Thursday, November 22, 2007

တနင်္သာရီကမ်းရိုးတန်းထွက် ငှက်သိုက်ဈေးကွက်


တနင်္သာရီတိုင်းတွင် ထူးခြား၍ဈေးကောင်းသော ဒေသထွက်ငှက်သိုက်သည် မြိတ်ဒေသနှင့် ကော့ သောင်း ဒေသမှ ထွက်ရှိပါသည်။ တနင်္သာရီတိုင်းတွင် ငှက်သိုက်ထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ငှက်သိုက်အဖြူ ၂၀၀ ပိဿာခန့်နှင့် ငှက်သိုက်အမဲ ၄၀၀ ပိဿာကျော်ခန့် ထွက်ရှိကြောင်း သိရပါသည်။ Ref : Ministry of Commerce-MM

ငှက်သိုက်ဆွတ်ခူးရရှိမှုကာလအနေဖြင့် နှစ်စဉ်မတ်လဆန်းခန့်တွင် တစ်ကြိမ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်အတွင်း တစ်ကြိမ်၊ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်အတွင်း တစ်ကြိမ်၊ နိုဝင်ဘာ တတိယပတ်မှ လကုန်ရက်အထိတစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်ဆွတ်ခူးရရှိနိုင်ကြောင်း သိရပါသည်။

ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအနေဖြင့် ငွေကြေးချမ်းသာသူများသာ ကျန်းမာရေးအတွက် အားဆေး အဖြစ်လည်းကောင်း၊ မိတ်ဆွေများသို့ လက်ဆောင်ပေးရာတွင်လည်းကောင်း အသုံးပြုကြ သည်။ ယခုနိုဝင်ဘာလ တွင်ဖြစ်ပေါ်နေသော ငှက်သိုက်ဈေးနှုန်းများမှာ ငှက်သိုက်အဖြူ တစ်ပိဿာ လျှင် ငွေကျပ် ၃၈ သိန်းခန့် ရှိ၍ငှက်သိုက်အမဲ တစ်ပိဿာလျှင် ငွေကျပ် ၃ သိန်းခန့်ရှိကြောင်း သိရပါ သည်။

ငှက်သိုက်များအား မြိတ်နှင့်ကော့သောင်းဒေသများမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းမရှိဘဲ စီးပွားရေးဦးပိုင်မှ စစ်ဆေးသည့် အဖွဲ့များရှေ့တွင် စစ်ဆေးမှုခံယူ၍ ရန်ကုန်သို့ သယ်ယူပြီး ရန်ကုန်မှတဆင့် ပြည်ပသို့တင်ပို့လျက် ရှိကြောင်း သိရပါသည်။

0 comments:

Template by : kendhin x-template.blogspot.com