Tuesday, August 19, 2008

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်သည် ပြည်ပနိုင်ငံများသို့ သဘာဝဓါတ်ငွေ့ တင်ပို့မှု အများဆုံးဖြစ်

via KHITLUNGE ပြည်တွင်းသတင်း on 8/18/08

မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့သဘာဝဓါတ်ငွေ့တင်ပို့မှုမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၂ ဒသမ ၅၉၄"ဘီလီယံဖိုးရှိကာ တင်ပို့မှုအမြင့်မားဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံအကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့"သော စာရင်းဇယားများအရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အာရှနိုင်ငံများနှင့် အဓိ"ကပြုလုပ်ကာအာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ၅၁ရာခိုင်နှုန်းရှိပြီးဥရောပနိုင်ငံများနှင့်၎ဒသမ၈ရာခိုင်"နှုန်းရှိကြောင်းသိရသည်။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့တင်ပို့မှုမှာ စုစုပေါင်း
ပြည်ပတင်ပို့မှုမှာ ပမာဏ၏ ၄၂ဒသမ၉ရာခိုင်နှုန်းရှိကာယခင်နှစ်ဖြစ်သည့် ၂၀၀၆-၂၀၀၇နှစ်ထက် ၂၇ ဒသမ ၇"ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း ယင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။ ယခု ဘဏ္ဍာနှစ်တွင် သဘာဝ"ဓါတ်ငွေ့ တင်ပို့မှုအပြင် လယ်ယာထွက်ကုန် ပစ္စည်း ၁ ဒသမ ၁၄ ဘီလီယံ၊ ကျောက်မျက်ရတနာ ဒေါ်လာ ၆၄၇"ဒသမ၅၃သန်းဖိုး၊သစ်တောထွက်ပစ္စည်းဒေါ်လာ ၅၇၈ ဒသမ ၅၇ သန်း နှင့်ရေထွက်ပစ္စည်း ဒေါ်လာ ၃၆၅ ဒသ"မ၈၅သန်းဖိုးပါတင်ပို့နိုင်ခဲ့သောကြောင့် ကုန်သွယ်မှုပမာဏမှာလည်းမြင့်တက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ"တွင်အဓိကသဘာဝဓါတ်ငွေ့အရင်းအမြစ်များသည် ကမ်းလွန်ပင်လယ်ပြင်အတွင်းရှိကာ အဓိက ကမ်းလွန်ရေနံ"သဘာဝဓါတ်ငွေ့တွင်းသုံးတွင်းရှိပြီး ကမ်းရိုးတန်းရေနံနှင့်သဘာဝဓါတ်ငွေ့ ၁၉တွင်းရှိကြောင်းသိရသည်။ ယခင်"၂၀၀၆-၂၀၀၇ဘဏ္ဍာနှစ်က မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ကုဗမီတာ ၁၃ဒသမ ၀၃၉ ဘီလီယံထုတ်လုပ်ခဲ့ပြီး"ရေနံစိမ်းစည်ပေါင်း ၇ဒသမ၇၉၇သန်းထုတ်လုပ်ခဲ့ကာ ပြည်ပတင်ပို့မှုမှာ ကုဗမီတာ ၁၃ဒသမ ၀၂၈ရှိခဲ့ကြောင်း"၂၀၀၈ခုနှစ်သြဂုတ်လ ၁၉ ရက်နေ့ထုတ်Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Template by : kendhin x-template.blogspot.com