Wednesday, June 27, 2007

မြန်မာ့လွတ်လပ်ရေးနှင့်မစ္စတာအက်တလီအမြင်

ဒုတိယကမ္ဘာစစ်ပြီးကာလ မှာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ဗြိတိသျှဝန် ကြီးချုပ်ကလီမင့်အက်တလီ (Cle m ent Rich ard Attlee, 1883-1967) ရဲ့ကိုယ်တိုင်ရေးအတညုပဍ္ဎတ္တိစာအုပ် တစ်အုပ် မိတ်ဆွေတစ်ယောက်ဆီ ကလက်ဆောင်ရတယ်။ စာအုပ် ကနည်းနည်းတောင် ပိုးကိုက်နေ ပြီ။ စာအုပ်ခေါင်းစဉ်က "As It Happened" တဲ့။Odhams Press Limited London ကထုတ်ဝေ တယ်။ ထုတ်ဝေနှစ် ရှာမတွေ့ဘူး။

အက်တလီဟာ မြန်မာနိုင်ငံ နဲ့ပတ်သက်ခဲ့တဲ့ ဗြိတိသျှနိုင်ငံရေး ခေါင်းဆောင် လေဘာပါတီရဲ့ဝန် ကြီးချုပ်ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်း ဘိလပ်သွားပြီး လွတ် လပ်ရေးဆွေးနွေးခဲ့တဲ့ ခရီးစဉ်မှတ် တမ်းမှာ အက်တလီနဲ့ ဗိုလ်ချုပ် အောင်ဆန်း ရင်းရင်းနှီးနှီး ယှဉ်တွဲ လျက်ဓာတ်ပုံတွေငယ်ငယ်ကတည်း က တွေ့မြင်နေခဲ့ရလို့ သူ့ရုပ်ပုံကို မျက်စိယဉ်နေတယ်။ ""အောင်ဆန်း -အက်တလီစာချုပ်"" ဆိုတာကို လည်း နားယဉ်နေခဲ့တယ်။ သူ့အတညုပဍ္ဎတ္တိ ဖတ်ကြည့် တော့လည်း အက်တလီဟာ တ ကယ့်လူကြီးလူကောင်း၊ ယဉ် ကျေးတဲ့ နိုင်ငံရေးသမားကြီး တစ် ယောက်ဆိုတာ သိရတယ်။ ၁၉၃၅ မှာ သူလေဘာပါတီခေါင်းဆောင် ဖြစ်လာတယ်။ ၁၉၄၂မှာ ချာချီရဲ့ 0x150ွန့်ပေါင်းအစိုးရမှာ ဒုတိယ ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ ၁၉၄၅ရွေး ကောက်ပွဲကျတော့ သူ ဦးဆောင် တဲ့ လေဘာပါတီဟာ မဲအပြတ် အသတ်နိုင်ခဲ့လို့ အက်တလီ ဝန် ကြီးချုပ်ဖြစ်လာတယ်။ သူ့လက် ထက်မှာ ဒုတိယကမ္ဘာစစ်ပြီးချိန် လွတ်လပ်ရေးတောင်းဆိုလာကြတဲ့ ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေး ပေးဖို့ နိုင်ငံခြားရေးမူဝါဒချမှတ် ခဲ့ပြီး နိုင်ငံအတော်များများကို လွတ်လပ်ရေးပေးခဲ့တယ်။ အဲဒီ အထဲ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ တာဖြစ်တယ်။ နု-အက်တလီ စာ ချုပ် ချုပ်ဆိုတာသမိုင်းဝင်နာမည် တစ်ခုပဲ�မဟုတ်ပါလား။ အက်တလီ ကိုယ်တိုင်ရေး အတညုပဍ္ဎတ္တိမှာမြန်မာနိုင်ငံအကြောင်း သူ ဘယ်လိုအမြင်နဲ့ ရေးခဲ့သလဲ လို့ ဖတ်ကြည့်တယ်။ အခန်း(၁၁) ""ဓနသဟာယဆက်ဆံရေး""ဆိုတဲ့ အခန်းမှာ နှစ်မျက်နှာ၊ သုံးမျက်နှာ လောက် ထည့်ရေးထားတာတွေ့ရ တယ်။ အက်တလီက အိန္ဒိယကို လွတ်လပ်ရေးပေးပြီးရင်ဓနသဟာယ အဖွဲ့ထဲမှာ ဆက်လက် ပါဝင်နေ စေဖို့ ကြိုးစားခဲ့တဲ့အကြောင်း ရေး တယ်။ အိန္ဒိယက သမ္မတနိုင်ငံ တည်ထောင်ချင်တယ်။ ဓနသဟာ ယအဖွဲ့ဝင်နိုင်ငံတွေက �နိုင်ငံ ဥသျှောင်အဖြစ် ဗြိတိသျှရွှေနန်း သခင်ကိုသတ်မှတ်ရတယ်။ နောက် ဆုံးတော့ အိန္ဒိယက သမ္မတနိုင်ငံ ဖြစ်သော်လည်း�ဓနသဟာယ ဥသျှောင်အဖြစ် ဗြိတိသျှထီးနန်း ကို အသိအမှတ်ပြုဖို့ လက်ခံတဲ့ အတွက် လွတ်လပ်ရေးယူပြီးချိန် မှာ ဓနသဟာယအဖွဲ့ဝင်အဖြစ် ဆက်နေခဲ့တယ်။ မြန်မာနိုင်ငံကိုလည်း လွတ် လပ်ရေးရပြီးချိန်မှာ ဓနသဟာယ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိ ဖို့ အက်တလီတို့က ကြိုးစားခဲ့တဲ့ အကြောင်း စာမျက်နှာ ၂၁၈-၂၁၉ မှာ အောက်ပါအတိုင်းဖော်ပြခဲ့ တာ မှတ်သားစရာ ကောင်းပါ တယ်။ ""မြန်မာနိုင်ငံ င်္ပြံနာက အိန္ဒိယနှင့်မတူ ကွဲပြားခြားနား သည်။ ကဋ္ဋန်ုပ်သည် ဆိုင်မွန်ကော် မရှင်နှင့် မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့ဖူးသည်။ မြန်မာနိုင်ငံကို အိန္ဒိယထဲက ခွဲခြမ်းပေးခဲ့သည်မှာ ကဋ္ဋန်ုပ်တို့ ကော်မရှင်၏ ထောက်ခံ တင်ပြချက်အရဖြစ်သည်။ စစ်ကြီး မတိုင်မီ မြန်မာတို့သည် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွေ့ အကြုံရခဲ့ကြ ပြီးဖြစ်သည်။ သို့သော် အနောက် တိုင်းပညာရေးရှိသူ မြန်မာများ အလွန်နည်းပါးပြီး အုပ်ချုပ်ရေး ပိုင်းတွင်လည်း များများစားစား မရှိခဲ့ချေ။ မြန်မာနိုင်ငံတွင် အိန္ဒိယမှာ ကဲ့သို့ ဟင်ဒူ-မူဆလင်လူမျိုး အရေးင်္ပြံနာမျိုးမရှိသော်လည်း ခေတ်နောက်ကျလွန်းခြင်းနှင့် လူ မျိုးစုင်္ပြံနာအချို့ကား ရှိနေခဲ့ သည်။ မြန်မာနိုင်ငံသည် ဂျပန်တို့ ၏ကျြးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ကာလရှည်ကြာ ခက်ခက် ခဲခဲ ပြန်လည်တွန်းလှန်ပြီးမှအောင် မြင်မှုရရှိခဲ့သည်။ မြန်မာအချို့ သည် ဂျပန်က လွတ်လပ်ရေး တကယ်ပေးလိမ့်မည်ဟုယုံကြည်၍ ဂျပန်နှင့်ပူးပေါင်းခဲ့ပြီး ဒေါက်တာ ဘမော် ရုပ်သေးအစိုးရကိုထောက် ခံခဲ့ကြသည်။ သို့သော်သူတို့သည် မကြာမီအမြင်မှန်ရခဲ့ကြပြီး အောင် ဆန်း၏ ဦးဆောင်မှုအောက်ရှိ လူငယ်များကတော်လှန်ရေးဆင်နွှဲ ကြသည်။ ဗြိတိသျှတပ်များနှင့် သူတို့အဆက်အသွယ်ရခဲ့ကြသည်။ လော့ဒ်မောင့်ဘက်တန်၏ အမြော် အမြင်ကြီးမားသောမူဝါဒ၏ ကျေး ဇူးဖြင့် သူတို့ပူးပေါင်းဆောင်ရွက် ကြပြီး ကျြးကျော်သူများအား မောင်းထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ပြန်ရပြီး နောက် အိန္ဒိယရှိ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်�လက်အောက်ခံ(မြန်မာ) ပြည်ပြေးအစိုးရကို ပြန်လည် အသက်သွင်းခဲ့ကြ၏။ ဆာဒေါ်မန် စမစ်ထံ၌ နိုင်ငံရေးသမား လက် ဟောင်းကြီး အချို့ရှိနေသည်။ စစ် ကြီးမတိုင်မီက မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသော တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို အချိန် မတိုင်မီ ပြန်လည်ဖော်ထုတ်ခဲ့ခြင်း မှာ ကဋ္ဋန်ုပ်တို့၏ အမှားဖြစ်သည်။ နိုင်ငံရေး လက်ဟောင်းကြီး များသည် မြန်မာနိုင်ငံ၌ ကြီးထွား လာနေသော အမျိုးသားရေးလှုပ် ရှားမှုကြီးနှင့် ကင်းကွာနေကြချိန် တွင် တော်လှန်ရေးသမား လူငယ် များက စိတ်မရှည်နိုင်တော့ချေ။ နောက်ဆုံးတွင် ကဋ္ဋန်ုပ်သည် မြန်မာများက ကောင်းစွာနှစ်သက် လက်ခံသော၊�မြန်မာနိုင်ငံအကြောင်း လည်း ကောင်းကောင်းသိသူ ဆာ ဟူးဘတ်ရန့်စ်ကိုဘုရင်ခံခန့်လိုက် သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ်များပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့လာပြီးမြန်မာ့နောင်ရေး ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက် သည်။ သူတို့နှင့်ကဋ္ဋန်ုပ်တို့ အချိန် ကြာမြင့်စွာဆွေး နွေးဖလှယ်ခဲ့ကြ သည်။ သူတို့ထဲက အချို့သည် စစ်ကြီးမတိုင်မီကခရစ်ပ်စ်(Chipps)နှင့် သိကဋ္ဋမ်းခဲ့ကြပြီးဖြစ်၍ များစွာ အဆင်ပြေခဲ့သည်။ သို့သော်ကဋ္ဋန်ုပ် တို့က မြန်မာပြည်သူများ၏ ရွေး ချယ်မှုကိုလက်ခံရန်အသင့်ရှိသည် ဟုပြောဆိုခြင်းကို ပထမတွင် သူတို့မယုံကြည်နိုင်ကြဘဲသံသယ ရှိနေခဲ့ကြသည်။ ဖြစ်ချင်တော့ သူတို့သည် လုံးဝလွတ်လပ်ရေးရယူပြီးသမ္မတ နိုင်ငံထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိကဋ္ဋံထား ခဲ့ကြလေပြီ။ သူတို့သည် ကွန်မြ နစ်ပါတီကိုလည်း ရင်ဆိုင်နေကြ ရ၏။ ဆွေးနွေးပွဲများ ဆက်ပြုလုပ် နေရင်း သူတို့ထဲက အချို့(အထူး သဖြင့်သူတို့၏ခေါင်းဆောင်ခေါင်း မာသူတစ်ဦးဖြစ်သောအောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက် နေသင့်သည်ဟု