Saturday, May 31, 2008

ပင်လယ် ငါးဖမ်း လုပ်ငန်းများ မေလအကုန် စတင်နိုင်ရန် ပြင်ဆင် လျက်ရှိ

Khitlunge 31/May/2008
နာဂစ်လေပြင်းမုန်တိုင်း ဒဏ်အထိနာခဲ့သည့် အထဲတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းသည် လည်းပါဝင်ပါသည်။ ငါးသားပေါက်ရာသီ ဖြစ်သောကြောင့် ငါးဖမ်းသင်္ဘောများမေလမှ ဇူလိုင်လကုန်အထိ ငါးဖမ်းနားရန်အတွက် ယခုနှစ်မှစပြီး သတ်မှတ် ထားပါသည်။ ပင်လယ်ငါးဖမ်းလှေ (သင်္ဘော ၊ မော်တော်) များအားလုံးဧပြီလ ကုန်တွင်ဆိပ်ကမ်းသို့ ပြန်ကပ်ထားသည်။“ ပြန်ကပ်ထားတဲ့ လှေတွေကပိုပြီး အဆုံးအရှုံးများတယ်။ နစ်တာနစ်၊ ကမ်းပေါ်တင်တာတင်ဖြစ်ကြတယ်။ ပင်လယ်ထဲ ရောက်နေတဲ့ လှေတွေက လှိုင်းနဲ့အလိုက် သင့်မျောနေလို့ အဆုံးအရှုံးပိုနည်းတယ်” လို့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးထွန်းထွန်းက ပြောပြပါသည်။ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဒေသ များတွင် စက်လှေအစီး ရေခုနှစ်ရာကျော် (၇၂၁) စီးနစ်မြှုပ်ပြီး စီးရေနှစ်ထောင်ခန့် (၁၇၂၁စီး) ပျက်စီးကြောင်းသိရှိရသည်။ ပင်လယ် ငါးဖမ်းရေးလုပ်ငန်းများအား ဧရာဝတီတိုင်းတွင် အလုံးအရင်းနှင့် လုပ်ကိုင်နေကြပါသည်။ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ငါးဖမ်းလှေတွေနစ်တာနစ်၊ ကုန်ပေါ်တင်တာတင်ဖြစ်ကုန်ကြသည်။ ကမ်းနားတွင်အကောင်းပကတိ ကျန်ရှိသောလှေ နည်းသည်။ ရေထဲတွင် မြုပ်နေသောလှေများ စက်တွေရေငန်ဝင်ပြီး အပျက်အစီးရှိပါသည်။ စက်လှေပိုင်ရှင်များ စုပေါင်းပြီးရေငုပ်အဖွဲ့များအား ပျောက်ဆုံးနစ်မြုပ်နေသော လှေများပြန်လည်ရှာဖွေဖော်ယူပေးဖို့ အပ်နှံထားသည်။ လှေတစ်စီးကို ကျပ်သိန်း၇၀၀ကျော်ခန့် တန်ကြေးရှိပြီး ဖော်ခအဖြစ် လှေအရွယ်အစားကို လိုက်၍်ကျပ်၁၅သိန်း၊ သိန်း၃၀၊ သိန်း၆၀ ပေးရသည်။ ဖော်ပြီးလျှင် ကုန်ပေါ်ဆွဲတင်ပြီး လှေကြံ့ခိုင်ရေးလုပ်ကြသည်။ ပင်လယ်ဒီလှိုင်း ရိုက်ပုတ်သယ်ဆောင်သွား၍ ကုန်းပေါ်သို့ တစ်မိုင်နှစ်မိုင်အထိ တင်နေသော စက်လှေများကိုလည်း တူးမြောင်းတူးဖော်ပြီးရေထဲပြန်ချဖို့ လုပ်နေကြတာတွေ့ရပါသည်။ “သင်္ဘောဖေါ်ပြီးရင် ပင်လယ်ပြင်ကို ပြန်ထွက်ရမှာဖြစ်လို့ ကိုယ်ထည့်ကြံ့ခိုင်မှု ပြန်စစ်ရမယ်။ အင်ဂျင်တွေပြန်ပြင်ရမယ်” လို့ စက်လှေ ပိုင်ရှင်ဦးထွန်းထွန်းထွေးကပြောပြကြောင်း ၂၀၀၈ခုနှစ်မေလ ၃၀ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Template by : kendhin x-template.blogspot.com