Tuesday, June 26, 2007

ဦးနှောက် မုန်တိုင်း ဆင်ခြင်း

အိုင်ဒီယာခေတ်
အိုင်ဒီယာ ခေတ်ကြီးကို မဟာ အိုင်ဒီယာ ကွက်လပ်ကြီး တခုနှင့် စတင် လိုက်သည်ဟု ဆိုလျှင် ထူးဆန်း သလို ဖြစ်နေ မည်လား မဆို နိုင်ပါ။ ယုံချင်ယုံ၊ မယုံချင်နေ။ ဤအတိုင်း အမှန်ပင် ဖြစ်ခဲ့ ပါသည်။

၁၉၆ဝ အလွန် နှစ်များ လောက်က ဖြစ်သည်။ ပြင်သစ် နိုင်ငံ၊ ပါရီ မြို့တော် ဆိုဘွန်း တက်ကသိုလ် ရင်ပြင်တွင် လက်ရေး ကြမ်းကြမ်းဖြင့် ရေးထားသော ပိုစတာ တခု ပေါ်လာသည်။ ‘အိုင်ဒီယာသို့ ပါဝါ အပ်လော့’ (All Power to Idea) ဟု ဆိုသည်။ ဤေ0x143ကးကြော်သံဖြင့် ထိုစဉ်က အပြိုင် ဖြစ်နေသော မဟာ အိုင်ဒီယာကြီး နှစ်ခုကို မှတ်ကျောက် တင်လိုက်ရာ အဖြေ တခု ထွက်လာသည်။ ‘မည်သည့် မဟာ အိုင်ဒီယာမှ ပြီးပြည်စုံသော အမှန်တရား မဟုတ်’ ဆိုသော ကောက်ချက် ဖြစ်ပါသည်။ သို့ဖြင့် မဟာ အိုင်ဒီယာ ကွက်လပ်ကြီး တခု ပေါ်လာ သလို အိုင်ဒီယာ သစ်များ အတွက် တံခါး ကျယ်ကျယ် ဖွင့်လိုက် သလိုလည်း ရှိတော့သည်။ ဤသည်ပင် အိုင်ဒီယာ ခေတ်တခု မီး႟ွႃး သန့်စင် လိုက်သည့် အဖွင့် ပြကွက် ဖြစ်ပါသည်။

ဤသို့ ပြည်ဖုံး ကားကြီး ဖွင့်လိုက် သည်နှင့် တပြိုင်နက် ႟ုတ်တရက် အဖြေပေးဖို့ မလွယ်သည့် မေးခွန်း များလည်း လျှံကျ လာသည်။ အိုင်ဒီယာ၏ မူလ အစသည် ဘာလဲ။ အိုင်ဒီယာ ကောင်းတွေ ဘယ်က လာသလဲ။ ပိုကောင်းတဲ့ အိုင်ဒီယာ တွေရဖို့ ဘယ်လို ဖန်တီး ကြမလဲ။ နှစ်ပေါင်း ၃ဝ ကျော် လာသည့်တိုင် တိတိပပ အဖြေ မပေး နိုင်သေးသည့် ပုစ္စာများ ဖြစ်ပါသည်။


ဦးနှောက် မီးပွိုင့်
‘အိုင်ဒီယာသည် ဦးနှောက်၏ ထွက်ကုန်’ ဟု အကြမ်း အားဖြင့် ယူဆ နိုင်သည် ဖြစ်ရာ ပထမဆုံး အဖြေ ရှာကြ သူများ ထဲတွင် ‘ဦးနှောက်နှင့် အာ႟ုံကြော ပါရဂူများ’ (Neurologists) များပါ ဝင်လာ ပါသည်။ ကာလီ ဖိုးနီးယား တက်ကသိုလ်မှ ပါမောက္ခ ‘ဗွီအက်(စ်)ရမ် အချန်ဒရန်’ ၏ အလိုအရ အိုင်ဒီယာ ဖန်တီးရေးသည် Synesthesia ဆိုသော အခြင်းအရာနှင့် ဆက်စပ် နေသည်ဟု ဆိုပါသည်။ လူတွင် ရှိသော အာ႟ုံခံ ကိရိယာ များကို အပြောင်းအလဲ လုပ်ကြည့်ခြင်းဟု နားလည် ရပါသည်။ ဥပမာ - ရနံ့နှင့် ဆိုင်သော လှုံ့ဆော်မှု တခုကို ဂန္ဓာ႟ုံနှင့် မချည်း ကပ်ဘဲ ႟ူပါ႟ုံနှင့် ခံစား ကြည့်ခြင်းမျိုး ဖြစ်သည်။ ပန်းတပွင့် မွှေး မမွှေးကို နမ်းမကြည့်ဘဲ အရောင်အသွေးကို ကြည့်ပြီး အကဲ ဖြတ်သည့် သဘော ဖြစ်ပါ လိမ့်မည်။ ဤ အတွေ့အကြုံ မျိုးကို ပန်းချီ ဆရာများ၊ ဂီတ ဆရာ များနှင့် ကဗျာ ဆရာ များက သာမန်လူထက် ၆ ဆမှ ၇ ဆထိ ပိုစွမ်း သည်ဟု ဆိုသည်။

