Friday, August 10, 2007

တရုတ်ရာဘာဝယ်ယူသူများသည်ထိုင်းနိုင်ငံမှဝယ်ယူဖွယ်ရ

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ တာယာများပြုလုပ်ရန် အဆင့်မီရာဘာများနှစ်ခြိုက်စွာ ၀ယ်ယူ နေသော်လည်း ဈေးနှုန်းသိသာစွာကျဆင်းနေသော ထိုင်းနိုင်ငံမှဝယ်ယူရန် စိုင်းပြင်းနေကြသည်။
Source: dailytimes.com.pk ->www.commerce.gov.mm ရီရီဝင်း

ထိုင်းနိုင်ငံမှRSS-3 ရာဘာအမျိုးအစားဈေးနှုန်းမှာ လွန်ခဲ့သော နှစ်ပတ်အတွင်း ၇ ရာခိုင်နှုန်းဝန်းကျင်သို့ ကျဆင်းသွားပြီး ဇူလိုင်လကုန်တွင် တစ်တန်လျှင် US$ 2020ရှိခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ SIR-20 ရာဘာ အမျိုးအစား တစ်တန်လျှင်US$ 1960- US$ 1980 color:black'>ဈေးနှုန်းဖြင့် ၀ယ်ယူရရှိနေသော်လည်း တရုတ်ရာ ဘာဝယ်ယူသူများသည် ထိုင်းနိုင်ငံမှဝယ်ယူရန် စိတ်ဝင်စားနေကြကြောင်း၊ ၃-၈-၀၇ နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှ SIR-20ရာဘာ အမျိုးအစား များမှာစက်တင်ဘာသင်္ဘောတင် ကာလအတွက် တစ်တန်လျှင် US$ 1939ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းမှ Riauပြည်နယ်မြို့တော် Pekanbaru မှ ရာဘာရောင်းဝယ်သူ တစ်ဦးကပြောကြားသည်မှာ တရုတ်တို့သည် အင်ဒိုနီးရှားမှ ရာဘာကို ၀ယ်ယူနေသော်လည်း ဈေးနှုန်းကိုနှိုင်းယှဉ် လာကြကြောင်း၊ ထိုင်းနိုင်ငံတွင်ဈေး နှုန်းကျလာသည်က တစ်ကြောင်း၊ သင်္ဘောတင်ခပိုသက်သာသောကြောင့် တစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ၀ယ်ယူလိုနေကြကြောင်း သိရှိရပါသည်။ ဘန်ကောက်နှင့်ရှန်ဟိုင်း (သို့) ကွမ်ဒို (Qindo) ဆိပ်ကမ်းထိ သင်္ဘောခမှာ ကွန်တိန်နာ တစ်လုံးလျှင် US$ 400 ရှိပြီး ဆူမတ်တြားကျွန်း၊ ဘာလာဝမ် (သို့) Pelenbarig ဆိပ်ကမ်းမှ ကွန်တိန်နာ တစ်လုံးလျှင် US$ -650ရှိကြောင်း၊ ထိုင်းနိုင်ငံမှ STR - 20 ရာဘာအမျိုး အစားကို ဇူလိုင်လနောက်ဆုံးပတ်က တစ်တန်လျှင် US$ -1970 (FOB) ဖြင့်တရုတ်သို့ရောင်းချခဲ့ကြောင်း ထိုင်းနိုင်ငံရာ ဘာရောင်းချသူများသည် ရေရှည်ထိန်းသိမ်းမထားချင်သည့်အတွက် ယခုဈေးနှုန်းဖြင့်ပင် ရောင်းချဖွယ် ရှိကြောင်း၊ အချို့မှာ တစ်တန်လျှင် US$ ၂၀၀၀ ဈေးသတ်မှတ်ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းမှ ရောင်းသူတစ်ဦးက ပြောကြားပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၇ ခုနှစ်တွင် သဘာဝရာဘာ တန်ချိန် ၁ ဒဿမ ၇၅ သန်း တင်သွင်းမည် မျှော်လင့် ကြောင်း၊ ၂၀၀၆ ခုနှစ်က တင်သွင်းခဲ့မှုမှာ တန်ချိန် ၁ ဒဿမ ၆၁ သန်းသာရှိခဲ့ကြောင်း တရုတ်ရာဘာစက်မှု လုပ်ငန်းအသင်းဥက္ကဋ္ဌက ပြောကြားကြောင်း သိရှိရပါသည်။

0 comments:

Template by : kendhin x-template.blogspot.com