Thursday, August 16, 2007

ရေထွက်ပြည်ပပို့ကုန်ကဏန်း


ကမ္ဘာပေါ်တွင် ကဏန်း ရှစ်မျိုးရှိပြီး၊ အဆိုပါကဏန်းများမှာ ရွှံ့ကဏန်း Mud Crab ၊ ဒီရေတောကဏန်း Mangrave Crab၊ ကျွန်းကဏန်း Island Crab၊ သဲကဏန်း Sand Crab၊ မြေနီကဏန်း Red Legged Crab ၊ ကဏန်းဖြူ White Crab၊ ကဏန်းပြာ Blue Crab၊ အုန်း ကဏန်း Coconut Crab ဟူ၍ရှိပြီး၊ ရွှံ့ကဏန်းနှင့် ဒီရေတောကဏန်းများမှာအရွယ် အစားကြီး မားပြီး ဈေးကွက်ဝင်ကဏန်းများဖြစ်ပါသည်။ အနီရောင်မြေနီ ကဏန်းမှာ သေးငယ်ပြီး အပြာ ရောင်ကဏန်းမှာ အလယ်အလတ်ဆိုဒ်ဖြစ်ပါသည်။ ရွှံ့ကဏန်းနှင့် ဒီရေတော ကဏန်းများကို အသားတိုးမွေးမြူခြင်းများကို လုပ်ကိုင်ကြပါသည်။ ပုသိမ်မြို့နယ်မှ စုဆောင်းဝယ်ယူရရှိသော ကဏန်းများကို ဒေသအခေါ် ကျောက်ကဏန်း၊ ၀သုံးလုံးကဏန်း၊ ဘုံလုံကဏန်း (ဖေါင်စီး ကဏန်း)၊ မြစ်ကဏန်း၊ သဲကဏန်း၊ ရွှံ့ကဏန်း ခေါ်ဆိုလေ့ရှိကြပါသည်။ ကျောက်ကဏန်း အမျိုးမှာ ပင်လယ်ရေနက်ရှိ ကျောက်ကြို ကျောက်ကြားတွင် နေထိုင်လေ့ရှိပြီး၊ ရှားပါးသော ကဏန်းမျိုးဖြစ်ပါသည်။ ဘုံလုံကဏန်းမှာ လယ်ကွင်းများ တွင်ရှာဖွေရရှိပြီး၊ သဲကဏန်းမျိုးမှာ ရေငံဒေသမှာသာ ရှာဖွေရရှိပါသည်။ မြစ် ကဏန်း များကို ရေချိုရေငံစပ်ဒေသ ချောင်းသာ၊ ငွေဆောင်ဒေသများနှင့် ရွှံ့ကဏန်းမျိုးများကို ရေချိုရေငံစပ်၊ ဒီရေရောက်တောဒေသများ ဖြစ်သော ငပုတောမြို့နယ် ပြင်ခရိုင်၊ ချောင်းဝ၊ ဂျမ်းကပ်၊ ဟိုင်းကြီးကျွန်းဒေသများမှာ ရှာဖွေရ ရှိကြောင်း သိရပါသည်။ ရေချိုရေငံစပ်ဒေသရှိ ကဏန်းအရောင်မှာ အစိမ်းပုတ်ရောင်နှင့် အစိမ်းဖြစ်ပြီး၊ ချောင်းသာ၊ ငွေဆောင်၊ မကျီး၊ ၀က်သေ၊ သဇင်၊ ဆင်မကမ်းခြေဒေသရှိ ကဏန်းအရောင်မှာ မကျီးစေ့ ရောင်ဖြစ်ပါသည်။ ပုသိမ်မြို့တွင် အရောင်းအ၀ယ်အများဆုံး ကဏန်းမှာ ရွှံ့ကဏန်းအမျိုးအစားဖြစ်ပြီး၊ ရွှံ့ကဏန်း မှာ Seylla Serrata သိပ္ပံအမည်ရသော Serrated Mud Crab ဖြစ်ပါသည်။ Carapace လို့ခေါ်သော အပေါ်ခွံအမာကြီး၏ ထိပ်ဘေး တစ်ချက်မှ ခွေးသွားစိတ်ပုံဆူးချွန် ကလေးများမှာ Mud Crab ရွှံ့ကဏန်းကို သိသာထင်ရှား စေသော အမှတ်အသားလေးများ ဖြစ်ပါသည်။ Mud Ceab တွေသည် ရေချိုရေငံစပ် ဒီရေ ရောက်သောဒေသများတွင် တွင်းနှင့်နေထိုင်လေ့ရှိပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျောက် ဒီရေရောက်သော ဧရိယာမှာ ဧကတစ်သန်းခန့်ရှိသဖြင့် ရေထွက်ပစ္စည်း သယံဇာတတစ်မျိုး ဖြစ်သော Mud Ceabရွှံ့ကဏန်းများကို ပေါများစွာရှာဖွေရရှိခြင်းဖြစ်ပါသည်။ Mud Ceab များ သည် ဒီရေတက်ချိန်မှာ တွင်းကထွက်ပြီး အစာ ရှာဖွေလေ့ရှိကြရာ အဆိုပါအချိန်မှာ ကဏန်းရှာဖွေသူများကမြုံး Trap ကိုအသုံးပြုပြီး၊ ကဏန်းများကို စုဆောင်းကြပါသည်။ ရေပြန်ကျသွားချိန်တွင် လမုတော၊ လဟာပြင်များမှာရှိသော ကဏန်းတွင်းတွေထဲမှာ ချိတ် (ဂျိတ်) နှင့်ချိတ်ပြီးစုဆောင်း ရယူကြပါသည်။ ကဏန်းများကို သက်ရှိအတိုင်းသာ အရောင်း အ၀ယ်ပြုလုပ် လေ့ရှိသဖြင့် ချိတ်ကဏန်းဆိုလျှင် အနာတရရှိပြီး အသေ မြန်တတ်သဖြင့် ကဏန်းအ၀ယ်ဒိုင်များမှ ရှောင်လေ့ရှိကြ ပါသည်။
Ref : Ministry of Commerce, MM by ထွန်းထွန်းသိန်း


ဧရာဝတီတိုင်း၏ ရေထွက်ပစ္စည်းထုတ်လုပ်မှုမှာ ရေချိုရေငံငါးပုဇွန်ထုတ်လုပ်မှုများ အပြင် သဘာဝရေအရင်းအမြစ်များထဲမှ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ကဏန်းတင် ပို့မှု သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတွင် မွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ပို့ကုန်တန်ဘိုး ဒေါ်လာသန်း ၇၅၀ ရရှိရန် ရည်မှန်းထားရာ ကဏန်းလုပ်ငန်းရှင်များအသင်းမှလည်း ရည်မှန်းပို့ကုန်ပမာဏဒေါ်လာ ၂၅ သန်းပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျောက် ဒီရေရောက်ဒေသများဖြစ်သော ပုသိမ်၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကျိုက် လတ်ဒေသများတွင် ကဏန်းများကိုရှာဖွေ တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင်လည်းရှာဖွေ တွေ့ရှိနိုင် ကြောင်း သိရှိရပါသည်။

ကဏန်းများအား နည်းပေါင်းစုံဖြင့် ဖမ်းဆီးခြင်း၊ ပင်လယ်ပြင်မှ အရွယ်တူမျိုးမမှန် သည့်ဖမ်းဆီးရရှိသည့် ကဏန်းပေါက်ကလေးများအား ယခင်က၀ါးဖြင့် ယက်လုပ်ထားသော ဗူးအိတ်ကလေးများဖြင့် ကန့်၍မွေးခြင်း၊ အသားတိုးမွေးခြင်း များသာရှိခဲ့ပါသည်။ ကဏန်းများ သားပေါက်မွေးမြူခြင်းအား ဧရာဝတီတိုင်းတွင် စမ်းသပ် မွေးမြူခဲ့ရာအောင်မြင်မှု များ ရရှိလာပြီးဖြစ်၍ ရေထဲမှ သယံဇာတများ မျိုးပြုန်းတီးမှုမှကာကွယ်ပေးနိုင်သည့် အပြင် စနစ် တကျသားဖေါက်မွေးမြူပြုစုထားသော ဈေးကွက်ဝင် ကဏန်းအရွယ်အစားကို ရွေးချယ်၍ ပြည်ပဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။ ပင်လယ်ပြင်တွင် ကဏန်းမကြီးများဥချ လိုက်သော်လည်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် အသားစား ငါးများနှင့် ငါးဖမ်းသင်္ဘော များ၏ ပိုက်ချက်များကြောင့် အလွန်နုနယ်သေးသည့် ဥငယ်ကောင်လေးများရှင်သန်ခွင့်မရဘဲ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။