ဤ တွေ့ရှိချက် မှစ၍ အိုင်ဒီယာ၏ မွေး သမိခင်ဟု ဆိုနိုင်သော ‘တီထွင် ဖန်တီးမှု’ (Creativity) ကို ဤသို့ အဓိပဍ္ဎာယ် ဖွင့်လိုက်သည်။ ‘အဆက်အစပ် မရှိဟု ယူဆ ရသော အရာ များကို ဆက်စပ် ပေးလိုက်ခြင်း သည်ပင် တီထွင် ဖန်တီးမှု ဖြစ်၏’ (Linking Seemingly Unreleated Things) ဟု ဆိုပါသည်။ ဤ နေရာတွင် ‘တွေ့ရှိချက်’ ကို အခြေခံသော သိပဍ္ဎံ သမား များထက် ‘စိတ်ကူး’ ကို အာ႟ုံ 0x150ွတ်တတ်သော အနုပညာ သမားကို ပို အမှတ် ပေးထားသည်။ ထက်သန်သော စိတ်ကူးက ‘ဦးနှောက် အကန့်များ’ (Brain’s lobs) ကို လမ်းဖောက် ဆက်သွယ် ပေးနိုင် သည်ဟု ဟောပါသည်။ အဆိုပါ ဦးနှောက် အကန့်များ အကြားမှ ‘မီးပွိုင့်’ များက အချက်အလက်ကို ‘အနီ’ ပြပြီး စိတ်ကူးကို ‘အစိမ်း’ ပြသည်ဟု ဆိုသည်။ အချက်အလက် များက ကန့်သတ် စဉ်းစား တတ်ပြီး စိတ်ကူးက စီးမျော တတ်သည့် သဘောဝ ရှိသည်ဟု ဆိုလို ချင်ဟန် ရှိပါသည်။

သို့ဖြင့် အိုင်ဒီယာ ထုတ်လုပ်ရေး အတွက် ပထမ လိုအပ်ချက်ကို ရရှိ လိုက်သည်။ ‘စိတ်ကူးကို လွှတ်ထားလိုက်’ (Free The Fancy) ဟူ၏။


အလွတ်ဇာတ်တိုက်ခြင်း
အိုင်ဒီယာ ရှာပုံတော်၏ ဤအဆင့်တွင် ပါဝင် လာသူမှာ ႟ူပဗေဒ ပညာရှင် (Physicist) တဦး ဖြစ်သော ‘ပါသာမီထရာ’ ဆိုသူ ဖြစ်သည်။ ႟ူပဗေဒ သမား ဆိုသော်လည်း မီထရာမှာ ႟ုပ် အစွဲကြီးသူ မဟုတ်ပါ။ အကြမ်းထည် ႟ုပ်များက တိကျ သော်လည်း ရေရှည် မခံသည့် အမှန် ကိုသာ ပေးစွမ်းသည်။ ဖမ်းဆုပ်ဖို့ ခက်နိုင် သော်ငြား ရေရှည် အသုံးတည့် နိုင်မည့် ‘စီးမျော အမှန်’ (Floating Truth) အတွက် ဆိုလျှင် ႟ုပ်နု ႟ုပ်ကြည်များ ကိုသာ အားကိုး ရလိမ့်မည်ဟု ဆိုသည်။ သူပြောသော ႟ုပ်နု ႟ုပ်ကြည်မှာ ‘ဦးနှောက် လှိုင်းများ’ (Brain Waves) ဖြစ်ပါသည်။

