Thursday, August 16, 2007

အခွန်လျှော့ရန် မြန်မာကုန်သည်များက ထိုင်းအစိုးရကို တောင်းဆို

သတင်း - မဇ္ဈိမသတင်းဌာန - သန်းထိုက်ဦး သြဂုတ်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာနယ်စပ်မြို့ မြ၀တီမှ ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ တင်ပို့နေသည့် ကုန်ပစ္စည်းများကို အခွန်ပမာဏ လျှော့ချပေးရန် အတွက် မြန်မာကုန်သည်များက ထိုင်းအာဏာပိုင်များထံ ယခုလ ၁၀ ရက်နေ့တွင် ထိုင်းကုန်သည်များမှတဆင့် တောင်းဆို လိုက်သည်။



ိုယခုလ ၁၀ ရက်နေ့ ညနေပိုင်းက ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သည် ကိုယ်စားလှယ် ၁၇ ဦးခန့်သည် ကရင်ပြည်နယ် မြ၀တီမြို့ရှိ ကုန်သည်ကြီးများ အသင်း ဥက� ဌ ဒေါ်သင်းသင်းမြတ် ပိုင်ဆိုင်သည့် လိမ္မော်ခြံ တခုတွင် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးနောက် မြန်မာ ကုန်သည်များက အခွန်နှုန်းထား လျှော့ပေါ့ပေးရန် ထိုင်း အာဏာပိုင်များထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာဘက်က တောင်းဆိုထားတာက ဘာလဲဆိုတော့ ကြိမ်နဲ့ ၀ါးတွေကို ဘာဖြစ်လို့ ၃၀ ရာခိုင်းနှုန်းတောင် ကောက်ခံရသလဲ။ ဒီအကြောင်းကို ကျနော် မဲဆောက် မြို့တော်ဝန်ဆီကို တင်ပြပေးမယ်။ အခွန်လွှတ်ပေးလို့ ရနိုင်မလားပေါ့နော်။ နောက် ပုဇွန်နဲ့ ငါးကို အရင်က မကောက်ဘဲနဲ့ အခုမှ ဘာဖြစ်လို့ ၅ ရာခိုင်နှုန်း ကောက်တာလဲ။ ဘာကြောင့် ပဲနီ၊ ပဲမဲ ကို တစ်ကီလို ဂရမ်ကို တဘတ်အထိ ကောက်ရသလဲပေါ့နော်” ဟု မဲဆောက်မြို့ ကုန်သည်ကြီးများအသင်း ဥက� ဌ Ampho Chatcai Yalerk က မဇ္ဈိမကို ပြောသည်။

အခွန်လျှော့ပါက မြန်မာ ကုန်ပစ္စည်းများ ပိုမို ၀င်ရောက်လာမည် ဖြစ်သလို၊ ထိုင်း စားသုံးသူများအတွက် ပိုမို သက်သာ ချောင်ချိနိုင်ကြောင်းနှင့် မြန်မာ ကုန်သည်များ အနေဖြင့်လည်း ထိုင်းပစ္စည်းများကို ပိုမို ၀ယ်ယူ သုံးစွဲပေးနိုင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုလို အခွန် လျှော့ပေါ့ရေးနှင့် ပတ်သက်သည့် နှစ်နိုင်ငံ ကုန်သည်ကြီးများ အစည်းအဝေး အကြောင်းကို သိရှိနိုင်ရန် အတွက် မြ၀တီမြို့ရှိ ကုန်သည်ကြီးများ အသင်း ဥက� ဌ ဒေါ်သင်းသင်းမြတ်ကို ဆက်သွယ် မေးမြန်းရာတွင် သူက “မေးရင်တော့ တရားဝင် လာမေးရှင့်။ ကျမကို ဖုန်းနဲ့တော့ မမေးပါနဲ့နော်။ ပြောလို့ မရပါဘူး” ဟု ပြန်လည် ဖြေကြားသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သည် နှစ်နိုင်ငံ နယ်စပ် ကုန်စည် တင်သွင်းရာတွင် အရောင်းအ၀ယ် အများဆုံး ဒေသဖြစ်ပြီး၊ ၂၀၀၆ ခုနှစ်အတွင်း ထိုင်းမှ မြန်မာသို့ တင်ပို့သော ကုန်ပစ္စည်းတန်ဖိုး ပမာဏသည် ဘတ်ငွေ သန်းပေါင်း ၂၃၀၀၀ ခန့်ရှိသော်လည်း မြန်မာမှ မဲဆောက်သို့ တင်ပို့သော ကုန်ပစ္စည်း တန်ဖိုးသည် ထိုင်းပို့ကုန် တန်ဖိုး၏ ထက်ဝက်မျှသာ ရှိကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်းက ပြောဆိုသည်။

မြ၀တီမြို့မှ မဲဆောက်မြို့သို့ တင်ပို့သော ကုန်ပစ္စည်းများတွင် ပင်လယ် အစားအစာ ပုဇွန်၊ ခရု၊ ဂဏန်း တို့သည် အများဆုံး ဖြစ်ပြီး၊ မဲဆောက်သည် ပရိဘောဂ ပစ္စည်း၊ ပုဇွန်ခြောက်နှင့် ငါး တို့ကို အများဆုံး တင်သွင်းနေသည့် ထိုင်းနယ်စပ်မြို့ ဖြစ်သည်။

2 comments:

Anonymous said...

Go fishing very early every morning or in the evening, in order to, stay away from the wind. The significantly less windy it is, the more precisely it is possible to cast your line exactly where you want it. Furthermore, the insects that your seafood feed on are more likely to be active at significantly less windy occasions, too. [url=http://www.x21w12w21.info]Be57u7jder[/url]

Anonymous said...

When you are selling your own home in the off of-season, it is very important work out your agent's commission payment. Particularly if your home is already priced nicely, you may have to cut costs in other places. Have an up-top dialogue together with the broker and accept to conditions prior to deciding to checklist the home. [url=http://www.x21w12w21.info]Biuyu656gy[/url]

Template by : kendhin x-template.blogspot.com