ကဏန်းဥမကြီးအကောင် ၁၀၀ ကိုမွေးမြူပြုစုလျင် အကောင် ရေ နှစ်သန်းမှ ခုနှစ်သန်းအထိရှင်သန်နိုင်ရာ ပင်လယ်ပြင်တွင် ကဏန်းဥမကြီးအကောင် ၁၀၀ မှ ဥများ ဥချလိုက် သော်လည်း ကဏန်းသားပေါက်ကောင်ရေ တစ်သိန်းရှင်သန်ရန်ခက်ခဲပါ သည်။

ဧရာဝတီတိုင်းဒေသများမှ ကဏန်းစုဆောင်းသူများမှာ လှေနှင့်မြုံးကိုအသုံးပြုမှုများပြီး လှေတစ်စီးလျင် လူ ၂ ယောက်ပါရှိကာ မြုံးလုံးရေ ၅၀ မှ ၁၀၀ ထိပါရှိပါသည်။ အတွေ့ အကြုံ အရ ကဏန်းပေါများသော စားကျက်များကို သိနေခြင်းကြောင့် ရေတက်ချိန်မှာ မြုံးချပြီး ထောင်ယူကြပါသည်။ မြုံးထဲမှာ လိပ်ကျောက် သို့မဟုတ် ငါးရွေးသားများကို ခုတ်ပိုင်းပြီး အစာ အဖြစ်အသုံးပြုကြပါသည်။ ရေပြန်ကျချိန်ခါနီးမှ မြုံးကိုပြန်ဖေါ်ပြီး မြုံးတစ်လုံးလျင် ကဏန်း ၇- ၈ ကောင် မှ ၁၀ ကောင်မိတတ်ပါသည်။

ဖမ်းဆီးရရှိသောကဏန်းများကို လှေပေါ်တွင် လက်မ ကြိုးစည်းပြီး ခြင်းများတွင်ထည့်သွင်းစုဆောင်းပါသည်။ ကြိုးစည်းရာတွင် လျှော်ကြိုး သို့မဟုတ် ပီနန်ကြိုးများကို သုံးစွဲ လေ့ရှိပြီး တစ်ခါတလေကြိုးမစည်းဘဲ လှေဝမ်းတွင်းလွှတ်ထားတာမျိုး လည်းရှိပါသည်။

ကမ်းကိုပြန်ဝင်လျှင် ကဏန်းအ၀ယ်ဒိုင်များသို့ ပြန်သွင်းကြပါသည်။ ကဏန်းအ၀ယ်ဒိုင် များနှင့် ကဏန်းစုဆောင်းသူများ၏ ဆက်ဆံရေးသည်လည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ရာ ကဏန်းရှာဖွေသူများ၏ မိသားစု တစ်ခုလုံး လိုအပ်ချက်များကို ကဏန်းအ၀ယ်ဒိုင်များမှ ဖြည့် ဆည်းပေးရပြီး စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများပါ တာဝန်ယူပေးနေရပါ သည်။ စာရင်းပိတ်ရင် ငွေနှင့်တွက်ရှင်းပြီး၊ စာရင်းသစ် ပြန်ဖွင့်ပြီးလည် ပါတ်နေကြကြောင်း သိရှိရပါသည်။ သဘာဝအလျှောက် ကဏန်းများကို ၀ါးဖြင့် ယက်လုပ် ထားသော တစ်ပေခွဲခန့် ရှိသည့် ကွင်းတွင် အောက်မှပိုက်ခံကာ ကဏန်းထောင် ဖမ်းဆီးလေ့ရှိပါသည်။ ၀ါးမြုံးများဖြင့် လည်း ဖမ်းယူနိုင်ပါသည်။

