Tuesday, November 13, 2007

ထူးအိမ်သင် ရဲ့ မှော်သီချင်းများ

ထူးအိမ်သင် ဆိုတာ ကျွန်တော့်ရဲ့ အကြိုက်ဆုံး၊ အလေးစားဆုံး ဒီစတီရီယိုခေတ်ရဲ့ ဂီတပညာရှင်ပါ။ တစ်ချို့ပရိတ်သတ်ကတော့ ထူးအိမ်သင် ကို အဆိုတော်အဖြစ်သာ သိထားကြမှာပါ။ သူဟာ အဆိုထက် Music Arrangement, သီချင်းရေးစပ်ခြင်းကို ပိုလုပ်ချင်၊အားသန်ခဲ့သူပါ။ ကိုယ်တိုင်ရေး Jazz, Rock Style, ... ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ၁၉၈၀ နှောင်းပိုင်းမှာ ကျွန်တော် သူ့ရဲ့ ဖန်တီးမှုကို စတင်နှစ်သက်မိ ခဲ့ပါတယ်။ အရည်အသွေးကို အဓိကထားပြီး ပေးချင်တာကြောင့် ထူးအိမ်သင်ဟာ အခွေထွက်ကျဲခဲ့ပေမယ့် သူကျွန်တော်တို့နဲ့ ခွဲခွာသွားတဲ့ ၂၀၀၄ နောက်ဆုံးအချိန်အထိ သူ့အချိန်ကိုနှစ်မြုပ်ခဲ့တာပါ။

ထူးအိမ်သင်ရဲ့ Crazy တစ်ယောက်အနေနဲ့ ကြိုက်တဲ့ သူ့သီချင်းအတော်များများကို ကျွန်တော်သိမ်းထားပါတယ်။ (Full Album တော့မဟုတ်ပါဘူး၊ တင်မထားတဲ့ သီချင်းတွေ လိုချင်ရင်တော့ တောင်းကြည့်ပါ၊ ရှိရင်ပို့ပေးပါမယ်။) MP3 128 kbps Quality သီချင်းတွေများပါတယ်။ Quality လိုချင်ရင်တော့ Original CD ကိုဝယ်အားပေးကြပါဗျာ။

ထူးအိမ်သင် - နာရီပေါ်ကမျက်ရည်စက်များ(၁၉၈၇)
ထူးအိမ်သင် - မှော်ဆရာအိပ်မက်(၁၉၈၈)
ထူးအိမ်သင် - သက်ငြိမ်(၁၉၈၉)
ထူးအိမ်သင် - အတ္တပုံဆောင်ခဲများ(၁၉၉၁)
ထူးအိမ်သင် - အကြင်နာအိပ်မက်(၁၉၉၁)
ထူးအိမ်သင် - အရင်အတိုင်း(၁၉၉၁)
ထူးအိမ်သင် - စကားလုံးမရှိတဲ့ကောင်းကင် (၁၉၉၅)
ထူးအိမ်သင် - မြို့ပြလရောင်တမ်းချင်း (၁၉၉၆)
ထူးအိမ်သင် - ဝင်ရိုးစွန်းမီး (၁၉၉၇)
ထူးအိမ်သင် - အမေ (သို့) အကြွင်းမဲ့မေတ္တာတော် (၁၉၉၇)
ထူးအိမ်သင် - အမှတ်တရ ဒဏ်ရာသီချင်းများ (၁၉၉၉)
ထူးအိမ်သင် - အစိမ်းရောင်ရက်စွဲများ (၂၀၀၁)
ထူးအိမ်သင် - တစ်နေ့စာအလွဲများ (၂၀၀၃)
ထူးအိမ်သင် - ချစ်ခြင်းအားဖြင့် (၂၀၀၅)
ထူးအိမ်သင် - အခြားသီချင်းများ


ဒါနဲ့ စကားမစပ် ထူးအိမ်သင် အလွမ်းပြေ သူ့ရဲ့ Official Website ကို ဒီမှာ သွားရောက်လည်ပတ်နိုင် ကြပါတယ်။

0 comments:

Template by : kendhin x-template.blogspot.com