Friday, August 10, 2007

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် နယ်စပ်တစ်လျှောက် လက်ကားဈေးကွက်များ တည်ဆောက်ရန်စီမံကိန်းချမှတ်

Ref Source: xinhua -> Ministry of Commerce MM, နုနုခိုင်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ယခုနှစ်နှောင်းပိုင်းတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် လက်ကားဈေးကွက် ၁၀ ခုကို မတည်ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းစီမံကိန်းကို ၂၀၀၄ ခုနှစ် တွင် ထိုင်းနိုင်ငံက ပထမဦးစွာ စတင်အဆိုပြုတောင်းဆိုခဲ့ပြီး၊ တည်ဆောက်မှုအပိုင်းအနေဖြင့် မြန်မာဘက်တွင် လက်ကား ဈေးကွက် ၄ ခုတည်ထောင်မည်ဖြစ်ပြီး၊ ထိုင်းဘက်တွင် လက်ကားဈေးကွက် ၆ ခုတည်ဆောက် မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစလုံး၏ ပို့ကုန်ကုန်ပစ္စည်းများကို ရောင်းချရန် ဖြစ်ပါသည်။

မြန်မာဘက်ရှိ လက်ကားဈေးကွက် ၄ ခုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်၊ ကရင်ပြည်နယ် အရှေ့ တောင်ပိုင်းရှိ မြ၀တီ၊ တနင်္သာရီတောင်ပိုင်းရှိ မြိတ်နှင့် ကော့သောင်း တို့ဖြစ်ကြောင်း၊ ထိုင်းဘက်ရှိ လက်ကား ဈေးကွက် ၆ ခုမှာ ချင်းမိုင်Takခရိုင်နှင့်ုKanchanaburiပြည်နယ်များရှိ အချို့မြို့များဖြစ်ကြောင်း၊ ဈေးကွက် များ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြားသာမက ဒေသဆိုင်ရာ အလိုက် ကမ္ဘောဒီးယား၊ လာအိုတို့နှင့်လည်းကောင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား၌ လည်း ကောင်း ကုန်သွယ်မှုတိုးမြှင့်စေ ရန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

0 comments:

Template by : kendhin x-template.blogspot.com