ပုသိမ်မြို့နယ်တွင် ချောင်းသာမြို့နယ်ခွဲ၊ ငွေဆောင်မြို့နယ်ခွဲ၊ ငပုတောမြို့နယ်၊ ဂျမ်း ကပ်၊ ပြင်ခရိုင်၊ ချောင်းဝဒေသများသည် ကဏန်းအဓိကထွက်ရှိဒေသများ ဖြစ်ပါသည်။ အချို့ သောဒေသများမှ ဖမ်းဆီးရရှိသော ကဏန်းများကို ကျေးရွာရှိ ကဏန်းအ၀ယ် ကိုယ်စားလှယ် များမှတဆင့် မြို့ပေါ်ကဏန်းဒိုင်များသို့ ပေးပို့ကြပါသည်။ ကဏန်း၏ သဘာဝမှာ လပြည့်ရက် များတွင်အသားပြည့်ပြီး၊ လကွယ်နေ့များတွင် အသားမပြည့်ဖြစ်တတ်ပါသည်။ ရေကြည်သွား လျှင် ကဏန်းငုတ်နေလေ့ရှိပြီး၊ ရေနောက်လျှင် ကဏာန်းကပိုမိုနှစ် သက်ပါသည်။ တစ်နှစ်ပတ် လုံး ရှာဖွေဖမ်းဆီးရရှိနိုင်သော်လည်း နွေပိုင်းမှာ ကဏန်းရှားပါးပြီး၊ မိုးတွင်းကာလမှာ ကဏန်း ပေါများကာ ပိုမိုဖမ်းဆီး ရရှိသော်လည်း ဈေးမရ ကြောင်း၊ ကဏန်းများသည်ရေထရက်တွင် ပို၍ဖမ်းဆီးရရှိပြီး ရေသေရက်များတွင် ကဏန်း ရရှိမှုနည်းပါးကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကဏန်းအ၀ယ်ဒိုင်ပေါင်း ၁၂ ဒိုင်ရှိပြီး၊ မူဆယ်၊ မြ၀တီ လမ်းကြောင်းများသို့ တိုက်ရိုက်တင်ပို့ပေးနေသော ကုမ္ပဏီအ၀ယ်ဒိုင် ၃ ဒိုင်နှင့် ရန်ကုန်က ဏန်းအ၀ယ်ဒိုင်ကုမ္ပဏီများမှတစ်ဆင့်ခံ ၀ယ်ယူပေးနေသောဒိုင်များဖြစ်ပါသည်။