ဆက်လက်ပြီး ဦးနှောက် လှိုင်းများ၏ သဘာဝကို အဓိပဍ္ဎာယ် ဖွင့်ပြန်ရာ ႟ူပဗေဒ ဆရာ၏ ႟ုပ် မဆန်သော ကဗျာ အတွေးများကို ရရှိ လိုက်သည်။ ဦးနှောက် လှိုင်းများကို အမိန့်ပေး စေခိုင်း၍ မရပါ။ သူတို့က ဖိစီးမှုကို မုန်းသည်။ လွတ်လပ် ပေါ့ပါးသော စိတ်နှင့်မှ သွက်သွက်လက်လက် ကစား ချင်တတ်သည်။ ထို့ထက် တိကျမှု နှင့်လည်း သဟဇာတ မဖြစ်ဟု ဆိုပါ သေးသည်။ တိကျမှုက လှိုင်း အလျားကို တုံးတိတိ ဖြတ်ပစ်သည်။ စိတ်ရှိ လက်ရှိ ကွန့်မြးခွင့် မရ။ မရေရာမှု ကသာ လှိုင်း အလျားကို ဆန့်ထုတ် နိုင်သည်။ လှိုင်းအလျား ရှည်လေ၊ စိတ်ကူးခွင် ကျယ်လေ၊ အိုင်ဒီယာ ထွက်လေဟု ဆိုပါသည်။ 'ကဋ္ဋန်တော် ဦးနှောက်တွေ ဝန်ပိသလို ဖြစ်လာရင် ကဋ္ဋန်တော်တော့ ႟ုပ်ရှင် တကား ကြည့်ပစ် လိုက်တယ်။ ဒါမဟုတ် သီချင်း တပုဒ် အော်ဆို လိုက်တယ်။ ဒါမှမဟုတ် ကဗျာ တပုဒ် ကောက်ဖတ်တယ်။ ဘာရယ် မဟုတ်ပါဘူး။ အဖိခံ ထားရတဲ့ ဦးနှောက်ကို ‘ဆွ’ လိုက်တာပါ။' မီထရာ၏ အလိုအရ အကောင်းဆုံး ဦးနှောက် ဆွနည်းမှာ အယူအဆ မတူသူ များနှင့် စကားစမြည် ပြောခြင်းဟု ဆိုသည်။ 'ကိုယ့်ဖာသာ သေချာ နေ႟ုံနဲ့ ဘာလုပ် မလဲဗျာ။ ပျင်းစရာကြီးပါ။ ငြင်းဖော် ငြင်းဖက်ကို ရန်သူ လိုတော့ မမြင်လိုက်နဲ့။ သူငယ်ချင်းလို သဘောထား၊ မေတ္ဈာနဲ့ ဆက်ဆံ ပေါ့ဗျာ …' ပြောရင်းမှ သူက ဥပမာ တခု ပေးပါသည်။ Jam Session ဟု ဆိုသည်။ ‘ဂျပ်(စ်) ဂီတ သမားများ အလွတ် ဇာတ်တိုက် ကြသလို’ ဟု အဓိပဍ္ဎါယ် ရသည်။ ဂျပ် (စ်) ဂီတ ဖြစ်၍ လွတ်လပ်သည်။ အလွတ် ဇာတ်တိုက်ခြင်း ဖြစ်၍ မှားမှာ ကြောက်စရာ မလို …။ ရည်႟ွယ်ချက်က ပိုလှသော သံစဉ်ရှာရေး …။

သို့ဖြင့် ဒုတိယ လိုအပ်ချက်ကို ရလိုက်သည်။ ‘မေတ္ဈာဖြင့် ဒိုင်ယာလော့ပါ’ (Dialogue with love) ဟူ၏။


