Thursday, June 28, 2007

ကော့သောင်းနယ်စပ်မှ ရေထွက်ပစ္စည်း

Ref - Weekly Eleven Journal June 2007

ကော့သောင်းမှတစ်ဆင့် ထိုင်း နိုင်ငံသို့ရေထွက်ကုန်များတင်ပို့ရာ တွင် ဇွန်လ ၁ ရက်နေ့မှစ၍ ပုံမှန် ကုန်သွယ်ရေးစနစ်ဖြစ်သည့် LC/TT စနစ်ဖြင့်သာတင်ပို့ရန် သတ် မှတ်ခဲ့ကြောင်းနှင့်ယင်းကဲ့သို့ သတ် မှတ်ပြီးသည့်နောက်ကုန်သွယ်မှုပမာ ဏလျော့ကျသွားခဲ့ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးမှသတင်းရရှိသည်။

သို့သော် ဖြစ်ရိုးဖြစ်စဉ် တစ် ခုသာဖြစ်၍ ကုန်သွယ်မှုမှာ မကြာမီ ပြန်လည်သွက်လက်လာမည်ဖြစ် ကြောင်းနှင့် ယခင်မူဆယ်နယ်စပ် ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ် ရေးစနစ်သို့ပြောင်းလဲစဉ်ကလည်း ယင်းကဲ့သို့လတ်တလောကျဆင်းမှု မျိုးကြုံတွေ့ခဲ့ရသည်ဟု မြန်မာ နိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတာ ဝန်ရှိသူကတင်ပြသွားသည်။
""ဇွန်လဆန်းက ကော့သောင်း ကတစ်ဆင့် ထိုင်းနိုင်ငံကို ရေထွက် ပစ္စည်းတင်ပို့မှုကိုLC/TT စနစ်နဲ့ ပြောင်းတင်ပို့တယ်။ အရင်ကတစ် လအမေရိကန်ဒေါ်လာတစ်သိန်းဝန်း ကျင်တင်ပို့နေရာကအခုလေးသောင်း ကျော်လောက်ပဲတင်ပို့မှုရှိတော့တယ်။ အရင်ကမြန်မာကျပ်ငွေနဲ့ အခုက ပုံမှန်ကုန်သွယ်ရေးစနစ်အရနိုင်ငံခြား ငွေနဲ့ပဲရောင်းရတယ်။ ဒါပေမယ့် မ ကြာခင်ပြန်ပြီးသွက်လက်လာဖို့ရှိပါ တယ်။ အရင်မူဆယ်ကို ပုံမှန်ကုန် သွယ်ရေးစနစ်စပြောင်းတုန်းကလည်း ဒီလိုပဲလျော့ကျခဲ့ဖူးပါတယ်""ဟု ရှင်း လင်းတင်ပြသွားသည်။

0 comments:

Template by : kendhin x-template.blogspot.com