ကဏန်းအ၀ယ်ဒိုင်များတွင် ကဏန်းရောင်းလျှင် ရှယ်နှင့် ဂျွန်ဆိုပြီး နှစ်မျိုးခွဲခြား ၀ယ်ယူလေ့ရှိပြီး၊ ကဏန်းတစ်ကောင်အလေးချိန် ၁၀ ကျပ်သားအထက်ရှိပါက ရှယ်ဟုခေါ်ပြီး၊ မ (အမ) ရှယ်အေဆိုဒ်၊ မ (အမ)ရှယ်ဘီဆိုဒ်၊ထီး(အထီး) ရှယ်အေဆိုဒ်၊ ထီး(အထီး) ရှယ်ဘီ ဆိုဒ်၊ ဂျွန်အသေးဆိုပြီး ခွဲခြားထားရှိကာ ဈေးနှုန်းလည်းကွာခြားပါသည်။ မ ရှယ်အေဆိုဒ် ၂၅၀ ဂရမ်၊ မရှယ် ဘီဆိုဒ်သည် ၁၀၀ ဂရမ်မှ ၁၅၀ ဂရမ်၊ ထီး ရှယ်အေဆိုဒ်သည် ၂၅၀ ဂရမ် အထက်၊ ထီး ဘီဆိုဒ်သည် ၁၅၀ ဂရမ်မှ ၂၅၀ ဂရမ်၊ ဂျွန်အသေးသည် ၁၀၀ဂရမ် အထက် ရှိပါသည်။ ကဏန်းများကို ရောင်းဝယ်ခွင့်ပြုထားသော အရွယ်အစားမှာ အလေးချိန် ၉၅ ဂရမ် အထက်ကို ရောင်းဝယ်ခွင့်ရှိပြီး၊ ကန့်လန့်အရွယ် ၈ ဒဿမ ၁၅ စင်တီမီ တာ၊ ဒေါင်လိုက် အလျား ၆ ဒဿမ ၁၅ စင်တီမီတာအရွယ်အစားများကိုသာ ရောင်းဝယ်နိုင်ပါသည်။ ကဏန်း အ၀ယ်ဒိုင်များအနေဖြင့် ငါးလုပ်ငန်း ဦးစီးတွင် ၀ယ်ယူစုဆောင်း ခွင့်လိုင်စင်များ လျှောက်ထား ရပြီး ခွင့်ပြုချက်အရသာ ၀ယ်ယူ၊သယ်ယူ၊တင်ပို့ခွင့်ရှိပြီး၊ ၈ စင်တီမီတာအောက်ကဏန်းများ ကိုမိခဲ့လျှင် သဘာဝပါတ်ဝန်းကျင်ကို ပြန်လွှတ်ပေး ရပြီး၊ ရေရှည်စားသုံး နိုင်ရန်မျိုးထိမ်းသိမ်း ခြင်း Conservation လုပ်ငန်း၏ တန်ဘိုးကိုအ၀ယ်ဒိုင်များနှင့် ၀ယ်ယူစုဆောင်းသူများသို့ ပညာ ပေးဆွေးနွေးလျက်ရှိကြောင်းသိရှိ ရပါသည်။ ကဏန်းဝယ်ရောင်းလုပ်ငန်းသည် သက်ရှိအတိုင်း ကိုင်တွယ် လုပ်ဆောင်ရသဖြင့် ကျွမ်းကျင်မှုရှိဖို့အထူးလိုအပ်ပြီး အမြတ်ကြီးသလို အရှုံးကြမ်း သည့်လုပ်ငန်းမျိုး လည်းဖြစ်ပါသည်။

ကဏန်းဝယ်ဈေး၊ ရောင်ဈေးများသည် ၀ယ်လိုအားပေါ်မူတည်ပြီး အတက်အကျရှိပါ သည်။ ယခုရက်အတွင်း ရှယ်အဆင့် တစ်ကီလို ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊ ကျွမ်းကျင် အဆင့်ကို ၅၀၀ ကျပ်၊ ၆၀၀ ကျပ် ဈေးပေးဝယ်ယူလျက်ရှိပါသည်။ ရှယ်အဆင့် ကဏန်းအမ လိုလျှင် တစ်ကောင်အလေးချိန် ၂၅၀ ဂရမ်၊ ၉ ကျပ်သားအထက် အထီးဆို လျှင် ၂၅၀ ဂရမ် (၁၅ ကျပ်သား) အထက်ရှိပါမည်။ ရှယ်အဆင့်မ၀င် ၍ပယ်လိုက်သော ကဏန်းအားလုံးကို ဂျွန် အဆင့်အမျိုးအစားထဲရောက်ရှိပါသည်။