လက်ခုပ်သံ မလို
အိုင်ဒီယာဖြင့် လက်တွေ့ အလုပ် လုပ်နေ ကြရသော ‘ဘိဇနက် သမားများ’ Business Men လည်း စကားဝိုင်းထဲ ဝင်လာရာ ပွဲမှာ ပိုစည် လာတော့သည်။ Honeywell International Inc မှ ဥက်ကဋ္ဌဟောင်း ဖြစ်သူ ‘လောရင့်ဘော့စီဒီ’က အိုင်ဒီယာကောင်း ဖန်တီးရေး အတွက် လိုအပ်ချက် တခုကို ဤသို့ ဖြည့်စွက် ပြောသည်။ သူ ဖြည့်စွက် လိုက်သည်က ‘ထော်လော်ကန့်လန့် တွေးတတ်ခြင်း’ (Rebel Thinking) ဟု ဆိုသည်။ 'ကျုပ်တို့ ဘိဇနက် လောကက ထော်လော်ကန့်လန့် တွေးတတ်တဲ့ လူမျိုးကို မကြိုက်ဘူးဗျ။ အဲဒါ မှားတယ်။ မရေရာမှုနဲ့ နပမ်း လုံးနေ ရတဲ့ ခုလို ကာလ မျိုးမှာ ထော်လော်ကန့်လန့် တွေးပါမှ တန်ရာ ကျမယ်'။

သူက တဟုန်ထိုး အောင်မြင်မှု ရလာသည့် သုတေသန အဖွဲ့လေး တခု အကြောင်းကို သာဓက တင်ပြသည်။ ‘မိုးသောက်ကြယ်’ (Morning Star) ဆိုသော ရင်းနှီး မြၟုပ်နှံ့မှု ဆိုင်ရာ သုတေသန အဖွဲ့လေး ဖြစ်ပါသည်။ ဤ အဖွဲ့လေးကို ၁၉၈၄ ခုနှစ်က ချီကာဂို မြို့ရှိ တိုက်ခန်း ကျဉ်းလေး ထဲမှ စတင် ခဲ့သည်။ အဖွဲ့ဝင် ဆို၍ စတင် ထူထောင်သူ ‘ဂျိုးဇက် မန်ဆူတို’ အပါအဝင် နှစ်ယောက် သုံးယောက် မျှသာ ရှိသည်။ ယခုတော့ ဝန်ထမ်း အင်အား ၈ဝဝ မျှ ပါဝင်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လှုပ်ရှား နေသည့် ‘သုခမိန် အဖွဲ့ကြီး’ (Think Tank) ဖြစ်နေ ပါပြီ။ ဤ အဖွဲ့ကြီး၏ ဝန်ထမ်း သစ်များ ခေါ်သည့် ကြော်ငြာမှာ သူများနှင့် မတူ။ တမူ ထူးသည်။ ‘အဖြောင့် စဉ်းစားသူများ လျှောက်ထားရန် မလို၊ ကွေ့ကွေ့ကောက်ကောက် စဉ်းစား တတ်သူ များသာ အလို ရှိသည်’ ဟူ၏။ (No Linear Thinkers, Just Non-Linear Thinkers) ဟု ကြော်ငြာသည်။

အဆိုပါ အဖွဲ့၏ ဥက်ကဋ္ဌ ဖြစ်သူ ဂျိုးဇက် မန်ဆူတို၏ စကား တွင်လည်း စဉ်းစားဖွယ်ရာများ ပါလိမ့်မည် ထင်သည်။ သူက စီအီးအို အစည်းအဝေး များနှင့် ပတ်သက်သော သူ့အမြင်ကို ဤသို့ ပြောပါသည်။ 'အစည်းအဝေး တွေမှာ ကဋ္ဋန်တော် အကြောက်ဆုံးက လက်ခုပ်သံ ပဲဗျ။ ကဋ္ဋန်တော်လည်း မိန့်ခွန်းေ0x144ခပြီးရော လက်ခုပ်တွေ တဖြောင်းဖြောင်း တီးပြီ ဆိုရင် သွားပြီ။ ဒီ လက်ခုပ် သံက ကဋ္ဋန်တော်တို့ အဖွဲ့ နိဂုံး ချုပ်တော့မယ့် မရဏ မောင်းသံပဲ။ ကဋ္ဋန်တော် မျှော်လင့်တာက ကဋ္ဋန်တော် မိန့်ခွန်းကို ကန့်ကွက် ႟ှုံချမယ့် ဝေဖန်သံ လေဗျာ။ ဒါမျိုး တုန့်ပြန်မှ ကဋ္ဋန်တော် လိုချင်တဲ့ စုပေါင်း အိုင်ဒီယာကို ရမှာပေါ့။ လက်ခုပ် တီးဖို့ အတွက်တော့ ကဋ္ဋန်တော် သူတို့ကို လခ ပေးမထား နိုင်ဘူး' ဟူ သတတ်။