သဘောပေါက်စ ပြုလာသည်။ သမ္မတနိုင်ငံ ထူ ထောင်သော်လည်း အိန္ဒိယကဲ့သို့ ပင် ဓနသဟာယထဲတွင်ဆက် နေနိုင်သည့် လမ်းကြောင်းကို သဘော ကျကြသည်။ ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် အလွန်ငယ်ရွယ်ပြီး အတွေ့ အကြုံနုနယ်သူများဖြစ်ကြ၏။ လူနည်းစုပါတီတစ်ခု၏ ကိုယ်စား လှယ်ဖြစ်သူ ဦးစောကမူ သူတို့နှင့် မတူချေ။ သူ့ကို စစ်ကြီးမတိုင်မီက ကဋ္ဋန်ုပ်တွေ့ခဲ့ဖူးသည်။ စစ်ကြီးအ တွင်း သူအင်္ဂလန်သို့လာရောက် သည်။ သို့သော် ဦးစောသည် ဂျာမန်များနှင့်လစ္စဘွန်းတွင်အဆက် အသွယ်လုပ်ရန်ကြိုးစားခဲ့ကြောင်း ပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ပြုံးပြုံး လေးနှင့်ဆိုးမည့်သူဟု ကဋ္ဋန်ုပ် ထင် မြင်ယူဆခဲ့သည်။ ကဋ္ဋန်ုပ်နှင့်ဇနီးက အောင်ဆန်း တို့တစ်ဖွဲ့လုံးကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ရာ ကဋ္ဋန်ုပ်၏ဇနီး သည် လူသတ်သမားဖြစ်မည့်သူနှင့်သူ၏ သားကောင်ဖြစ်မည့် သူများအား ဧည့်ခံကေဋ္ဋးမွေးနေ ခြင်းပါတကား ဟု စိုးစဉ်းမျှတွေးမိမည် မဟုတ် ချေ။ သူတို့ မြန်မာပြည် ပြန်သွား ကြပြီး များမကြာမီအောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများ သည် ဦးစော၏ သတ်ဖြတ်ခြင်း ခံကြရသည်။ ဘုရင်ခံ၏ လက် မြန်ခြေမြန်အရေးယူမှုကြောင့် ဦးစော၏အကြံ မအောင်မြင်ခဲ့ချေ။ သခင်နုသည်ဝန်ကြီးချုပ်ဖြစ်လာပြီး ဦးစောသည်တရားဥပဒေရှေ့မှောက် သို့ ရောက်သွားခဲ့၏။ သို့သော် မြန်မာနိုင်ငံထိုးနှက်ခံခဲ့ရသည်မှာ ကား ပြင်းထန်လှသည်။ သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြ သည်။ ကဋ္ဋန်ုပ်တို့၏ အခြေခံမူများ နှင့်အညီ ကဋ္ဋန်ုပ်တို့အနေဖြင့် သူတို့ ၏တောင်းဆိုချက်ကို ခွင့်ပြုရန်မှ တစ်ပါး အခြားမရှိချေ။ ထိုအချိန်ကစ၍ မြန်မာ အစိုး ရသည် ကွန်မြနြစ်များနှင့် အခြား အဖွဲ့များ၏ သူပုန်ထမှုများနှင့် ရင်ဆိုင်ခဲ့ကြရပါတော့သည်။ � � � မစ္စတာ အက်တလီရဲ့ မြန်မာ နိုင်ငံအပေါ်ထင်မြင်ချက်ကိုဖတ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းအလှည့် အပြောင်း သဘာဝလေးတွေကို သင်ခန်းစာယူတဲ့စိတ်၊ သံဝေဂ ယူတဲ့စိတ်နဲ့ စဉ်းစားနေမိ ပါ ကြောင်း . . . ။

0 comments:

Template by : kendhin x-template.blogspot.com