ဝယ်ယူရရှိသော ကဏန်းများကို ဒိုင်မှာအများဆုံး တစ်ပတ်လောက်သာထားရှိပြီး ရန် ကုန်သို့ တင်ပို့ကြပါသည်။ ယခုအခါ ရန်ကုန်ကုမ္ပဏီကြီးများမှ အ၀ယ်ကိုယ်စားလှယ်များ နယ် ဆင်းပြီး ၀ယ်ယူလာကြပါသည်။ ဒိုင်တွေမှာကဏန်းတွေကို ထင်းရှုးသေတ္တာ၊ ၀ါး ခြင်းစသည် ဖြင့် အဆင်ပြေသလိုထားရှိကြပြီး၊ ရေဆေးသန့်စင်၊ချိန်တွယ်ဆိုဒ်ခွဲကာ ပုံးနှင့်ခြင်းများအောက် တွင် ငှက်ပျောရွက်ခံပြီး လက်မကြိုးစည်းထားသော ကဏန်းများကိုစည်းပြီးထည့်ရပါသည်။ ကဏန်းများကို သေတ္တာ သို့မဟုတ် ခြင်းလိုက် ရေငံထဲသို့ တနေ့ ၂ ကြိမ်၊ တစ်ကြိမ်စိမ်လျှင် ၅ မိနစ်ခန့်စိမ်ပေးရပါသည်။ ဒေသမှာတော့ ရေကျွေးတယ် လို့ခေါ်ပါသည်။ ကဏန်းများသည် ရေတစ်ခါကျွေးထားလျှင် ၆ ရက်မှ ၇ ရက်ထိ ခံနိုင်ရည်ရှိပါသည်။ ကဏန်းများ၏ ပုံသဏ္ဍန် ကြည့်ပြီး အထီး၊ အမ ခွဲခြားနိုင်ရာ ဗိုက်ချပ်၍အစွန်းရှိလျှင်အထီး၊ ပ စေါက်ပုံ ဗိုက်ဝိုင်းလျှင်အမ ဟုခွဲခြားပါသည်။ ကဏန်းများသည် သေပြီး ၆ နာရီခန့်ကြာလျှင်ပုတ်ပြီး၊ အရေပျော်တတ် ပါသည်။ မိုးရေ၊ ရေငံထိခြင်း၊ ခြင်ကိုက်ခြင်းတို့ကြောင့် အခွံခြောက်ပြီး သေဆုံးတတ်ပါသည်။

ဧရာဝတီတိုင်း၏မြို့နယ်များမှ ၂၀၀၅-၂၀၀၆ ခုနှစ်နှင့် ၂၀၀၆-၂၀၀၇ ခုနှစ်များတွင် ကဏန်းတင်ပို့မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် ၂၀၀၅-၂၀၀၆
(ဧပြီမှမတ်လအထိ) ၂၀၀၆-၂၀၀၇
(ဧပြီမှမတ်လအထိ)
၁။ ပုသိမ် ၅၄၇၀၀၀ ၁၃၅၀၅၀၀
၂။ ငပုတော ၂၂၁၀၀၀ ၆၄၆၄၀၀
၃။ မော်လမြိုင်ကျွန်း - ၃၁၀
၎။ လပွတ္တာ ၃၉၅၀၀၀ ၆၇၄၂၀၀
၅။ ဖျာပုံ ၅၅၀၀၀ ၉၇၆၉၀
၆။ ဘိုကလေး ၁၄၂၇၀၀ ၂၄၅၁၄၀၀
၇။ ဒေးဒရဲ ၁၀၁၀၀ ၂၀၀၉၈၀
စုစုပေါင်း ၁၃၇၀၈၀၀ ၅၄၂၁၇၅၀

