Thursday, June 5, 2008

မုန်တိုင်းကြောင့် ပင်လယ်ကမ်းနီး ငါးဖမ်းရေယာဉ် ၉၀ ရာခိုင်နှုန်း နစ်မြှုပ်

via Khitlunge on 6/5/08
မုန်တိုင်းကြောင့် ပင်လယ်ကမ်းနီး ငါးဖမ်းရေယာဉ် ၉၀ရာခိုင်နှုန်းနစ်မြှုပ်ခဲ့ရာ မြန်မာ့ရေလုပ်ငန်း ကဏ္ဍအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ(၁) ဦးလှမောင်ရွှေက ပြောကြားသည်။ ကမ်းဝေးရေယာဉ်အနေဖြင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ ရန်ကုန်အခြေပြု ကမ်းဝေးငါးဖမ်းရေယာဉ် ၄၁စင်း၊ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ အခြေပြု ငါးဖမ်းရေယာဉ် ၃၂၉စင်းနစ်မြှုပ်ခဲ့ပြီး ၁၈စင်းသောင်တင်ခဲ့ကြောင်း ယင်းမှာမေလ၁၄ရက် နောက်ဆုံးကောက်ယူ ရရှိခဲ့သည့် စာရင်းများဖြစ်ကြောင်း ဦးလှမောင်ရွှေကပြောသည်။ ကမ်းနီးစက်တပ် ရေယာဉ် ၄၅၅၀ ကျော်နှင့် စက်မဲ့ရေယာဉ် ၁၂၀၀ကျော် နစ်မြှုပ်ခဲ့ကြောင်း၊ နစ်မြှုပ်ရေယာဉ် အများစုမှာ ပင်လယ်ပြင်၌ ငါးဖမ်းစဉ် နစ်မြှုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ကမ်းနီးရေယာဉ်များ၏ ၉၀ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်း၌ ရေလုပ်သားသေဆုံး စုစုပေါင်း ၁၈၀၀၀ ကျော် ရှိနေပြီး နောက်ဆက်တွဲသတင်းများလက်ခံနေဆဲဖြစ်ရာ သေဆုံးသူ ဦးရေ ၂၅၀၀၀ ဦးခန့် သေဆုံးဖွယ်ရှိကြောင်း ပျောက်ဆုံးသူဦးရေမှာ ၁၀၀၀၀ခန့် ရှိကြောင်း ကောက်ခံရရှိသည့် စာရင်းများအရ သိရသည်

0 comments:

Template by : kendhin x-template.blogspot.com