား ငါးသလောက်များကိုသာ ဖမ်းဆီးရမိကြောင်း ငါးလုပ်ငန်း ဂိုဒေါင်ပိုင်ရှင် တဦးက ပြောသည်။

အဆိုပါ ငါးဖမ်းယူရရှိမှု လျော့ကျခြင်းနှင့်ပတ်သက်၍ ငါးကုန်သည်တဦးက “ မြန်မာနိုင်ငံမှာ ရေပေါ်ငါးတွေကိုသာ ဖမ်းခွင့်ပြုထားပေမယ့် တံငါသည်တွေ၊ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားငါးဖမ်းလှေတွေက ပိုက်စိပ်စိပ်တွေနဲ့ ရေအောက်မှာရှိတဲ့ငါးတွေကိုပါ ဖမ်းနေကြတယ်။ နောက်ပီး ငါးမြစ်တွေ ကြီးပြင်းတဲ့ ရေစီးကြောင်းတွေမှာ ဘုံကျောင်းလို့ခေါ်တဲ့ ပိုက်တွေနဲ့ ဖမ်းနေတာကြောင့် ဒီလို ငါးတွေပြုန်းတီးရတာပါ။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ငါး ပုစွန် အထွက်ဆုံးဒေသများဖြစ်သော်လည်း ယခုအခါ ငါး ပုစွန်ထွက်နှုန်းမှာ တဖြည်းဖြည်း လျော့ကျ လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ ရခိုင်ပင်လယ်ပြင်တွင် သားငါးပုဇွန်များ အထွက်နုန်းလျော့ကျသွားခြင်းမှာ ခေတ်မှီ စက်ကရိယာများကို အသုံးပြုပြီး ဂတ်(စ်)ရှာဖွေ တူးဖေါ်နေမှုများနှင့်လည်းသက်ဆိုင်မှု ရှိနိုင်ကြောင်း သို့သော်လည်း သက်ဆိုင်ရာ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အရေးယူခံရမည်ကို စိုးရိမ်၍ အဆိုပါ အချက်အလက်ကိုမူ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖေါ်ပြခြင်း မရှိကြောင်း လေ့လာသူ တဦးက ပြောသည်။

Read More......
Template by : kendhin x-template.blogspot.com