ကဏန်းများတင်ပို့သည့်လမ်းကြောင်းကိုလိုက်၍ ၀ါးခြင်းတစ်ခြင်းကို ၂၀ ကီလိုဂရမ်၊ ကော်ခြင်းတစ်ခြင်းကို ၂၀ ကီလိုဂရမ်၊ သစ်သားတာကြီး ၂၀ ကီလိုဂရမ်၊ တာသေးကို ၁၀ ကီလိုဂရမ်ထည့်သွင်းအသုံးပြုပြီး ရန်ကုန်မှ တစ်ဆင့် ကားများဖြင့်မူဆယ်နှင့် မြ၀တီနယ်စပ် များသို့ ပေးပို့ရောင်းချကြပြီး ကဏန်းများကို စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် အစာ သွတ်ခြင်း၊ ကဏန်းမဆလာချက်ခြင်း၊ အသားထုတ်ကျော်ခြင်း စသည်ဖြင့် စားသုံးကြ သကဲ့သို့ တရုတ်ပြည်တွင် ကဏန်းအရေပျော့အောင်လုပ်ပြီး အကောင်လုံး အင်္ဂါ စုံလင်မှစားသုံး လေ့ရှိကြောင်း သိရပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် Sea Food ပင်လယ်ကဏန်းအစား အစာဟင်းသည် အရသာအထူး ကောင်းမွန်သော ဟင်းတစ်မျိုးဖြစ် ပါသည်။ ယခုပုသိမ်ဈေး ကွက်တွင် ကဏန်းများကို မူဆယ်သို့တင်ပို့မှုနည်းပြီး၊ မြ၀တီနယ်စပ်သို့တင်ပို့မှုများကြောင်း၊ မူဆယ်သို့ကားများဖြင့် တင်ပို့မှုအစား တာချီလိတ်မှတဆင့် ပြည်ပသို့ ကုမ္ပဏီတစ်ခုမှ လေ ယာဉ်ဖြင့် တိုက်ရိုက်တင်ပို့ပေးလျက်ရှိကြောင်း၊ ကဏန်းဒိုင်တစ်ခု သိရှိရပါသည်။ ပုသိမ် ဈေး ကွက်မှ ကဏန်းများကို မြ၀တီနယ်စပ်မှတဆင့် ခံကာ စင်္ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ တဆင့်ပြန်လည် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

ကဏန်းများမှာ ရရှိသောမိုးတွင်းကာလများတွင် ကီလိုဂရမ် ၂၀၊ ၁၂ ပိဿာခန့်ရှိသော ကဏန်းခြင်းများ Hilux ကားတစ်စီးလျှင်ခြင်း ၇၀ ထိပုံမှန်တင်ဆောင်ပေးပို့ပြီး၊ ကဏာန်း ခြင်းပို တင်ဆောင်ခဲ့လျှင် တစ်ခြင်းလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ကြားထပ်မံပေးဆောင်ရပါသည်။ ပုသိမ်မြို့မှထွက်ရှိသော ကဏန်းများကို ရန်ကုန်မြို့ သို့ကားများဖြင့် တင်ပို့ပြီး ရန်ကုန်မှတဆင့် မြ၀တီ၊ မူဆယ်ဒေသများသို့ စုံတက်၊ မဆင်း စနစ်ဖြင့် တစ်ရက်ခြား ဆက်လက်ပေး ပို့ကြပါ သည်။ ဈေးကွက်မ၀င်သည့် ကဏန်းများကို ရန်ကုန်မြို့တွင်း ရောင်းချပြီး အ၀ယ်ပွဲရုံများသို့ ပေးပို့ရောင်းချကြပါသည်။

ကဏန်းများကို မြ၀တီနယ်စပ်တွင် ကဏန်းခြင်းများဖြင့် ၀ယ်ယူပြီး မူဆယ်နယ်စပ်တွင် သေတ္တာစင်များဖြင့် ၀ယ်ယူလေ့ရှိပါသည်။ သေတ္တာတစ်ပုံးလျှင် ၁၀ ကီလိုမှ ၂၀ ကီလို အတွင်း ထည့်သွင်းပေးပို့ကြပါသည်။ မူဆယ်သို့တင်ပို့ရာတွင် တရုတ်ပြည်၏ ယွမ်ဈေးအပြောင်း အလဲ နှင့်ရာသီဥတုအနေအထား ကဏန်းဝင်ရောက်မှု အနည်းအများပေါ် မူတည်ပြီး ဈေးနှုန်းကွာခြား တတ်ပါသည်။