သို့ဖြင့် အိုင်ဒီယာ ဖန်တီးရေး အတွက် နောက်ထပ် ဖြည့်စွက်ချက် တခု ရလာ ခဲ့ပါသည်။ ‘ဖောက်ထွက် စဉ်းစား’ (Break through Thinking) ဟူ၍ ဖြစ်ပါ၏။


လိပ်ပြာနှင့် ပိတုန်း
ဘိဇနက် လောကကို ကျော်၍ ရေပန်း စားလာသော ဝေါဟာရ တခု ရှိပါသည်။ Brainstorming ဟူ၍ ဖြစ်သည်။ အစည်းအဝေး တက်ရောက် သူများ ထံမှ အိုင်ဒီယာ သစ်များ ထွက်လာရန် ဖန်တီးသည့် နည်းလမ်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက် အိုင်ဒီယာ သစ်များ ထွက်လာရန် ဖန်တီးသည့် နည်းလမ်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက် အိုင်ဒီယာ များကို ထိပ်တိုက် တွေ့စေခြင်းဟု နားလည် ရသည်။ ဦးနှောက် မုန်တိုင်း ဆင်ခြင်းဟု တိုက်႟ိုက် ပြန်ဆို နိုင်ပါလိမ့်မည်။ ‘မုန်တိုင်းဆင်’ ဆို၍ စကားလုံးက ကြမ်းသယောက်ယောင် ရှိချင် ရှိမည်။ စင်စစ် မကြမ်းပါ။ တကယ့် အနုပညာ စစ်စစ် ဖြစ်ပါသည်။ ပေါင်မုန့်ကို ဓားထက်ထက်ဖြင့် လှီးသည့်တိုင် အားလုံး ခွဲဝေ စားဖို့ ဖြစ်သည်။ အစဉ်အလာကို ဖောက်ထွက် စဉ်းစား သည့်တိုင် ပိုကောင်းသော အစဉ်အလာသစ် တခု ဖန်တီးဖို့ ဖြစ်သည်။ တဦးနှင့် တဦး အရေခွံ ခွာကြ သည့်တိုင် မေတ္တာ မပျက် ဆက်ဆံရေး ဖြစ်သည်။ ဤသို့ ဆန့်ကျင် ဘက်များ ပြည့်လျှမ်း နေသည် ဖြစ်၍ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်း ‘မိုဟာမက် အလီ’ ၏ စကား တခွန်းကို အမှတ်ရ စရာ ဖြစ်လာသည်။ ‘အလီ’ က သူ၏ ဗျဟြာကို ‘လိပ်ပြာလေး လိုဝဲ၊ ပိတုန်းလေးလို တုပ်’ ဟု ဖွင့်သည်။

ဦးနှောက် မုန်တိုင်း ဆင်ခြင်း ကလည်း လိပ်ပြာလေးလို ဝဲပါသည်။ ပိတုန်းလေး လိုလည်း တုပ်တတ် ပါသည်။ တခုပဲ ကွာသည်။ ‘အလီ’ ၏ ရည်႟ွယ်ချက်က ပြိုင်ဘက်ကို နောက်ကောက် ချဖို့ ဦးနှောက် မုန်တိုင်း ဆင်ရာတွင် ပြိုင်ဘက် မရှိပါ။ လုပ်ဖော် ကိုင်ဖက်သာ ရှိပါသည်။ သို့ဖြင့် ပိတုန်းလေးလို တုပ်ရ မည်မှာ မိမိ၏ လုပ်ဖော် ကိုက်ဖက်ကို မဟုတ်။ အိုင်ဒီယာ ဟောင်းကို နောက်ကောက် ချဖို့သာ ဖြစ်ပါသည်။

ကျော်ဝင်းရဲ့ 'ဦးနှောက် မုန်တိုင်း ဆင်ခြင်း' The Art of Brainstorming by Robert Barker စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
Ref: (၇) ရက်၊ သတင်းဂျာနယ်။ ၇၊ နိုဝင်ဘာ၊ ၂ဝဝ၂။

0 comments:

Template by : kendhin x-template.blogspot.com