Monday, August 4, 2008

ယခုအချိန်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန် ဖမ်းဆီးမှု လွန်ကဲခြင်း မဖြစ်ရန် သတိကြ...

မြန်မာ့ပင်လယ်ပြင်တွင် နှစ်စဉ်ပုံမှန်ဖမ်းဆီးထုတ်လုပ်နိုင်သည့် ငါး၊ ပုစွန်စုစုပေါင်းတန်ချိန် တစ်သန်းခန့်ရှိ"ကြောင်း၊ ယင်းဖမ်းဆီး ထုတ်လုပ်နိုင်သည့် ငါးပုစွန် တန်ချိန်ကို လွန်ခဲ့သော ငါးနှစ်ကပင် ရောက်ရှိသွားပြီဖြစ်"ကြောင်းသိရသည်။ ယခုအချိန်အခါတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းဖမ်းဆီးမှုလွန်ကဲခြင်း(Over Fishing)မ
ဖြစ်ရန်သတိကြီးစွာဖြင့် ဆက်လက် လုပ်ကိုင်ရမည့်အချိန်ကျရောက်နေသည်ဟု သုတေသန လုပ်ငန်းရှင်များ"မှလေ့လာတွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၂၅ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တွင်"ကျင်းပခဲ့သော မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်များအဖွဲ့ သတ္တမအ"ကြိမ် သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပညာရှင်အဖွဲ့ဥက္ကဋ္ဌ၏ ကြိုဆိုမိတ်ဆက်စကားတွင်ဖော်ပြရန်"ပါရှိသည်။ ယခုအချိန်အခါတွင် ဖမ်းဆီးမှု လွန်ကဲခြင်းအဖြစ်မှ ရှောင်ရှားနိုင်ရန်အတွက် ငါးဖမ်းနည်းစနစ် နှင့်"ငါးဖမ်းအမျိုးအစားများကို ပြောင်းလဲဖမ်းဆီးရန်လိုအပ်လာကြောင်း၊ အပြည်ပြည်ဆိုင်ရာတွင်လုပ်ကိုင်လေ့ရှိ"သော အလေ့အထများမှာ အဖမ်းအဆီး နည်းနေသေးသော (Under Exploited/Low exploitation fishes)"ငါးမျိုးများဖြစ်သော ရေပေါ်အလွှာတွင် ကျက်စားသော ငါးမျိုးများကို ပိုမိုဖမ်းဆီးခြင်းနှင့် သန္တာကျောက်တန်း"များတွင် ကျက်စားသော ငါးမျိုးများကို ဖမ်းဆီးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် ဈေး"ကောင်းရသော ကကတစ် နှင့် ကျောက်ငါးစသည့် ရေငန် ငါးမွေးမြူရေး(Mari culture) လုပ်ငန်းနှင့် စီးပွား
ဖြစ်ငါးမွေးမြူထုတ်လုပ်ခြင်းအားဖြင့် ငါးရိက္ခာကို ပုံမှန်အတိုင်းစဉ်ဆက်မပြတ်ရှိနိုင်သည်ဟု သိရှိရပါကြောင်း"၂၀၀၈ခုနှစ် သြဂုတ်လ၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Template by : kendhin x-template.blogspot.com