တရုတ်ပြည်တွင် ပင်လယ်စာအဖြစ်စားသောက်ကြရာ ကဏန်းအမများကိုသာ သီးသန့် ၀ယ်ယူ စားသောက်လေ့ရှိသဖြင့် ကဏန်းဝယ်ယူရာတွင် အထီး၊ အမ ခွဲခြားဝယ်ယူကြ သည်။ မြ၀တီနယ်စပ် တွင် ကဏန်းအထီးများကို ဟိုတယ်၊ စားသောက်ဆိုင်ကြီးများတွင် အများဆုံး စားသုံး လေ့ရှိကြပါသည်။

ဧရာဝတီတိုင်းအနေဖြင့် ပင်လယ်မြစ်ချောင်းများမှ သဘာဝအလျောက်ဖမ်းယူရရှိသော ကဏန်းများကို ဈေးကွက်တင်ပို့ရောင်းချနေပါက မကြာမီကာလများတွင် ကဏာန်း ထုတ်လုပ်မှု များ လျော့နည်းလာနိုင်ပါသည်။ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်များတွင် ကဏန်းအသားတိုးမွေးမြူခြင်းများ အောင်မြင်နေပြီဖြစ်ရာ ကဏာန်း များစနစ်တကျမွေးမြူခြင်း၊ အသားတိုးမွေးမြူခြင်းများကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ရမည့်အပြင် ကန်ဖြင့်မွေးမြူခြင်း များကိုလည်း တိုးချဲ့လုပ်ဆောင်သင့်ပါသည်။ သို့မှသာ ဈေးကွက်မှလိုအပ်သော ကဏန်းများ ပေးပို့နိုင်မည်ဖြစ်ပြီး၊ အရှေ့တောင်အာရှ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ မလေးရှားနိုင်ငံများ ဒီရေရောက်ဒေသ များမှ ကဏာန်းမွေးမြူ ရေးစခန်းများနှင့် သုတေသနစခန်းများ ဖွင့်လှစ်ကာ ကဏန်းသားပေါက် ထုတ်လုပ်ရေးကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော ရေသယံဇာတဖြစ်သည့် ကဏန်းတင်ပို့ ရောင်းချ ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂၀၀၇ ခုနှစ် ဇွန်လ ကဏန်းတစ်တန်ကြမ်းခင်းဈေး-

၁၅၀ ဂရမ် အေဆိုဒ် အမေရိကန်ဒေါ်လာ ၂၁၀၀
၂၀၀ မှ ၂၅၀ ဂရမ် ဘီဆိုဒ် အမေရိကန်ဒေါ်လာ ၁၉၀၀
၁၅၀ မှ ၂၀၀ ဂရမ် စီဆိုဒ် အမေရိကန်ဒေါ်လာ ၁၇၅၀
၁၀၀ မှ ၁၅၀ ဂရမ် ဒီဆိုဒ် အမေရိကန်ဒေါ်လာ၁၆၀၀ဈေးများဖြင့် ပြည်ပသို့ရောင်း ချနိုင်ကြောင်း သိရပါသည်။

ဧရာဝတီတိုင်း၊ ရေထွက်ပစ္စည်းမှ နိုင်ငံတော်အတွက်ပြည်ပ၀င်ငွေရှာဖွေပေးနေသော ကဏန်းများအား စနစ်တကျမွေးမြူခြင်း၊ အသားတိုးလှောင်အိမ်များဖြင့် မွေးမြူခြင်းများကို တိုးတက်အောင်ဆောင်ရွက်ပြီး ကဏန်းလုပ်ငန်းဝယ်ရောင်းအဆင့်မှ စီးပွားဖြစ်မွေးမြူကြကာ တစ်ဆင့်တက်လှမ်းနိုင်သော စီးပွားရေးနယ်ပယ် ဖြစ်လာပြီး၊ နိုင်ငံတော်၏ ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ ပြည်ပသို့တင်ပို့ ရောင်းချကာ နိုင်ငံခြားဝင်ငွေ များတိုးတက်ရရှိလာမည်မှာ အမှန်ပင်ဖြစ်ပေသည်။

0 comments:

Template by : kendhin x-template.blogspot.com